ခေါင်းသုံးပါ။
အဓိက က အဓိကပါ။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
GM-Ads
ပထမဆုံးအကြိမ်ချစ်တင်းနှောရာမှာ အဆင်ပြေစေဖို့
မိန်းကလေးတစ်ယောက်နဲ့ ပထမဆုံး ချစ်တင်းနှောတဲ့အချိန်မှာ အတွေ့အကြုံရှိတဲ့အမျိုးသားတွေတောင်မှ အမှားတွေလုပ်တတ်ကြပါတယ်။ ပြီးတော့ မိန်းကလေးက စိတ်ထဲကနေ အမှတ်တွေပေးနေတာလည်း ဖြစ်ပါတယ်။ မိန်းကလေးတွေအတွက် ပထမဆုံးအကြိမ် ချစ်တင်းနှောရာမှာ သင့်ရဲ့ရက်ရောမှုကို ပြသရမှာ ဖြစ်ပြီး သူမနဲ့ပတ်သက်ပြီး ဘယ်လောက်ထိဂရုစိုက်တယ်ဆိုတာ ပေါ်လွင်စေရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ပထမဆုံးအကြိမ် ချစ်တင်းနှောရာမှာအဆင်ပြေဖို့အတွက် နည်းလမ်းကောင်းလေးတွေကို စုစည်း ဖော်ပြလိုက် ပါတယ်။
ချိန်သားကိုက်ဖြစ်ပါစေ။
မိန်းကလေးတစ်ယောက်နဲ့ သုံးကြိမ်ချိန်းတွေ့ပြီးတာနဲ့ အတူနေလို့ရတယ်ဆိုတာ မဟုတ်ပါဘူး။ အမျိုးသမီးတွေ ကို မေးမြန်းပြီး ကောက်ယူထားတဲ့စစ်တမ်းတွေအရ သူတို့အနေနဲ့ အမျိုးသားတစ်ယောက်နဲ့ အတူမအိပ်ခင် အနည်းဆုံးရှစ်ကြိမ်လောက်ချိန်းတွေ့လိုကြတယ်လို့ သိရပါတယ်။ သူမအဆင်သင့်ဖြစ်တဲ့အခါမှာ သဲလွန်စတွေ ပေးပါလိမ့်မယ်။ ဥပမာ – ညစာစားဖို့ ဖိတ်တာလိုမျိုး၊ သူမရဲ့အခန်းဖော်မရှိတဲ့အကြောင်းပြောနေတာမျိုး စတဲ့ သင်နဲ့လုံး၀နှစ်ယောက်တည်းဖြစ်မယ်အခြေအနေမျိုးတွေကို သူမဖန်တီးနေပြီဆိုရင် မီးစိမ်းပြတယ်လို့ မှတ်ယူနိုင်ပါတယ်။
နှုတ်ခမ်းတွေ သွက်ပါစေ။
သူမကို အနမ်းတွေပေးတာဟာ သင့်အနေနဲ့ ချစ်တင်းနှောတဲ့ကိစ္စနဲ့ သိပ်မစိမ်းဘူးဆိုတာကို ဖော်ပြတာပဲ ဖြစ်ပါတယ်။ အမျိုးသမီး (၇)ယောက်မှာ တစ်ယောက်ပဲ အကြိုနမ်းရှုံ့နူးနှပ်တာတွေမလုပ်ပဲ အတူနေတတ် ကြပါတယ်။ နောက်ထပ်အရေးကြီးတာက အမျိုးသမီးတွေရဲ့ သုံးပုံပုံနှစ်ပုံလောက်က ပထမဆုံးအနမ်းကို စိတ်ပျက်တာကြောင့် အဆက်အသွယ်ဖြတ်တတ်ကြတယ်ဆိုတာပါပဲ။ ဒါ့ကြောင့် သင့်ရဲ့လျှာနဲ့ သူမနှုတ်ခမ်းသားတွေကို ထိတွေ့နေမယ့်အစား နူးညံ့ညင်သာစွာ စုပ်ယူနမ်းရှုံ့တာမျိုးက ပိုပြီး အကျိုးသက်ရောက်စေပါတယ်။
ဖြည်းဖြည်းချင်းလှုပ်ရှားပါ။
