Steve Jobs ဆီက ဘာေတြအတုယူမလဲ ?

Steve Jobs ဆီက ဘာေတြအတုယူမလဲ ?
——————————————-

Steve Jobs ကို Apple ရဲ႕ပူးတြဲတည္ေထာင္သူ၊ ထူးခၽြန္ထက္ျမက္တဲ့ ဆန္းသစ္တီထြင္သူ၊ ေခါင္းေဆာင္တစ္ဦး အေနနဲ႔ အမ်ားစုက သိထားၿပီးသားျဖစ္မွာပါ။ Steve Job အေၾကာင္းကို ၾကားလိုက္ရတာနဲ႔ ဘာေတြက သင့္ကို လႊမ္းမိုးခ်ဳပ္ကိုင္သြားေစႏိုင္သလဲ စဥ္းစားၾကည့္ပါ။ သူ႔အေၾကာင္းကို ႐ိုက္ကူးထားတဲ့ Steve Jobs: Man in the Machine အမည္ရ မွတ္တမ္း႐ုပ္ရွင္ထဲမွာေတာ့ Steve Jobs ရဲ႕ အားနည္းခ်က္ေတြေရာ၊ အားသာခ်က္ေတြကိုပါ ေဖာ္ညႊန္းထားၿပီး အေမွာင္ဘက္ႏွင့္အလင္းဘက္ႏွစ္ခုစလံုးကို ႐ိုက္ကူးျပထားပါတယ္။ ကမာၻတစ္၀ွမ္းမွာ Steve Jobs ကို ထိပ္တန္းေခါင္းေဆာင္၊ ထူးျခားထက္ျမက္သူတစ္ဦးအျဖစ္ ယုံၾကည္ လက္ခံေနၾကေပမယ့္လည္း သူ႔ဆီကေန အလံုးဆံုကို အတုယူသင့္မသင့္ဆိုတာကို စဥ္းစားၾကည့္ဖို႔ လိုပါတယ္။ ဒီအတြက္ Steve Jobs ဆီကေန အတုယူသင့္တာေတြနဲ႔ မယူသင့္တာေတြကို ေဖာ္ျပလိုက္ပါတယ္။

အတုယူသင့္တာေတြကေတာ့ –

၁။ အႏုပညာရသကို အသိအမွတ္ျပဳလက္ခံၿပီး တိုးတက္တီထြင္လိုစိတ္ျပင္းထန္ျခင္း

Jobs ဟာ ေရွး႐ုိးစြဲပံုစံေတြက ေဖာက္ထြက္ၿပီး စြဲမက္စရာေကာင္းေအာင္ ဒီဇိုင္းထုတ္ထားတဲ့ ပစၥည္းေတြကို ဖန္တီးခဲ့ပါတယ္။ iPods ေတြရဲ႕ ေတာက္ပတဲ့အေရာင္ေတြနဲ႔ MacBooks ကြန္ပ်ဴတာေတြရဲ႕ ေခ်ာမြတ္ေျပာင္လက္ေနတဲ့ ဒီဇိုင္းေတြက ဟန္ပန္အျပည့္နဲ႔ ခမ္းနားလြန္းလွပါတယ္။ ဒီလို အရမ္းလန္းတဲ့ ဒီဇိုင္းေတြ၊ အေရာင္ေတြေၾကာင့္လည္း လူေတြက ၀ယ္ယူပိုင္ဆိုင္ခ်င္တတ္ၾကတာျဖစ္ပါတယ္။ ေနာက္တစ္ခ်က္က ထုတ္ကုန္ေတြကို ပိုေကာင္းလာေအာင္ ဘယ္လိုလုပ္မလဲဆိုတာက Jobs က အျမဲတမ္း စဥ္းစားေနတတ္သူျဖစ္ပါတယ္။ အရာရာကိုၿပီးျပည့္စံုေအာင္လုပ္ခ်င္တဲ့ သူရဲ႕စိတ္ဆႏၵက သူ႔ပတ္၀န္းက်င္က လူေတြကို စိတ္႐ႈပ္သြားစရာျဖစ္သြားေပမယ့္ ဒီစိတ္ေၾကာင့္ပဲ အဆင့္ျမင့္တီထြင္ဆန္းသစ္မႈေတြကို လုပ္ေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

