တစ္ကိုယ္တည္းလူပ်ိဳႀကီးအျဖစ္နဲ႔ ဘ၀ဆံုးသြားႏိုင္သည့္ လကၡဏာမ်ား


တစ္ကိုယ္တည္းလူပ်ိဳႀကီးအျဖစ္နဲ႔
ဘ၀ဆံုးသြားႏိုင္သည့္ လကၡဏာမ်ား

ဘယ္သူမဆို ေသရင္ေတာ့ တစ္ေယာက္တည္းပဲေသၾကရမွာျဖစ္ပါတယ္။ အလြန္တရာႀကီးျမတ္တဲ့ ပုဂိၢဳဟ္ႀကီးပဲ ျဖစ္ျဖစ္၊ သာမာန္လူသားတစ္ေယာက္ပဲျဖစ္ျဖစ္ ေသဆံုးခ်ိန္မွာ အေဖာ္အျဖစ္နဲ႔ လုိက္ေသေပးခ်င္တဲ့သူ ရွိမွာ မဟုတ္ပါဘူး။ ဒါဟာ အမွန္တရားပါ။ ဒါေပမယ့္လည္း သင္မေသခင္အခ်ိန္မွာေတာ့ တစ္ေယာက္နဲ႔ အတူရွိေနခ်င္ဦးမွာပါ။ သင့္အေနနဲ႔ တကိုယ္တည္းဘ၀နဲ႔ အထီးက်န္စြာအဆံုးသတ္ရေတာ့မယ္လို႔ ခံစားေနရရင္ ေျပာင္းလဲဖို႔အတြက္ အခ်ိန္မွီပါေသးတယ္။ အခုေဖာ္ျပေပးလိုက္တဲ့ အခ်က္ေတြကို ျပဳျပင္ေျပာင္းလဲၿပီး မိသားစုနဲ႔ အတူ ေပ်ာ္ရႊင္စြာေနႏိုင္ပါေသးတယ္။

၁။ ေပါင္းသင္းဆက္ဆံေရးညံ့ျခင္း

သင့္ဟာေပါင္းသင္းဆက္ဆံေရးည့ံဖ်င္းသူတစ္ဦးျဖစ္ေနရင္ေတာ့ သင္နဲ႔အတူ တစ္ဘ၀လံုးကုန္ဆံုးမယ့္သူကို ရွာေတြ႕ဖို႔က ကံေကာင္းမွပဲျဖစ္ႏိုင္ပါလိမ့္မယ္။

၂။ ခ်စ္ေရးဆိုဖို႔ ေႏွာင့္ေႏွးေနျခင္း

မိန္းကေလးတစ္ေယာက္ေယာက္ကို ခ်စ္ေရးဆိုဖို႔ကို အခ်ိန္ေကာင္းေစာင့္ၿပီး ေႏွာင့္ေႏွး ၾကန္႔ၾကာ ေနတတ္ပါသလား။ ဒီအက်င့္ကိုေဖ်ာက္ၿပီး သူမကို ေျပာျဖစ္ေအာင္ေျပာပါ။ သူမက ျငင္းခ်င္ရင္ ျငင္းပါလိမ့္မယ္။ ဒီလိုဆိုရင္ နာက်င္ရတာမွန္ေပမယ့္ ေနာက္တစ္ေယာက္ကို ႀကိဳးစားဖို႔ အခြင့္အေရးရွိပါေသးတယ္။ အျငင္းခံလိုက္ရတဲ့ ကိစၥေတြက ပထမေတာ့ရွက္စရာေကာင္းေပမယ့္ ေနာက္ပိုင္းမွာေတာ့ သင္နဲ႔ သင့္သူငယ္ခ်င္းေတြအၾကား ရီစရာေတြျဖစ္သြားပါလိမ့္မယ္။

၃။ ဇီဇာေၾကာင္လြန္းျခင္း

ဟိုဟာျဖစ္လို႔ ဒီဟာျဖစ္လို႔နဲ႔ ဇီဇာေၾကာင္ၿပီး ေရြးခ်ယ္မႈေတြ မ်ားလြန္းေနလို႔ကေတာ့ သင္တစ္ေယာက္တည္း အထီးက်န္ေနရတာ မဆန္းပါဘူး။

