သင့္သက္တမ္းကို ၁၂ ႏွစ္ေပါင္းေပးမယ့္ အေလ့အက်င့္ ၇ ခု
တကယ္လို႔သင္ဟာ သင့္ရဲ႕ ဘဝအမူအက်င့္အခ်ိဳ႕ကို ေျပာင္းလဲပစ္ႏိုင္ရင္ သင့္သက္တမ္းကို ၁၂ ႏွစ္ အလြယ္တကူ ေပါင္းထည့္ေပးႏိုင္မွာပါ။ အသက္႐ွည္တဲ့ လူေတြရဲ႕ အမူအက်င့္အတိုင္း လိုက္ေနရံုနဲ႔ သင့္သက္တမ္းက တိုးလာမွာပါ။ ၁၂ ႏွစ္အတိအက်ႀကီးေတာ့ ေပါင္းသြားမွာမဟုတ္ပါဘူး။ အဲဒါက သင့္ရဲ႕ မ်ိဳး႐ိုးဗီဇ ပါတ္ဝန္းက်င္တို႔နဲ႔လဲ သက္ဆိုင္ပါေသးတယ္။ ဒါေပမယ့္ အသက္ပို႐ွည္လာမွာကေတာ့ အမွန္အကန္ပါပဲ။ အသက္ပို႐ွည္ေစမယ့္ အမူအက်င့္ ၇ ခုကို ေအာက္မွာ ေရးျပထားပါတယ္။
၁. ျပဳျပင္ထားတဲ့အသားကို မစားပါနဲ႔ (+၄ ႏွစ္)
ျပဳျပင္ထားတဲ့အသားဆိုတာ ပီဇာတို႔ ဘာဂါတို႔ ၾကက္ေၾကာ္တို႔မွာ ပါတဲ့အသားလို အၾကာႀကီးႏွပ္ထားတဲ့ အသားမ်ိဳးပါ။ အဲဒိလို အသားမ်ိဳးေတြကို လံုးဝမစားရင္ သင့္အသက္ ေလးႏွစ္ပို႐ွည္မွာပါ။ အဲဒိအသားမ်ိဳး တစ္ေန႔ကို ၂၀ ဂရမ္ထက္ ပိုစားျခင္းေၾကာင့္ ဥေရာပမွာ လူအေယာက္ ၄၅၀ ၀၀၀ အေသေစာခဲ့ရတယ္လို႔ ေလ့လာမႈတစ္ခုက ေတြ႕႐ွိခဲ့ပါတယ္။ ႏွလံုးေရာဂါျဖစ္ပြားမႈကို ၇၂ ရာႏႈန္း ျမင့္တက္ေစၿပီး ကင္ဆာျဖစ္ပြားမႈကို ၁၁ ရာႏႈန္း ပိုျမင့္မားေစပါတယ္။
ေဘာ္ဒီေတာင့္တင္းလွပဖုုိ႕ဘယ္ေလာက္ၾကာၾကာေလ့က်င့္ရမလဲ
၂. ထံုးဓာတ္ လံုလံုေလာက္ေလာက္ စားပါ (+၀.၅ ႏွစ္)
ထံုးဓာတ္ မလံုေလာက္ျခင္းဟာ အ႐ိုးပြေရာဂါကို ျဖစ္ပြားေစပါတယ္။ အဲဒိေရာဂါဟာ အသက္ႀကီးတဲ့ အမ်ိဳးသမီးေတြမွာ ပိုျဖစ္တတ္ပါတယ္။ အသက္ငါးဆယ္ေက်ာ္ အမ်ိဳးသမီးေတြရဲ႕ ထက္ဝက္ဟာ အ႐ိုးတစ္ေခ်ာင္းေတာ့ အနည္းဆံုး က်ိဳးဖူးၾကပါတယ္။ ထံုးဓာတ္ကို ႏို႔အျပင္ ႏို႔ထြက္ပစၥည္း ဒိန္ခဲေတြနဲ႔ ဟင္းသီးဟင္းရြက္ေတြကေန ရ႐ွိႏိုင္ပါတယ္။
၃. ေန႔စဥ္ေလ့က်င့္ခန္းလုပ္ပါ (+၅ ႏွစ္)
က်န္းမာေရးနဲ႔ ညီၫြတ္ေအာင္ စားေသာက္ေနရံုနဲ႔ မၿပီးေသးပါဘူး။ တစ္ပါတ္ကို ၆ ရက္ ၇ရက္ ေလ့က်င့္ခန္းလုပ္ျခင္းဟာ သင့္အသက္ကို ၅ ႏွစ္ ထပ္ေပါင္းေပးႏိုင္ပါတယ္။ တစ္ပါတ္ကို ၆ နာရီေလာက္ လႈပ္လႈပ္႐ွား႐ွား ေနေပးသင့္ပါတယ္။ ေလ့က်င့္ခန္းလုပ္ျခင္းရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြက အဆံုးမဲ့ပါ။ ႏွလံုးေရာဂါျဖစ္ပြားမႈကို ေလ်ာ့က်ေစတာ၊ ဆီးခ်ိဳေလ်ာ့က်ေစတာ၊ ကိုယ္နဲ႔စိတ္ကို ၾကည္လင္လန္းဆန္းေစတာတို႔အျပင္ တျခားေကာင္းက်ိဳးေတြ အမ်ားႀကီး႐ွိပါတယ္။ ငယ္ရြယ္တုန္း ေလ့က်င့္ခန္းလုပ္တာဟာ အသက္ႀကီးလာတဲ့အခါ ကိုယ္လက္လႈပ္႐ွားေနႏိုင္ဖို႔ အေထာက္အကူျပဳပါတယ္။ ေလ့က်င့္ခန္းလုပ္ဖို႔ ေနာက္က်တယ္ မ႐ွိပါဘူး။ ခုပဲ စလုပ္လိုက္ပါေတာ့။
၄. ဆရာဝန္ဆီ အခ်ိန္မွန္ သြားေရာက္ျခင္း (+၀.၅ ႏွစ္)
မိသားစုထဲမွာ ဆီးခ်ိဳ ေသြးခ်ိဳ ႏွလံုးေရာဂါ ရာဇဝင္ ႐ွိသူေတြအေနနဲ႔ အျမဲ အခ်ိန္မွန္ ေသြးစစ္ဆီးစစ္ ေနသင့္ပါတယ္။ ဆရာဝန္ဆီ အခ်ိန္မွန္ သြားေရာက္ ေဆးစစ္တာဟာ ေရာဂါေတြ ရင့္မလာခင္မွာ ႐ွာေတြ႕ေစၿပီး ေစာေစာစီးစီး ကုသႏိုင္ပါတယ္။ အရမ္းႀကီး အပါတ္တိုင္းလိုလိုသြားေနဖို႔လဲ မလိုပါဘူး။ မလိုအပ္ပဲ ေဆးစစ္ျခင္းဟာ အက်ိဳးထက္ အျပစ္ ပိုမ်ားပါတယ္။
၅. မိသားစု သူငယ္ခ်င္းေတြနဲ႔ အခ်ိန္ပိုျဖဳန္းပါ (+၀.၅ ႏွစ္)
အခ်ိန္မွန္ေဆးစစ္တာနဲ႔ အစားအေသာက္ပံုစံေတြဟာ က်န္းမာေရးကို အဓိကအက်ိဳးသက္ေရာက္တယ္ဆိုေပမယ့္လည္း ေရ႐ွည္အတြက္ဆိုရင္ သူငယ္ခ်င္းေတြ မိသားစုေတြကို ေမ့ထားလို႔မရပါဘူး။ မိတ္ေဆြေကာင္းေတြနဲ႔ မိသားစုဝင္ေတြဟာ အခက္အခဲရင္ဆိုင္ေနရခ်ိန္မွာ ကူညီျဖတ္ေက်ာ္ေပးၾကၿပီး စိတ္ဖိစီးမႈကို ေလ်ာ့နည္းေစပါတယ္။ ပါတ္ဝန္းက်င္အသိုင္းအဝိုင္းေကာင္း႐ွိတဲ့သူဟာ မ႐ွိတဲ့သူထက္ ၅၀ ရာႏႈန္း အသက္ပို႐ွည္ေစပါတယ္
။ေယာက်ာၤးနိုု႕ေတြဘယ္လိုုအေပ်ာက္ေဖ်ာက္မလဲ
http://mmgentleman.com/2015/11/02/o-3/
၆. ခရမ္းလြန္ေရာင္ခ်ည္ေတြနဲ႔ ထိေတြ႕မႈ ေ႐ွာင္ပါ (+၀.၅ ႏွစ္)
သင္ အသားညိဳေနလို႔ ေနေလာင္မႈဒါဏ္ ခံႏိုင္တယ္မထင္ပါနဲ႔။ အသားညိဳသူေတြလဲ ေနေလာင္ ခံရႏိုင္ပါတယ္။ ေနေလာင္ခံမႈ အရမ္းမ်ားရင္ အေရျပားကင္ဆာ ျဖစ္ေစႏိုင္ၿပီး သင့္သက္တမ္းကို ေလ်ာ့ေစႏိုင္ပါတယ္။ အရိပ္ထဲမွာေနပါ။ ေနပူထဲထြက္ရင္ အက်ႌ႐ွည္ဝတ္ပါ။ Sunscreen လိမ္းပါ။ ေမြးကင္းစအရြယ္မွာ ေနေလာင္ခံမႈ မ်ားျခင္းဟာ ကေလးေသဆံုးမႈကို အမ်ားႀကီး ျမင့္တက္လာေစပါတယ္။
၇. သြားပြတ္ႀကိဳး ေန႔စဥ္ အသံုးျပဳပါ (+၁ ႏွစ္)
