တစ္ကိုယ္ရည္စိတ္ေျဖျခင္းႏွင့္ ၀က္ျခံ ဆက္စပ္မႈ


တစ္ကိုယ္ရည္စိတ္ေျဖျခင္းႏွင့္
၀က္ျခံ ျပႆနာ

တစ္ကိုယ္ရည္စိတ္ေျဖျခင္းဟာ ၀က္ျခံထြက္ေစတယ္လို႔ ေျပာတာၾကားဖူးပါသလား။ တကယ္ေတာ့ စိတ္ေျဖျခင္းနဲ႔ ၀က္ျခံထြက္ျခင္းအၾကား သိပၸံနည္းက် ခိုင္လံုတဲ့ဆက္စပ္မႈမရွိပါဘူး။ ဒါေပမယ့္ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာကတည္းက လူမႈအဖြဲ႕အစည္းအတြင္းမွာ လူငယ္ေတြကို အရြယ္မတိုင္ခင္ လိင္မႈကိစၥလိုက္စားတာကို ကာကြယ္ဖို႔အတြက္ လိင္ဆက္ဆံရင္ ဒါမွမဟုတ္ တစ္ကိုယ္ရည္စိတ္ေျဖရင္ ၀က္ျခံေပါက္တတ္တယ္လို႔ ေျပာစမွတ္ျဖစ္ခဲ့ၾကပါတယ္။ ဒီေတာ့ အခုေခတ္သိပၸံပညာအရ ဒီကိစၥကို အေျဖရွာၾကည့္ၾကပါစို႔ဗ်ာ။

တစ္ကိုယ္ရည္စိတ္ေျဖျခင္းနဲ႔ ၀က္ျခံေပါက္ျခင္းအၾကားက ဆက္စပ္မႈကို ေလ့လာထားတဲ့ ဆန္းစစ္ေလ့လာမႈေတြ မရွိေသးပါဘူး။ ဒါေပမယ့္ ေဟာ္မုန္းအေျပာင္းအလဲနဲ႔ ၀က္ျခံေပါက္ျခင္းဟာ ဆက္စပ္မႈရွိတယ္ဆိုတာကိုေတာ့ ကၽြန္ေတာ္တို႔အားလံုးသိထားၿပီးသားပါ။ အထူးသျဖင့္ တက္စတိုစတီ႐ုန္းလို႔ က်ားေဟာ္မုန္းေတြ ပမာဏမ်ားလာတဲ့အခါမွာ ၀က္ျခံထြက္လာတတ္ပါတယ္။ ဒီေတာ့ လိင္စိတ္ႏုိးၾကြတာနဲ႔ လိင္ဆက္ဆံတာတို႔က က်ားေဟာ္မုန္းပမာဏကို မ်ားလာေစလာဆိုတာကို ၾကည့္ဖို႔လိုအပ္လာပါတယ္။

အျခား (ဆီးခံုုေမြး ရိတ္သင့္တဲ့ အေၾကာင္းရင္း
http://mmgentleman.com/2015/10/20/1-51/ )

ေလ့လာမႈေတြအရ အမ်ိဳးသမီး အမ်ိဳးသားႏွစ္ဦးစလံုးမွာ လိင္ကိစၥခံစားမႈအထြဋ္အထိပ္ကို ေရာက္ရွိၿပီးဆံုးတဲ့အခါမွာ တက္စတိုစတီ႐ုန္းေဟာ္မုန္းပမာဏအနည္းငယ္ပဲ တိုးလာတယ္လို႔ ဆိုပါတယ္။ ဒီလိုပါပဲ၊ လိင္စိတ္ႏိုးၾကြတဲ့အခါမွာလည္း ေဟာ္မုန္းပမာဏအနည္းငယ္သာ ျမင့္တက္လာၿပီး မိနစ္ပိုင္းအတြင္းမွာ မူလအေျခအေနကို ျပန္လည္ေရာက္ရွိသြားေလ့ရွိပါတယ္။ ဒီေတာ့ လိင္စိတ္နဲ႔ ပတ္သက္တဲ့ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ ၀က္ျခံေပါက္တယ္လို႔ ေျပာရေလာက္တဲ့ အေထာက္အထားမရွိပါဘူး။ ေနာက္ထပ္႐ႈပ္ေထြးသြားေစႏိုင္တဲ့ အခ်က္တစ္ခုရွိပါေသးတယ္။ လိင္မႈကိစၥေရွာင္ၿပီး ()ရက္ၾကာတဲ့အခါမွာ သုက္ပိုးဖြဲ႕စည္းမႈနဲ႔ သက္တမ္းၾကာျမင့္မႈတို႔ေၾကာင့္ တက္စတိုစတီ႐ုန္းပမာဏ ထူးထူးျခားျခား ျမင့္တက္လာေလ့ရွိတယ္လို႔ သုေတသနရလဒ္တစ္ခုမွာ ေဖာ္ျပထားပါတယ္။

