စကားေျပာေကာင္းသူျဖစ္ဖို႔ နည္းလမ္း

စကားေျပာေကာင္းသူျဖစ္ဖို႔ နည္းလမ္း ခု

စကားေျပာဆိုမႈ အတတ္ပညာဟာ ဘ၀အတြက္ လိုအပ္တဲ့ စြမ္းရည္တစ္ခုျဖစ္ပါတယ္။ သင့္ဘ၀အတြက္ အေရးပါတဲ့ ပုဂၢိဳဟ္ေတြျဖစ္တဲ့ ဆရာသမား၊ အလုပ္ရွင္၊ ၀န္ထမ္း၊ လုပ္ေဖာ္ကိုင္ဖက္၊ သူငယ္ခ်င္းမိတ္ေဆြေတြနဲ႔ ဆက္သြယ္ဖို႔အတြက္ စကားအေျပာအဆိုက အေရးႀကီးပါတယ္။ လူမႈဆက္ဆံေရးအတြက္ အေျခခံက်သလို လူမႈ၀န္းက်င္တစ္ခုကို တည္ေထာင္ဖို႔၊ စီးပြားေရးလုပ္ငန္းတစ္ခု စတင္ဖို႔နဲ႔ အလုပ္အကိုင္ တိုးတက္ဖို႔ အတြက္လည္း အသံုး၀င္ပါတယ္။ ဒါ့ေၾကာင့္ စကားေျပာဆိုဆက္ဆံမႈေတြ အျမဲတမ္းအဆင္ေျပာ ေခ်ာေမြ႕ေနဖို႔အတြက္ လိုက္နာသင့္တဲ့ အခ်က္ ()ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ ယဥ္ေက်းပ်ဴငွာ ခ်ီးမြမ္းစကားျဖင့္ ဦးေဆာင္ပါ။

ပ်ဴငွာေဖာ္ေရြတဲ့ ခ်ီးမြမ္းစကားေတြက စကားေျပာဆိုဆက္ဆံမႈေတြကို အစျပဳဖို႔ အေကာင္းဆံုးနည္းလမ္း ျဖစ္ပါတယ္။ အေကာင္းဆံုး အဖြင့္စကားလည္းျဖစ္သလို ေနာက္ဆက္တြဲေျပာဆိုေဆြးေႏြးမႈေတြအတြက္လည္း အခြင့္အလမ္းေတြ ပြင့္သြားေစပါတယ္။ တဖက္သားကိုလည္း သက္ေတာင့္သက္သာခံစားမႈကို ရရွိေစပါတယ္။ တဖက္သားကို အသားလြတ္ႀကီး ေျမွာက္ပင့္ေျပာေနသလိုမ်ိဳး မျဖစ္ေအာင္ေတာ့ ဂ႐ုစိုက္ရမွာ ျဖစ္ပါတယ္။

 အျခား (ဥာဏ္ေကာင္းသူေတြရဲ႕ ဘံုုတူ ၇ ခ်က္
http://mmgentleman.com/2015/11/02/y-4/ )

၂။ စကားစျမည္ေျပာဆိုပါ။

ဘာမွမဟုတ္ပဲ အလာပ သလာပ စကားစျမည္ေျပာတာကို တစ္ခ်ိဳ႕ေတြက ေရွာင္ၾကပါတယ္။ ဒီလို စကားစျမည္ေျပာတာက ၿပီးျပည့္စံုတဲ့ ေျပာဆိုဆက္သြယ္မႈပံုစံမဟုတ္ေပမယ့္ အသံုး၀င္ၿပီး တကယ္လည္း လိုအပ္ပါတယ္။ စကားစျမည္ေျပာရင္းကေနပဲ အေလးအနက္ေဆြးေႏြးေျပာဆိုမႈေတြဆီကို ေရာက္ရွိသြားတတ္ပါတယ္။ စကားစျမည္ေျပာဖို႔ အေၾကာင္းအရာေလးေတြက ဆြဲထုတ္ဖို႔ လြယ္ကူပါတယ္။ ေရာက္ေနတဲ့ေနရာအေၾကာင္း ေျပာမလား၊ အစားအေသာက္အေၾကာင္းေျပာမလား၊ ရာသီဥတုအေၾကာင္း ေျပာမလား တစ္ခုခုကို ေျပာလို႔ရပါတယ္။

