ေအာက္တိုဘာလ ကုန္ဆုံးလို႔ ႏို၀င္ဘာလထဲကို ေရာက္လာၿပီဆိုေတာ့ ႏို၀င္ဘာလနဲ႔ ပတ္သက္ၿပီး အမ်ိဳးသားတို႔အတြက္ စိတ္၀င္စားစရာ လႈပ္ရွားမႈတစ္ခုအေၾကာင္းကို တင္ျပခ်င္ပါတယ္။ ဒီလႈပ္ရွားမႈကေတာ့ Movember လို႔အမည္ရပါတယ္။ November ကို စာလံုးေပါင္းမွားေနတယ္လို႔ မထင္လိုက္ပါနဲ႔။ Movember ဆိုတာက ႏႈတ္ခမ္းေမႊးကို အဂၤလိပ္လိုအေခၚ Moustache က Mo ဆိုတဲ့ စာလံုးနဲ႔ November က vember တို႔ကို ေပါင္းစပ္ထားတာျဖစ္ပါတယ္။
Movember ဆိုတာကေတာ့ အမ်ိဳးသားထုတစ္ရပ္လုံုးအတြက္ က်န္းမာေရးနဲ႔သက္ဆိုင္တဲ့အေရးကိစၥေတြကို အားလံုးက သတိျပဳမိၾကေစဖို႔ ရည္ရြယ္ထားတဲ့ ႏွစ္စဥ္လႈပ္ရွားမႈတစ္ခုပဲျဖစ္ပါတယ္။ ဒီလႈပ္ရွားမႈမွာ အမ်ိဳးသားေတြမွာ အျဖစ္မ်ားတဲ့ စိတ္က်ေရာဂါ၊ ဆီးက်ိတ္ကင္ဆာ အပါအ၀င္ အျခား အမ်ိဳးသားကင္ဆာ ေရာဂါေတြကို သတိျပဳႏိုင္ဖို႔နဲ႔ အျခားပရဟိတအလွဴေတြ လွဴႏိုင္ဖို႔ ရည္ရြယ္ၿပီး ႏို၀င္ဘာလတြင္း ႏႈတ္ခမ္းေမႊးအရွည္ထားၾကတာျဖစ္ပါတယ္။ ဒီလႈပ္ရွားမႈကို The Movember Foundation က စီစဥ္တာျဖစ္ၿပီး အဓိကရည္မွန္းခ်က္ကေတာ့ အမ်ိဳးသားက်န္းမာေရးမ်က္ႏွာစာကို ေျပာင္းလဲပစ္ဖို႔ ပဲျဖစ္ပါတယ္။
ဒီလႈပ္ရွားမႈအတြင္းမွာပါ၀င္လႈပ္ရွားတဲ့ အမ်ိဳးသားေတြကို Mo Bros လို႔ ေခၚဆိုၾကပါတယ္။ Movember လႈပ္ရွားမႈကေန အမ်ိဳးသားေတြ ကင္ဆာေရာဂါ ရွိမရွိေစာလွ်င္စြာ သိရွိဖို႔၊ ထိေရာက္တဲ့ ကုသမႈေတြ ခံယူႏိုင္ဖို႔၊ ကာကြယ္ကုသႏိုင္တဲ့ေရာဂါေတြကေန အေသအေပ်ာက္ႏႈန္းေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ဦးတည္လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။ အမ်ိဳးသားေတြကို ႏွစ္စဥ္ ေဆးစစ္မႈေတြလုပ္ေဆာင္ေပးတာအျပင္ မိသားစုအတြင္း ကင္ဆာေရာဂါ အခံရွိမရွိ သတိထားဖို႔နဲ႔ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ ဘ၀ေနထိုင္မႈပံုစံ ရွိဖို႔ကိုလည္း အားေပး လႈံ႕ေဆာ္ေပး ေနပါတယ္။
အမ်ိဳးသားက်န္းမာေရးနဲ႔ ပတ္သက္တဲ့ Movermber လႈပ္ရွားမႈကို ၾသစေၾတးလ်ႏိုင္ငံနဲ႔ နယူးဇီလန္ႏိုင္ငံတို႔မွာ (၂၀၀၄)ခုႏွစ္ကတည္းက စတင္ခဲ့တာျဖစ္ၿပီး (၂၀၀၇)ခုႏွစ္မွာ ကေနဒါ၊ ခ်က္ရီပတ္ဗလစ္၊ ဒိန္းမတ္တို႔ အပါအ၀င္ ႏိုင္ငံေပါင္းမ်ားစြာမွာ လႈပ္ရွားေနၿပီျဖစ္ပါတယ္။ (၂၀၁၂)ခုႏွစ္မွာေတာ့ Movember ဟာ ကမာၻထိပ္တန္း အစိုးရမဟုတ္ေသာအဖြဲ႕အစည္း NGO (၁၀၀)အတြင္းမွာ တစ္ခုအျဖစ္နဲ႔ စာရင္းသြင္း ေဖာ္ျပျခင္း ခံခဲ့ရပါတယ္။