သင့္ရဲ႕ထုတ္ကုန္ပစၥည္းကိုလည္း အေရာင္းစင္ျမင့္ေပၚမွာ ဘယ္လိုပံုစံရွိေနလဲဆိုတာ ေတြးၾကည့္ပါ။ ၀ယ္သူေတြရဲ႕ စိတ္ကို ဆြဲေဆာင္ညွိဳ႕ငင္ႏိုင္စြမ္းမရွိဘူးဆိုရင္ ေရာင္းရမွာမဟုတ္ပါဘူး။ ၿပီးေတာ့ အခုကုန္ပစၥည္း တစ္ခုေရာင္းေကာင္းေနသည့္တိုင္ေအာင္ ေနာက္ထပ္ပိုေကာင္းတာတစ္ခု ဖန္တီးဖို႔ကို အျမဲေတြးေနဖို႔ လိုပါတယ္။

ခ််ံဳ ၾကားမွ တတ္လွမ္းလာခဲ့တဲ့ သန္းၾကြယ္သန္းၾကြယ္သူေဌး
http://mmgentleman.com/2015/10/29/169841654/

၂။ အေရာင္းႏွင့္ ေစ်းကြက္ပညာ အရည္အခ်င္း

Steve Jobs ဟာ သူ႔ရဲ႕ထုတ္ကုန္ပစၥည္းေတြကို ၀ယ္ခ်င္လာေအာင္ စြဲေဆာင္ရာမွ ပါရမီရွင္တစ္ဦးျဖစ္ပါတယ္။ သူက အက္စကီးမိုးေတြကိုေတာင္မွ ေရခဲ၀ယ္ခ်င္ေအာင္ ေရာင္းတတ္သူျဖစ္ပါတယ္။ တကယ္ကို အေရာင္းသမားေကာင္း တစ္ေယာက္ ျဖစ္ပါတယ္။ Steve Jobs တင္ဆက္ခဲ့တဲ့ ပစၥည္းသစ္ မိတ္ဆက္ပြဲေတြမွာဆိုရင္ အစပိုင္းမွာ ေအးတိေအးစက္ျဖစ္သလိုရွိေပမယ့္ အဆံုးသတ္ခ်ိန္မွာေတာ့ တကယ္ကို ခံစားမႈသက္၀င္ၿပီး သက္ေတာင့္သက္သာနဲ႔ တင္ဆက္သြားႏိုင္တာကို ေတြ႕ရမွာပါ။

သင့္အေနနဲ႔ ေအာင္ျမင္ခ်င္တယ္ဆိုရင္ သင့္ရဲ႕ထုတ္ကုန္ပစၥည္း ဒါမွမဟုတ္ ၀န္ေဆာင္မႈကို ေစ်းကြက္ရွာေဖြၿပီး ၀ယ္သူလက္ထဲေရာက္သြားေအာင္ ေရာင္းခ်ႏိုင္ဖို႔လိုပါတယ္။

၃။ အမွတ္တံဆိပ္ရဲ႕အေရးပါမႈကို နားလည္ျခင္း

နည္းပညာလုပ္ငန္းနယ္ပယ္မွာ IBM ကုမၸဏီက ဦးေဆာင္ေနခ်ိန္မွာ Apple တမူထူးျခားတဲ့နည္းလမ္းေတြနဲ႔ ေစ်းကြက္အတြင္း ၀င္ေရာက္လာခဲ့တာျဖစ္ပါတယ္။ Think Different ဆိုတဲ့ Apple ရဲ႕ ေဆာင္ပုဒ္အတိုင္း အေနာက္တိုင္း၀တ္စံု၀တ္ၿပီးၿပီး မ်က္မွန္တပ္ထားတဲ့ လူႀကီးတစ္ေယာက္ေဘးမွာ သ႐ုပ္ေဆာင္မင္းသား Justin Long ကို ဂ်င္းေဘာင္းဘီ၊ တီရွပ္၀တ္ထားတဲ့ ပံုနဲ႔ ေၾကာ္ျငာခဲ့ပါတယ္။ ဒီလို အမွတ္တံဆပ္ကို ေၾကာ္ျငာတဲ့ နည္းလမ္းက အလုပ္ျဖစ္ခဲ့ပါတယ္။ ၀ယ္ယူသူေတြက ထူးျခားဆန္းသစ္မႈကို ခံစားရၿပီး Apple ကုန္ပစၥည္းေတြကို ၀ယ္ယူသံုးစြဲလာၾကပါတယ္။