၄။ တစ္ဦးတည္းေသာ အခ်စ္စစ္ဆိုတာကို ေမွ်ာ္လင့္ေနျခင္း

ကမာၻမွာ သင္နဲ႔နဖူးစာပါမယ့္ တစ္ဦးတည္းေသာသူဆိုတာ ရွိေနလိမ့္မယ္လို႔ သင္ယုံၾကည္ထားပါသလား။ ဒါဟာ ထီထိုးတာထက္ အေၾကာင္းဆိုးတဲ့ ေပါေတာေတာ စိတ္ကူးတစ္ခုပါ။ သင္ေမွ်ာ္လင့္ေနတဲ့ တစ္ဦးတည္းေသာ ဖူးစာရွင္ဆိုတာက သင့္နဲ႔တစ္ခန္းတည္းအတူတက္ခဲ့ဖူးတဲ့ ေက်ာင္းေနဖက္သူငယ္ခ်င္းလည္း ျဖစ္ေနႏိုင္ပါတယ္။ ဒါ့ေၾကာင့္ မေရရာတာကို ေမွ်ာ္လင့္မေနပါနဲ႕။

အျခား ( Cyber Dating အြန္လိုုင္းခ်စ္သူ
http://mmgentleman.com/2015/08/03/i/ )

၅။ စားပြဲထိုးေတြအေပၚ ႐ိုင္းပ်ျခင္း

သင္စိတ္၀င္စားေနတဲ့ ေကာင္မေလးေရွ႕မွာ စားပြဲထိုးေတြလို ၀န္ေဆာင္မႈေပးတဲ့၀န္ထမ္းေတြအေပၚကို ႐ုိင္းရိုင္းပ်ပ်ဆက္ဆံတာဟာ သူမကို သင္နဲ႔အေ၀းကို ေမာင္းထုတ္လုိက္သလိုပါပဲ။ ဒီလိုကိစၥေလးေတြ အေပၚမွာေတာင္ သည္းမခံႏိုင္တဲ့အခ်က္ကို မိန္းကေလးေတြက မၾကိဳက္ၾကပါဘူး။ တကယ္လို႔ သင့္လိုပဲ စားပြဲထိုးေတြအေပၚကို ဆက္ဆံတတ္တဲ့သူမ်ိဳးဆိုရင္ေတာ့ အေၾကာင္းမဟုတ္ပါဘူး။

၆။ လူမႈကြန္ယက္ေတြ သံုးလြန္းျခင္း

လူအမ်ားစုက Facebook လိုမ်ိဳးလူမႈကြန္ယက္စာမ်က္ႏွာေတြထက္မွာ သူတို႔ဘ၀မွာ တကယ္ရွိတာေတြထက္ ပိုၿပီး ေကာင္းမြန္ျပည့္စံုတဲ့ပံုစံဖန္တီးတတ္ၾကပါတယ္။ ဒါေပမယ့္ ဓာတ္ပံုေတြတင္ၿပီး လူေတြက Like ေပးတာကိုပဲ သေဘာက်အခ်ိန္ကုန္ေနလို႔မျဖစ္ပါဘူး။ ဒါ့အျပင္ သင့္ရဲ႕ျပႆနာေတြကို ဖြင့္ဟတိုင္ပင္ဖို႔ တကယ့္သူငယ္ခ်င္းတစ္ေယာက္မရွာပဲ လူမႈကြန္ယက္မွာ တင္ေနလို႔လည္း အဆင္ေျပမွာမဟုတ္ပါဘူး။

၇။ အထီးက်န္ေနတယ္လို႔ အထင္မခံရေအာင္ လိမ္မိေနျခင္း

ပစၥည္းေတြ စားေသာက္စရာေတြ လာပို႔တဲ့သူကို တံခါးဖြင့္မေပးခင္ တစ္ေယာက္တည္းေနတဲ့ သင့္အခန္းထဲမွာ အျခားတစ္ေယာက္ရွိေနသလို တစ္ခုခုေျပာဖူးပါသလား။ ဒါဆိုရင္ေတာ့ ေသခ်ာပါတယ္။ သင့္အေတြးထဲမွာ တစ္ေယာက္တည္းျဖစ္ေနတယ္လို႔ ပစၥည္းပို႔သူကို မထင္ေစခ်င္တာပါ။ ဒီလို အထီးက်န္ေနတာကို ၀န္မခံပဲ လိမ္ညာေနတာကလည္း တကယ္အထီးက်န္ေနရမယ့္ အေၾကာင္းရင္းတစ္ခုပါပဲ။

