ေန႔စဥ္ဘ၀၏စိန္ေခၚမႈမ်ားကို ရင္ဆိုင္ႏိုင္ေစမည့္ နည္းလမ္း (၆)သြယ္

ေန႔စဥ္ဘ၀ရဲ႕စိန္ေခၚမႈေတြ၊ ႐ႈံးနိမ့္မႈေတြေၾကာင့္ သင့္အိပ္မက္ေတြ၊ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ လိုအင္ဆႏၵေတြကို အေကာင္အထည္ေဖာ္ဖို႔ စိတ္ဓာတ္ခြန္အားေတြေပ်ာက္ဆုံးေနပါသလား။ သင့္စိတ္ဓာတ္နဲ႔ ခံယူခ်က္ေတြကို အားအင္အျပည့္ရွိေစၿပီး ေန႔ရက္တိုင္းမွာေပ်ာ္ရႊင္ေစႏိုင္မည့္ နည္းလမ္း(၆)ခုကို တင္ျပလိုက္ပါတယ္။

(၁) အိပ္ရာမွေစာေစာထပါ။

သင္သြားစရာေနရာတစ္ခုခုကို သင္ေရာက္ရမယ့္အခ်ိန္ထက္ အနည္းဆုံး (၂)နာရီခန္႔ေစာၿပီး အိပ္ရာမွထပါ။ ဘာေၾကာင့္လဲဆိုရင္ လူေတာ္ေတာ္မ်ားမ်ားဟာ အိပ္ရာထေနာက္က်ျခင္းေၾကာင့္ ေရးႀကီးသုတ္ျပာျဖစ္ၾကရၿပီး လွပတဲ့နံနက္ခင္းေလးေတြကို လက္လႊတ္ဆုံး႐ႈံးေနၾကရပါတယ္။ ဒါေၾကာင့္ အိပ္ရာမွေစာေစာထျခင္းဟာ အေရးပါတ့ဲအေလ့အက်င့္တစ္ခုျဖစ္သလို သင့္အေနနဲ႔ တစ္ေန႕တာကိုအဆင္ေျပေခ်ာေမြ႔စြာ စတင္ႏိုင္ဖို႔ျပင္ဆင္ခ်ိန္အလုံအေလာက္ရရွိမွာ ျဖစ္ပါတယ္။

(၂) ဆိတ္ၿငိမ္မႈကို ခံစားတတ္ပါေစ။

အဆင့္ျမင့္နည္းပညာေတြ၊ ေခတ္ေပၚအသုံးအေဆာင္ပစၥည္းေတြ၊ လုပ္ငန္းတာ၀န္ေတြမ်ားျပားလွတဲ့ ယေန႔ေခတ္မွာ တစ္ေယာက္တည္း တိတ္ဆိတ္ၿငိမ္သက္စြာေနရခ်ိန္ေတြ နည္းပါးလာၾကပါတယ္။ ဒါေၾကာင့္ သင့္တစ္ေန႔တာလုပ္ငန္းတာ၀န္ေတြ မစခင္ မနက္ခင္းပိုင္းမွာ တစ္ေလာကလုံးကိုလ်စ္လ်ဴ႐ႈၿပီး သင့္အတြင္းစိတ္ကို ဆိတ္ၿငိမ္စြာဆန္းစစ္ၾကည့္ဖို႔လိုအပ္ပါတယ္။ မနက္ခင္းမွာ အခ်ိန္ ၁၀ မိနစ္ ၁၅ မိနစ္ခန္႔ယူပါ။ တစ္ဦးတည္းတိတ္ဆိတ္စြာထိုင္ၿပီး ဘ၀ရဲ႕အႏွစ္သာရမ်ားကို ဆန္းစစ္ခံစားျခင္းျဖင့္ ေအာင္ျမင္ေသာေန႔ရက္တစ္ခုကို ေအးခ်မ္းတည္ၿငိမ္စြာ ျဖတ္သန္းႏုိင္မွာျဖစ္ပါတယ္။