Steve Jobs ကိုယ္တိုင္ကလည္း သူ႔ကိုယ္သူ အမွတ္အသားတစ္ခုျဖစ္လာေစခဲ့ပါတယ္။ သူ၀တ္ေနက်ပံုစံျဖစ္တဲ့ အနက္ေရာင္ အကၤ်ီနဲ႔ အျပာေရာင္ဂ်င္းေဘာင္းဘီကို အားလံုးက မွတ္မိလြယ္ၾကပါတယ္။ Steve Jobs ဟာ သူ႔ရဲ႕ ပုံရိပ္ကို ကိုယ္တိုင္ပံုေဖာ္ခဲ့သလို ကုမၸဏီရဲ႕ပံုရိပ္ကိုလည္း ထင္ဟပ္ေစခဲ့တာျဖစ္ပါတယ္။ ဒီလို အားလံုးကသိသြားေစမယ့္ အမွတ္တံဆိပ္ျဖစ္ေအာင္ လုပ္ေဆာင္ႏိုင္ျခင္းဟာ စြန္႔ဦးစီးပြားေရးလုပ္ငန္းရွင္ ေတြအားလံုးအတြက္ အေရးႀကီးပါတယ္။

အတုမယူသင့္တဲ့အရာမ်ား

၁။ တာ၀န္မယူတတ္ျခင္း

Steve Jobs ဟာ သူ႔ရဲ႕အႀကီးဆံုးကေလးရဲ႕ ဖခင္အမည္ခံဖို႔ကို ျငင္းဆိုခဲ့ပါတယ္။ ဒါ့အျပင္ Securities Exchange Commission က စံုစမ္းစစ္ေဆးမႈေတြမွာလည္း သူတာ၀န္ယူထားတဲ့အပိုင္းေတြကို ျငင္းဆိုေရွာင္ရွားခဲ့ပါတယ္။ အျခားအမႈေဆာင္ေတြအားလံုး ၀န္ခံခဲ့ေပမယ့္ Steve Jobs ကေတာ့ ျငင္းျမဲျငင္းေနခဲ့တာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဒီလိုတာ၀န္မဲ့တတ္တာမ်ိဳးကိုေတာ့ အတုမယူသင့္ပါဘူး။ သင့္ဦးေဆာင္ေနတဲ့ လုပ္ငန္းမွာ ျဖစ္လာသမွ်အေၾကာင္းေတြအားလံုးကို တာ၀န္သိသိနဲ႔ ရင္ဆိုင္ေျဖရွင္းပါ။

သူရဲေကာင္း Karoly Takacs
http://mmgentleman.com/2015/10/20/1-62/

၂။ အတၱႀကီးလြန္းျခင္း

Steve Jobs ဟာ SEC က စံုစမ္းစစ္ေဆးမႈမွာတင္ အတၱႀကီးႀကီးနဲ႔ ကိုယ္လြတ္႐ုန္းခဲ့တာမဟုတ္ပါဘူး။ သူ႕ကားမွာ လိုင္စင္နံပတ္ျပားတပ္ေလ့မရွိသလို ယာဥ္မရပ္ရေနရာေတြမွာလည္း ကားကို တမင္ရပ္ထားခဲ့ေလ့ရွိပါတယ္။ ဒါ့အျပင္ Steve Jobs ဟာ သူတစ္ကိုယ္ရည္သံုးစြဲဖို႔အတြက္ ကုမၸဏီအသံုးစရိတ္နဲ႔ ဂ်က္ေလယာဥ္တစ္စီး၀ယ္ေပးဖို႔ ေတာင္းဆုိခဲ့ဖူးပါေသးတယ္။ လုပ္ငန္းစြမ္းေဆာင္ရည္ အတြက္ အသိအမွတ္ျပဳေပးသင့္တာ မွန္ေပမယ့္ အပိုေတြေတာင္းဆိုတာကေတာ့ အတၱပဲျဖစ္ပါတယ္။

