ကုမၸဏီကထြက္ၿပီး စီးပြားေရးလုပ္ငန္း ဘယ္လို တည္ေထာင္မလဲ



ကုမၸဏီကထြက္ၿပီး
စီးပြားေရးလုပ္ငန္း ဘယ္လို တည္ေထာင္မလဲ

တကယ္လို႔ သင္ သင့္လက္႐ွိကုမၸဏီကထြက္ၿပီး တျခား ၿပိဳင္ဘက္ ကုမၸဏီကို သြားတာ ျဖစ္ျဖစ္၊ သင့္ ကိုယ္ပုိင္ အလုပ္ စလုပ္တာ ျဖစ္ျဖစ္၊ ေဖာက္သည္ရဖို႔ ႀကိဳးစားရာမွာ ေဝခြဲမရ ျဖစ္ဖူးမွာပါ။

အထူးသျဖင့္ တကယ္လုိ႔ သင္က အရင္ ကုမၸဏီမွာ အေရာင္း႒ာနမွာ အလုပ္လုပ္ဖူးရင္ သင့္ရဲ႕ အရင္ ကုမၸဏီက ေဖာက္သည္ေတြကို ခုလက္႐ွိကုမၸဏီက ဝယ္ေအာင္ ဆြဲေဆာင္ရတာ ကိုယ့္ဘာသာ ခက္ေနပါလိမ့္မယ္။

အဲ့ဒါက စီးပြားေရးပါ။ ဒါေပမယ့္ အဲ့ဒါ ႐ိုးေျဖာင့္ပါရဲ႕လား။ တကယ္ေတာ့ တခ်ိဳ႕အေျခအေနေတြမွာ အဲဒါက ႐ိုးေျဖာင့္ပါတယ္။ ဥပမာ သင့္ေဖာက္သည္ေတြက အရင္ကုမၸဏီနဲ႔ စာခ်ဳပ္ ခ်ဳပ္မထားတဲ့ အခါမ်ိဳးေတြေပါ့။ သင္ သင့္ေဖာက္သည္ေတြကို ေခၚေဆာင္ရာမွာေတာ့ နည္းနည္း သတိထားဖို႔ လိုပါတယ္။ ဒါေၾကာင့္ ဒီမွာ ကြၽမ္းက်င္သူေတြ ေျပာျပထားတဲ့ သင့္ ေဖာက္သည္ေတြကို သင္နဲ႔တူတူ ယူသြားဖို႔ နည္းလမ္းေတြ ေျပာျပထားလိုက္ပါတယ္။

သင့္ကုမၸဏီက လက္မွတ္ထိုးခိုင္းတဲ့ စာခ်ဳပ္ကို ေသခ်ာဖတ္ပါ

ကုမၸဏီ တစ္ခ်ိဳ႕မွာ လူသစ္ေတြ အလုပ္ဝင္တဲ့အခါ လက္မွတ္ထိုးခိုင္းတဲ့ အခ်က္တစ္ခ်က္႐ွိတတ္ပါတယ္။ သင္ အလုပ္ထြက္ခဲ့ရင္ ႏွစ္ႏွစ္အတြင္း ကုမၸဏီရဲ႕ ေဖာက္သည္ေတြနဲ႔ ဆက္သြယ္ခြင့္ မ႐ွိဘူး ဆိုတာမ်ိဳးပါ။ အခ်ိန္ကာလကေတာ့ ကုမၸဏီေပၚ မူတည္ၿပီး ကြာျခားပါတယ္။ အဲဒါမ်ိဳးကို လက္မွတ္ထိုးထားခဲ့ရင္ေတာ့ အရင္ကုမၸဏီကေဖာက္သည္ေတြကို ခ်ဥ္းကပ္ခ်င္ရင္ ႏွစ္ေခါက္ျပန္စဥ္းစားပါ။ မဟုတ္ရင္ တရားဆိုင္ေနရပါလိမ့္မယ္။

ဒါေပမယ့့္ သင္က အေရာင္း႒ာနက ဆိုရင္ေတာ့ သင္ ေဖာက္သည္ေတြကို ယူသြားလို႔ ရပါတယ္။ အဲဒိေဖာက္သည္ေတြက သင့္ကုမၸဏီနဲ႔ တိုက္႐ိုက္ အဆက္အဆံ မ႐ွိလို႔ပါ။ သင္နဲ႔ပဲ ဆက္ဆံရတာပါ။ အဲ့ဒါမ်ိဳးၾကံဳရင္ေတာ့ သင့္ေဖာက္သည္ေတြကို တကယ္ မျငင္းႏိုင္ေလာက္တဲ့ အခြင့္အေရးေတြ ေပးၿပီး သင္နဲ႔အတူ အရေခၚခဲ့ပါ။