(၃) ေက်းဇူးမွတ္တမ္းေလးထားရွိပါ။

ေက်းဇူးတင္တတ္တဲ့အေလ့အထဟာ မေပ်ာ္ရႊင္မႈေတြ၊ ၀မ္းနည္းပူေဆြးမႈေတြကို ဆန္႔က်င္တြန္းလွန္ႏိုင္တ့ဲ လက္နက္တစ္ခုျဖစ္ပါတယ္။ ဒါ့ေၾကာင့္မွတ္တမ္းစာအုပ္ေလးတစ္အုပ္ထားရွိၿပီး သင့္ရဲ႕တစ္ေန႔တာမစတင္ခင္ မနက္ခင္းအခ်ိန္ေလးမွာ ေက်းဇူးတင္ထိုက္သည့္အရာ ေလးငါးခုကို ခ်ေရးထားျခင္းျဖင့္ စိတ္ၾကည္ႏူးမႈေတြနဲ႔အတူ လွပေပ်ာ္ရႊင္သည့္ ေန႔ရက္တစ္ရက္ကိုပိုင္ဆိုင္ရမွာျဖစ္ပါတယ္။

(၄) စိတ္ဓာတ္ခြန္အားျဖစ္ေစမည့္ စာအုပ္စာေပမ်ား ဖတ္ပါ။

ခႏၶာကိုယ္က်န္းမာၾကံ႕ခိုင္ဖို႔ ကာယေလ့က်င့္ခန္းလုပ္ရသလို စိတ္ဓာတ္ၾကံ႕ခိုင္ဖို႔အတြက္ စာဖတ္ေပးဖို႔ လိုအပ္ပါတယ္။ သင့္စိတ္ဓာတ္ကို လႈံ႕ေဆာ္ျမွင့္တင္ေပးႏိုင္သည့္ စာအုပ္စာေပမ်ားဖတ္႐ႈျခင္းျဖင့္ သင့္တစ္ေန႔တာကို အေကာင္းျမင္စိတ္ေတြနဲ႔ျဖတ္သန္းဖို႕ စိတ္ဓာတ္ခြန္အားေတြရရွိမွာ ျဖစ္ပါတယ္။

(၅) အက်ိဳးရွိမည့္အရာမ်ားကို နားေထာင္ပါ။

ေန႔စဥ္အလုပ္ကိုသြားတဲ့ျပန္တဲ့အခ်ိန္မွာ သီခ်င္းနားေထာင္ေနမည့္အစား သင့္အတြက္ စိတ္အင္အားျဖစ္ေစမည့္ အေၾကာင္းအရာ၊ တစ္ခုခုသင္ယူႏိုင္မည့္ အေၾကာင္းအရာေတြကို နားေထာင္ပါ။ ကားေတြရထားေတြေပၚမွာ ကုန္ဆုံးသြားရသည့္အခ်ိန္မ်ားကို သင္ၾကားေရးစီဒီေတြ၊ စိတ္ခြန္အားျဖည့္ေဟာေျပာပြဲအသံဖိုင္ေတြ နားေထာင္ျခင္းျဖင့္ အက်ိဳးရွိရွိအသုံးခ်ပါ။

(၆) စိတ္ဓာတ္တက္ၾကြေစမည့္ စကားမ်ားကိုေျပာဆိုနားေထာင္ပါ။

ေန႔စဥ္ႏွင့္အမွ် သင္ေျပာဆိုနားေထာင္ေနရသည့္ စကားေတြက သင့္စိတ္ေနစိတ္ထား၊ သင့္ခံယူခ်က္ေတြေပၚမွာ မ်ားစြာအက်ိဳးသက္ေရာက္မႈရွိပါတယ္။ ဒါေၾကာင့္ သင့္ကို စိတ္ပ်က္အားငယ္ေစမည့္ အက်ိဳးမရွိသည့္အေၾကာင္းအရာေတြေျပာတတ္သူေတြကို ေရွာင္ရွားၿပီး အားေပးစကားေျပာတတ္သည့္မိတ္ေဆြမ်ားႏွင့္ စကားမ်ားမ်ားေျပာေပးဖို႕လိုအပ္ပါတယ္။