အျခား (ရည္းစားကထားသြားေအာင္လုုပ္နည္း
http://mmgentleman.com/2015/10/20/1-36/ )

၈။ မလိုက္ဖက္တဲ့ အိမ္ေမြးတိရစာၦန္ေတြ ေမြးထားျခင္း

သင္ႏွစ္သက္သေဘာက်တဲ့ အိမ္ေမြးတိရစာၦန္တစ္ေကာင္ေကာင္ကို ေမြးလို႔ရပါတယ္။ ေခြးျဖစ္ျဖစ္ ေၾကာင္ျဖစ္ျဖစ္ေပါ့။ ဒီလိုမဟုတ္ပဲ သားရဲနဲ႔သားေကာင္လို လိုက္ဖက္မညီတဲ့သတၱ၀ါေတြ ေမြးထားတာမ်ိဳးကေတာ့ အဆင္ေျပမွာ မဟုတ္ပါဘူး။ ဥပမာေခြးနဲ႔ေၾကာင္၊ ေၾကာင္နဲ႔ငွက္ စသျဖင့္ အျမဲတမ္း ရန္ဘက္အမ်ိဳးအစားေတြကို အတူတူေမြးတာမ်ိဳးျဖစ္ပါတယ္။

၉။ စုေဆာင္းလြန္းသူျဖစ္ျခင္း

စုတတ္ေဆာင္းတတ္ၿပီး ခ်စ္တီးက်လြန္းသူေတြဟာ အျမဲတမ္း အပ်ိဳႀကီး၊ လူပ်ိဳႀကီးေတြ ျဖစ္တတ္တာကို သင္လည္း သတိထားမိမွာပါ။

၁၀။ တစ္ဦးတည္းအထီးက်န္စြာ ဘ၀ဆံုးမွာကို အျမဲစိုးရိမ္ေနတတ္ျခင္း

ဒီကိစၥကို သင္အမွန္တကယ္စိုးရိမ္ေနတယ္ဆိုရင္ေတာ့ ေျပာင္းလဲပစ္လိုက္ဖို႔ နည္းလမ္းေတြရွိပါတယ္။ ပထမဆံုး မိမိကိုယ္ကို ထင္ျမင္ယူဆခ်က္ေတြ တိုးတက္ေကာင္းမြန္လာေအာင္ ႀကိဳးစားပါ။ ၿပီးရင္ အတြဲရႏိုင္ဖို႔ ႀကိဳးစားၾကည့္ပါ။ စိတ္ဓာတ္မက်ပါနဲ႔။ အေျခအေနေတြက သင္ထားသေလာက္ ဆိုးမွာမဟုတ္ပါဘူး။

GM ရဲ့ တျခား အခ်စ္ေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/love/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။ 

—————————————————————————- 

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

တစ်ကိုယ်တည်းလူပျိုကြီးအဖြစ်နဲ့ ဘဝဆုံးသွားနိုင်သည့် လက္ခဏာများ

ဘယ်သူမဆို သေရင်တော့ တစ်ယောက်တည်းပဲသေကြရမှာဖြစ်ပါတယ်။ အလွန်တရာကြီးမြတ်တဲ့ ပုဂ္ဂိုဟ်ကြီးပဲ ဖြစ်ဖြစ်၊ သာမာန်လူသားတစ်ယောက်ပဲဖြစ်ဖြစ် သေဆုံးချိန်မှာ အဖော်အဖြစ်နဲ့ လိုက်သေပေးချင်တဲ့သူ ရှိမှာ မဟုတ်ပါဘူး။ ဒါဟာ အမှန်တရားပါ။ ဒါပေမယ့်လည်း သင်မသေခင်အချိန်မှာတော့ တစ်ယောက်နဲ့ အတူရှိနေချင်ဦးမှာပါ။ သင့်အနေနဲ့ တကိုယ်တည်းဘဝနဲ့ အထီးကျန်စွာအဆုံးသတ်ရတော့မယ်လို့ ခံစားနေရရင် ပြောင်းလဲဖို့အတွက် အချိန်မှီပါသေးတယ်။ အခုဖော်ပြပေးလိုက်တဲ့ အချက်တွေကို ပြုပြင်ပြောင်းလဲပြီး မိသားစုနဲ့ အတူ ပျော်ရွှင်စွာနေနိုင်ပါသေးတယ်။

