လိင္မႈဘဝ လိုအပ္ခ်က္ဟာ လူသားေတြရဲ႕ အေျခခံလိုအပ္ခ်က္တစ္ခုပါ။ အခုေခတ္ ယွဥ္ၿပိဳင္လႈပ္႐ွားေနရတဲ့ ဘဝေနမႈပံုစံေၾကာင့္ ကိုယ္ပိုင္ ကိစၥေတြြအတြက္ အခ်ိန္မရေတာ့ပါဘူး။ အဲဒိလိုအေျခအေနမွာ သင့္ရဲ႕ ႐ုန္းႂကြေနတဲ့ စိတ္ကို ထိန္းရတာ ခက္ခဲပါလိမ့္မယ္။ ေအာက္ေဖာ္ျပပါ ေဆာင္းပါးက ဘယ္လို ထိန္းခ်ဳပ္ရမလဲဆိုနာကို ေဖာ္ျပေပးမွာပါ။
၁. လက္ခံမႈ
သင့္ရဲ႕ လိင္ဆက္ဆံလိုစိတ္ကို ထိန္းခ်ဳပ္ဖို႔ ပထမေျခလွမ္းကေတာ့ ခုလို လိုအပ္ခံစားေနတာ ႐ွက္စရာမဟုတ္ဖူးဆိုတာ လက္ခံေပးဖို႔ပါပဲ။ လူမႉ အသိုင္းအဝိုင္းက ဒီလို ခံစားရမႈကို မေကာင္းတဲ့ ခံစားမႈအျဖစ္ သတ္မွတ္ၾကၿပီး ကြၽန္ေတာ္တို႔ရဲ႕ အဲဒိ ခံစားခ်က္ေတြကို ဘဝရဲ႕ တစ္စိတ္တစ္ပိုင္းအျဖစ္ လက္ခံထားမယ့္အစား သိုဝွက္ထားဖို႔ အားေပးတတ္ၾကပါတယ္။
ဘာသာတရားေတြဟာ လိင္ဆက္ဆံတာကို အျပစ္တစ္ခုလို ေဖာ္ျပၾကၿပီး ဆက္ဆံလိုစိတ္ကိုေတာ့ မေကာင္းဆိုးရြားနဲ႔ ပံုႏိႈင္းၾကပါတယ္။ တကယ္ေတာ့ ဒီစိတ္ေတြဟာ ဘဝလိုအပ္ခ်က္ေတြပါ။ လူသားေတြ လိင္ကိစၥအေၾကာင္း စဥ္းစားတာကို ထိန္းလို႔မရပါဘူး။ ဒီခံစားမႈကို လက္ခံထားၿပီး ထိန္းသိုထားျခင္းျဖင့္ သင့္ရဲ႕ ခံစားခ်က္ေတြကို ထိန္းထားႏိုင္မွာပါ။
ပံုုမွန္ လိင္ဆက္ဆံသင့္တဲ့အေၾကာင္းရင္း ငါးခုု
၂. လွံု႔ဆြေပးေသာ အရာမ်ား
သင့္ရဲ႕ လိင္ခံစားမႈကို ထိန္းခ်ဳပ္ဖို႔ ဒုတိယေျခလွမ္းကေတာ့ အဲဒီစိတ္ေတြ ဘယ္လို စျဖစ္လာလဲဆိုတာ သိဖို႔ပါ။ လူသားေတြဟာ လိင္စိတ္ႂကြေစတဲ့ အရာေတြနဲ႔ ဝန္းရံထားခံရၿပီး ေန႔စဥ္ဘဝရဲ႕ အစိတ္အပိုင္းလိုကို ျဖစ္ေနတာပါ။ လိင္ကိစၥကို စိတ္မေရာက္ေသးတဲ့ လူအဖို႔မွာေတာ့ အဲဒိအရာေတြဟာ သူ႔ဘာသာ ေက်ာ္ျဖတ္သြားၾကၿပီး လိင္စိတ္ႂကြေနသူအဖို႔ကေတာ့ ျမင္ျမင္ကရာက အေႏွာင့္အယွက္ေပးေနပါတယ္။ အဲဒိ အရာေတြကို သိထားျခင္းဟာ ဦးေႏွာက္ထဲက အဲဒိအရာေတြကို ႐ွင္းထုတ္ဖို႔ အကူအညီေပးပါတယ္။
၃. စိတ္ခြန္အား