၃။ ကိုယ္ခ်င္းစာတရားေခါင္းပါးျခင္း

Steve Jobs ဟာ အာ႐ုံစူးစိုက္ႏိုင္စြမ္းေကာင္းေပမယ့္ အျခားသူေတြအတြက္ ကိုယ္ခ်င္းစာေပးႏိုင္စြမ္းေတာ့ မရွိသေလာက္ကို နည္းပါးသူျဖစ္ပါတယ္။ စီးပြားေရးေလာကမွာ ယွဥ္ၿပိဳင္တိုက္ခိုက္မႈေတြမ်ားၿပီး စစ္ပြဲတစ္ခုလို မဟာဗ်ဴဟာေတြ နည္းဗ်ဴဟာေတြနဲ႔ လႈပ္ရွားရတယ္ဆိုေပမယ့္ သနားၾကင္နာမႈရွိဖို႔လည္း လိုအပ္ပါတယ္။ Steve Jobs ကေတာ့ Apple ကို စတင္မတည္ေထာင္ခင္ကတည္းကစၿပီး သူ႔ဘ၀တစ္ေလွ်ာက္လံုးမွာ သနားညွာတာမႈကင္းမဲ့ခဲ့သူျဖစ္ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ငယ္သူငယ္ခ်င္းလည္းျဖစ္ လုပ္ငန္းတြဲဖက္ လုပ္ကိုင္သူလည္းျဖစ္တဲ့ Steve Wozniak ေပၚမွာလည္း တစ္ကိုယ္ေကာင္းဆန္တဲ့ လုပ္ရပ္ေတြ အမ်ားႀကီး ရွိခဲ့ပါတယ္။ ဒီအခ်က္ေတြကိုၾကည့္ၿပီး အရမ္းေအာင္ျမင္ေနတဲ့ ပုဂၢိဳဟ္ေတြကို ၾကည့္ၿပီး အတုယူတဲ့အခါမွာ သူတို႔ရဲ႕အားသာခ်က္အားနည္းခ်က္ေတြကို ေသခ်ာေလ့လာၿပီးမွ ယူသင့္တာကိုပဲ ယူဖို႔ တိုက္တြန္းလိုက္ပါတယ္။

GM ရဲ့ တျခား ထင္ေပၚေၾကာ္ၾကားေသာ သူမ်ားႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/people/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။

—————————————————————————-

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

Steve Jobs ဆီက ဘာတွေအတုယူမလဲ ?

Steve Jobs ကို Apple ရဲ့ပူးတွဲတည်ထောင်သူ၊ ထူးချွန်ထက်မြက်တဲ့ ဆန်းသစ်တီထွင်သူ၊ ခေါင်းဆောင်တစ်ဦး အနေနဲ့ အများစုက သိထားပြီးသားဖြစ်မှာပါ။ Steve Job အကြောင်းကို ကြားလိုက်ရတာနဲ့ ဘာတွေက သင့်ကို လွှမ်းမိုးချုပ်ကိုင်သွားစေနိုင်သလဲ စဉ်းစားကြည့်ပါ။ သူ့အကြောင်းကို ရိုက်ကူးထားတဲ့ Steve Jobs: Man in the Machine အမည်ရ မှတ်တမ်းရုပ်ရှင်ထဲမှာတော့ Steve Jobs ရဲ့ အားနည်းချက်တွေရော၊ အားသာချက်တွေကိုပါ ဖော်ညွှန်းထားပြီး အမှောင်ဘက်နှင့်အလင်းဘက်နှစ်ခုစလုံးကို ရိုက်ကူးပြထားပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ Steve Jobs ကို ထိပ်တန်းခေါင်းဆောင်၊ ထူးခြားထက်မြက်သူတစ်ဦးအဖြစ် ယုံကြည် လက်ခံနေကြပေမယ့်လည်း သူ့ဆီကနေ အလုံးဆုံကို အတုယူသင့်မသင့်ဆိုတာကို စဉ်းစားကြည့်ဖို့ လိုပါတယ်။ ဒီအတွက် Steve Jobs ဆီကနေ အတုယူသင့်တာတွေနဲ့ မယူသင့်တာတွေကို ဖော်ပြလိုက်ပါတယ်။