၃။ ေမးခြန္းေတြ မ်ားမ်ားေမးပါ။

စကားစျမည္ေျပာရင္းကေန တကယ္အေလးအနက္ထားေျပာဆိုမႈေတြ ေရာက္ရွိဖို႔အတြက္ အေၾကာင္းအရာကို ေျပာင္းလဲႏိုင္မယ့္ အခြင့္အလမ္းကိုရွာေဖြရမွာ ျဖစ္ပါတယ္။ ႐ုတ္တရက္ႀကီး စကားလမ္းေၾကာင္းေျပာင္းၿပီး ေျပာခ်င္တာကို ေျပာလိုက္တာထက္ စိတ္ရွည္ရွည္ထားၿပီး ေျပာခြင့္ရမယ့္ အခ်ိန္ကို ေစာင့္ပါ။ ေမးခြန္းေတြက စကားေျပာဆိုဆက္ဆံမႈကို အရွိန္ျမွင့္ေပးႏိုင္ပါတယ္။ အာ႐ုံစိုက္ထားၿပီး သင္ေျပာခ်င္တဲ့အေၾကာင္းအရာဆီကို ေရာက္သြားဖို႔ ေမးခြန္းေတြကို အသံုးျပဳပါ။ ဒီလိုေမးခြန္းေတြေမးရင္းနဲ႔ တဖက္သူကို ပိုေျပာဖို႔ အခြင့္အေရးေပးလိုက္ပါ။

၄။ ရင္းႏွီးပ်ဴငွာမႈ ရွိပါေစ။

သင့္ရဲ႕ ရင္းႏွီးပ်ဴငွာမႈက တဖက္သူအတြက္ စကားဆက္ဖို႔ အေရးႀကီးပါတယ္။ စကားေျပာဆိုၾကေတာ့မယ္ဆိုရင္ လႈိက္လွဲပ်ဴငွာတဲ့ အျပံဳးတစ္ခုနဲ႔ စတင္ၿပီး ပြင့္လင္းျမင္သာတဲ့ ခႏၶာေဗဒ အမူအယာေတြလည္း ရွိပါေစ။ လက္ပိုက္ေနတာ၊ စိတ္မ၀င္စားသလိုလုပ္ေနတာ၊ မ်က္လံုးေတြကစားေနတာမ်ိဳးေတြ မျဖစ္ပါေစနဲ႔။ တတ္ႏိုင္တဲ့အခ်ိန္မွာ မ်က္လံုးအၾကည့္ခ်င္း ဆံုႏိုင္ေအာင္ ႀကိဳစားၿပီး တစ္ဖက္သားေျပာတဲ့ကိစၥမွာ တကယ္ကို စိတ္၀င္စားမႈရွိေနရမွာ ျဖစ္ပါတယ္။

(ထိထိမိမိစကားေျပာႏိုုင္ဖိုု႕
http://mmgentleman.com/2015/11/02/ta/ )

၅။ တဖက္သူကို မ်ားမ်ားေျပာခြင့္ေပးပါ။

ဒီအခ်က္ကလည္း ေနာက္ထပ္အေရးႀကီးတဲ့ အခ်က္တစ္ခုျဖစ္ပါတယ္။ တစ္ေယာက္ေယာက္နဲ႔ စကားေျပာဆို ဆက္ဆံတဲ့အခါမွာ သင့္ကိုယ္ပိုင္ အထင္အျမင္ အယူအဆေတြ၊ ရွင္းလင္းခ်က္ေတြခ်ည္းပဲ ေျပာၿပီး စကား၀ိုင္းကို ႀကီးစိုးထားမယ္ဆိုရင္ တဖက္လူက ခ်က္ခ်င္းပဲ စိတ္ပ်က္သြားမွာ ျဖစ္ပါတယ္။ သူတို႔ ေျပာတာကိုပဲ အာ႐ုံစိုက္ႏိုင္ေအာင္ ႀကိဳးစားသင့္ပါတယ္။ တဖက္သားကို ေျပာခြင့္ပိုေပးဖို႔အတြက္ ေမးခြန္းေတြ ေမးေပးတာက အသံုး၀င္ပါလိမ့္မယ္။ ဒီလိုလုပ္တဲ့ၾကားထဲကမွ စကားေျပာဆိုရတာ ထိုင္းမႈိင္းေနမယ္ဆိုရင္ ဒါမွမဟုတ္ ေမးခြန္းေတြကို တဖက္သူက ေကာင္းေကာင္းမေျဖဘူးဆိုရင္ေတာ့ ကိုယ့္အေၾကာင္းေတြကို ကိုယ္စေျပာလို႔ ရပါတယ္။ စိတ္ရႊင္ျမဴးေစမယ့္ အေၾကာင္းအရာေတြ၊ ပံုတိုပတ္စေတြကို ေျပာၿပီး စကားစျပတ္မသြားေအာင္ ထိန္းသိမ္းႏိုင္ပါတယ္။