အျခား (သင္မ်ားေနပါသလား
http://mmgentleman.com/2015/08/10/m/ )

နိဂံုးခ်ဳပ္အေနနဲ႔ဆိုရင္ တစ္ကိုယ္ရည္စိတ္ေျဖျခင္းနဲ႔ ၀က္ျခံေပါက္ျခင္း ဆက္စပ္မႈရွိမရွိဆိုတာကို အခိုင္အလံုေထာက္ျပစရာမရွိပါဘူး။ လက္ရွိသုေတသနရလဒ္ေတြအရ တစ္ကိုယ္ရည္စိတ္ေျဖျခင္းအပါအ၀င္ လိင္မႈကိစၥေတြက ခႏၶာကိုယ္တြင္း ေဟာ္မုန္းပမာဏကို အနည္းငယ္ပဲေျပာင္းလဲေစတယ္လို႔ သိထားၿပီး ျဖစ္ပါတယ္။ ဒီလို အနည္းငယ္ေျပာင္းလဲမႈေၾကာင့္ပဲ ၀က္ျခံေပါက္သလားဆိုတာကိုေတာ့ ေနာက္ထပ္ေလ့လာမႈေတြ လုပ္ေဆာင္ဖို႔ လိုအပ္လ်က္ရွိေနဆဲပဲ ျဖစ္ပါတယ္။

GM ရဲ့ တျခား က်န္းမာေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/health/

မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။ 

—————————————————————————- 

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

တစ်ကိုယ်ရည်စိတ်ဖြေခြင်းနှင့် ဝက်ခြံ ပြဿနာ

တစ်ကိုယ်ရည်စိတ်ဖြေခြင်းဟာ ဝက်ခြံထွက်စေတယ်လို့ ပြောတာကြားဖူးပါသလား။ တကယ်တော့ စိတ်ဖြေခြင်းနဲ့ ဝက်ခြံထွက်ခြင်းအကြား သိပ္ပံနည်းကျ ခိုင်လုံတဲ့ဆက်စပ်မှုမရှိပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လူမှုအဖွဲ့အစည်းအတွင်းမှာ လူငယ်တွေကို အရွယ်မတိုင်ခင် လိင်မှုကိစ္စလိုက်စားတာကို ကာကွယ်ဖို့အတွက် လိင်ဆက်ဆံရင် ဒါမှမဟုတ် တစ်ကိုယ်ရည်စိတ်ဖြေရင် ဝက်ခြံပေါက်တတ်တယ်လို့ ပြောစမှတ်ဖြစ်ခဲ့ကြပါတယ်။ ဒီတော့ အခုခေတ်သိပ္ပံပညာအရ ဒီကိစ္စကို အဖြေရှာကြည့်ကြပါစို့ဗျာ။