Movember လႈပ္ရွားမႈရဲ႕ ျဖစ္ေပၚလာပံု သမိုင္းေၾကာင္းကလည္း စိတ္၀င္စားစရာျဖစ္ပါတယ္။ (၁၉၉၉)ခုႏွစ္မွာ ၾသစေၾတးလ်ေတာင္ပိုင္းၿမိဳ႕ေတာ္ Adelaide က လူငယ္တစ္စုက ဘားတစ္ခုအတြင္းမွာ စုစည္းမိၾကရင္း ႏို၀င္ဘာလတစ္လလံုး ႏႈတ္ခမ္းေမႊးကို မရိတ္မသင္ပဲအရွည္ထားၿပီး အလွဴေငြရွာၾကဖို႔ စိတ္ကူးရခဲ့ၾကတာ ျဖစ္ပါတယ္။ အစပိုင္းမွာ Adelaide ၿမိဳ႕က အမ်ိဳးသား (၈၀)ေလာက္ပဲ ပါ၀င္ခဲ့ေပမယ့္ သိပ္မၾကာခင္မွာပဲ ႏိုင္ငံတစ္၀ွမ္းက အမ်ိဳးသားေတြအားလံုးပါ၀င္လာခဲ့ၾကပါတယ္။ (၂၀၀၄)ခုႏွစ္မွာေတာ့ မဲလ္ဘုန္းၿမိဳ႕က အမ်ိဳးသား (၃၀)က အမ်ိဳးသားေတြမွာ အျဖစ္မ်ားတဲ့ ဆီးက်ိတ္ကင္ဆာနဲ႔ စိတ္က်ေ၀ဒနာကို အမ်ားျပည္သူသတိျပဳႏိုင္ေစဖို႔အတြက္ ရည္ရြယ္ၿပီး ႏို၀င္ဘာလတစ္လလံုးမွာ ႏႈတ္ခမ္းေမႊးမရိတ္ပဲထားဖို႔ ဆံုးျဖတ္ခဲ့ၾကပါတယ္။ ဒီလိုလႈပ္ရွားမႈေတြကဆင့္ the Movember Foundation ကို တည္ေထာင္ခဲ့တာျဖစ္ပါတယ္။ အခုဆိုရင္ Movember လႈပ္ရွားမႈဟာ ေတာင္အာဖရိကႏိုင္ငံေတြနဲ႔ ဥေရာပ ႏိုင္ငံေတြအထိ ပ်ံ႕ႏွံ႔သြားခဲ့ၿပီး တကမာၻလံုးအႏွံ႔ ရန္ပံုေငြစုစုေပါင္း အေမရိကန္ေဒၚလာ(၁၇၄)သန္း ရွိတဲ့ ပရဟိတ အဖြဲ႕အစည္းႀကီးတစ္ခု ျဖစ္လို႔ေနပါၿပီ။
Movember အဖြဲ႕အစည္းရဲ႕ အျခားလႈပ္ရွားမႈေတြအေနနဲ႔ကေတာ့ (၂၀၁၀)ခုႏွစ္မွာ အဖြဲ႕၀င္ေတြသာ တင္ခြင့္ရွိတဲ့ အြန္လိုင္းဗီဒီယိုၿပိဳင္ပြဲတစ္ခုကို က်င္းပေပးခဲ့တာျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲမွာ အဖြဲ႕၀င္တစ္ဦးကို (၄)မိနစ္စာ ဗီဒီယိုဖိုင္တစ္ခုတင္ခြင့္ရွိၿပီး က႑အလိုက္ဆုေတြခ်ီးျမွင့္ေပးသြားတာျဖစ္ပါတယ္။ ဒါ့အျပင္ အျပည္ျပည္ဆိုင္ရာ Movember အမ်ိဳးသားဆုကိုလည္း ႏွစ္စဥ္ေရြးခ်ယ္ ခ်ီးျမွင့္ေလ့ရွိပါတယ္။ ဒီဆုကို ႏို၀င္ဘာလအဆံုးပိုင္းမွာ ႏိုင္ငံေပါင္း (၂၁)ႏိုင္ငံက ဆန္ကာတင္ေရြးခ်ယ္ထားသူေတြထဲက ျပန္လည္ ေရြးခ်ယ္တာျဖစ္ပါတယ္။