၆။ ေပါ့ေပါ့ပါးပါး ေျပာဆိုပါ။

စကားေျပာဆိုဆက္ဆံရာမွာ တတ္ႏိုင္သမွ် ေပါ့ေပါ့ပါးပါးနဲ႔ ေဖာ္ေဖာ္ေရြေရြျဖစ္ဖို႔ လိုပါတယ္။ သင့္အလုပ္မွာ အဆင္မေျပတဲ့အေၾကာင္း၊ ဘ၀မွာ ခက္ခဲေနတဲ့အေၾကာင္းေတြနဲ႔ စလိုက္မယ္ဆိုရင္ေတာ့ လူေတြက သင့္ကို ေရွာင္သြားၾကပါလိမ့္မယ္။ ဒီလိုမဟုတ္ပဲ ဟာသေလးေတြ၊ စိတ္ရႊင္ျမဴးစရာ အေၾကာင္းအရာေလးေတြ ေျပာတတ္မယ္ဆိုရင္ အေကာင္းဆံုးပါပဲ။ လူေတြက အျပဳသေဘာေဆာင္တဲ့ စိတ္ထားရွိတာကို တိမ္းညႊတ္တတ္ၾကပါတယ္။ ဒါ့ေၾကာင့္ စကားေျပာဆိုတဲ့အခါမွာ အျပဳသေဘာေဆာင္တာေတြ မ်ားမ်ားေျပာဖို႔ လိုပါတယ္။

အခုေဖာ္ျပခဲ့တဲ့အခ်က္ေတြက ဘယ္လို ပတ္၀န္းက်င္မ်ိဳးမွာပဲျဖစ္ျဖစ္ လက္ေတြ႕အသံုးခ်ႏိုင္ပါတယ္။ စိတ္ရွည္သည္းခံမႈ၊ ယုံၾကည္မႈ အနည္းငယ္ေလာက္ရွိ႐ုံနဲ႔တင္ ဘယ္သူနဲ႔မဆို ဘယ္ေနရာမွာပဲျဖစ္ျဖစ္ အလြယ္တကူ စကားစပ်ိဳးၿပီး ေျပာဆိုဆက္ဆံႏိုင္မွာ ျဖစ္ပါတယ္။

GM ရဲ့ တျခား လူမႈေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/social/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။ 

—————————————————————————- 

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

GM-Ads
စကားပြောကောင်းသူဖြစ်ဖို့ နည်းလမ်း ၆ ခု

စကားပြောဆိုမှု အတတ်ပညာဟာ ဘဝအတွက် လိုအပ်တဲ့ စွမ်းရည်တစ်ခုဖြစ်ပါတယ်။ သင့်ဘဝအတွက် အရေးပါတဲ့ ပုဂ္ဂိုဟ်တွေဖြစ်တဲ့ ဆရာသမား၊ အလုပ်ရှင်၊ ဝန်ထမ်း၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ဆက်သွယ်ဖို့အတွက် စကားအပြောအဆိုက အရေးကြီးပါတယ်။ လူမှုဆက်ဆံရေးအတွက် အခြေခံကျသလို လူမှုဝန်းကျင်တစ်ခုကို တည်ထောင်ဖို့၊ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ဖို့နဲ့ အလုပ်အကိုင် တိုးတက်ဖို့ အတွက်လည်း အသုံးဝင်ပါတယ်။ ဒါ့ကြောင့် စကားပြောဆိုဆက်ဆံမှုတွေ အမြဲတမ်းအဆင်ပြော ချောမွေ့နေဖို့အတွက် လိုက်နာသင့်တဲ့ အချက် (၆)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ ယဉ်ကျေးပျူငှာ ချီးမွမ်းစကားဖြင့် ဦးဆောင်ပါ။

