မေျပာခင္မွာ စဥ္းစားပါ။


မေျပာခင္မွာ စဥ္းစားပါ။

သူတို႔ေျပာတဲ့စကားရဲ႕ အက်ိဳးဆက္ကိုမသိပဲ ေျပာခ်င္ရာေျပာတတ္သူေတြကို သင္ေတြ႕ဖူးပါသလား။ တစ္ေယာက္ေယာက္ရဲ႕ အေျပာ ဒါမွမဟုတ္ လုပ္ရပ္ကို ခ်က္ခ်င္းတုံ႔ျပန္ၿပီး စြပ္စြဲခ်က္ေတြနဲ႔ တိုက္ခိုက္တတ္သူေတြကိုေရာ ၾကံဳဖူးပါသလား။ ဒီလိုအေျပာမတတ္တာေတြက လူမႈဆက္ဆံေရးကို ထိခိုက္ေစႏိုင္သလို စီးပြားေရးကိစၥေတြမွာဆိုရင္လည္း အလုပ္အကိုင္အေပၚမွာ မေကာင္းတဲ့အက်ိဳးသက္ေရာက္မႈေတြ ရွိလာႏိုင္ပါတယ္။

ဒီလိုအေျပာမတတ္တာမ်ိဳးကို အျခားသူေတြဆီမွာ သင္ေတြ႕ဖူးသလို သင္ကိုယ္တုိင္လည္း ျဖစ္ေနႏိုင္ပါတယ္။ အလုပ္မွာပဲျဖစ္ျဖစ္၊ သူငယ္ခ်င္းေတြၾကားပဲျဖစ္ျဖစ္ လူအမ်ားစုဟာ သူတို႔စိတ္ထဲရွိတာေတြကို မစဥ္းစားမဆင္ျခင္ပဲ ေျပာေလ့ရွိၾကပါတယ္။ ဒီလို မ်က္ႏွာလႊဲခဲပစ္ ေျပာခ်င္ရာေျပာတတ္သူေတြ အမ်ားႀကီးရွိပါတယ္။ စကားကို မဆင္မျခင္ေျပာတဲ့အတြက္ တဖက္သားကို ထိခိုက္ေစၿပီးမွ သူတို႔ေျပာမိလိုက္တာေတြအတြက္ ျပန္ေနာင္တရ ၀မ္းနည္းသြားတတ္ၾကပါတယ္။ ဒါေပမယ့္ ၾကမ္းကၽြံရင္ႏႈတ္လို႔ရ စကားကၽြံ႕ရင္ႏႈတ္လိုမရဆိုတဲ့အတိုင္း ကၽြံ႕ၿပီးသားစကားအတြက္ အဖတ္ဆယ္ဖို႔ ခက္ခဲပါတယ္။

စီးပြားေရးလုပ္ငန္းရွင္ေတြအတြက္ စကားအေျပာအဆိုက ဘယ္ေလာက္အထိ အေရးႀကီးပါသလဲ ? စီးပြားေရး ေခါင္းေဆာင္ေတြအတြက္ သူတို႔ေျပာတဲ့စကားေတြက ေအာင္ျမင္မႈ၊ ႐ံႈးနိမ့္မႈကို ကြာျခားသြားေစႏိုင္တာေၾကာင့္ ေသခ်ာစဥ္းစားေျပာဆိုသင့္ပါတယ္။ ဟုတ္ပါတယ္။ စကားလံုးကို ဂ႐ုတစိုက္မေရြးခ်ယ္တတ္တဲ့ ေခါင္းေဆာင္ တစ္ခ်ိဳ႕လည္း ေအာင္ျမင္ေကာင္း ေအာင္ျမင္ပါလိမ့္မယ္။ ဒါေပမယ့္ စစ္မွန္တဲ့ေခါင္းေဆာင္ေကာင္းေတြတိုင္းက စကားေျပာေကာင္းသူေတြပဲ ျဖစ္ပါတယ္။

(စကားေျပာေကာင္းသူျဖစ္ဖိုု႕
http://mmgentleman.com/2015/11/06/4-2/ )

