လုပ္ငန္းရွင္ျဖစ္ဖို႔ ေမြးဖြားလာေၾကာင္း သိႏိုင္သည့္ အခ်က္မ်ား
စြန္႔ဦးလုပ္ငန္းရွင္အမ်ားစုဟာ အေသြးအသားထဲကကို လုပ္ငန္းရွင္ျဖစ္ခ်င္တဲ့စိတ္ရွိတတ္ၾကပါတယ္။ သူတို႔က လုပ္ငန္းရွင္တစ္ေယာက္ျဖစ္လာဖို႔အတြက္ ေမြးဖြားလာၾကတာျဖစ္ၿပီး ၀န္ထမ္းအျဖစ္၊ ေနာက္လိုက္အျဖစ္၊ စားသံုးသူအျဖစ္နဲ႔ ဘယ္ေတာ့မွေရာင့္ရဲတင္းတိမ္မေနတတ္ၾကပါဘူး။ သူတို႔ကို တီထြင္ဖန္တီးခ်င္တယ္၊ သူတို႔ရဲ႕လုပ္ငန္းကို ဖြံ႔ၿဖိဳးတိုးတက္လာေအာင္ စြမ္းေဆာင္ခ်င္တယ္၊ ၿပီးေတာ့ ကိုယ္ပိုင္စိတ္အားထက္သန္မႈနဲ႔ အျမဲတမ္းျပည့္၀ေနတတ္သူေတြျဖစ္ပါတယ္။ ဒီလို စြန္႔ဦးလုပ္ငန္းရွင္ျဖစ္ဖို႔ ေမြးလာသူေတြရဲ႕ အေလ့အက်င့္ ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ ၿငိမ္ၿငိမ္မေနႏိုင္ပါဘူး။ တစ္ခုခု၊ ႀကီးက်ယ္ခမ္းနားတာတစ္ခုခုကို အေကာင္အထည္ေဖာ္ခ်င္တဲ့စိတ္ အျမဲရွိေနပါတယ္။
၂။ စိတ္ကူးသစ္ေတြ အျမဲတမ္းထြက္ေနတယ္။ ေကာင္းသည္ျဖစ္ေစ၊ ဆိုးသည္ျဖစ္ေစ၊ စိတ္ကူးသစ္ေတြက အျမဲတမ္း စီးဆင္းေနတယ္။
၃။ အျခားစိတ္ကူးေတြရဲ႕ အျပစ္ခ်ိဳ႕ယြင္းခ်က္ကို ေထာက္ျပႏိုင္တယ္။ အလိုလိုကိုသိေနတတ္တယ္။
၄။ ေအာင္ျမင္တဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြကို အားက်တယ္။ စတိေဂ်ာ့ဘ္၊ ရစ္ခ်က္ဘရန္ဆန္၊ မာ့ ဇူကာဘက္နဲ႔ ဘီလ္ဂိတ္တို႔ကို သူရဲေကာင္းေတြကို မွတ္ယူထားတယ္။
၅။ လက္ရွိေအာင္ျမင္ေနတဲ့ လုပ္ငန္းတစ္ခုကိုေတြ႕ျမင္တိုင္းမွာ စိတ္လႈပ္ရွားတတ္တယ္။ လုပ္ငန္းအေသးေလးပဲ ျဖစ္ျဖစ္ ႀကီးတာပဲျဖစ္ျဖစ္ စီးပြားေရးအရေအာင္ျမင္ေနရင္ မျပံဳးမိပဲမေနႏိုင္ဘူး။
၆။ အလုပ္ရွင္ရဲ႕လုပ္ငန္းပိုၿပီးတိုးတက္ေအာင္ျမင္ဖို႔ အျမဲစဥ္းစားေနတတ္တယ္။ အလုပ္မွာဆိုရင္လည္း ပိုေကာင္းေအာင္ ဘယ္လိုလုပ္မလဲပဲ ေတြးေနတတ္တယ္။
( ေအာင္ျမင္သူေတြကဲ့သိုု႕ဆံုုးျဖတ္ခ်က္ေတြခ်မွတ္ႏိုုင္ဖိုု႕
http://mmgentleman.com/2015/11/02/s-10/ )