ပျူငှာဖော်ရွေတဲ့ ချီးမွမ်းစကားတွေက စကားပြောဆိုဆက်ဆံမှုတွေကို အစပြုဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ အကောင်းဆုံး အဖွင့်စကားလည်းဖြစ်သလို နောက်ဆက်တွဲပြောဆိုဆွေးနွေးမှုတွေအတွက်လည်း အခွင့်အလမ်းတွေ ပွင့်သွားစေပါတယ်။ တဖက်သားကိုလည်း သက်တောင့်သက်သာခံစားမှုကို ရရှိစေပါတယ်။ တဖက်သားကို အသားလွတ်ကြီး မြှောက်ပင့်ပြောနေသလိုမျိုး မဖြစ်အောင်တော့ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။

အခြား (ဥာဏ်ကောင်းသူတွေရဲ့ ဘုံတူ ၇ ချက်
http://mmgentleman.com/2015/11/02/y-4/ )

၂။ စကားစမြည်ပြောဆိုပါ။

ဘာမှမဟုတ်ပဲ အလာပ သလာပ စကားစမြည်ပြောတာကို တစ်ချို့တွေက ရှောင်ကြပါတယ်။ ဒီလို စကားစမြည်ပြောတာက ပြီးပြည့်စုံတဲ့ ပြောဆိုဆက်သွယ်မှုပုံစံမဟုတ်ပေမယ့် အသုံးဝင်ပြီး တကယ်လည်း လိုအပ်ပါတယ်။ စကားစမြည်ပြောရင်းကနေပဲ အလေးအနက်ဆွေးနွေးပြောဆိုမှုတွေဆီကို ရောက်ရှိသွားတတ်ပါတယ်။ စကားစမြည်ပြောဖို့ အကြောင်းအရာလေးတွေက ဆွဲထုတ်ဖို့ လွယ်ကူပါတယ်။ ရောက်နေတဲ့နေရာအကြောင်း ပြောမလား၊ အစားအသောက်အကြောင်းပြောမလား၊ ရာသီဥတုအကြောင်း ပြောမလား တစ်ခုခုကို ပြောလို့ရပါတယ်။

၃။ မေးခွန်းတွေ များများမေးပါ။

စကားစမြည်ပြောရင်းကနေ တကယ်အလေးအနက်ထားပြောဆိုမှုတွေ ရောက်ရှိဖို့အတွက် အကြောင်းအရာကို ပြောင်းလဲနိုင်မယ့် အခွင့်အလမ်းကိုရှာဖွေရမှာ ဖြစ်ပါတယ်။ ရုတ်တရက်ကြီး စကားလမ်းကြောင်းပြောင်းပြီး ပြောချင်တာကို ပြောလိုက်တာထက် စိတ်ရှည်ရှည်ထားပြီး ပြောခွင့်ရမယ့် အချိန်ကို စောင့်ပါ။ မေးခွန်းတွေက စကားပြောဆိုဆက်ဆံမှုကို အရှိန်မြှင့်ပေးနိုင်ပါတယ်။ အာရုံစိုက်ထားပြီး သင်ပြောချင်တဲ့အကြောင်းအရာဆီကို ရောက်သွားဖို့ မေးခွန်းတွေကို အသုံးပြုပါ။ ဒီလိုမေးခွန်းတွေမေးရင်းနဲ့ တဖက်သူကို ပိုပြောဖို့ အခွင့်အရေးပေးလိုက်ပါ။

၄။ ရင်းနှီးပျူငှာမှု ရှိပါစေ။

သင့်ရဲ့ ရင်းနှီးပျူငှာမှုက တဖက်သူအတွက် စကားဆက်ဖို့ အရေးကြီးပါတယ်။ စကားပြောဆိုကြတော့မယ်ဆိုရင် လှိုက်လှဲပျူငှာတဲ့ အပြုံးတစ်ခုနဲ့ စတင်ပြီး ပွင့်လင်းမြင်သာတဲ့ ခန္ဓာဗေဒ အမူအယာတွေလည်း ရှိပါစေ။ လက်ပိုက်နေတာ၊ စိတ်မဝင်စားသလိုလုပ်နေတာ၊ မျက်လုံးတွေကစားနေတာမျိုးတွေ မဖြစ်ပါစေနဲ့။ တတ်နိုင်တဲ့အချိန်မှာ မျက်လုံးအကြည့်ချင်း ဆုံနိုင်အောင် ကြိုစားပြီး တစ်ဖက်သားပြောတဲ့ကိစ္စမှာ တကယ်ကို စိတ်ဝင်စားမှုရှိနေရမှာ ဖြစ်ပါတယ်။