၁၉၆၀ ခုႏွစ္ ဇန္န၀ါရီလ (၂၀)ရက္ေန႔မွာ အေမရိကန္သမၼတ John F.Kennedy ေျပာခဲ့တဲ့စကားတစ္ခုရွိပါတယ္။အေမရိကန္ႏိုင္ငံသားအေပါင္းတို႔၊ သင္တို႔အတြက္ ႏိုင္ငံက ဘာလုပ္ေပးႏိုင္လဲဆိုတာကို မေမးပါနဲ႔၊ သင့္ႏိုင္ငံအတြက္ သင္ဘာလုပ္ေပးႏိုင္မလဲဆိုတာကိုသာ ေမးပါဆိုတဲ့ သူ႔ရဲ႕စကားက နာမည္ေက်ာ္လူႀကိဳက္မ်ားခဲ့ပါတယ္။

ကၽြန္ေတာ္တို႔ေျပာတဲ့စကားလံုးတိုင္းမွာ စိတ္ခံစားမႈေတြပါ၀င္ေနတတ္သလို ႀကီးမားတဲ့ သက္ေရာက္မႈေတြ ရွိႏိုင္ပါတယ္။ မန္ေနဂ်ာတစ္ေယာက္ ဒါမွမဟုတ္ အလုပ္ရွင္တစ္ေယာက္ရဲ႕ စကားတစ္ခြန္းက အစပထမမွာ ဘယ္လို အက်ိဳးအေၾကာင္း ဆီေလ်ာ္မႈမရွိသလို ထင္ရပါတယ္။ ဒါေပမယ့္ ဒီလို ဘယ္ေတာ့မွမထင္လိုက္ပါနဲ႔။ စကားလံုးတိုင္းမွာ စြမ္းအားရွိပါတယ္။ စကားလံုးေတြက စိတ္အားတက္ၾကြမႈကိုေပးစြမ္းႏိုင္သလို စိတ္ဓာတ္က်ဆင္မႈကိုလည္း ျဖစ္ေစႏိုင္ပါတယ္။

စကားလံုးေတြက အျခားသူေတြကို လႊမ္းမိုးႏိုင္ၿပီး လုပ္ငန္းခြင္နဲ႔ အျပင္ေလာကမွာ ဆက္ဆံေရးေတြ တည္ေဆာက္ေပးႏိုင္သလို ဖ်က္စီးပစ္ႏိုင္ပါတယ္။ စကားအေျပာအဆိုေၾကာင့္ အေကာင္းအဆိုး ႏွစ္ဖက္စလံုးကို အႀကီးအက်ယ္ေျပာင္းလဲသြားေစႏိုင္ပါတယ္။

ေအဒီ ၁၆၁ ကေန ၁၈၀ အထိ စိုးစံခဲ့တဲ့ ႐ုိမန္အင္ပါရာအရွင္၊ အေတြးအေခၚပညာရွင္ Marcul Aurelius က ဘ၀မွာ ဘယ္ကိစၥကိုမဆို ေနာက္ဆံုးလုပ္ရသလို လုပ္ေဆာင္ပါ လို႔ ေျပာခဲ့ဖူးပါတယ္။ ဒီလိုပါပဲ။ သင့္စကားေျပာမယ္ဆုိရင္လည္း ေနာက္ဆံုးစကားေတြကို ေျပာသလို စကားလံုးတိုင္းကို ေသခ်ာေျပာဖို႔ လိုပါတယ္။ တစ္ခါတစ္ေလက်ေတာ့လည္း ဘာမွမေျပာတာက ပိုေကာင္းပါတယ္။ ဒါ့ေၾကာင့္ ေကာင္းတာတစ္ခုခု မေျပာႏိုင္ဘူးဆိုရင္ ဘာမွမေျပာတာ အေကာင္းဆံုးျဖစ္ပါတယ္။