လံုေလာက္တဲ့ စိတ္ခြန္အား႐ွိရင္ ေတာင္တစ္လံုးကိုေတာင္ ေရႊ႔ႏိုင္ပါတယ္။ လိင္စိတ္ကို ထိန္းတာေလာက္ကေတာ့ အေပ်ာ့ေပါ့။ လိင္စိတ္အေတြးေတြကို လံုးဝ အျမစ္ျဖတ္လို႔ မရေပမယ့္ ေန႔စဥ္ဘဝကို အေႏွာက္အယွက္ မျဖစ္တဲ့ အေျခအေနထိ နည္းသြားေအာင္ေတာ့ ေလ်ွာ့ခ်ပစ္ႏိုင္ပါတယ္။ စိတ္ခြန္အားတိုးေစတဲ့ စာတစ္ခုဟာ သင့္ရဲ႕ တစ္ေန႔တာကို အေႏွာက္အယွက္ ကင္းကင္း ေက်ာ္ျဖတ္ေစႏိုင္ပါတယ္။
၄. ပံုစံေျပာင္းလဲျခင္း
သင့္ရဲ႕ တက္ႂကြေနတဲ့ လိင္စိတ္ကို တျခားေနရာတစ္ခုခုကို ေျပာင္းလႊဲပစ္လိုက္ျခင္းဟာ သင့္စိတ္ကို ႐ွင္းလင္းသြားေစရံုသာမက အသစ္တစ္ခုခုကိုပါ ဖန္တီးႏိုင္ဖို႔ အေထာက္အကူေပးပါတယ္။ ေန႔တစ္ေန႔ကုန္ဆံုးခ်ိန္မွာ စိတ္ဆႏၵဆိုတာ လိုအပ္တာမရလို႔ ႐ုန္းႂကြလာတဲ့ ခံစားမႈတစ္ခုပါပဲ။ အဲဒါကို တျခား ေနရာကို အာရံုလႊဲေပးပါ။ စာဖတ္ပါ။ ကဗ်ာေရးပါ။ ပန္းခ်ီဆြဲပါ။
ပန္းေသပန္းညွိဳးေရာဂါကိုု ဘယ္လိုု ကာကြယ္မလဲ
၅. ေလ့က်င့္ခန္းလုပ္ပါ
သင့္စြမ္းအင္ေတြကို တျခားေနရာတစ္ခုခုမွာ ကုန္ဆံုးပစ္လိုက္တာပါ။ သင့္ကိုလဲ ေနရထိုင္ရ ေကာင္းေစပါတယ္။ ေစာေစာထ၊ မနက္ခင္း ေျပးပါ။ တစ္ပါတ္ သံုးႀကိမ္ ေရကူးဖို႔ အက်င့္လုပ္ထားပါ။ အလုပ္မလုပ္ခင္ မနက္တိုင္းလဲ Gym သြားႏိုင္ပါတယ္။ သင့္ရဲ႕ ကိုယ္ခႏၶာကို ေလ့က်င့္ခန္းေတြ လုပ္ေပးျခင္းျဖင့္ သင့္ စိတ္ကိုလဲ ပိုၿပီး ထိန္းခ်ဳပ္ႏိုင္ပါတယ္။
၆. အကူအညီေတာင္းပါ
ဘယ္အရာကမွ သင့္စိတ္ကို လိင္ကိစၥကေန အာရံုလႊဲမရဘူးဆိုရင္ ျပသနာ ႐ွိပါတယ္။ သင္က Relationship နဲ႔ဆိုရင္ သင့္ပါတနာကို သင္ လိုအပ္ေနေၾကာင္း ေျပာျပပါ။ အခ်ိန္မွန္မွန္ လိင္ဆက္ဆံရင္ေတာ့ ဒီျပသနာေတြ ေလ်ာ့ပါးသြားႏိုင္ပါတယ္။ ဒါမွ မရေသးရင္ေတာ့ သင့္ဆရာဝန္၊ စိတ္ပညာ႐ွင္တို႔နဲ႔ တိုင္ပင္ၾကည့္ပါ။ ေဆးဝါးနဲ႔ ကုထံုးေတြ အမ်ားႀကီး ႐ွိပါတယ္။
GM ရဲ့ တျခား က်န္းမာေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/health/
မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။
—————————————————————————-
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
လိင်ဆက်ဆံလိုစိတ်ကို ဘယ်လို ထိန်းရမလဲ??