သြားေန႔တိုင္းတိုက္ရံုနဲ႔ မရပါဘူး။ သြားပြတ္ႀကိဳး ေန႔စဥ္သံုးတာဟာ သြားဖံုးေရာင္ေရာဂါ၊ ေရစီးကမ္းၿပိဳေရာဂါ၊ သြားကြၽတ္ထြက္တာတို႔ကို ကာကြယ္ေပးပါတယ္။ သြားနဲ႔ သြားဖံုးေရာဂါေတြဟာ တျခားကိုယ္အဂၤါ အစိတ္အပိုင္းေတြကိုပါ ထိခိုက္ေစဖို႔ အခြင့္အလမ္းမ်ားပါတယ္။ ဥပမာ ေက်ာက္ကပ္ေရာဂါေတြနဲ႔ ဆီးခ်ိဳပါ။
သင္ တတ္ႏိုင္ရင္ေတာ့ ေကာ္ဖီ လက္ဖက္ရည္တို႔လို ကဖင္းဓာတ္ပါတဲ့ဟာ လံုးဝမေသာက္တာဟာ သင့္အသက္ကို ႏွစ္ဝက္ တိုးေပးႏိုင္ပါေသးတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ ေကာ္ဖီ လက္ဖက္ရည္ကို တစ္ေန႔ သံုးခြက္ေလာက္ေသာက္တာဟာ မေသာက္တဲ့သူေတြထက္ ၁၀ ရာႏႈန္း အသက္ပို႐ွည္ပါတယ္ဆိုတဲ့ ေတြ႕႐ွိခ်က္ေတြလဲ ႐ွိေနပါတယ္။ အဲဒါေၾကာင့္ အဲဒိအခ်က္ကို ခ်န္ထားခဲ့ပါမယ္။ ေကာ္ဖီျဖတ္မလားဆိုတာကိုေတာ့ သင့္ဘာသာ စဥ္းစားပါ။ ကြၽန္ေတာ္ကေတာ့ ေသာက္မွာပါ။
GM ရဲ့ တျခား က်န္းမာေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/health/
မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။
—————————————————————————-
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
သင့်သက်တမ်းကို ၁၂ နှစ်ပေါင်းပေးမယ့် အလေ့အကျင့် ၇ ခု
တကယ်လို့သင်ဟာ သင့်ရဲ့ ဘဝအမူအကျင့်အချို့ကို ပြောင်းလဲပစ်နိုင်ရင် သင့်သက်တမ်းကို ၁၂ နှစ် အလွယ်တကူ ပေါင်းထည့်ပေးနိုင်မှာပါ။ အသက်ရှည်တဲ့ လူတွေရဲ့ အမူအကျင့်အတိုင်း လိုက်နေရုံနဲ့ သင့်သက်တမ်းက တိုးလာမှာပါ။ ၁၂ နှစ်အတိအကျကြီးတော့ ပေါင်းသွားမှာမဟုတ်ပါဘူး။ အဲဒါက သင့်ရဲ့ မျိုးရိုးဗီဇ ပါတ်ဝန်းကျင်တို့နဲ့လဲ သက်ဆိုင်ပါသေးတယ်။ ဒါပေမယ့် အသက်ပိုရှည်လာမှာကတော့ အမှန်အကန်ပါပဲ။ အသက်ပိုရှည်စေမယ့် အမူအကျင့် ၇ ခုကို အောက်မှာ ရေးပြထားပါတယ်။
၁. ပြုပြင်ထားတဲ့အသားကို မစားပါနဲ့ (+၄ နှစ်)
ပြုပြင်ထားတဲ့အသားဆိုတာ ပီဇာတို့ ဘာဂါတို့ ကြက်ကြော်တို့မှာ ပါတဲ့အသားလို အကြာကြီးနှပ်ထားတဲ့ အသားမျိုးပါ။ အဲဒိလို အသားမျိုးတွေကို လုံးဝမစားရင် သင့်အသက် လေးနှစ်ပိုရှည်မှာပါ။ အဲဒိအသားမျိုး တစ်နေ့ကို ၂၀ ဂရမ်ထက် ပိုစားခြင်းကြောင့် ဥရောပမှာ လူအယောက် ၄၅၀ ၀၀၀ အသေစောခဲ့ရတယ်လို့ လေ့လာမှုတစ်ခုက တွေ့ရှိခဲ့ပါတယ်။ နှလုံးရောဂါဖြစ်ပွားမှုကို ၇၂ ရာနှုန်း မြင့်တက်စေပြီး ကင်ဆာဖြစ်ပွားမှုကို ၁၁ ရာနှုန်း ပိုမြင့်မားစေပါတယ်။
