သင့္က်န္းမာေရးအတြက္ အေကာင္းဆံုး အိပ္စက္ျခင္းပံုစံ

သင့္က်န္းမာေရးအတြက္ အေကာင္းဆံုး အိပ္စက္ျခင္းပံုစံ

သင္ ညဘက္ ဘယ္လိုပံုစံ အိပ္ပါသလဲ??ေကြးေကြးေလးလား?? ေမွာက္ရက္လား?? စစ္သားေတြလို သတိဆြဲၿပီး အိပ္တာလား?? သင္ အိပ္တဲ့ပံုကို သင့္ဘာသာ သတိထားမိဖို႔ ခက္မွာပါ။ ဒါေပမယ့္ သင္ အိပ္တဲ့ ပံုစံက သင့္က်န္းမာေရးကို အက်ိဳး သက္ေရာက္ေစပါတယ္။ ေညာင္းတာ ကိုက္တာကစၿပီး အိပ္မေပ်ာ္တာထိ ျဖစ္ေစမွာပါ။

အိပ္တဲ့ ပံုစံ ေျပာင္းလဲျခင္းဟာ က်န္းမာေရးကို အက်ိဳး ႐ွိေစပါတယ္။ အေကာင္းဆံုး အိပ္တဲ့ပံုစံကေတာ့ ပက္လက္နဲ႔ ေဘးေစာင္းပါ။ ကိုယ္ဝန္ ႐ွိမေနရင္ ဘယ္ဘက္ကို ေစာင္းေစာင္း အေရးမႀကီးပါဘူး။ အဲဒိပံုစံေတြဟာ ေက်ာ႐ိုးကို သက္ေတာင့္သက္သာ ႐ွိေစၿပီး အၾကာႀကီးအိပ္စက္တဲ့အခါ အဆင္ေျပေစပါတယ္။

ေဘးေစာင္းအိပ္တဲ့သူေတြဟာ ညပိုင္း တစ္ကိုယ္လံုး ကိုက္ခဲၿပီး ႏိုးလာတာ မျဖစ္တတ္ၾကပါဘူး။ တျခားပံုစံနဲ႔ အိပ္သူေတြထက္စာရင္ ကိုက္ခဲမႈ နည္းပါးပါတယ္။

ပက္လက္ပဲ အိပ္တတ္ရင္ေတာ့ ဒူးေအာက္မွာ ေခါင္းအံုး တစ္လံုး ခံထားျခင္းဟာ ေက်ာ႐ိုးကို ေျဖာင့္တန္းေနေစလို႔ ပိုၿပီး သက္ေတာင့္သက္သာ ႐ွိေစပါတယ္။ လက္ေတြကေတာ့ ေခါင္းေပၚ တင္ထားမယ့္အစား ေဘးခ်ထားတာ အေကာင္းဆံုးပါ။

ပက္လက္အိပ္သူေတြရဲ႕ အားနည္းခ်က္ကေတာ့ ေဟာက္တတ္ျခင္းပါ။ အရမ္းေဟာက္တဲ့ ေရာဂါ ခံစားေနရသူေတြကို ဒီပံုစံနဲ႔ မအိပ္ဖို႔ ဆရာဝန္ေတြက ၫႊန္ၾကားထားၾကပါတယ္။

ဘယ္ညာ ေစာင္းၿပီး အိပ္ရင္ေတာ့ အေပၚမွာ ထားမယ့္ ေျခေထာက္ကို နည္းနည္းေကြးၿပီး ဒူးႏွစ္လံုးၾကားမွာ ေခါင္းအံုးတစ္ခုေလာက္ ညႇပ္ထားပါ။ အဲဒါဟာ တင္ပါးဆံုး႐ိုးကို တည့္မတ္ေနေစၿပီး လိမ္မသြားေအာင္ ကူညီေပးပါတယ္။ ဒူးႏွစ္ဖက္ကိုေတာ့ လံုးဝထိမထားေအာင္ ေ႐ွာင္ပါ။ အေရျပားကို ထိခိုက္ေစလို႔ပါ။