အတုယူသင့်တာတွေကတော့ –

၁။ အနုပညာရသကို အသိအမှတ်ပြုလက်ခံပြီး တိုးတက်တီထွင်လိုစိတ်ပြင်းထန်ခြင်း

Jobs ဟာ ရှေးရိုးစွဲပုံစံတွေက ဖောက်ထွက်ပြီး စွဲမက်စရာကောင်းအောင် ဒီဇိုင်းထုတ်ထားတဲ့ ပစ္စည်းတွေကို ဖန်တီးခဲ့ပါတယ်။ iPods တွေရဲ့ တောက်ပတဲ့အရောင်တွေနဲ့ MacBooks ကွန်ပျူတာတွေရဲ့ ချောမွတ်ပြောင်လက်နေတဲ့ ဒီဇိုင်းတွေက ဟန်ပန်အပြည့်နဲ့ ခမ်းနားလွန်းလှပါတယ်။ ဒီလို အရမ်းလန်းတဲ့ ဒီဇိုင်းတွေ၊ အရောင်တွေကြောင့်လည်း လူတွေက ဝယ်ယူပိုင်ဆိုင်ချင်တတ်ကြတာဖြစ်ပါတယ်။ နောက်တစ်ချက်က ထုတ်ကုန်တွေကို ပိုကောင်းလာအောင် ဘယ်လိုလုပ်မလဲဆိုတာက Jobs က အမြဲတမ်း စဉ်းစားနေတတ်သူဖြစ်ပါတယ်။ အရာရာကိုပြီးပြည့်စုံအောင်လုပ်ချင်တဲ့ သူရဲ့စိတ်ဆန္ဒက သူ့ပတ်ဝန်းကျင်က လူတွေကို စိတ်ရှုပ်သွားစရာဖြစ်သွားပေမယ့် ဒီစိတ်ကြောင့်ပဲ အဆင့်မြင့်တီထွင်ဆန်းသစ်မှုတွေကို လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

သင့်ရဲ့ထုတ်ကုန်ပစ္စည်းကိုလည်း အရောင်းစင်မြင့်ပေါ်မှာ ဘယ်လိုပုံစံရှိနေလဲဆိုတာ တွေးကြည့်ပါ။ ဝယ်သူတွေရဲ့ စိတ်ကို ဆွဲဆောင်ညှို့ငင်နိုင်စွမ်းမရှိဘူးဆိုရင် ရောင်းရမှာမဟုတ်ပါဘူး။ ပြီးတော့ အခုကုန်ပစ္စည်း တစ်ခုရောင်းကောင်းနေသည့်တိုင်အောင် နောက်ထပ်ပိုကောင်းတာတစ်ခု ဖန်တီးဖို့ကို အမြဲတွေးနေဖို့ လိုပါတယ်။

ချုံ ကြားမှ တတ်လှမ်းလာခဲ့တဲ့ သန်းကြွယ်သန်းကြွယ်သူဌေး
http://mmgentleman.com/2015/10/29/169841654/