ဘော်ဒီတောင့်တင်းလှပဖို့ဘယ်လောက်ကြာကြာလေ့ကျင့်ရမလဲ
၂. ထုံးဓာတ် လုံလုံလောက်လောက် စားပါ (+၀.၅ နှစ်)
ထုံးဓာတ် မလုံလောက်ခြင်းဟာ အရိုးပွရောဂါကို ဖြစ်ပွားစေပါတယ်။ အဲဒိရောဂါဟာ အသက်ကြီးတဲ့ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်ငါးဆယ်ကျော် အမျိုးသမီးတွေရဲ့ ထက်ဝက်ဟာ အရိုးတစ်ချောင်းတော့ အနည်းဆုံး ကျိုးဖူးကြပါတယ်။ ထုံးဓာတ်ကို နို့အပြင် နို့ထွက်ပစ္စည်း ဒိန်ခဲတွေနဲ့ ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်ပါတယ်။
၃. နေ့စဉ်လေ့ကျင့်ခန်းလုပ်ပါ (+၅ နှစ်)
ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေရုံနဲ့ မပြီးသေးပါဘူး။ တစ်ပါတ်ကို ၆ ရက် ၇ရက် လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်အသက်ကို ၅ နှစ် ထပ်ပေါင်းပေးနိုင်ပါတယ်။ တစ်ပါတ်ကို ၆ နာရီလောက် လှုပ်လှုပ်ရှားရှား နေပေးသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက အဆုံးမဲ့ပါ။ နှလုံးရောဂါဖြစ်ပွားမှုကို လျော့ကျစေတာ၊ ဆီးချိုလျော့ကျစေတာ၊ ကိုယ်နဲ့စိတ်ကို ကြည်လင်လန်းဆန်းစေတာတို့အပြင် တခြားကောင်းကျိုးတွေ အများကြီးရှိပါတယ်။ ငယ်ရွယ်တုန်း လေ့ကျင့်ခန်းလုပ်တာဟာ အသက်ကြီးလာတဲ့အခါ ကိုယ်လက်လှုပ်ရှားနေနိုင်ဖို့ အထောက်အကူပြုပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ နောက်ကျတယ် မရှိပါဘူး။ ခုပဲ စလုပ်လိုက်ပါတော့။
၄. ဆရာဝန်ဆီ အချိန်မှန် သွားရောက်ခြင်း (+၀.၅ နှစ်)
မိသားစုထဲမှာ ဆီးချို သွေးချို နှလုံးရောဂါ ရာဇဝင် ရှိသူတွေအနေနဲ့ အမြဲ အချိန်မှန် သွေးစစ်ဆီးစစ် နေသင့်ပါတယ်။ ဆရာဝန်ဆီ အချိန်မှန် သွားရောက် ဆေးစစ်တာဟာ ရောဂါတွေ ရင့်မလာခင်မှာ ရှာတွေ့စေပြီး စောစောစီးစီး ကုသနိုင်ပါတယ်။ အရမ်းကြီး အပါတ်တိုင်းလိုလိုသွားနေဖို့လဲ မလိုပါဘူး။ မလိုအပ်ပဲ ဆေးစစ်ခြင်းဟာ အကျိုးထက် အပြစ် ပိုများပါတယ်။
၅. မိသားစု သူငယ်ချင်းတွေနဲ့ အချိန်ပိုဖြုန်းပါ (+၀.၅ နှစ်)