၇။ ဘာလုပ္ပါလို႔ အေျပာခံရတာကို မႀကိဳက္ဘူး။ အမိန္႔နဲ႔ေစခိုင္းတာကို စိတ္ပ်က္တယ္။
၈။ အသစ္အသစ္ေတြ သင္ယူခ်င္စိတ္ရွိတယ္။ ဘယ္လိုလုပ္ရမလဲဆိုတာကို အျမဲတမ္းသိခ်င္တယ္။
၉။ ပစၥည္းပစၥယေတြ ဘယ္လိုအလုပ္လုပ္တာလဲဆိုတာကို အျမဲသိခ်င္တယ္။ အေ၀းထိန္ခလုတ္၊ ေပါင္မုန္႔မီးကင္စက္၊ ဖုန္းေတြ အတြင္းမွာ ဘယ္လိုအလုပ္လုပ္လဲ စူးစမ္းရွာေဖြေလ့ရွိတယ္။
၁၀။ ခ်မ္းသာၾကြယ္၀လာဖို႔ စိတ္ကူးတတ္တယ္။ ေငြေၾကးအမ်ားႀကီးရွိခ်င္လို႔ ဆိုတာထက္ ခ်မ္းသာတယ္ဆိုတာကို ပိုၿပီးသေဘာက်တာျဖစ္တယ္။
၁၁။ ကိုယ့္အေလ့အက်င့္ေတြကို ကိုယ္တိုင္စည္းကမ္းသတ္မွတ္တယ္။ အလြယ္တကူမပ်က္ႏိုင္တဲ့ ေန႔စဥ္ ေဆာင္ရြက္ရမယ့္ အစီအစဥ္ေတြ ထားရွိတတ္တယ္။
၁၂။ အလြယ္တကူအ႐ႈံးမေပးတတ္ဘူး။ စိန္ေခၚမႈမွန္သမွ်ရင္ဆိုင္ၿပီး ေရွ႕ဆက္ခ်င္စိတ္ရွိတယ္။
၁၃။ အလုပ္ပင္ပန္းတာကို မေၾကာက္ဘူး။ ဘယ္ကိစၥမဆို ရာႏႈန္းျပည့္ အာ႐ုံစိုက္တတ္တယ္။
၁၄။ ရင္းႏွီးစြန္႔စားရတာေတြကို သေဘာက်တတယ္။ ေတြ႕ကရာေတြ မလုပ္တတ္ေပမယ့္ ဒီအတိုင္းႀကည့္မေနတတ္ပဲ စြန္႔စားေလ့ရွိတယ္။
၁၅။ တတ္ႏိုင္သမွ် လူေတြအမ်ားႀကီးနဲ႔ ေတြ႕ဆံုတယ္။ လူသစ္ေတြ၊ မိတ္ေဆြသစ္ေတြနဲ႔ ေတြ႕ဖို႔ ေနာက္တြန္႔ေနတတ္သူမဟုတ္ဘူး။
၁၆။ ေတြ႕တဲ့လူတိုင္းနဲ႔ စကားေျပာတတ္တယ္။ လူစိမ္းေတြကိုလည္း တြန္႔ဆုတ္မေနတတ္ဘူး။
၁၇။ အ႐ႈံးကေန ျပန္ထႏိုင္စြမ္းရွိတယ္။ က်႐ႈံးမႈနဲ႔ ရင္ဆိုင္ေတြ႕ရေလ့ရွိေပမယ့္ ေျခလွမ္းေတြကို ရပ္တန္႔လိုက္ေလ့မရွိဘူး။
၁၈။ စီစဥ္ညႊန္းၾကားရတာေတြကို သေဘာက်တယ္။
၁၉။ ေရတို၊ ေရရွည္၊ တစ္ဘ၀လံုးစာ စသျဖင့္ ကိုယ္တိုင္အတြက္ ရည္မွန္းခ်က္ပန္းတိုင္ေတြ ခ်မွတ္ထားတတ္တယ္။
၂၀။ တတ္ႏိုင္သမွ် လူေတြကို ကူညီတယ္။ အမ်ားအက်ိဳးကို ၾကည့္တတ္တယ္။
၂၁။ လုပ္သမွ်အလုပ္တိုင္းမွာ စိန္ေခၚမႈကိုရွာေဖြတယ္။ ကိုယ္ကိုယ္ကုိ ျပန္စိန္ေခၚဖို႔ အခြင့္အလမ္းအျမဲရွာတယ္။
( ေအာင္ျမင္သူတိုု႕ဧ။္ အေလ့အက်င့္မ်ား
http://mmgentleman.com/2015/11/02/h-5/ )