၂။ အရောင်းနှင့် ဈေးကွက်ပညာ အရည်အချင်း

Steve Jobs ဟာ သူ့ရဲ့ထုတ်ကုန်ပစ္စည်းတွေကို ဝယ်ချင်လာအောင် စွဲဆောင်ရာမှ ပါရမီရှင်တစ်ဦးဖြစ်ပါတယ်။ သူက အက်စကီးမိုးတွေကိုတောင်မှ ရေခဲဝယ်ချင်အောင် ရောင်းတတ်သူဖြစ်ပါတယ်။ တကယ်ကို အရောင်းသမားကောင်း တစ်ယောက် ဖြစ်ပါတယ်။ Steve Jobs တင်ဆက်ခဲ့တဲ့ ပစ္စည်းသစ် မိတ်ဆက်ပွဲတွေမှာဆိုရင် အစပိုင်းမှာ အေးတိအေးစက်ဖြစ်သလိုရှိပေမယ့် အဆုံးသတ်ချိန်မှာတော့ တကယ်ကို ခံစားမှုသက်ဝင်ပြီး သက်တောင့်သက်သာနဲ့ တင်ဆက်သွားနိုင်တာကို တွေ့ရမှာပါ။

သင့်အနေနဲ့ အောင်မြင်ချင်တယ်ဆိုရင် သင့်ရဲ့ထုတ်ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုကို ဈေးကွက်ရှာဖွေပြီး ဝယ်သူလက်ထဲရောက်သွားအောင် ရောင်းချနိုင်ဖို့လိုပါတယ်။

၃။ အမှတ်တံဆိပ်ရဲ့အရေးပါမှုကို နားလည်ခြင်း

နည်းပညာလုပ်ငန်းနယ်ပယ်မှာ IBM ကုမ္ပဏီက ဦးဆောင်နေချိန်မှာ Apple တမူထူးခြားတဲ့နည်းလမ်းတွေနဲ့ ဈေးကွက်အတွင်း ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ Think Different ဆိုတဲ့ Apple ရဲ့ ဆောင်ပုဒ်အတိုင်း အနောက်တိုင်းဝတ်စုံဝတ်ပြီးပြီး မျက်မှန်တပ်ထားတဲ့ လူကြီးတစ်ယောက်ဘေးမှာ သရုပ်ဆောင်မင်းသား Justin Long ကို ဂျင်းဘောင်းဘီ၊ တီရှပ်ဝတ်ထားတဲ့ ပုံနဲ့ ကြော်ငြာခဲ့ပါတယ်။ ဒီလို အမှတ်တံဆပ်ကို ကြော်ငြာတဲ့ နည်းလမ်းက အလုပ်ဖြစ်ခဲ့ပါတယ်။ ဝယ်ယူသူတွေက ထူးခြားဆန်းသစ်မှုကို ခံစားရပြီး Apple ကုန်ပစ္စည်းတွေကို ဝယ်ယူသုံးစွဲလာကြပါတယ်။

Steve Jobs ကိုယ်တိုင်ကလည်း သူ့ကိုယ်သူ အမှတ်အသားတစ်ခုဖြစ်လာစေခဲ့ပါတယ်။ သူဝတ်နေကျပုံစံဖြစ်တဲ့ အနက်ရောင် အင်္ကျီနဲ့ အပြာရောင်ဂျင်းဘောင်းဘီကို အားလုံးက မှတ်မိလွယ်ကြပါတယ်။ Steve Jobs ဟာ သူ့ရဲ့ ပုံရိပ်ကို ကိုယ်တိုင်ပုံဖော်ခဲ့သလို ကုမ္ပဏီရဲ့ပုံရိပ်ကိုလည်း ထင်ဟပ်စေခဲ့တာဖြစ်ပါတယ်။ ဒီလို အားလုံးကသိသွားစေမယ့် အမှတ်တံဆိပ်ဖြစ်အောင် လုပ်ဆောင်နိုင်ခြင်းဟာ စွန့်ဦးစီးပွားရေးလုပ်ငန်းရှင် တွေအားလုံးအတွက် အရေးကြီးပါတယ်။