(အသက္သံုုးဆယ္မတိုုင္ခင္ က်ဴးလြန္ထားသင့္သည့္အမွားမ်ား
http://mmgentleman.com/2015/11/02/m-3/ )

အေမရိကန္တိုင္းျပဳျပည္ျပဳပုဂၢိဳဟ္ႀကီး Benjamin Franklin ကလည္း မွန္ကန္တဲ့ေနရာမွာ မွန္ကန္တဲ့စကားေျပာတတ္ဖို႔ထက္ မလိုလားအပ္တဲ့စကားေတြကို မေျပာတတ္ဖို႔က ပိုခက္ခဲတယ္လို႔ ေျပာခဲ့ဖူးပါတယ္။ သင္ေျပာတဲ့စကားလံုးတိုင္းက အရာအားလံုးကို ၿပီးေျမာက္ေအာင္ျမင္ေစႏိုင္သလို၊ အရာအားလံုး ဆံုး႐ႈံးသြားေစႏိုင္တဲ့အတြက္ ဂရုတစိုက္ေရြးခ်ယ္တတ္ဖို႔ လိုပါတယ္။ မေကာင္းတဲ့ စကားတစ္ခြန္းက လူတစ္ေယာက္ရဲ႕ တစ္ေန႔တာကို ဖ်က္စီးပ်က္ႏိုင္ပါတယ္။ ဆန္႔က်င္ဘက္အေနနဲ႔ အျပဳသေဘာေဆာင္တဲ့ အားေပးစကားတစ္ခြန္းက လူေတြကို ေက်နပ္ေပ်ာ္ရႊင္ေစႏိုင္ပါတယ္။

အသံေနအသံထား၊ အမူအယာ စတဲ့ သင့္စကားေျပာတဲ့ပံုစံက သင္ဘယ္လိုလူမ်ိဳးလဲဆိုတာကို ထင္ဟပ္ေနၿပီး သင္ပတ္၀န္းက်င္က အရာအားလံုးအေပၚမွာ သက္ေရာက္မႈရွိပါတယ္။ စကားအေျပာအဆိုက သင့္ရဲ႕အလုပ္မွာေရာ၊ လူမႈေရးဘ၀မွာပါ သင္ရဲ႕ေအာင္ျမင္မႈကို ေဆာင္က်ဥ္းေပးႏိုင္သလို ႐ႈံးနိမ့္မႈေတြကို ေပးဖို႔လည္း အဆင္သင့္ပါပဲ။ ဒါ့ေၾကာင့္ ဘာစကားပဲျဖစ္ျဖစ္ မေျပာခင္မွာ စဥ္းစားပါ။ ကြဲျပားျခားနားမႈကို ေတြ႕ရပါလိမ့္မယ္။

GM ရဲ့ တျခား လူမႈေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/social/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။ 

—————————————————————————- 

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

မပြောခင်မှာ စဉ်းစားပါ။

သူတို့ပြောတဲ့စကားရဲ့ အကျိုးဆက်ကိုမသိပဲ ပြောချင်ရာပြောတတ်သူတွေကို သင်တွေ့ဖူးပါသလား။ တစ်ယောက်ယောက်ရဲ့ အပြော ဒါမှမဟုတ် လုပ်ရပ်ကို ချက်ချင်းတုံ့ပြန်ပြီး စွပ်စွဲချက်တွေနဲ့ တိုက်ခိုက်တတ်သူတွေကိုရော ကြုံဖူးပါသလား။ ဒီလိုအပြောမတတ်တာတွေက လူမှုဆက်ဆံရေးကို ထိခိုက်စေနိုင်သလို စီးပွားရေးကိစ္စတွေမှာဆိုရင်လည်း အလုပ်အကိုင်အပေါ်မှာ မကောင်းတဲ့အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