တစ်ကိုယ်ရည်စိတ်ဖြေခြင်းနဲ့ ဝက်ခြံပေါက်ခြင်းအကြားက ဆက်စပ်မှုကို လေ့လာထားတဲ့ ဆန်းစစ်လေ့လာမှုတွေ မရှိသေးပါဘူး။ ဒါပေမယ့် ဟော်မုန်းအပြောင်းအလဲနဲ့ ဝက်ခြံပေါက်ခြင်းဟာ ဆက်စပ်မှုရှိတယ်ဆိုတာကိုတော့ ကျွန်တော်တို့အားလုံးသိထားပြီးသားပါ။ အထူးသဖြင့် တက်စတိုစတီရုန်းလို့ ကျားဟော်မုန်းတွေ ပမာဏများလာတဲ့အခါမှာ ဝက်ခြံထွက်လာတတ်ပါတယ်။ ဒီတော့ လိင်စိတ်နိုးကြွတာနဲ့ လိင်ဆက်ဆံတာတို့က ကျားဟော်မုန်းပမာဏကို များလာစေလာဆိုတာကို ကြည့်ဖို့လိုအပ်လာပါတယ်။

အခြား (ဆီးခုံမွေး ရိတ်သင့်တဲ့ အကြောင်းရင်း
http://mmgentleman.com/2015/10/20/1-51/ )

လေ့လာမှုတွေအရ အမျိုးသမီး အမျိုးသားနှစ်ဦးစလုံးမှာ လိင်ကိစ္စခံစားမှုအထွဋ်အထိပ်ကို ရောက်ရှိပြီးဆုံးတဲ့အခါမှာ တက်စတိုစတီရုန်းဟော်မုန်းပမာဏအနည်းငယ်ပဲ တိုးလာတယ်လို့ ဆိုပါတယ်။ ဒီလိုပါပဲ၊ လိင်စိတ်နိုးကြွတဲ့အခါမှာလည်း ဟော်မုန်းပမာဏအနည်းငယ်သာ မြင့်တက်လာပြီး မိနစ်ပိုင်းအတွင်းမှာ မူလအခြေအနေကို ပြန်လည်ရောက်ရှိသွားလေ့ရှိပါတယ်။ ဒီတော့ လိင်စိတ်နဲ့ ပတ်သက်တဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံပေါက်တယ်လို့ ပြောရလောက်တဲ့ အထောက်အထားမရှိပါဘူး။ နောက်ထပ်ရှုပ်ထွေးသွားစေနိုင်တဲ့ အချက်တစ်ခုရှိပါသေးတယ်။ လိင်မှုကိစ္စရှောင်ပြီး (၇)ရက်ကြာတဲ့အခါမှာ သုက်ပိုးဖွဲ့စည်းမှုနဲ့ သက်တမ်းကြာမြင့်မှုတို့ကြောင့် တက်စတိုစတီရုန်းပမာဏ ထူးထူးခြားခြား မြင့်တက်လာလေ့ရှိတယ်လို့ သုတေသနရလဒ်တစ်ခုမှာ ဖော်ပြထားပါတယ်။

အခြား (သင်များနေပါသလား
http://mmgentleman.com/2015/08/10/m/ )

နိဂုံးချုပ်အနေနဲ့ဆိုရင် တစ်ကိုယ်ရည်စိတ်ဖြေခြင်းနဲ့ ဝက်ခြံပေါက်ခြင်း ဆက်စပ်မှုရှိမရှိဆိုတာကို အခိုင်အလုံထောက်ပြစရာမရှိပါဘူး။ လက်ရှိသုတေသနရလဒ်တွေအရ တစ်ကိုယ်ရည်စိတ်ဖြေခြင်းအပါအဝင် လိင်မှုကိစ္စတွေက ခန္ဓာကိုယ်တွင်း ဟော်မုန်းပမာဏကို အနည်းငယ်ပဲပြောင်းလဲစေတယ်လို့ သိထားပြီး ဖြစ်ပါတယ်။ ဒီလို အနည်းငယ်ပြောင်းလဲမှုကြောင့်ပဲ ဝက်ခြံပေါက်သလားဆိုတာကိုတော့ နောက်ထပ်လေ့လာမှုတွေ လုပ်ဆောင်ဖို့ လိုအပ်လျက်ရှိနေဆဲပဲ ဖြစ်ပါတယ်။

GM-Ads

GM ရဲ့ တခြား ကျန်းမာရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/health/

မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

—————————————————————————-

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

 

 

Related Posts

%%footer%%