ရွပ္အက်ီၤ ၀တ္မယ္ဆိုရင္
ရွပ္အက်ီၤ ၀တ်မယ်ဆိုရင်
အသက်(၂၅)နှစ်နဲ့ (၆၀)အကြား အမျိုးသားဦးရေ(၁၀၀၀)ကို လေ့လာဆန်းစစ်မှုတွေအရ အကျီင်္ကို ထည့်သွင်းဝတ်ဆင်တတ်သူတွေဟာ မ၀တ်သူတွေထက် အလုပ်ထဲမှာ (၆၀)ရာခိုင်နှုန်းပိုမိုပျော်ရွှင်ပြီး၊ (၂၂)ရာခိုင်နှုန်းအကောင်းမြင်စိတ်ပိုရှိတာကို တွေ့ရပါတယ်။ ဒါ့အပြင် (၁၉)ရာခိုင်နှုန်း ၀င်ငွေပိုကောင်းပြီး မိန်းကလေးတွေနဲ့ ချိန်းတွေ့ရနိုင်ချေလည်း ()ရာခိုင်နှုန်းပိုများတယ်လို့ ဆိုပါတယ်။
လူအချို့ကတော့ ကိုယ့်အကြောင်းပြချက်နဲ့ ကိုယ် အကျီင်္အပြင်ထုတ်ဝတ်ရတာကို ပိုသဘောကျပါလိမ့်မယ်။ ဥပမာပြောရရင် အကျီင်္ကို အပြင်ထုတ်ဝတ်တာက လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်သလို ပုံစံတကျဖြစ်အောင် ပြင်ဆင်နေစရာလည်း မလိုတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အမြဲတမ်းအကျီင်္ကို ဘောင်းဘီထဲ ထည့်ဝတ်ဖို့ မဆိုလိုပါဘူး။
—————————————————————————- 
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့ 
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
ရှပ်အကျီၤ ဝတ်မယ်ဆိုရင်
လူမှုရေးနယ်ပယ်မှာပဲဖြစ်ဖြစ် လုပ်ငန်းခွင်အတွင်းမှာပဲဖြစ်ဖြစ် ဝတ်တတ်စားတတ်ဖို့က တကယ်ကိုအရေးကြီးပါတယ်။ ဒီတော့ ရှပ်အကျီၤဝတ်တဲ့အခါမှာ အောက်အနားစတွေကို ဘောင်းဘီထဲ ထည့်ဝတ်သင့် မဝတ်သင့်ကို လေ့လာသုံးသပ်ကြည့်ကြရအောင်ပါ။
အသက်(၂၅)နှစ်နဲ့ (၆၀)အကြား အမျိုးသားဦးရေ(၁၀၀၀)ကို လေ့လာဆန်းစစ်မှုတွေအရ အကျီၤကို ထည့်သွင်းဝတ်ဆင်တတ်သူတွေဟာ မဝတ်သူတွေထက် အလုပ်ထဲမှာ (၆၀)ရာခိုင်နှုန်းပိုမိုပျော်ရွှင်ပြီး၊ (၂၂)ရာခိုင်နှုန်းအကောင်းမြင်စိတ်ပိုရှိတာကို တွေ့ရပါတယ်။ ဒါ့အပြင် (၁၉)ရာခိုင်နှုန်း ဝင်ငွေပိုကောင်းပြီး မိန်းကလေးတွေနဲ့ ချိန်းတွေ့ရနိုင်ချေလည်း (၈)ရာခိုင်နှုန်းပိုများတယ်လို့ ဆိုပါတယ်။
လူအချို့ကတော့ ကိုယ့်အကြောင်းပြချက်နဲ့ ကိုယ် အကျီၤအပြင်ထုတ်ဝတ်ရတာကို ပိုသဘောကျပါလိမ့်မယ်။ ဥပမာပြောရရင် အကျီၤကို အပြင်ထုတ်ဝတ်တာက လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်သလို ပုံစံတကျဖြစ်အောင် ပြင်ဆင်နေစရာလည်း မလိုတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အမြဲတမ်းအကျီၤကို ဘောင်းဘီထဲ ထည့်ဝတ်ဖို့ မဆိုလိုပါဘူး။
အက်ျီကို အထဲထည့်ဝတ်တာနဲ့ မဝတ်တာရဲ့အဓိကကွဲပြားခြားနားမှုက စမတ်ကျသပ်ရပ်မှုပဲဖြစ်ပါတယ်။ ဒါ့အပြင် လူ လေးစားခံရနိုင်တဲ့ အလားအလာလည်း ပိုများစေပါတယ်။ သင့်အနေနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း တစ်ခုကို ဦးဆောင်လုပ်ကိုင်နေသူတစ်ယောက်ဖြစ်မယ်ဆိုရင်တော့ ဘာအင်္ကျီအမျိုးအစားကို ဘယ်လိုပဲဝတ်ဝတ် သိပ်အရေးမကြီးလှပေမယ့် ရာထူးအခွင့်အလမ်းအတွက် ပြိုင်ဆိုင်နေချိန်မှာဆိုရင်တော့ အကျီၤကို စမတ်ကျကျဝတ်တတ်ဖို့ လိုပါတယ်။
သတင်းကောင်းကတော့ အက်ျီကို ဘောင်းဘီထဲအမြဲထည့်ဝတ်သူနဲ့ တစ်ပတ်ကို ၂ ရက် ၃ ရက်လောက်ပဲ ဝတ်တဲ့သူမှာ သိသာထင်ရှားတဲ့ကွဲပြားခြားနားမှုမရှိတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပေါ့ပေါ့ပါးပါးဝတ်ခွင့်ရတဲ့ သောကြာနေ့လိုမျိုးမှာ ရှပ်အကျီၤအပြင်ထုတ်ဝတ်ပြီး ဟော့လိုက်လို့ရပါတယ်။ သတိထားရမှာတစ်ချက်က သင့်စတိုင်က သန့်ရှင်းသပ်ရပ်နေဖို့ပဲ ဖြစ်ပါတယ်။
အိမ်နေဝတ်စားဆင်ယင်မှုပုံနဲ့ အပြင်ထွက်တဲ့အခါ ဝတ်ဆင်ပုံကိုလည်း ခွဲခြားထားသင့်ပါတယ်။ ဒါမှသာ ကိုယ့်အိမ်မှာကိုယ် အေးဆေးနေခိုက်မှာ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ကြိုက်အဝတ်အစားကို ဝတ်ဆင်နိုင်ပြီး စိတ်တိုင်းကျနေလို့ရမှာဖြစ်ပါတယ်။ အပြင်ကိုတော့ အိမ်နေရင်းပုံစံနဲ့ မသွားမိဖို့ ဆင်ခြင်ဖို့ လိုတယ်ဆိုတာ သတိပေးလိုက်ပါတယ်။
Gentleman မှ T-shirt နှင့် ရှပ်အကျီဝယ်ချင်တယ်ဆိုရင်
http://mmgentleman.com/category/store/
သင့်ကို ပိုပြီး စမတ်ကျစေမယ့် ဆောင်ရန်ရှောင်ရန်များ
GM ရဲ့ တခြား ဖက်ရှင်နှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/style/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
Related Posts
%%footer%%