သူမရဲ့ အောက်ပိုင်းကို ထိတွေ့ကိုင်တွယ်တာတွေ မလုပ်ခင်မှာ အနည်းဆုံး (၁၅)မိနစ်လောက်အချိန်ယူပြီး နမ်းတာ၊ ပွတ်သပ်ပေးတာတွေကို လုပ်ပေးဖို့လိုပါတယ်။ အမျိုးသမီးအများစုက သူတို့ရဲ့အောက်ပိုင်းလှုံ့ဆော်မှု တွေ မတောင့်တခင် စိတ်ကြွလာဖို့အတွက် အချိန်(၈)မိနစ်လောက်အထိ ကြာတတ်ပါတယ်။ သင့်ရဲ့လက် တွေကို တင်ပါးအပြင်ဖက်မှာ လှုပ်ရှားနေရင်းနဲ့မှာ ပေါင်ကြားကို တဖြည်းဖြည်းချင်း ရွှေ့လာသင့်ပါတယ်။
GM-Ads
ခေါင်းသုံးပါ။
သူမစိတ်ပါလာပြီဆိုရင်တော့ အောက်ပိုင်းကို တဖြည်းဖြည်းချင်း နမ်းရင်းဆင်းသွားလို့ရပါပြီ။ အဓိကနေရာအထိ မရောက်ခင် အချိန်(၁၀)မိနစ်(၁၅)မိနစ်လောက်ယူပြီး တဆင့်ချင်းအနမ်းတွေပေးသွားရမှာပါ။ အဓိကနေရာမှာ တော့ သင့်ရဲ့အစွမ်းပါပဲ။
အဓိက က အဓိကပါ။
အမျိုးသမီးတွေရဲ့ (၃၈)ရာခိုင်နှုန်းက (၁၀)မိနစ်ကနေ မိနစ်(၂၀)လောက်အထိ အသွင်းအထုတ်လုပ်ပြီး ဆက်ဆံတာကို သဘောကျကြပါတယ်။ ကာမာဆူတရာစာအုပ်ထဲက လိင်ဆက်ဆံပုံအနေအထားတွေကို မေ့ထားလိုက်ပါ။ ဒီအချိန်မှာအသုံးမဝင်သေးပါဘူး။ သူမကို ပက်လက်အနေအထားနဲ့ ဒူးနှစ်ဖက်အနည်းငယ် ကွေးထားပါစေ။ ခေါင်းအုံးတွေကို တင်ပါးအောက်၊ နောက်ကျော်အောက်နဲ့ ခေါင်းအောက်မှာ ထားပေးထားပါ။ ဒီအနေအထားမှာ သူမရဲ့ Clit ကို လက်နဲ့ဆက်တိုက်နှိုးဆွပေးပါ။
အဆုံးသတ်လည်းကောင်းပါစေ။
သူမကို ခဏတာသာယာမှုအတွက်ပဲ မဟုတ်ဘူးဆိုတာကို သူမသိစေဖို့လိုအပ်ပါတယ်။ ကိစ္စပြီးသွားပြီဆိုရင် လည်း ပွေ့ဖက်ထားပေးပါ။ အမျိုးသမီးတွေရဲ့ (၅၀)ရာခိုင်နှုန်းကျော်က မိနစ်(၂၀)လောက်အထိ နီးစပ်ထိတွေ့ နေရတာကို သဘောကျ ကြပါတယ်။ လက်ကလေးကိုင်ထားတာ၊ သူမရဲ့ဗိုက်ပေါ်ကနေ လက်တစ်ဖက် သိုင်းဖက် ထားတာမျိုးလောက်ဆိုရင်ပဲ လုံလောက်ပါတယ်။ ပြီးတော့ နောက်ဆက်တွဲကိစ္စတွေဖြစ်တဲ့ အတူနေပြီး နောက်တစ်နေ့မှာ ဖုန်းဆက်တာတို့၊ အီးမေးလ်ပို့တာ၊ မက်ဆေ့ဂ်ျပို့တာတွေကို လုပ်ပေးဖို့ မမေ့ပါနဲ့။ ဒီလိုလုပ်ပေးတာဟာ သင်ကအရမ်းစိတ်ပါနေရာမရောက်ပေမယ့် သူမအနေနဲ့ သင်နောက်တစ်ခါအတူနေချင် မှန်းကို ခံစားရစေပါတယ်။
GM ရဲ့ တခြား အချစ်ရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/love/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================