သင့္ေဖာက္သည္ေတြကို ဖုန္းဆက္ပါ

သင့္အလုပ္ထြက္စာကို လက္မွတ္ထိုးၿပီးတာနဲ႔ သင္နဲ႔ ရင္းႏွီးတဲ့ ေဖာက္သည္ေတြကို ခ်က္ျခင္း ေျပာျပပါ။ သင္က ကိုယ့္ဘာသာ အလုပ္ဆက္လုပ္မယ္ ဆိုတာနဲ႔ သင္ေပးတဲ့ ဝန္ေဆာင္မႈနဲ႔ ႏႈန္းေတြကိုလဲ ေျပာျပပါ။ သူတို႔ကို အတင္း သင့္ေနာက္ မလိုက္ခိုင္းပါနဲ႔။ ဒါေပမယ့္ ဝန္ေဆာင္မႈ ေကာင္းေကာင္းေျပာျပၿပီး သူတို႔ စဥ္းစားေအာင္ လုပ္လိုက္ပါ။ သင့္ရဲ႕ ေစ်းေရာင္းကြၽမ္းက်င္မႈေတြကို အသံုးျပဳၿပီး သင္က အရမ္းေတာ္ေၾကာင္း သိေအာင္လုပ္ပါ။ သူတို႔သင့္ကို ယံုရင္ သင့္ေနာက္လိုက္လာမွာပါ။

ေက်းဇူးတင္စာ ပို႔ေပးပါ

သင္ အလုပ္ထြက္တာနဲ႔ သင္ ဆက္ဆံဖူးတဲ့ ေဖာက္သည္ေတြအားလံုးကို ႏႈတ္ဆက္စာနဲ႔ ေက်းဇူးတင္စာေတြ ပို႔ေပးပါ။ သင့္ရဲ႕ Business ကဒ္အသစ္ကိုလဲ တစ္ပါထဲပို႔လိုက္ပါ။ သူတို႔ကို လက္ေဆာင္ေလးေတြ ေပးဖို႔လဲ မေမ့ပါနဲ႔ဦး။

ထင္ျမင္ခ်က္ ေတာင္းပါ

အေပၚက အိုင္ဒီယာေတြနဲ႔ ေအာင္ျမင္မႈမရခဲ့ရင္ ပိုၿပီး ေျဗာင္က်တဲ့ နည္းလမ္း သံုးရပါမယ္။ သူတို႔နဲ႔ တိုက္႐ိုက္ေတြ႕ၿပီး သူတို႔ ဘယ္လို ဝန္ေဆာင္မႈ၊ ဘယ္လို ထုတ္ကုန္လိုခ်င္သလဲဆိုတာ ေမးပါ။ တကယ္လို႔ သင္ သိရတာေတြက ခုေလာေလာဆယ္ အသံုးမဝင္ရင္ေတာင္ လုပ္ငန္းတိုးခ်ဲ့ၿပီး ေဖာက္သည္သစ္႐ွာရင္ အသံုးဝင္လာမွာပါ။ သင္တို႔ စကားဝိုင္းမွာ သင့္ရဲ႕ လက္႐ွိ ကုမၸဏီက အရင္ ကုမၸဏီထက္ေကာင္းေၾကာင္း အေကာင္းျမင္ခ်က္ေတြနဲ႔ပဲ ေျပာျပေပးပါ။

ပြင့္ပြင့္လင္းလင္း ဆက္သြယ္မႈ ႐ွိပါေစ

သင္ ဘာလုပ္လုပ္ သင့္ရဲ႕ အရင္ ေဖာက္သည္ေတြနဲ႔ အဆက္အဆံ မျပတ္ပါနဲ႔။ သူတို႔ အသံုးဝင္ႏိုင္ေလာက္မယ့္ Website Link ေလးေတြ ပို႔ေပးတာပဲ ျဖစ္ျဖစ္ လုပ္ေပးပါ။ သူတို႔ က်န္းမာေရးအေၾကာင္းလဲ စံုစမ္းပါ။ သင့္ရဲ႕ လက္႐ွိ စီးပြားေရးကမ္းလွမ္းခ်က္ေတြလဲ တစ္စႏွစ္စ ေျပာျပပါဦး။

ဒီအၾကံေပးခ်က္ေတြဟာ သင့္ရဲ႕ အရင္ေဖာက္သည္ေတြ သင့္ ကုမၸဏီအသစ္ထဲကို ေရာက္လာရမယ္လို႔ လံုးဝ အာမမခံေပမယ့္ သင့္ရဲ႕ အားထုတ္မႈဟာ အခ်ည္းႏွီး ျဖစ္မသြားပါဘူး။ သင့္အေျပာင္းအလဲ ေတြဟာ ကံမေကာင္းရင္ေတာင္ လုပ္ငန္းစဖို႔ လုံေလာက္တဲ့ ေဖာက္သည္ေတြေတာ့ ႐ွိေနဦးမွာပါ။