╔======================╗

䷬© 🄶🄴🄽🅃🄻🄴🄼🄰🄽 🄼🄰🄶🄰🅉🄸🄽🄴

╚======================╝

မိန္းကေလးတိုုင္း ေတာင့္တျပီး

ေယာက်္ားေလးတိုုင္း အားက်ေစဖိုု့

Gentleman Magazine (Thet HTun Aye)

နေ့စဉ်ဘဝ၏စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်စေမည့် နည်းလမ်း (၆)သွယ်

နေ့စဉ်ဘဝရဲ့စိန်ခေါ်မှုတွေ၊ ရှုံးနိမ့်မှုတွေကြောင့် သင့်အိပ်မက်တွေ၊ မျှော်လင့်ချက်တွေနဲ့ လိုအင်ဆန္ဒတွေကို အကောင်အထည်ဖော်ဖို့ စိတ်ဓာတ်ခွန်အားတွေပျောက်ဆုံးနေပါသလား။ သင့်စိတ်ဓာတ်နဲ့ ခံယူချက်တွေကို အားအင်အပြည့်ရှိစေပြီး နေ့ရက်တိုင်းမှာပျော်ရွှင်စေနိုင်မည့် နည်းလမ်း(၆)ခုကို တင်ပြလိုက်ပါတယ်။
(၁) အိပ်ရာမှစောစောထပါ။
သင်သွားစရာနေရာတစ်ခုခုကို သင်ရောက်ရမယ့်အချိန်ထက် အနည်းဆုံး (၂)နာရီခန့်စောပြီး အိပ်ရာမှထပါ။ ဘာကြောင့်လဲဆိုရင် လူတော်တော်များများဟာ အိပ်ရာထနောက်ကျခြင်းကြောင့် ရေးကြီးသုတ်ပြာဖြစ်ကြရပြီး လှပတဲ့နံနက်ခင်းလေးတွေကို လက်လွှတ်ဆုံးရှုံးနေကြရပါတယ်။ ဒါကြောင့် အိပ်ရာမှစောစောထခြင်းဟာ အရေးပါတဲ့အလေ့အကျင့်တစ်ခုဖြစ်သလို သင့်အနေနဲ့ တစ်နေ့တာကိုအဆင်ပြေချောမွေ့စွာ စတင်နိုင်ဖို့ပြင်ဆင်ချိန်အလုံအလောက်ရရှိမှာ ဖြစ်ပါတယ်။
(၂) ဆိတ်ငြိမ်မှုကို ခံစားတတ်ပါစေ။
အဆင့်မြင့်နည်းပညာတွေ၊ ခေတ်ပေါ်အသုံးအဆောင်ပစ္စည်းတွေ၊ လုပ်ငန်းတာဝန်တွေများပြားလှတဲ့ ယနေ့ခေတ်မှာ တစ်ယောက်တည်း တိတ်ဆိတ်ငြိမ်သက်စွာနေရချိန်တွေ နည်းပါးလာကြပါတယ်။ ဒါကြောင့် သင့်တစ်နေ့တာလုပ်ငန်းတာဝန်တွေ မစခင် မနက်ခင်းပိုင်းမှာ တစ်လောကလုံးကိုလျစ်လျူရှုပြီး သင့်အတွင်းစိတ်ကို ဆိတ်ငြိမ်စွာဆန်းစစ်ကြည့်ဖို့လိုအပ်ပါတယ်။ မနက်ခင်းမှာ အချိန် ၁၀ မိနစ် ၁၅ မိနစ်ခန့်ယူပါ။ တစ်ဦးတည်းတိတ်ဆိတ်စွာထိုင်ပြီး ဘဝရဲ့အနှစ်သာရများကို ဆန်းစစ်ခံစားခြင်းဖြင့် အောင်မြင်သောနေ့ရက်တစ်ခုကို အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။
(၃) ကျေးဇူးမှတ်တမ်းလေးထားရှိပါ။
ကျေးဇူးတင်တတ်တဲ့အလေ့အထဟာ မပျော်ရွှင်မှုတွေ၊ ၀မ်းနည်းပူဆွေးမှုတွေကို ဆန့်ကျင်တွန်းလှန်နိုင်တဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့်မှတ်တမ်းစာအုပ်လေးတစ်အုပ်ထားရှိပြီး သင့်ရဲ့တစ်နေ့တာမစတင်ခင် မနက်ခင်းအချိန်လေးမှာ ကျေးဇူးတင်ထိုက်သည့်အရာ လေးငါးခုကို ချရေးထားခြင်းဖြင့် စိတ်ကြည်နူးမှုတွေနဲ့အတူ လှပပျော်ရွှင်သည့် နေ့ရက်တစ်ရက်ကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်။