Movember လႈပ္ရွားမႈကို ကမာၻတစ္၀ွမ္းက အမ်ိဳးသားေတြက စိတ္၀င္တစားပါ၀င္ေလ့ရွိၾကပါတယ္။ နယူးဇီလန္ႏိုင္ငံ ၀ယ္လင္တန္ၿမိဳ႕က ေကာလိပ္ေက်ာင္းတစ္ခုမွာဆိုရင္ ႏို၀င္ဘာလအတြင္း ေက်ာင္းသာေတြ ႏႈတ္ခမ္းေမႊးအရွည္ထားၾကတာေၾကာင့္ ႏွစ္ဆံုးဆုေပးပြဲတက္ေရာက္ခြင့္ပိတ္တာ၊ ႏႈတ္ခမ္းေမႊးထားရင္ စာေမးပြဲ ေျဖဆိုခြင့္ ပိတ္ပင္တာေတြအထိ တင္းတင္းက်ပ္က်ပ္တားျမစ္ထားရပါတယ္။ Movermber လႈပ္ရွားမႈကို Google Chrome ၊ Qantas ၊ Royal Mail စတဲ့လုပ္ငန္းႀကီးေတြကလည္း ပူးေပါင္းပါ၀င္ကူညီေပးၾကၿပီး နာမည္ေက်ာ္ အားကစားသမားေတြ၊ ထင္ေပၚေက်ာ္ၾကားသူေတြနဲ႔ ရာထူးဂုဏ္ရွိန္ျမင့္ပုဂၢိဳဟ္ေတြကလည္း Movember သံတမန္ေတြအျဖစ္ တက္ၾကြစြာ ပါ၀င္ကူညီလွ်က္ရွိပါတယ္။ ဒါ့အျပင္ Football Manager 2015 ဗီဒီယိုဂိမ္းမွာ ႏို၀င္ဘာလေရာက္ရင္ ကစားသမားေတြအားလံုး ႏႈတ္ခမ္းေမႊးမုတ္ဆိတ္ေမႊးေတြ ေပါက္လာတာမ်ိဳးနဲ႔လည္း ဗီဒီယိုဂိမ္းကုမၸဏီေတြကလည္း တစ္တပ္တစ္အား ပါ၀င္အားျဖည့္ ကူညီၾကပါေသးတယ္။
ကဲ ဒီေတာ့ GM ရဲ႕ အမ်ိဳးသားပရိသတ္ေတြလည္း အခုႏို၀င္ဘာလ တစ္လလံုး ႏႈတ္ခမ္းေမႊး၊ မုတ္ဆိတ္ေမႊး အရွည္ထားၿပီး Movember လႈပ္ရွားမႈမွာ ပါ၀င္အားျဖည့္ၾကမလားဗ်ာ။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
Movember
အောက်တိုဘာလ ကုန်ဆုံးလို့ နိုဝင်ဘာလထဲကို ရောက်လာပြီဆိုတော့ နိုဝင်ဘာလနဲ့ ပတ်သက်ပြီး အမျိုးသားတို့အတွက် စိတ်ဝင်စားစရာ လှုပ်ရှားမှုတစ်ခုအကြောင်းကို တင်ပြချင်ပါတယ်။ ဒီလှုပ်ရှားမှုကတော့ Movember လို့အမည်ရပါတယ်။ November ကို စာလုံးပေါင်းမှားနေတယ်လို့ မထင်လိုက်ပါနဲ့။ Movember ဆိုတာက နှုတ်ခမ်းမွှေးကို အင်္ဂလိပ်လိုအခေါ် Moustache က Mo ဆိုတဲ့ စာလုံးနဲ့ November က vember တို့ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။
Movember ဆိုတာကတော့ အမျိုးသားထုတစ်ရပ်လုုံးအတွက် ကျန်းမာရေးနဲ့သက်ဆိုင်တဲ့အရေးကိစ္စတွေကို အားလုံးက သတိပြုမိကြစေဖို့ ရည်ရွယ်ထားတဲ့ နှစ်စဉ်လှုပ်ရှားမှုတစ်ခုပဲဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုမှာ အမျိုးသားတွေမှာ အဖြစ်များတဲ့ စိတ်ကျရောဂါ၊ ဆီးကျိတ်ကင်ဆာ အပါအဝင် အခြား အမျိုးသားကင်ဆာ ရောဂါတွေကို သတိပြုနိုင်ဖို့နဲ့ အခြားပရဟိတအလှူတွေ လှူနိုင်ဖို့ ရည်ရွယ်ပြီး နိုဝင်ဘာလတွင်း နှုတ်ခမ်းမွှေးအရှည်ထားကြတာဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကို The Movember Foundation က စီစဉ်တာဖြစ်ပြီး အဓိကရည်မှန်းချက်ကတော့ အမျိုးသားကျန်းမာရေးမျက်နှာစာကို ပြောင်းလဲပစ်ဖို့ ပဲဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုအတွင်းမှာပါ၀င်လှုပ်ရှားတဲ့ အမျိုးသားတွေကို Mo Bros လို့ ခေါ်ဆိုကြပါတယ်။ Movember လှုပ်ရှားမှုကနေ အမျိုးသားတွေ ကင်ဆာရောဂါ ရှိမရှိစောလျှင်စွာ သိရှိဖို့၊ ထိရောက်တဲ့ ကုသမှုတွေ ခံယူနိုင်ဖို့၊ ကာကွယ်ကုသနိုင်တဲ့ရောဂါတွေကနေ အသေအပျောက်နှုန်းလျှော့ချနိုင်ဖို့အတွက် ဦးတည်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အမျိုးသားတွေကို နှစ်စဉ် ဆေးစစ်မှုတွေလုပ်ဆောင်ပေးတာအပြင် မိသားစုအတွင်း ကင်ဆာရောဂါ အခံရှိမရှိ သတိထားဖို့နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်မှုပုံစံ ရှိဖို့ကိုလည်း အားပေး လှုံ့ဆော်ပေး နေပါတယ်။
အမျိုးသားကျန်းမာရေးနဲ့ ပတ်သက်တဲ့ Movermber လှုပ်ရှားမှုကို သြစတြေးလျနိုင်ငံနဲ့ နယူးဇီလန်နိုင်ငံတို့မှာ (၂၀၀၄)ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး (၂၀၀၇)ခုနှစ်မှာ ကနေဒါ၊ ချက်ရီပတ်ဗလစ်၊ ဒိန်းမတ်တို့ အပါအဝင် နိုင်ငံပေါင်းများစွာမှာ လှုပ်ရှားနေပြီဖြစ်ပါတယ်။ (၂၀၁၂)ခုနှစ်မှာတော့ Movember ဟာ ကမ္ဘာထိပ်တန်း အစိုးရမဟုတ်သောအဖွဲ့အစည်း NGO (၁၀၀)အတွင်းမှာ တစ်ခုအဖြစ်နဲ့ စာရင်းသွင်း ဖော်ပြခြင်း ခံခဲ့ရပါတယ်။
Movember လှုပ်ရှားမှုရဲ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကလည်း စိတ်ဝင်စားစရာဖြစ်ပါတယ်။ (၁၉၉၉)ခုနှစ်မှာ သြစတြေးလျတောင်ပိုင်းမြို့တော် Adelaide က လူငယ်တစ်စုက ဘားတစ်ခုအတွင်းမှာ စုစည်းမိကြရင်း နိုဝင်ဘာလတစ်လလုံး နှုတ်ခမ်းမွှေးကို မရိတ်မသင်ပဲအရှည်ထားပြီး အလှူငွေရှာကြဖို့ စိတ်ကူးရခဲ့ကြတာ ဖြစ်ပါတယ်။ အစပိုင်းမှာ Adelaide မြို့က အမျိုးသား (၈၀)လောက်ပဲ ပါ၀င်ခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ နိုင်ငံတစ်ဝှမ်းက အမျိုးသားတွေအားလုံးပါ၀င်လာခဲ့ကြပါတယ်။ (၂၀၀၄)ခုနှစ်မှာတော့ မဲလ်ဘုန်းမြို့က အမျိုးသား (၃၀)က အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ကင်ဆာနဲ့ စိတ်ကျဝေဒနာကို အများပြည်သူသတိပြုနိုင်စေဖို့အတွက် ရည်ရွယ်ပြီး နိုဝင်ဘာလတစ်လလုံးမှာ နှုတ်ခမ်းမွှေးမရိတ်ပဲထားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီလိုလှုပ်ရှားမှုတွေကဆင့် the Movember Foundation ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် Movember လှုပ်ရှားမှုဟာ တောင်အာဖရိကနိုင်ငံတွေနဲ့ ဥရောပ နိုင်ငံတွေအထိ ပျံ့နှံ့သွားခဲ့ပြီး တကမ္ဘာလုံးအနှံ့ ရန်ပုံငွေစုစုပေါင်း အမေရိကန်ဒေါ်လာ(၁၇၄)သန်း ရှိတဲ့ ပရဟိတ အဖွဲ့အစည်းကြီးတစ်ခု ဖြစ်လို့နေပါပြီ။