အိပ္ဖို႔ အဆိုးရြားဆံုး ပံုစံကေတာ့ ေမွာက္ရက္ပါပဲ။ ေက်ာ႐ိုးဟာ ေကြးေနရၿပီး ဇက္ကို ေကြးၫြတ္ထားမွ အသက္႐ႈႏိုင္တာေၾကာင့္ ၁၅ မိနစ္အတြင္း ကိုက္ခဲလာပါလိမ့္မယ္။ လူအမ်ားစုဟာ အဲဒိပံုစံအတိုင္း အိပ္ေနၾကတာပါ။ ေမြးကင္းစ ကေလးအရြယ္က အေမေတြက သူတို႔ ကေလးေတြကို ေမွာက္အိပ္ခိုင္းနဲ႔ အက်င့္ဟာ လူႀကီး အရြယ္ထိ ပါလာတာေၾကာင့္ပါ။

အဲဒိပံုစံနဲ႔ မအိပ္မိေစဖို႔ မအိပ္ခင္ ဗိုက္မွာ ကုလားပဲေစ့ တစ္ျခမ္း တိပ္နဲ႔ကပ္ၿပီး အိပ္ပါ။ ေမွာက္လိုက္တာနဲ႔ မသက္မသာျဖစ္လာလို႔ ခႏၶာကိုယ္က သူ႔ဘာသာ ပံုစံေျပာင္းသြားပါလိမ့္မယ္။

အိပ္ရာေတြကလဲ အိပ္စက္တဲ့ ပံုစံကို ေျပာင္းလဲေစပါတယ္။အိပ္ရာဟာ ေပ်ာ့ေျပာင္းေနမွ ခႏၶာကိုယ္နဲ႔ ေက်ာ႐ိုကို သက္သာေစတာပါ။ ေဘးတိုက္အိပ္တဲ့အခါလဲ ေခါင္းအံုး ေပ်ာ့မွ ဇက္မေညာင္းေစတာပါ။

ေယာက်ာၤးနိုု႕ေတြဘယ္လိုုအေပ်ာက္ေဖ်ာက္မလဲ


ဘာေၾကာင့္ဆီးေအာင္မထားသင့္လဲ


GM ရဲ့ တျခား  က်န္းမာေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/health/

 မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။ 

—————————————————————————- 

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

သင့်ကျန်းမာရေးအတွက် အကောင်းဆုံး အိပ်စက်ခြင်းပုံစံ

သင် ညဘက် ဘယ်လိုပုံစံ အိပ်ပါသလဲ??ကွေးကွေးလေးလား?? မှောက်ရက်လား?? စစ်သားတွေလို သတိဆွဲပြီး အိပ်တာလား?? သင် အိပ်တဲ့ပုံကို သင့်ဘာသာ သတိထားမိဖို့ ခက်မှာပါ။ ဒါပေမယ့် သင် အိပ်တဲ့ ပုံစံက သင့်ကျန်းမာရေးကို အကျိုး သက်ရောက်စေပါတယ်။ ညောင်းတာ ကိုက်တာကစပြီး အိပ်မပျော်တာထိ ဖြစ်စေမှာပါ။

အိပ်တဲ့ ပုံစံ ပြောင်းလဲခြင်းဟာ ကျန်းမာရေးကို အကျိုး ရှိစေပါတယ်။ အကောင်းဆုံး အိပ်တဲ့ပုံစံကတော့ ပက်လက်နဲ့ ဘေးစောင်းပါ။ ကိုယ်ဝန် ရှိမနေရင် ဘယ်ဘက်ကို စောင်းစောင်း အရေးမကြီးပါဘူး။ အဲဒိပုံစံတွေဟာ ကျောရိုးကို သက်တောင့်သက်သာ ရှိစေပြီး အကြာကြီးအိပ်စက်တဲ့အခါ အဆင်ပြေစေပါတယ်။