(၄) စိတ်ဓာတ်ခွန်အားဖြစ်စေမည့် စာအုပ်စာပေများ ဖတ်ပါ။
ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့ ကာယလေ့ကျင့်ခန်းလုပ်ရသလို စိတ်ဓာတ်ကြံ့ခိုင်ဖို့အတွက် စာဖတ်ပေးဖို့ လိုအပ်ပါတယ်။ သင့်စိတ်ဓာတ်ကို လှုံ့ဆော်မြှင့်တင်ပေးနိုင်သည့် စာအုပ်စာပေများဖတ်ရှုခြင်းဖြင့် သင့်တစ်နေ့တာကို အကောင်းမြင်စိတ်တွေနဲ့ဖြတ်သန်းဖို့ စိတ်ဓာတ်ခွန်အားတွေရရှိမှာ ဖြစ်ပါတယ်။
(၅) အကျိုးရှိမည့်အရာများကို နားထောင်ပါ။
နေ့စဉ်အလုပ်ကိုသွားတဲ့ပြန်တဲ့အချိန်မှာ သီချင်းနားထောင်နေမည့်အစား သင့်အတွက် စိတ်အင်အားဖြစ်စေမည့် အကြောင်းအရာ၊ တစ်ခုခုသင်ယူနိုင်မည့် အကြောင်းအရာတွေကို နားထောင်ပါ။ ကားတွေရထားတွေပေါ်မှာ ကုန်ဆုံးသွားရသည့်အချိန်များကို သင်ကြားရေးစီဒီတွေ၊ စိတ်ခွန်အားဖြည့်ဟောပြောပွဲအသံဖိုင်တွေ နားထောင်ခြင်းဖြင့် အကျိုးရှိရှိအသုံးချပါ။
(၆) စိတ်ဓာတ်တက်ကြွစေမည့် စကားများကိုပြောဆိုနားထောင်ပါ။
နေ့စဉ်နှင့်အမျှ သင်ပြောဆိုနားထောင်နေရသည့် စကားတွေက သင့်စိတ်နေစိတ်ထား၊ သင့်ခံယူချက်တွေပေါ်မှာ များစွာအကျိုးသက်ရောက်မှုရှိပါတယ်။ ဒါကြောင့် သင့်ကို စိတ်ပျက်အားငယ်စေမည့် အကျိုးမရှိသည့်အကြောင်းအရာတွေပြောတတ်သူတွေကို ရှောင်ရှားပြီး အားပေးစကားပြောတတ်သည့်မိတ်ဆွေများနှင့် စကားများများပြောပေးဖို့လိုအပ်ပါတယ်။

╔======================╗
䷬© 🄶🄴🄽🅃🄻🄴🄼🄰🄽 🄼🄰🄶🄰🅉🄸🄽🄴
╚======================╝
မိန်းကလေးတိုုင်း တောင့်တပြီး
ယောကျ်ားလေးတိုုင်း အားကျစေဖိုု့
Gentleman Magazine (Thet HTun Aye)

Related Posts

%%footer%%