အတုမယူသင့်တဲ့အရာများ

၁။ တာဝန်မယူတတ်ခြင်း

Steve Jobs ဟာ သူ့ရဲ့အကြီးဆုံးကလေးရဲ့ ဖခင်အမည်ခံဖို့ကို ငြင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် Securities Exchange Commission က စုံစမ်းစစ်ဆေးမှုတွေမှာလည်း သူတာဝန်ယူထားတဲ့အပိုင်းတွေကို ငြင်းဆိုရှောင်ရှားခဲ့ပါတယ်။ အခြားအမှုဆောင်တွေအားလုံး ဝန်ခံခဲ့ပေမယ့် Steve Jobs ကတော့ ငြင်းမြဲငြင်းနေခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလိုတာဝန်မဲ့တတ်တာမျိုးကိုတော့ အတုမယူသင့်ပါဘူး။ သင့်ဦးဆောင်နေတဲ့ လုပ်ငန်းမှာ ဖြစ်လာသမျှအကြောင်းတွေအားလုံးကို တာဝန်သိသိနဲ့ ရင်ဆိုင်ဖြေရှင်းပါ။

သူရဲကောင်း Karoly Takacs
http://mmgentleman.com/2015/10/20/1-62/

၂။ အတ္တကြီးလွန်းခြင်း

Steve Jobs ဟာ SEC က စုံစမ်းစစ်ဆေးမှုမှာတင် အတ္တကြီးကြီးနဲ့ ကိုယ်လွတ်ရုန်းခဲ့တာမဟုတ်ပါဘူး။ သူ့ကားမှာ လိုင်စင်နံပတ်ပြားတပ်လေ့မရှိသလို ယာဉ်မရပ်ရနေရာတွေမှာလည်း ကားကို တမင်ရပ်ထားခဲ့လေ့ရှိပါတယ်။ ဒါ့အပြင် Steve Jobs ဟာ သူတစ်ကိုယ်ရည်သုံးစွဲဖို့အတွက် ကုမ္ပဏီအသုံးစရိတ်နဲ့ ဂျက်လေယာဉ်တစ်စီးဝယ်ပေးဖို့ တောင်းဆိုခဲ့ဖူးပါသေးတယ်။ လုပ်ငန်းစွမ်းဆောင်ရည် အတွက် အသိအမှတ်ပြုပေးသင့်တာ မှန်ပေမယ့် အပိုတွေတောင်းဆိုတာကတော့ အတ္တပဲဖြစ်ပါတယ်။

၃။ ကိုယ်ချင်းစာတရားခေါင်းပါးခြင်း

Steve Jobs ဟာ အာရုံစူးစိုက်နိုင်စွမ်းကောင်းပေမယ့် အခြားသူတွေအတွက် ကိုယ်ချင်းစာပေးနိုင်စွမ်းတော့ မရှိသလောက်ကို နည်းပါးသူဖြစ်ပါတယ်။ စီးပွားရေးလောကမှာ ယှဉ်ပြိုင်တိုက်ခိုက်မှုတွေများပြီး စစ်ပွဲတစ်ခုလို မဟာဗျူဟာတွေ နည်းဗျူဟာတွေနဲ့ လှုပ်ရှားရတယ်ဆိုပေမယ့် သနားကြင်နာမှုရှိဖို့လည်း လိုအပ်ပါတယ်။ Steve Jobs ကတော့ Apple ကို စတင်မတည်ထောင်ခင်ကတည်းကစပြီး သူ့ဘဝတစ်လျှောက်လုံးမှာ သနားညှာတာမှုကင်းမဲ့ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ငယ်သူငယ်ချင်းလည်းဖြစ် လုပ်ငန်းတွဲဖက် လုပ်ကိုင်သူလည်းဖြစ်တဲ့ Steve Wozniak ပေါ်မှာလည်း တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရပ်တွေ အများကြီး ရှိခဲ့ပါတယ်။ ဒီအချက်တွေကိုကြည့်ပြီး အရမ်းအောင်မြင်နေတဲ့ ပုဂ္ဂိုဟ်တွေကို ကြည့်ပြီး အတုယူတဲ့အခါမှာ သူတို့ရဲ့အားသာချက်အားနည်းချက်တွေကို သေချာလေ့လာပြီးမှ ယူသင့်တာကိုပဲ ယူဖို့ တိုက်တွန်းလိုက်ပါတယ်။

GM ရဲ့ တခြား ထင်ပေါ်ကြော်ကြားသော သူများနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/people/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

—————————————————————————-

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

Related Posts

%%footer%%