၁။ ပေါင်းသင်းဆက်ဆံရေးညံ့ခြင်း

သင့်ဟာပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းသူတစ်ဦးဖြစ်နေရင်တော့ သင်နဲ့အတူ တစ်ဘဝလုံးကုန်ဆုံးမယ့်သူကို ရှာတွေ့ဖို့က ကံကောင်းမှပဲဖြစ်နိုင်ပါလိမ့်မယ်။

၂။ ချစ်ရေးဆိုဖို့ နှောင့်နှေးနေခြင်း

မိန်းကလေးတစ်ယောက်ယောက်ကို ချစ်ရေးဆိုဖို့ကို အချိန်ကောင်းစောင့်ပြီး နှောင့်နှေး ကြန့်ကြာ နေတတ်ပါသလား။ ဒီအကျင့်ကိုဖျောက်ပြီး သူမကို ပြောဖြစ်အောင်ပြောပါ။ သူမက ငြင်းချင်ရင် ငြင်းပါလိမ့်မယ်။ ဒီလိုဆိုရင် နာကျင်ရတာမှန်ပေမယ့် နောက်တစ်ယောက်ကို ကြိုးစားဖို့ အခွင့်အရေးရှိပါသေးတယ်။ အငြင်းခံလိုက်ရတဲ့ ကိစ္စတွေက ပထမတော့ရှက်စရာကောင်းပေမယ့် နောက်ပိုင်းမှာတော့ သင်နဲ့ သင့်သူငယ်ချင်းတွေအကြား ရီစရာတွေဖြစ်သွားပါလိမ့်မယ်။

၃။ ဇီဇာကြောင်လွန်းခြင်း

ဟိုဟာဖြစ်လို့ ဒီဟာဖြစ်လို့နဲ့ ဇီဇာကြောင်ပြီး ရွေးချယ်မှုတွေ များလွန်းနေလို့ကတော့ သင်တစ်ယောက်တည်း အထီးကျန်နေရတာ မဆန်းပါဘူး။

၄။ တစ်ဦးတည်းသော အချစ်စစ်ဆိုတာကို မျှော်လင့်နေခြင်း

ကမ္ဘာမှာ သင်နဲ့နဖူးစာပါမယ့် တစ်ဦးတည်းသောသူဆိုတာ ရှိနေလိမ့်မယ်လို့ သင်ယုံကြည်ထားပါသလား။ ဒါဟာ ထီထိုးတာထက် အကြောင်းဆိုးတဲ့ ပေါတောတော စိတ်ကူးတစ်ခုပါ။ သင်မျှော်လင့်နေတဲ့ တစ်ဦးတည်းသော ဖူးစာရှင်ဆိုတာက သင့်နဲ့တစ်ခန်းတည်းအတူတက်ခဲ့ဖူးတဲ့ ကျောင်းနေဖက်သူငယ်ချင်းလည်း ဖြစ်နေနိုင်ပါတယ်။ ဒါ့ကြောင့် မရေရာတာကို မျှော်လင့်မနေပါနဲ့။

အခြား ( Cyber Dating အွန်လိုင်းချစ်သူ
http://mmgentleman.com/2015/08/03/i/ )

၅။ စားပွဲထိုးတွေအပေါ် ရိုင်းပျခြင်း

သင်စိတ်ဝင်စားနေတဲ့ ကောင်မလေးရှေ့မှာ စားပွဲထိုးတွေလို ဝန်ဆောင်မှုပေးတဲ့ဝန်ထမ်းတွေအပေါ်ကို ရိုင်းရိုင်းပျပျဆက်ဆံတာဟာ သူမကို သင်နဲ့အဝေးကို မောင်းထုတ်လိုက်သလိုပါပဲ။ ဒီလိုကိစ္စလေးတွေ အပေါ်မှာတောင် သည်းမခံနိုင်တဲ့အချက်ကို မိန်းကလေးတွေက မကြိုက်ကြပါဘူး။ တကယ်လို့ သင့်လိုပဲ စားပွဲထိုးတွေအပေါ်ကို ဆက်ဆံတတ်တဲ့သူမျိုးဆိုရင်တော့ အကြောင်းမဟုတ်ပါဘူး။