စီးပြားေရးသမား ႏွင့္ ခြန္အားသစ္


စီးပြားေရးလုုပ္ငန္းရွင္မ်ားသိုု႕ အိတ္ဖြင့္ေပးစာ

GM ရဲ့ တျခား စီးပြားေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/money/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။ 

—————————————————————————- 

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================


ကုမ္ပဏီကထွက်ပြီး စီးပွားရေးလုပ်ငန်း ဘယ်လို တည်ထောင်မလဲ

တကယ်လို့ သင် သင့်လက်ရှိကုမ္ပဏီကထွက်ပြီး တခြား ပြိုင်ဘက် ကုမ္ပဏီကို သွားတာ ဖြစ်ဖြစ်၊ သင့် ကိုယ်ပိုင် အလုပ် စလုပ်တာ ဖြစ်ဖြစ်၊ ဖောက်သည်ရဖို့ ကြိုးစားရာမှာ ဝေခွဲမရ ဖြစ်ဖူးမှာပါ။

အထူးသဖြင့် တကယ်လို့ သင်က အရင် ကုမ္ပဏီမှာ အရောင်းဋ္ဌာနမှာ အလုပ်လုပ်ဖူးရင် သင့်ရဲ့ အရင် ကုမ္ပဏီက ဖောက်သည်တွေကို ခုလက်ရှိကုမ္ပဏီက ဝယ်အောင် ဆွဲဆောင်ရတာ ကိုယ့်ဘာသာ ခက်နေပါလိမ့်မယ်။

အဲ့ဒါက စီးပွားရေးပါ။ ဒါပေမယ့် အဲ့ဒါ ရိုးဖြောင့်ပါရဲ့လား။ တကယ်တော့ တချို့အခြေအနေတွေမှာ အဲဒါက ရိုးဖြောင့်ပါတယ်။ ဥပမာ သင့်ဖောက်သည်တွေက အရင်ကုမ္ပဏီနဲ့ စာချုပ် ချုပ်မထားတဲ့ အခါမျိုးတွေပေါ့။ သင် သင့်ဖောက်သည်တွေကို ခေါ်ဆောင်ရာမှာတော့ နည်းနည်း သတိထားဖို့ လိုပါတယ်။ ဒါကြောင့် ဒီမှာ ကျွမ်းကျင်သူတွေ ပြောပြထားတဲ့ သင့် ဖောက်သည်တွေကို သင်နဲ့တူတူ ယူသွားဖို့ နည်းလမ်းတွေ ပြောပြထားလိုက်ပါတယ်။

သင့်ကုမ္ပဏီက လက်မှတ်ထိုးခိုင်းတဲ့ စာချုပ်ကို သေချာဖတ်ပါ

ကုမ္ပဏီ တစ်ချို့မှာ လူသစ်တွေ အလုပ်ဝင်တဲ့အခါ လက်မှတ်ထိုးခိုင်းတဲ့ အချက်တစ်ချက်ရှိတတ်ပါတယ်။ သင် အလုပ်ထွက်ခဲ့ရင် နှစ်နှစ်အတွင်း ကုမ္ပဏီရဲ့ ဖောက်သည်တွေနဲ့ ဆက်သွယ်ခွင့် မရှိဘူး ဆိုတာမျိုးပါ။ အချိန်ကာလကတော့ ကုမ္ပဏီပေါ် မူတည်ပြီး ကွာခြားပါတယ်။ အဲဒါမျိုးကို လက်မှတ်ထိုးထားခဲ့ရင်တော့ အရင်ကုမ္ပဏီကဖောက်သည်တွေကို ချဉ်းကပ်ချင်ရင် နှစ်ခေါက်ပြန်စဉ်းစားပါ။ မဟုတ်ရင် တရားဆိုင်နေရပါလိမ့်မယ်။

ဒါပေမယ့် သင်က အရောင်းဋ္ဌာနက ဆိုရင်တော့ သင် ဖောက်သည်တွေကို ယူသွားလို့ ရပါတယ်။ အဲဒိဖောက်သည်တွေက သင့်ကုမ္ပဏီနဲ့ တိုက်ရိုက် အဆက်အဆံ မရှိလို့ပါ။ သင်နဲ့ပဲ ဆက်ဆံရတာပါ။ အဲ့ဒါမျိုးကြုံရင်တော့ သင့်ဖောက်သည်တွေကို တကယ် မငြင်းနိုင်လောက်တဲ့ အခွင့်အရေးတွေ ပေးပြီး သင်နဲ့အတူ အရခေါ်ခဲ့ပါ။