၂၂။ လူေတြကို လႊမ္းမိုးႏိုင္ဖို႔ နည္းလမ္းေတြ ရွာေဖြေလ့ရွိတယ္။
၂၃။ ဘယ္ကိစၥမဆို အေသးစိတ္အထိ စီစဥ္ထားတတ္တယ္။ ဘာလုပ္လုပ္ ႀကိဳတင္စီစဥ္ၿပီးမွလုပ္ခ်င္တယ္။
၂၄။ ကိုယ္ကိုယ္ကို ဂုဏ္ယူတတ္တယ္။ ကိုယ္အေနအထားကို ကိုယ္သေဘာက်တယ္။
၂၅။ မိတ္ေဆြအေပါင္းအသင္းေတြရဲ႕ ျပႆနာေတြကို ကူညီေျဖရွင္းေပးတတ္တယ္။ ျပႆနာကို အေျဖရွာရမွာ အရမ္းေတာ္တယ္။
၂၆။ အိမ္အလုပ္ကစလို႔ စီးပြားေရးလုပ္ငန္းအထိ အလုပ္တာ၀န္ေတြ၊ ရင္းျမစ္ေတြကို လုိအပ္သလို လႊဲေျပာင္းအသံုးခ်တတ္တယ္။
၂၇။ ကိုယ္တိုင္ပဲ အၿပီးသတ္လုပ္ရမယ့္ အခ်ိန္ေတြ သတ္မွတ္တယ္။ ပ်က္ကြက္မႈမရွိေအာင္ လုပ္ေဆာင္တယ္။
၂၈။ ပံုျပင္ေတြေျပာရတာကို ႀကိဳက္တယ္။ အေတြ႕အၾကံဳေတြကို လူေတြကို ေ၀မွ်ေပးရတာကို သေဘာက်တယ္။
၂၉။ ၿပိဳင္ဆိုင္လိုစိတ္ျပင္းထန္တယ္။
၃၀။ ဘယ္ကိစၥမဆို ပါ၀င္ေလ့ရွိတယ္။ လမ္းေဘးမွာ ကားတစ္စီးရပ္သြားရင္ေတာင္ ဘာကူညီေပးရမလဲေမးတတ္တယ္။
၃၁။ အလုပ္မျဖစ္တဲ့အရာ အသံုးမ၀င္တာေတြကို စြန္႔ပယ္လိုက္တတ္တယ္။
၃၂။ တတ္ႏိုင္သမွ် ညွိႏႈိင္းအေျဖရွာတယ္။
၃၃။ လူေတြရဲ႕ အလားအလာကို ျမင္တတ္တယ္။ လူတစ္ေယာက္က ဘာျဖစ္လာႏိုင္လဲဆိုတာကို သိႏိုင္တယ္။
၃၄။ ပဋိပကၡေတြၾကားမွာ ေအးေဆးတည္ၿငိမ္တယ္။ ယုတၱိက်က်စဥ္းစားသံုးသပ္ႏိုင္တယ္။
၃၅။ တစ္ခုခုလိုခ်င္တဲ့အခါမွာ အခြင့္အေရးကို လက္လြတ္မခံစတမ္း ႀကိဳးစားတတ္တယ္။
(လူအမ်ားကိုုလႊမ္းမိုုးႏိုုင္သူမ်ား ရဲ႕ ေတြးေခၚပံုုေတြးေခၚနည္း
http://mmgentleman.com/2015/10/26/11-3/ )
၃၆။ အခ်ိန္အလဟႆျဖစ္မယ့္အရာေတြကို ေရွာင္တယ္။ မိုဘိုင္းဂိမ္းေတြ၊ ဆိုရွယ္နက္ေ၀ါ့ေတြကို လိုသေလာက္ပဲ သံုးတယ္။
၃၇။ လူေတြကို ကိုယ့္ဖက္ပါေအာင္ ဆြဲေဆာင္ႏိုင္တယ္။ ဒါက ပင္ကိုယ္အရည္အခ်င္းတစ္ခုလို ျဖစ္ေနတတ္တယ္။
၃၈။ က်ိဳးေၾကာင္းညီညြတ္ၿပီး စိတ္ခံစားမႈမပါတဲ့ ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္တတ္တယ္။
၃၉။ လူေတြရဲ႕စိတ္ခံစားမႈကို ေမ့ေနေလ့မရွိဘူး။ အျမဲတမ္း မွ်ေ၀ခံစားတတ္တယ္။