အချိန်မှန်ဆေးစစ်တာနဲ့ အစားအသောက်ပုံစံတွေဟာ ကျန်းမာရေးကို အဓိကအကျိုးသက်ရောက်တယ်ဆိုပေမယ့်လည်း ရေရှည်အတွက်ဆိုရင် သူငယ်ချင်းတွေ မိသားစုတွေကို မေ့ထားလို့မရပါဘူး။ မိတ်ဆွေကောင်းတွေနဲ့ မိသားစုဝင်တွေဟာ အခက်အခဲရင်ဆိုင်နေရချိန်မှာ ကူညီဖြတ်ကျော်ပေးကြပြီး စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။ ပါတ်ဝန်းကျင်အသိုင်းအဝိုင်းကောင်းရှိတဲ့သူဟာ မရှိတဲ့သူထက် ၅၀ ရာနှုန်း အသက်ပိုရှည်စေပါတယ်
။ယောကျာၤးနို့တွေဘယ်လိုအပျောက်ဖျောက်မလဲ
၆. ခရမ်းလွန်ရောင်ချည်တွေနဲ့ ထိတွေ့မှု ရှောင်ပါ (+၀.၅ နှစ်)
သင် အသားညိုနေလို့ နေလောင်မှုဒါဏ် ခံနိုင်တယ်မထင်ပါနဲ့။ အသားညိုသူတွေလဲ နေလောင် ခံရနိုင်ပါတယ်။ နေလောင်ခံမှု အရမ်းများရင် အရေပြားကင်ဆာ ဖြစ်စေနိုင်ပြီး သင့်သက်တမ်းကို လျော့စေနိုင်ပါတယ်။ အရိပ်ထဲမှာနေပါ။ နေပူထဲထွက်ရင် အင်္ကျီရှည်ဝတ်ပါ။ Sunscreen လိမ်းပါ။ မွေးကင်းစအရွယ်မှာ နေလောင်ခံမှု များခြင်းဟာ ကလေးသေဆုံးမှုကို အများကြီး မြင့်တက်လာစေပါတယ်။
၇. သွားပွတ်ကြိုး နေ့စဉ် အသုံးပြုပါ (+၁ နှစ်)
သွားနေ့တိုင်းတိုက်ရုံနဲ့ မရပါဘူး။ သွားပွတ်ကြိုး နေ့စဉ်သုံးတာဟာ သွားဖုံးရောင်ရောဂါ၊ ရေစီးကမ်းပြိုရောဂါ၊ သွားကျွတ်ထွက်တာတို့ကို ကာကွယ်ပေးပါတယ်။ သွားနဲ့ သွားဖုံးရောဂါတွေဟာ တခြားကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကိုပါ ထိခိုက်စေဖို့ အခွင့်အလမ်းများပါတယ်။ ဥပမာ ကျောက်ကပ်ရောဂါတွေနဲ့ ဆီးချိုပါ။
သင် တတ်နိုင်ရင်တော့ ကော်ဖီ လက်ဖက်ရည်တို့လို ကဖင်းဓာတ်ပါတဲ့ဟာ လုံးဝမသောက်တာဟာ သင့်အသက်ကို နှစ်ဝက် တိုးပေးနိုင်ပါသေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကော်ဖီ လက်ဖက်ရည်ကို တစ်နေ့ သုံးခွက်လောက်သောက်တာဟာ မသောက်တဲ့သူတွေထက် ၁၀ ရာနှုန်း အသက်ပိုရှည်ပါတယ်ဆိုတဲ့ တွေ့ရှိချက်တွေလဲ ရှိနေပါတယ်။ အဲဒါကြောင့် အဲဒိအချက်ကို ချန်ထားခဲ့ပါမယ်။ ကော်ဖီဖြတ်မလားဆိုတာကိုတော့ သင့်ဘာသာ စဉ်းစားပါ။ ကျွန်တော်ကတော့ သောက်မှာပါ။
GM ရဲ့ တခြား ကျန်းမာရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/health/
မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================