ဒီလိုအပြောမတတ်တာမျိုးကို အခြားသူတွေဆီမှာ သင်တွေ့ဖူးသလို သင်ကိုယ်တိုင်လည်း ဖြစ်နေနိုင်ပါတယ်။ အလုပ်မှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေကြားပဲဖြစ်ဖြစ် လူအများစုဟာ သူတို့စိတ်ထဲရှိတာတွေကို မစဉ်းစားမဆင်ခြင်ပဲ ပြောလေ့ရှိကြပါတယ်။ ဒီလို မျက်နှာလွှဲခဲပစ် ပြောချင်ရာပြောတတ်သူတွေ အများကြီးရှိပါတယ်။ စကားကို မဆင်မခြင်ပြောတဲ့အတွက် တဖက်သားကို ထိခိုက်စေပြီးမှ သူတို့ပြောမိလိုက်တာတွေအတွက် ပြန်နောင်တရ ဝမ်းနည်းသွားတတ်ကြပါတယ်။ ဒါပေမယ့် ကြမ်းကျွံရင်နှုတ်လို့ရ စကားကျွံ့ရင်နှုတ်လိုမရဆိုတဲ့အတိုင်း ကျွံ့ပြီးသားစကားအတွက် အဖတ်ဆယ်ဖို့ ခက်ခဲပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေအတွက် စကားအပြောအဆိုက ဘယ်လောက်အထိ အရေးကြီးပါသလဲ ? စီးပွားရေး ခေါင်းဆောင်တွေအတွက် သူတို့ပြောတဲ့စကားတွေက အောင်မြင်မှု၊ ရှုံးနိမ့်မှုကို ကွာခြားသွားစေနိုင်တာကြောင့် သေချာစဉ်းစားပြောဆိုသင့်ပါတယ်။ ဟုတ်ပါတယ်။ စကားလုံးကို ဂရုတစိုက်မရွေးချယ်တတ်တဲ့ ခေါင်းဆောင် တစ်ချို့လည်း အောင်မြင်ကောင်း အောင်မြင်ပါလိမ့်မယ်။ ဒါပေမယ့် စစ်မှန်တဲ့ခေါင်းဆောင်ကောင်းတွေတိုင်းက စကားပြောကောင်းသူတွေပဲ ဖြစ်ပါတယ်။

(စကားပြောကောင်းသူဖြစ်ဖို့
http://mmgentleman.com/2015/11/06/4-2/ )

၁၉၆၀ ခုနှစ် ဇန်နဝါရီလ (၂၀)ရက်နေ့မှာ အမေရိကန်သမ္မတ John F.Kennedy ပြောခဲ့တဲ့စကားတစ်ခုရှိပါတယ်။ “အမေရိကန်နိုင်ငံသားအပေါင်းတို့၊ သင်တို့အတွက် နိုင်ငံက ဘာလုပ်ပေးနိုင်လဲဆိုတာကို မမေးပါနဲ့၊ သင့်နိုင်ငံအတွက် သင်ဘာလုပ်ပေးနိုင်မလဲဆိုတာကိုသာ မေးပါ”ဆိုတဲ့ သူ့ရဲ့စကားက နာမည်ကျော်လူကြိုက်များခဲ့ပါတယ်။

ကျွန်တော်တို့ပြောတဲ့စကားလုံးတိုင်းမှာ စိတ်ခံစားမှုတွေပါဝင်နေတတ်သလို ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ မန်နေဂျာတစ်ယောက် ဒါမှမဟုတ် အလုပ်ရှင်တစ်ယောက်ရဲ့ စကားတစ်ခွန်းက အစပထမမှာ ဘယ်လို အကျိုးအကြောင်း ဆီလျော်မှုမရှိသလို ထင်ရပါတယ်။ ဒါပေမယ့် ဒီလို ဘယ်တော့မှမထင်လိုက်ပါနဲ့။ စကားလုံးတိုင်းမှာ စွမ်းအားရှိပါတယ်။ စကားလုံးတွေက စိတ်အားတက်ကြွမှုကိုပေးစွမ်းနိုင်သလို စိတ်ဓာတ်ကျဆင်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။