Movember အဖွဲ့အစည်းရဲ့ အခြားလှုပ်ရှားမှုတွေအနေနဲ့ကတော့ (၂၀၁၀)ခုနှစ်မှာ အဖွဲ့ဝင်တွေသာ တင်ခွင့်ရှိတဲ့ အွန်လိုင်းဗီဒီယိုပြိုင်ပွဲတစ်ခုကို ကျင်းပပေးခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ အဖွဲ့ဝင်တစ်ဦးကို (၄)မိနစ်စာ ဗီဒီယိုဖိုင်တစ်ခုတင်ခွင့်ရှိပြီး ကဏ္ဍအလိုက်ဆုတွေချီးမြှင့်ပေးသွားတာဖြစ်ပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ Movember အမျိုးသားဆုကိုလည်း နှစ်စဉ်ရွေးချယ် ချီးမြှင့်လေ့ရှိပါတယ်။ ဒီဆုကို နိုဝင်ဘာလအဆုံးပိုင်းမှာ နိုင်ငံပေါင်း (၂၁)နိုင်ငံက ဆန်ကာတင်ရွေးချယ်ထားသူတွေထဲက ပြန်လည် ရွေးချယ်တာဖြစ်ပါတယ်။
Movember လှုပ်ရှားမှုကို ကမ္ဘာတစ်ဝှမ်းက အမျိုးသားတွေက စိတ်ဝင်တစားပါ၀င်လေ့ရှိကြပါတယ်။ နယူးဇီလန်နိုင်ငံ ၀ယ်လင်တန်မြို့က ကောလိပ်ကျောင်းတစ်ခုမှာဆိုရင် နိုဝင်ဘာလအတွင်း ကျောင်းသာတွေ နှုတ်ခမ်းမွှေးအရှည်ထားကြတာကြောင့် နှစ်ဆုံးဆုပေးပွဲတက်ရောက်ခွင့်ပိတ်တာ၊ နှုတ်ခမ်းမွှေးထားရင် စာမေးပွဲ ဖြေဆိုခွင့် ပိတ်ပင်တာတွေအထိ တင်းတင်းကျပ်ကျပ်တားမြစ်ထားရပါတယ်။ Movermber လှုပ်ရှားမှုကို Google Chrome ၊ Qantas ၊ Royal Mail စတဲ့လုပ်ငန်းကြီးတွေကလည်း ပူးပေါင်းပါ၀င်ကူညီပေးကြပြီး နာမည်ကျော် အားကစားသမားတွေ၊ ထင်ပေါ်ကျော်ကြားသူတွေနဲ့ ရာထူးဂုဏ်ရှိန်မြင့်ပုဂ္ဂိုဟ်တွေကလည်း Movember သံတမန်တွေအဖြစ် တက်ကြွစွာ ပါ၀င်ကူညီလျှက်ရှိပါတယ်။ ဒါ့အပြင် Football Manager 2015 ဗီဒီယိုဂိမ်းမှာ နိုဝင်ဘာလရောက်ရင် ကစားသမားတွေအားလုံး နှုတ်ခမ်းမွှေးမုတ်ဆိတ်မွှေးတွေ ပေါက်လာတာမျိုးနဲ့လည်း ဗီဒီယိုဂိမ်းကုမ္ပဏီတွေကလည်း တစ်တပ်တစ်အား ပါ၀င်အားဖြည့် ကူညီကြပါသေးတယ်။
ကဲ ဒီတော့ GM ရဲ့ အမျိုးသားပရိသတ်တွေလည်း အခုနိုဝင်ဘာလ တစ်လလုံး နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး အရှည်ထားပြီး Movember လှုပ်ရှားမှုမှာ ပါ၀င်အားဖြည့်ကြမလားဗျာ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================