ဘေးစောင်းအိပ်တဲ့သူတွေဟာ ညပိုင်း တစ်ကိုယ်လုံး ကိုက်ခဲပြီး နိုးလာတာ မဖြစ်တတ်ကြပါဘူး။ တခြားပုံစံနဲ့ အိပ်သူတွေထက်စာရင် ကိုက်ခဲမှု နည်းပါးပါတယ်။

ပက်လက်ပဲ အိပ်တတ်ရင်တော့ ဒူးအောက်မှာ ခေါင်းအုံး တစ်လုံး ခံထားခြင်းဟာ ကျောရိုးကို ဖြောင့်တန်းနေစေလို့ ပိုပြီး သက်တောင့်သက်သာ ရှိစေပါတယ်။ လက်တွေကတော့ ခေါင်းပေါ် တင်ထားမယ့်အစား ဘေးချထားတာ အကောင်းဆုံးပါ။

ပက်လက်အိပ်သူတွေရဲ့ အားနည်းချက်ကတော့ ဟောက်တတ်ခြင်းပါ။ အရမ်းဟောက်တဲ့ ရောဂါ ခံစားနေရသူတွေကို ဒီပုံစံနဲ့ မအိပ်ဖို့ ဆရာဝန်တွေက ညွှန်ကြားထားကြပါတယ်။

ဘယ်ညာ စောင်းပြီး အိပ်ရင်တော့ အပေါ်မှာ ထားမယ့် ခြေထောက်ကို နည်းနည်းကွေးပြီး ဒူးနှစ်လုံးကြားမှာ ခေါင်းအုံးတစ်ခုလောက် ညှပ်ထားပါ။ အဲဒါဟာ တင်ပါးဆုံးရိုးကို တည့်မတ်နေစေပြီး လိမ်မသွားအောင် ကူညီပေးပါတယ်။ ဒူးနှစ်ဖက်ကိုတော့ လုံးဝထိမထားအောင် ရှောင်ပါ။ အရေပြားကို ထိခိုက်စေလို့ပါ။

အိပ်ဖို့ အဆိုးရွားဆုံး ပုံစံကတော့ မှောက်ရက်ပါပဲ။ ကျောရိုးဟာ ကွေးနေရပြီး ဇက်ကို ကွေးညွတ်ထားမှ အသက်ရှုနိုင်တာကြောင့် ၁၅ မိနစ်အတွင်း ကိုက်ခဲလာပါလိမ့်မယ်။ လူအများစုဟာ အဲဒိပုံစံအတိုင်း အိပ်နေကြတာပါ။ မွေးကင်းစ ကလေးအရွယ်က အမေတွေက သူတို့ ကလေးတွေကို မှောက်အိပ်ခိုင်းနဲ့ အကျင့်ဟာ လူကြီး အရွယ်ထိ ပါလာတာကြောင့်ပါ။

အဲဒိပုံစံနဲ့ မအိပ်မိစေဖို့ မအိပ်ခင် ဗိုက်မှာ ကုလားပဲစေ့ တစ်ခြမ်း တိပ်နဲ့ကပ်ပြီး အိပ်ပါ။ မှောက်လိုက်တာနဲ့ မသက်မသာဖြစ်လာလို့ ခန္ဓာကိုယ်က သူ့ဘာသာ ပုံစံပြောင်းသွားပါလိမ့်မယ်။

အိပ်ရာတွေကလဲ အိပ်စက်တဲ့ ပုံစံကို ပြောင်းလဲစေပါတယ်။အိပ်ရာဟာ ပျော့ပြောင်းနေမှ ခန္ဓာကိုယ်နဲ့ ကျောရိုကို သက်သာစေတာပါ။ ဘေးတိုက်အိပ်တဲ့အခါလဲ ခေါင်းအုံး ပျော့မှ ဇက်မညောင်းစေတာပါ။

ယောကျာၤးနို့တွေဘယ်လိုအပျောက်ဖျောက်မလဲ


ဘာကြောင့်ဆီးအောင်မထားသင့်လဲ

GM ရဲ့ တခြား ကျန်းမာရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/health/

မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

—————————————————————————-

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

 

Related Posts

%%footer%%