သင့်ဖောက်သည်တွေကို ဖုန်းဆက်ပါ

သင့်အလုပ်ထွက်စာကို လက်မှတ်ထိုးပြီးတာနဲ့ သင်နဲ့ ရင်းနှီးတဲ့ ဖောက်သည်တွေကို ချက်ခြင်း ပြောပြပါ။ သင်က ကိုယ့်ဘာသာ အလုပ်ဆက်လုပ်မယ် ဆိုတာနဲ့ သင်ပေးတဲ့ ဝန်ဆောင်မှုနဲ့ နှုန်းတွေကိုလဲ ပြောပြပါ။ သူတို့ကို အတင်း သင့်နောက် မလိုက်ခိုင်းပါနဲ့။ ဒါပေမယ့် ဝန်ဆောင်မှု ကောင်းကောင်းပြောပြပြီး သူတို့ စဉ်းစားအောင် လုပ်လိုက်ပါ။ သင့်ရဲ့ ဈေးရောင်းကျွမ်းကျင်မှုတွေကို အသုံးပြုပြီး သင်က အရမ်းတော်ကြောင်း သိအောင်လုပ်ပါ။ သူတို့သင့်ကို ယုံရင် သင့်နောက်လိုက်လာမှာပါ။

ကျေးဇူးတင်စာ ပို့ပေးပါ

သင် အလုပ်ထွက်တာနဲ့ သင် ဆက်ဆံဖူးတဲ့ ဖောက်သည်တွေအားလုံးကို နှုတ်ဆက်စာနဲ့ ကျေးဇူးတင်စာတွေ ပို့ပေးပါ။ သင့်ရဲ့ Business ကဒ်အသစ်ကိုလဲ တစ်ပါထဲပို့လိုက်ပါ။ သူတို့ကို လက်ဆောင်လေးတွေ ပေးဖို့လဲ မမေ့ပါနဲ့ဦး။

ထင်မြင်ချက် တောင်းပါ

အပေါ်က အိုင်ဒီယာတွေနဲ့ အောင်မြင်မှုမရခဲ့ရင် ပိုပြီး ဗြောင်ကျတဲ့ နည်းလမ်း သုံးရပါမယ်။ သူတို့နဲ့ တိုက်ရိုက်တွေ့ပြီး သူတို့ ဘယ်လို ဝန်ဆောင်မှု၊ ဘယ်လို ထုတ်ကုန်လိုချင်သလဲဆိုတာ မေးပါ။ တကယ်လို့ သင် သိရတာတွေက ခုလောလောဆယ် အသုံးမဝင်ရင်တောင် လုပ်ငန်းတိုးချဲ့ပြီး ဖောက်သည်သစ်ရှာရင် အသုံးဝင်လာမှာပါ။ သင်တို့ စကားဝိုင်းမှာ သင့်ရဲ့ လက်ရှိ ကုမ္ပဏီက အရင် ကုမ္ပဏီထက်ကောင်းကြောင်း အကောင်းမြင်ချက်တွေနဲ့ပဲ ပြောပြပေးပါ။

ပွင့်ပွင့်လင်းလင်း ဆက်သွယ်မှု ရှိပါစေ

သင် ဘာလုပ်လုပ် သင့်ရဲ့ အရင် ဖောက်သည်တွေနဲ့ အဆက်အဆံ မပြတ်ပါနဲ့။ သူတို့ အသုံးဝင်နိုင်လောက်မယ့် Website Link လေးတွေ ပို့ပေးတာပဲ ဖြစ်ဖြစ် လုပ်ပေးပါ။ သူတို့ ကျန်းမာရေးအကြောင်းလဲ စုံစမ်းပါ။ သင့်ရဲ့ လက်ရှိ စီးပွားရေးကမ်းလှမ်းချက်တွေလဲ တစ်စနှစ်စ ပြောပြပါဦး။

ဒီအကြံပေးချက်တွေဟာ သင့်ရဲ့ အရင်ဖောက်သည်တွေ သင့် ကုမ္ပဏီအသစ်ထဲကို ရောက်လာရမယ်လို့ လုံးဝ အာမမခံပေမယ့် သင့်ရဲ့ အားထုတ်မှုဟာ အချည်းနှီး ဖြစ်မသွားပါဘူး။ သင့်အပြောင်းအလဲ တွေဟာ ကံမကောင်းရင်တောင် လုပ်ငန်းစဖို့ လုံလောက်တဲ့ ဖောက်သည်တွေတော့ ရှိနေဦးမှာပါ။

စီးပွားရေးသမား နှင့် ခွန်အားသစ်


စီးပွားရေးလုပ်ငန်းရှင်များသို့ အိတ်ဖွင့်ပေးစာ

GM ရဲ့ တခြား စီးပွားရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/money/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

—————————————————————————-

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

 

 

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%