၄၀။ စိတ္၀င္စားတာလုပ္ေနလို႔ကေတာ့ အခ်ိန္ကို မသိတတ္ေတာ့ဘူး။
၄၁။ စိတ္အာသီသထက္သန္တဲ့ အလုပ္သစ္ေတြကို မၾကာခဏထလုပ္တတ္တယ္။ စိတ္ကူးသစ္တစ္ခုရတိုင္း ၀ါသနာျဖစ္ေအာင္ လုပ္ေလ့ရွိတယ္။
၄၂။ အိမ္၊ ကား တစ္ခုခုကို အျမဲအဆင့္ျမွင့္ေနေလ့ရွိတယ္။ အျမဲတမ္း အစားထိုးဖို႔ အဆင့္ျမွင့္ဖို႔ တစ္ခုခုရွိေနတတ္တယ္။
၄၃။ နည္းပညာသစ္ေတြကို စြဲလမ္းတယ္။ နည္းပညာသစ္ေတြက ဘ၀ကိုဘယ္လိုတိုးတက္ေအာင္ လုပ္ေပးႏိုင္မလဲအျမဲစိတ္၀င္စားတယ္။
၄၄။ ေန႔တိုင္း သတင္းေတြ ဖတ္ေလ့ရွိတယ္။ ပံုေသအေလ့အက်င့္တစ္ခုျဖစ္တယ္။
၄၅။ စာအုပ္ေတြကို ငမ္းငမ္းတက္ ဖတ္တယ္။ စာအုပ္တိုင္းက အသိပညာအသစ္တစ္ခုခုေပးတယ္လို႔ ယူဆတယ္။
၄၆။ အတြင္းအဇၥ်တၱရဲ႕အသံကို နားေထာင္တယ္။ ခံစားသိစိတ္ကို ယုံၾကည္တယ္။
၄၇။ အျခားသူေတြရဲ႕ အသံကိုလည္း နားေထာင္တတ္တယ္။ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္ေတြခ်တတ္ေပမယ့္ အျခားသူေတြရဲ႕ ထင္ျမင္ယူဆခ်က္ကို ထည့္စဥ္းစားေလ့ရွိတယ္။
၄၈။ အတိတ္ကို လြမ္းမေနတတ္ဘူး။ အားလံုးကို ေမ့ၿပီး ေရွ႕ဆက္ဖို႔ပဲ စဥ္းစားတတ္တယ္။
၄၉။ လိုခ်င္တာအတြက္ ေပးဆပ္ဖို႔ ၀န္မေလးဘူး။ ပိုၿပီးေအာင္ျမင္မႈအတြက္ ပိုၿပီးေပးဆပ္ရမယ္ဆိုတာကို သေဘာေပါက္ထားတယ္။
၅၀။ စိတ္ကူးအိပ္မက္ေတြကို ဘယ္ေတာ့မွ မစြန္႔ပစ္ဘူး။ ကိုယ့္ရဲ႕တစိတ္တေဒသအျဖစ္ အျမဲရွိေနတတ္တယ္။
သင္ေရာ စြန္႔ဦးလုပ္ငန္းရွင္တစ္ေယာက္ျဖစ္ဖို႔ ေမြးလာတာပါလား ? ဒီအေလ့အက်င့္ေတြ ရွိေနၿပီဆိုရင္ေတာ့ လုပ္စရာရွိတာကို အခုပဲထလုပ္လိုက္ဖို႔ တိုက္တြန္းခ်င္ပါတယ္။
GM ရဲ့ တျခား စီးပြားေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/money/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။
—————————————————————————-
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
လုပ်ငန်းရှင်ဖြစ်ဖို့ မွေးဖွားလာကြောင်း သိနိုင်သည့် အချက်များ
