—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
ပုံမှန်လိင်ဆက်ဆံသင့်တဲ့ အကြောင်းရင်း (၅)ခု
ပုံမှန်အားဖြင့်ဆိုရင်တော့ ကျွန်တော်တို့ အမျိုးသားတွေက လိင်ဆက်ဆံဖို့ကိစ္စနဲ့ ပတ်သက်ပြီး အများကြီး တိုက်တွန်းစရာမလိုပါဘူး။ ဒါပေမယ့် အသိပညာဗဟုသုတဆိုတာ စွမ်းအားတစ်မျိုးဖြစ်တဲ့အတွက် လိင် ဆက်ဆံခြင်းနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာလေးတွေကို သိထားဖို့လည်း လိုအပ်ပါတယ်။ ပုံမှန် လိင်ဆက်ဆံခြင်းဟာ သင့်ရဲ့ကျန်းမာရေးအတွက် ကောင်းပြီး၊ လုပ်ငန်းခွင်စွမ်းဆောင်ရည်ကို တိုးတက်စေနိုင် သလို အိုမင်ရင့်ရော်ခြင်းကို နှေးကွေးစေတာတွေလိုမျိုး အကျိုးကျေးဇူးတွေရှိပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံ ခြင်းရဲ့ အကျိုးကျေးဇူး (၅)ခုကို စုစည်းဖော်ပြလိုက်ပါတယ်။
၁။ နှလုံးရောဂါကို ကာကွယ်နိုင်ပါတယ်။
လိင်ဆက်ဆံတဲ့အခါမှာ ခံစားမှုကိုကောင်းစေတဲ့ ဟော်မုန်းတွေ အမြောက်အများထုတ်လုပ်ပေးတာကြောင့် သင့်ရဲ့နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ သီတင်းတစ်ပတ်မှာ နှစ်ကြိမ်ကနေ သုံးကြိမ် လောက်အထိ လိင်ဆက်ဆံပေးမယ်ဆိုရင် နှလုံးရုတ်တရက်ဖောက်တာနဲ့ လေဖြတ်တာတွေဖြစ်နိုင်ချေ တစ်ဝက်လောက် လျှော့ချပေးနိုင်ကြောင်း တကမ္ဘာလုံးက သုတေသီတွေက အတည်ပြုထားပြီး ဖြစ်ပါတယ်။
၂။ ဆီးကျိတ်ကင်ဆာအတွက်လည်း ပူစရာမလိုတော့ပါ။
လိင်ဆက်ဆံချိန်မှာ သုက်လွှတ်ခြင်းကြောင့် သင့်ရဲ့ သုက်ပို့ပြွန်တွေကို ရှင်းလင်းပြီးသားဖြစ်စေပါတယ်။ ဒါ့ကြောင့် ကင်ဆာရောဂါကိုဖြစ်စေနိုင်တဲ့ ကာစီနိုဂျင်ဓာတ်ပစ္စည်းတွေ စုပုံလာခြင်းကို ကာကွယ်ထား နိုင်ပြီး ကြောက်စရာကောင်းတဲ့ ကင်ဆာရောဂါဖြစ်မှာကို စိတ်ပူစရာမလိုတော့ပါဘူး။ တစ်လမှာ (၂၁)ကြိမ်နဲ့ အထက် သုက်လွှတ်ပေးတဲ့သူတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေ နည်းတယ်လို့လည်း သုတေသီတွေက လေ့လာတွေ့ရှိပြီး ဖြစ်ပါတယ်။
(ဖွင့်ဟ မတောင်းဆို ဝံ့သည် အိပ်ယာပေါ်မှ ကိစ္စများ
http://mmgentleman.com/2015/11/06/kjh/ )
၃။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။
လိင်ဆက်ဆံချိန်မှာ အားစိုက်ရတဲ့အတွက်ရော၊ အောက်စီတိုဂျင်တို့၊ ပရိုလက်တင်တို့လို ဟော်မုန်းတွေ ထွက်လာတာကြောင့်ပါ သင့်ကို ပိုပြီးအိပ်လို့ကောင်းစေပါတယ်။ ဒါ့ကြောင့် နှစ်ဦးသား တစ်ကြောင်းပြီးလို့ နောက်တစ်ကြောင်း မစခင်အချိန်မှာ ဘယ်လောက်ထိအိပ်လို့ကောင်းလဲဆိုတာ အံ့ဩစရာမဟုတ်ပါဘူး။
၄။ အိုမင်းရင့်ရော်ခြင်းကို ကြန့်ကြာစေပါတယ်။
သီတင်းတစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်လောက်လိင်ဆက်ဆံရတဲ့သူတွေဟာ တစ်လမှာတစ်ကြိမ်လောက်ပဲ လိင်ဆက်ဆံရသူတွေထက် အိုမင်းရင့်ရော်မှုနှေးကွေးပြီး ငယ်ရွယ်နုပျိုတဲ့ရုပ်ရည်ရှိတတ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် လိင်ဆက်ဆံချိန်မှာ အိုမင်းရင့်ရော်ခြင်းကို ဆန့်ကျင်တဲ့ဟော်မုန်းတွေဖြစ်တဲ့ အောက်စီဂျင်နဲ့ တက်စ်တိုစတီရုန်းဟော်မုန်းတွေ အများအပြားထွက်လာတာကြောင့်ဖြစ်ပါတယ်။
လိုအပ်ချိန်တိုင်း အသင့်ရှိနေစေဖို့
၅။ အလုပ်အကိုင်တွေ ပိုကောင်းလာစေပါတယ်။
ညဖက်လိင်ဆက်ဆံမှုကောင်းမကောင်းဆိုတာက နောက်တစ်နေ့လုပ်ငန်းခွင်းအတွင်း စွမ်းဆောင်ရည်အပေါ်မှာ သက်ရောက်မှုရှိပါတယ်။ သုတေသနရလဒ်တွေအရ ညဖက်မှာလိင်ဆက်ဆံခဲ့သူတွေဟာ နောက်တစ်နေ့ လုပ်ငန်းခွင်းအတွင်း ကြုံလာတဲ့ စိတ်ဖိစီးမှုမြင့်တက်နှုန်း လျော့နည်းပြီး စိတ်ကြည်လင်မှုပြန်လည်ရရှိဖို့လည်း ပိုမြန်တယ်လို့ ဆိုပါတယ်။ လိင်ဆက်ဆံမှုဟာ စိတ်ဖိစီးမှုကို လျော့နည်းစေတာကြောင့် ဖြစ်ပါတယ်။
GM ရဲ့ တခြား အချစ်ရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/love/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================