၆။ လူမှုကွန်ယက်တွေ သုံးလွန်းခြင်း

လူအများစုက Facebook လိုမျိုးလူမှုကွန်ယက်စာမျက်နှာတွေထက်မှာ သူတို့ဘဝမှာ တကယ်ရှိတာတွေထက် ပိုပြီး ကောင်းမွန်ပြည့်စုံတဲ့ပုံစံဖန်တီးတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ပုံတွေတင်ပြီး လူတွေက Like ပေးတာကိုပဲ သဘောကျအချိန်ကုန်နေလို့မဖြစ်ပါဘူး။ ဒါ့အပြင် သင့်ရဲ့ပြဿနာတွေကို ဖွင့်ဟတိုင်ပင်ဖို့ တကယ့်သူငယ်ချင်းတစ်ယောက်မရှာပဲ လူမှုကွန်ယက်မှာ တင်နေလို့လည်း အဆင်ပြေမှာမဟုတ်ပါဘူး။

၇။ အထီးကျန်နေတယ်လို့ အထင်မခံရအောင် လိမ်မိနေခြင်း

ပစ္စည်းတွေ စားသောက်စရာတွေ လာပို့တဲ့သူကို တံခါးဖွင့်မပေးခင် တစ်ယောက်တည်းနေတဲ့ သင့်အခန်းထဲမှာ အခြားတစ်ယောက်ရှိနေသလို တစ်ခုခုပြောဖူးပါသလား။ ဒါဆိုရင်တော့ သေချာပါတယ်။ သင့်အတွေးထဲမှာ တစ်ယောက်တည်းဖြစ်နေတယ်လို့ ပစ္စည်းပို့သူကို မထင်စေချင်တာပါ။ ဒီလို အထီးကျန်နေတာကို ဝန်မခံပဲ လိမ်ညာနေတာကလည်း တကယ်အထီးကျန်နေရမယ့် အကြောင်းရင်းတစ်ခုပါပဲ။

အခြား (ရည်းစားကထားသွားအောင်လုပ်နည်း
http://mmgentleman.com/2015/10/20/1-36/ )

၈။ မလိုက်ဖက်တဲ့ အိမ်မွေးတိရစ္ဆာန်တွေ မွေးထားခြင်း

သင်နှစ်သက်သဘောကျတဲ့ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကောင်ကို မွေးလို့ရပါတယ်။ ခွေးဖြစ်ဖြစ် ကြောင်ဖြစ်ဖြစ်ပေါ့။ ဒီလိုမဟုတ်ပဲ သားရဲနဲ့သားကောင်လို လိုက်ဖက်မညီတဲ့သတ္တဝါတွေ မွေးထားတာမျိုးကတော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဥပမာ – ခွေးနဲ့ကြောင်၊ ကြောင်နဲ့ငှက် စသဖြင့် အမြဲတမ်း ရန်ဘက်အမျိုးအစားတွေကို အတူတူမွေးတာမျိုးဖြစ်ပါတယ်။

၉။ စုဆောင်းလွန်းသူဖြစ်ခြင်း

စုတတ်ဆောင်းတတ်ပြီး ချစ်တီးကျလွန်းသူတွေဟာ အမြဲတမ်း အပျိုကြီး၊ လူပျိုကြီးတွေ ဖြစ်တတ်တာကို သင်လည်း သတိထားမိမှာပါ။

၁၀။ တစ်ဦးတည်းအထီးကျန်စွာ ဘဝဆုံးမှာကို အမြဲစိုးရိမ်နေတတ်ခြင်း

ဒီကိစ္စကို သင်အမှန်တကယ်စိုးရိမ်နေတယ်ဆိုရင်တော့ ပြောင်းလဲပစ်လိုက်ဖို့ နည်းလမ်းတွေရှိပါတယ်။ ပထမဆုံး မိမိကိုယ်ကို ထင်မြင်ယူဆချက်တွေ တိုးတက်ကောင်းမွန်လာအောင် ကြိုးစားပါ။ ပြီးရင် အတွဲရနိုင်ဖို့ ကြိုးစားကြည့်ပါ။ စိတ်ဓာတ်မကျပါနဲ့။ အခြေအနေတွေက သင်ထားသလောက် ဆိုးမှာမဟုတ်ပါဘူး။
GM ရဲ့ တခြား အချစ်ရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/love/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

—————————————————————————-

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

 

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%