စွန့်ဦးလုပ်ငန်းရှင်အများစုဟာ အသွေးအသားထဲကကို လုပ်ငန်းရှင်ဖြစ်ချင်တဲ့စိတ်ရှိတတ်ကြပါတယ်။ သူတို့က လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာဖို့အတွက် မွေးဖွားလာကြတာဖြစ်ပြီး ဝန်ထမ်းအဖြစ်၊ နောက်လိုက်အဖြစ်၊ စားသုံးသူအဖြစ်နဲ့ ဘယ်တော့မှရောင့်ရဲတင်းတိမ်မနေတတ်ကြပါဘူး။ သူတို့ကို တီထွင်ဖန်တီးချင်တယ်၊ သူတို့ရဲ့လုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်လာအောင် စွမ်းဆောင်ချင်တယ်၊ ပြီးတော့ ကိုယ်ပိုင်စိတ်အားထက်သန်မှုနဲ့ အမြဲတမ်းပြည့်၀နေတတ်သူတွေဖြစ်ပါတယ်။ ဒီလို စွန့်ဦးလုပ်ငန်းရှင်ဖြစ်ဖို့ မွေးလာသူတွေရဲ့ အလေ့အကျင့် တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ငြိမ်ငြိမ်မနေနိုင်ပါဘူး။ တစ်ခုခု၊ ကြီးကျယ်ခမ်းနားတာတစ်ခုခုကို အကောင်အထည်ဖော်ချင်တဲ့စိတ် အမြဲရှိနေပါတယ်။
၂။ စိတ်ကူးသစ်တွေ အမြဲတမ်းထွက်နေတယ်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ စိတ်ကူးသစ်တွေက အမြဲတမ်း စီးဆင်းနေတယ်။
၃။ အခြားစိတ်ကူးတွေရဲ့ အပြစ်ချို့ယွင်းချက်ကို ထောက်ပြနိုင်တယ်။ အလိုလိုကိုသိနေတတ်တယ်။
၄။ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို အားကျတယ်။ စတိဂျော့ဘ်၊ ရစ်ချက်ဘရန်ဆန်၊ မာ့ ဇူကာဘက်နဲ့ ဘီလ်ဂိတ်တို့ကို သူရဲကောင်းတွေကို မှတ်ယူထားတယ်။
၅။ လက်ရှိအောင်မြင်နေတဲ့ လုပ်ငန်းတစ်ခုကိုတွေ့မြင်တိုင်းမှာ စိတ်လှုပ်ရှားတတ်တယ်။ လုပ်ငန်းအသေးလေးပဲ ဖြစ်ဖြစ် ကြီးတာပဲဖြစ်ဖြစ် စီးပွားရေးအရအောင်မြင်နေရင် မပြုံးမိပဲမနေနိုင်ဘူး။
၆။ အလုပ်ရှင်ရဲ့လုပ်ငန်းပိုပြီးတိုးတက်အောင်မြင်ဖို့ အမြဲစဉ်းစားနေတတ်တယ်။ အလုပ်မှာဆိုရင်လည်း ပိုကောင်းအောင် ဘယ်လိုလုပ်မလဲပဲ တွေးနေတတ်တယ်။
( အောင်မြင်သူတွေကဲ့သို့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့
http://mmgentleman.com/2015/11/02/s-10/ )