(ထိထိမိမိစကားပြောနိုင်ဖို့
http://mmgentleman.com/2015/11/02/ta/ )

၅။ တဖက်သူကို များများပြောခွင့်ပေးပါ။

ဒီအချက်ကလည်း နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ တစ်ယောက်ယောက်နဲ့ စကားပြောဆို ဆက်ဆံတဲ့အခါမှာ သင့်ကိုယ်ပိုင် အထင်အမြင် အယူအဆတွေ၊ ရှင်းလင်းချက်တွေချည်းပဲ ပြောပြီး စကားဝိုင်းကို ကြီးစိုးထားမယ်ဆိုရင် တဖက်လူက ချက်ချင်းပဲ စိတ်ပျက်သွားမှာ ဖြစ်ပါတယ်။ သူတို့ ပြောတာကိုပဲ အာရုံစိုက်နိုင်အောင် ကြိုးစားသင့်ပါတယ်။ တဖက်သားကို ပြောခွင့်ပိုပေးဖို့အတွက် မေးခွန်းတွေ မေးပေးတာက အသုံးဝင်ပါလိမ့်မယ်။ ဒီလိုလုပ်တဲ့ကြားထဲကမှ စကားပြောဆိုရတာ ထိုင်းမှိုင်းနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတွေကို တဖက်သူက ကောင်းကောင်းမဖြေဘူးဆိုရင်တော့ ကိုယ့်အကြောင်းတွေကို ကိုယ်စပြောလို့ ရပါတယ်။ စိတ်ရွှင်မြူးစေမယ့် အကြောင်းအရာတွေ၊ ပုံတိုပတ်စတွေကို ပြောပြီး စကားစပြတ်မသွားအောင် ထိန်းသိမ်းနိုင်ပါတယ်။
GM-Ads

၆။ ပေါ့ပေါ့ပါးပါး ပြောဆိုပါ။

စကားပြောဆိုဆက်ဆံရာမှာ တတ်နိုင်သမျှ ပေါ့ပေါ့ပါးပါးနဲ့ ဖော်ဖော်ရွေရွေဖြစ်ဖို့ လိုပါတယ်။ သင့်အလုပ်မှာ အဆင်မပြေတဲ့အကြောင်း၊ ဘဝမှာ ခက်ခဲနေတဲ့အကြောင်းတွေနဲ့ စလိုက်မယ်ဆိုရင်တော့ လူတွေက သင့်ကို ရှောင်သွားကြပါလိမ့်မယ်။ ဒီလိုမဟုတ်ပဲ ဟာသလေးတွေ၊ စိတ်ရွှင်မြူးစရာ အကြောင်းအရာလေးတွေ ပြောတတ်မယ်ဆိုရင် အကောင်းဆုံးပါပဲ။ လူတွေက အပြုသဘောဆောင်တဲ့ စိတ်ထားရှိတာကို တိမ်းညွှတ်တတ်ကြပါတယ်။ ဒါ့ကြောင့် စကားပြောဆိုတဲ့အခါမှာ အပြုသဘောဆောင်တာတွေ များများပြောဖို့ လိုပါတယ်။

အခုဖော်ပြခဲ့တဲ့အချက်တွေက ဘယ်လို ပတ်ဝန်းကျင်မျိုးမှာပဲဖြစ်ဖြစ် လက်တွေ့အသုံးချနိုင်ပါတယ်။ စိတ်ရှည်သည်းခံမှု၊ ယုံကြည်မှု အနည်းငယ်လောက်ရှိရုံနဲ့တင် ဘယ်သူနဲ့မဆို ဘယ်နေရာမှာပဲဖြစ်ဖြစ် အလွယ်တကူ စကားစပျိုးပြီး ပြောဆိုဆက်ဆံနိုင်မှာ ဖြစ်ပါတယ်။
GM ရဲ့ တခြား လူမှုရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/social/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

—————————————————————————-

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

 

 

Related Posts

%%footer%%