စကားလုံးတွေက အခြားသူတွေကို လွှမ်းမိုးနိုင်ပြီး လုပ်ငန်းခွင်နဲ့ အပြင်လောကမှာ ဆက်ဆံရေးတွေ တည်ဆောက်ပေးနိုင်သလို ဖျက်စီးပစ်နိုင်ပါတယ်။ စကားအပြောအဆိုကြောင့် အကောင်းအဆိုး နှစ်ဖက်စလုံးကို အကြီးအကျယ်ပြောင်းလဲသွားစေနိုင်ပါတယ်။

အေဒီ ၁၆၁ ကနေ ၁၈၀ အထိ စိုးစံခဲ့တဲ့ ရိုမန်အင်ပါရာအရှင်၊ အတွေးအခေါ်ပညာရှင် Marcul Aurelius က ဘဝမှာ ဘယ်ကိစ္စကိုမဆို နောက်ဆုံးလုပ်ရသလို လုပ်ဆောင်ပါ လို့ ပြောခဲ့ဖူးပါတယ်။ ဒီလိုပါပဲ။ သင့်စကားပြောမယ်ဆိုရင်လည်း နောက်ဆုံးစကားတွေကို ပြောသလို စကားလုံးတိုင်းကို သေချာပြောဖို့ လိုပါတယ်။ တစ်ခါတစ်လေကျတော့လည်း ဘာမှမပြောတာက ပိုကောင်းပါတယ်။ ဒါ့ကြောင့် ကောင်းတာတစ်ခုခု မပြောနိုင်ဘူးဆိုရင် ဘာမှမပြောတာ အကောင်းဆုံးဖြစ်ပါတယ်။

(အသက်သုံးဆယ်မတိုင်ခင် ကျူးလွန်ထားသင့်သည့်အမှားများ
http://mmgentleman.com/2015/11/02/m-3/ )

အမေရိကန်တိုင်းပြုပြည်ပြုပုဂ္ဂိုဟ်ကြီး Benjamin Franklin ကလည်း မှန်ကန်တဲ့နေရာမှာ မှန်ကန်တဲ့စကားပြောတတ်ဖို့ထက် မလိုလားအပ်တဲ့စကားတွေကို မပြောတတ်ဖို့က ပိုခက်ခဲတယ်လို့ ပြောခဲ့ဖူးပါတယ်။ သင်ပြောတဲ့စကားလုံးတိုင်းက အရာအားလုံးကို ပြီးမြောက်အောင်မြင်စေနိုင်သလို၊ အရာအားလုံး ဆုံးရှုံးသွားစေနိုင်တဲ့အတွက် ဂရုတစိုက်ရွေးချယ်တတ်ဖို့ လိုပါတယ်။ မကောင်းတဲ့ စကားတစ်ခွန်းက လူတစ်ယောက်ရဲ့ တစ်နေ့တာကို ဖျက်စီးပျက်နိုင်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ အပြုသဘောဆောင်တဲ့ အားပေးစကားတစ်ခွန်းက လူတွေကို ကျေနပ်ပျော်ရွှင်စေနိုင်ပါတယ်။

အသံနေအသံထား၊ အမူအယာ စတဲ့ သင့်စကားပြောတဲ့ပုံစံက သင်ဘယ်လိုလူမျိုးလဲဆိုတာကို ထင်ဟပ်နေပြီး သင်ပတ်ဝန်းကျင်က အရာအားလုံးအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ စကားအပြောအဆိုက သင့်ရဲ့အလုပ်မှာရော၊ လူမှုရေးဘဝမှာပါ သင်ရဲ့အောင်မြင်မှုကို ဆောင်ကျဉ်းပေးနိုင်သလို ရှုံးနိမ့်မှုတွေကို ပေးဖို့လည်း အဆင်သင့်ပါပဲ။ ဒါ့ကြောင့် ဘာစကားပဲဖြစ်ဖြစ် မပြောခင်မှာ စဉ်းစားပါ။ ကွဲပြားခြားနားမှုကို တွေ့ရပါလိမ့်မယ်။
GM ရဲ့ တခြား လူမှုရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/social/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

—————————————————————————-

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

 

 

Related Posts

%%footer%%