၇။ ဘာလုပ်ပါလို့ အပြောခံရတာကို မကြိုက်ဘူး။ အမိန့်နဲ့စေခိုင်းတာကို စိတ်ပျက်တယ်။
၈။ အသစ်အသစ်တွေ သင်ယူချင်စိတ်ရှိတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာကို အမြဲတမ်းသိချင်တယ်။
၉။ ပစ္စည်းပစ္စယတွေ ဘယ်လိုအလုပ်လုပ်တာလဲဆိုတာကို အမြဲသိချင်တယ်။ အဝေးထိန်ခလုတ်၊ ပေါင်မုန့်မီးကင်စက်၊ ဖုန်းတွေ အတွင်းမှာ ဘယ်လိုအလုပ်လုပ်လဲ စူးစမ်းရှာဖွေလေ့ရှိတယ်။
၁၀။ ချမ်းသာကြွယ်ဝလာဖို့ စိတ်ကူးတတ်တယ်။ ငွေကြေးအများကြီးရှိချင်လို့ ဆိုတာထက် ချမ်းသာတယ်ဆိုတာကို ပိုပြီးသဘောကျတာဖြစ်တယ်။
၁၁။ ကိုယ့်အလေ့အကျင့်တွေကို ကိုယ်တိုင်စည်းကမ်းသတ်မှတ်တယ်။ အလွယ်တကူမပျက်နိုင်တဲ့ နေ့စဉ် ဆောင်ရွက်ရမယ့် အစီအစဉ်တွေ ထားရှိတတ်တယ်။
၁၂။ အလွယ်တကူအရှုံးမပေးတတ်ဘူး။ စိန်ခေါ်မှုမှန်သမျှရင်ဆိုင်ပြီး ရှေ့ဆက်ချင်စိတ်ရှိတယ်။
၁၃။ အလုပ်ပင်ပန်းတာကို မကြောက်ဘူး။ ဘယ်ကိစ္စမဆို ရာနှုန်းပြည့် အာရုံစိုက်တတ်တယ်။
၁၄။ ရင်းနှီးစွန့်စားရတာတွေကို သဘောကျတတယ်။ တွေ့ကရာတွေ မလုပ်တတ်ပေမယ့် ဒီအတိုင်းကြည့်မနေတတ်ပဲ စွန့်စားလေ့ရှိတယ်။
၁၅။ တတ်နိုင်သမျှ လူတွေအများကြီးနဲ့ တွေ့ဆုံတယ်။ လူသစ်တွေ၊ မိတ်ဆွေသစ်တွေနဲ့ တွေ့ဖို့ နောက်တွန့်နေတတ်သူမဟုတ်ဘူး။
၁၆။ တွေ့တဲ့လူတိုင်းနဲ့ စကားပြောတတ်တယ်။ လူစိမ်းတွေကိုလည်း တွန့်ဆုတ်မနေတတ်ဘူး။
၁၇။ အရှုံးကနေ ပြန်ထနိုင်စွမ်းရှိတယ်။ ကျရှုံးမှုနဲ့ ရင်ဆိုင်တွေ့ရလေ့ရှိပေမယ့် ခြေလှမ်းတွေကို ရပ်တန့်လိုက်လေ့မရှိဘူး။
၁၈။ စီစဉ်ညွှန်းကြားရတာတွေကို သဘောကျတယ်။
၁၉။ ရေတို၊ ရေရှည်၊ တစ်ဘဝလုံးစာ စသဖြင့် ကိုယ်တိုင်အတွက် ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ်ထားတတ်တယ်။
၂၀။ တတ်နိုင်သမျှ လူတွေကို ကူညီတယ်။ အများအကျိုးကို ကြည့်တတ်တယ်။
၂၁။ လုပ်သမျှအလုပ်တိုင်းမှာ စိန်ခေါ်မှုကိုရှာဖွေတယ်။ ကိုယ်ကိုယ်ကို ပြန်စိန်ခေါ်ဖို့ အခွင့်အလမ်းအမြဲရှာတယ်။
( အောင်မြင်သူတို့ဧ။် အလေ့အကျင့်များ
http://mmgentleman.com/2015/11/02/h-5/ )
၂၂။ လူတွေကို လွှမ်းမိုးနိုင်ဖို့ နည်းလမ်းတွေ ရှာဖွေလေ့ရှိတယ်။
၂၃။ ဘယ်ကိစ္စမဆို အသေးစိတ်အထိ စီစဉ်ထားတတ်တယ်။ ဘာလုပ်လုပ် ကြိုတင်စီစဉ်ပြီးမှလုပ်ချင်တယ်။
၂၄။ ကိုယ်ကိုယ်ကို ဂုဏ်ယူတတ်တယ်။ ကိုယ်အနေအထားကို ကိုယ်သဘောကျတယ်။
၂၅။ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးတတ်တယ်။ ပြဿနာကို အဖြေရှာရမှာ အရမ်းတော်တယ်။
၂၆။ အိမ်အလုပ်ကစလို့ စီးပွားရေးလုပ်ငန်းအထိ အလုပ်တာဝန်တွေ၊ ရင်းမြစ်တွေကို လိုအပ်သလို လွှဲပြောင်းအသုံးချတတ်တယ်။
၂၇။ ကိုယ်တိုင်ပဲ အပြီးသတ်လုပ်ရမယ့် အချိန်တွေ သတ်မှတ်တယ်။ ပျက်ကွက်မှုမရှိအောင် လုပ်ဆောင်တယ်။
၂၈။ ပုံပြင်တွေပြောရတာကို ကြိုက်တယ်။ အတွေ့အကြုံတွေကို လူတွေကို ဝေမျှပေးရတာကို သဘောကျတယ်။
၂၉။ ပြိုင်ဆိုင်လိုစိတ်ပြင်းထန်တယ်။
၃၀။ ဘယ်ကိစ္စမဆို ပါဝင်လေ့ရှိတယ်။ လမ်းဘေးမှာ ကားတစ်စီးရပ်သွားရင်တောင် ဘာကူညီပေးရမလဲမေးတတ်တယ်။
၃၁။ အလုပ်မဖြစ်တဲ့အရာ အသုံးမဝင်တာတွေကို စွန့်ပယ်လိုက်တတ်တယ်။
၃၂။ တတ်နိုင်သမျှ ညှိနှိုင်းအဖြေရှာတယ်။
၃၃။ လူတွေရဲ့ အလားအလာကို မြင်တတ်တယ်။ လူတစ်ယောက်က ဘာဖြစ်လာနိုင်လဲဆိုတာကို သိနိုင်တယ်။
၃၄။ ပဋိပက္ခတွေကြားမှာ အေးဆေးတည်ငြိမ်တယ်။ ယုတ္တိကျကျစဉ်းစားသုံးသပ်နိုင်တယ်။
၃၅။ တစ်ခုခုလိုချင်တဲ့အခါမှာ အခွင့်အရေးကို လက်လွတ်မခံစတမ်း ကြိုးစားတတ်တယ်။
(လူအများကိုလွှမ်းမိုးနိုင်သူများ ရဲ့ တွေးခေါ်ပုံတွေးခေါ်နည်း
http://mmgentleman.com/2015/10/26/11-3/ )
၃၆။ အချိန်အလဟဿဖြစ်မယ့်အရာတွေကို ရှောင်တယ်။ မိုဘိုင်းဂိမ်းတွေ၊ ဆိုရှယ်နက်ဝေါ့တွေကို လိုသလောက်ပဲ သုံးတယ်။
၃၇။ လူတွေကို ကိုယ့်ဖက်ပါအောင် ဆွဲဆောင်နိုင်တယ်။ ဒါက ပင်ကိုယ်အရည်အချင်းတစ်ခုလို ဖြစ်နေတတ်တယ်။
၃၈။ ကျိုးကြောင်းညီညွတ်ပြီး စိတ်ခံစားမှုမပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တတ်တယ်။
၃၉။ လူတွေရဲ့စိတ်ခံစားမှုကို မေ့နေလေ့မရှိဘူး။ အမြဲတမ်း မျှဝေခံစားတတ်တယ်။
၄၀။ စိတ်ဝင်စားတာလုပ်နေလို့ကတော့ အချိန်ကို မသိတတ်တော့ဘူး။
၄၁။ စိတ်အာသီသထက်သန်တဲ့ အလုပ်သစ်တွေကို မကြာခဏထလုပ်တတ်တယ်။ စိတ်ကူးသစ်တစ်ခုရတိုင်း ဝါသနာဖြစ်အောင် လုပ်လေ့ရှိတယ်။
၄၂။ အိမ်၊ ကား တစ်ခုခုကို အမြဲအဆင့်မြှင့်နေလေ့ရှိတယ်။ အမြဲတမ်း အစားထိုးဖို့ အဆင့်မြှင့်ဖို့ တစ်ခုခုရှိနေတတ်တယ်။
၄၃။ နည်းပညာသစ်တွေကို စွဲလမ်းတယ်။ နည်းပညာသစ်တွေက ဘဝကိုဘယ်လိုတိုးတက်အောင် လုပ်ပေးနိုင်မလဲအမြဲစိတ်ဝင်စားတယ်။
၄၄။ နေ့တိုင်း သတင်းတွေ ဖတ်လေ့ရှိတယ်။ ပုံသေအလေ့အကျင့်တစ်ခုဖြစ်တယ်။
၄၅။ စာအုပ်တွေကို ငမ်းငမ်းတက် ဖတ်တယ်။ စာအုပ်တိုင်းက အသိပညာအသစ်တစ်ခုခုပေးတယ်လို့ ယူဆတယ်။
၄၆။ အတွင်းအဇ္စျတ္တရဲ့အသံကို နားထောင်တယ်။ ခံစားသိစိတ်ကို ယုံကြည်တယ်။
၄၇။ အခြားသူတွေရဲ့ အသံကိုလည်း နားထောင်တတ်တယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေချတတ်ပေမယ့် အခြားသူတွေရဲ့ ထင်မြင်ယူဆချက်ကို ထည့်စဉ်းစားလေ့ရှိတယ်။
၄၈။ အတိတ်ကို လွမ်းမနေတတ်ဘူး။ အားလုံးကို မေ့ပြီး ရှေ့ဆက်ဖို့ပဲ စဉ်းစားတတ်တယ်။
၄၉။ လိုချင်တာအတွက် ပေးဆပ်ဖို့ ဝန်မလေးဘူး။ ပိုပြီးအောင်မြင်မှုအတွက် ပိုပြီးပေးဆပ်ရမယ်ဆိုတာကို သဘောပေါက်ထားတယ်။
၅၀။ စိတ်ကူးအိပ်မက်တွေကို ဘယ်တော့မှ မစွန့်ပစ်ဘူး။ ကိုယ့်ရဲ့တစိတ်တဒေသအဖြစ် အမြဲရှိနေတတ်တယ်။
သင်ရော စွန့်ဦးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ မွေးလာတာပါလား ? ဒီအလေ့အကျင့်တွေ ရှိနေပြီဆိုရင်တော့ လုပ်စရာရှိတာကို အခုပဲထလုပ်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။
GM ရဲ့ တခြား စီးပွားရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/money/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================