လိင်မှုဘဝ လိုအပ်ချက်ဟာ လူသားတွေရဲ့ အခြေခံလိုအပ်ချက်တစ်ခုပါ။ အခုခေတ် ယှဉ်ပြိုင်လှုပ်ရှားနေရတဲ့ ဘဝနေမှုပုံစံကြောင့် ကိုယ်ပိုင် ကိစ္စတွေအတွက် အချိန်မရတော့ပါဘူး။ အဲဒိလိုအခြေအနေမှာ သင့်ရဲ့ ရုန်းကြွနေတဲ့ စိတ်ကို ထိန်းရတာ ခက်ခဲပါလိမ့်မယ်။ အောက်ဖော်ပြပါ ဆောင်းပါးက ဘယ်လို ထိန်းချုပ်ရမလဲဆိုနာကို ဖော်ပြပေးမှာပါ။
၁. လက်ခံမှု
သင့်ရဲ့ လိင်ဆက်ဆံလိုစိတ်ကို ထိန်းချုပ်ဖို့ ပထမခြေလှမ်းကတော့ ခုလို လိုအပ်ခံစားနေတာ ရှက်စရာမဟုတ်ဖူးဆိုတာ လက်ခံပေးဖို့ပါပဲ။ လူမှူ အသိုင်းအဝိုင်းက ဒီလို ခံစားရမှုကို မကောင်းတဲ့ ခံစားမှုအဖြစ် သတ်မှတ်ကြပြီး ကျွန်တော်တို့ရဲ့ အဲဒိ ခံစားချက်တွေကို ဘဝရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လက်ခံထားမယ့်အစား သိုဝှက်ထားဖို့ အားပေးတတ်ကြပါတယ်။
ဘာသာတရားတွေဟာ လိင်ဆက်ဆံတာကို အပြစ်တစ်ခုလို ဖော်ပြကြပြီး ဆက်ဆံလိုစိတ်ကိုတော့ မကောင်းဆိုးရွားနဲ့ ပုံနှိုင်းကြပါတယ်။ တကယ်တော့ ဒီစိတ်တွေဟာ ဘဝလိုအပ်ချက်တွေပါ။ လူသားတွေ လိင်ကိစ္စအကြောင်း စဉ်းစားတာကို ထိန်းလို့မရပါဘူး။ ဒီခံစားမှုကို လက်ခံထားပြီး ထိန်းသိုထားခြင်းဖြင့် သင့်ရဲ့ ခံစားချက်တွေကို ထိန်းထားနိုင်မှာပါ။
ပုံမှန် လိင်ဆက်ဆံသင့်တဲ့အကြောင်းရင်း ငါးခု
၂. လှုံ့ဆွပေးသော အရာများ
သင့်ရဲ့ လိင်ခံစားမှုကို ထိန်းချုပ်ဖို့ ဒုတိယခြေလှမ်းကတော့ အဲဒီစိတ်တွေ ဘယ်လို စဖြစ်လာလဲဆိုတာ သိဖို့ပါ။ လူသားတွေဟာ လိင်စိတ်ကြွစေတဲ့ အရာတွေနဲ့ ဝန်းရံထားခံရပြီး နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းလိုကို ဖြစ်နေတာပါ။ လိင်ကိစ္စကို စိတ်မရောက်သေးတဲ့ လူအဖို့မှာတော့ အဲဒိအရာတွေဟာ သူ့ဘာသာ ကျော်ဖြတ်သွားကြပြီး လိင်စိတ်ကြွနေသူအဖို့ကတော့ မြင်မြင်ကရာက အနှောင့်အယှက်ပေးနေပါတယ်။ အဲဒိ အရာတွေကို သိထားခြင်းဟာ ဦးနှောက်ထဲက အဲဒိအရာတွေကို ရှင်းထုတ်ဖို့ အကူအညီပေးပါတယ်။
၃. စိတ်ခွန်အား
လုံလောက်တဲ့ စိတ်ခွန်အားရှိရင် တောင်တစ်လုံးကိုတောင် ရွှေ့နိုင်ပါတယ်။ လိင်စိတ်ကို ထိန်းတာလောက်ကတော့ အပျော့ပေါ့။ လိင်စိတ်အတွေးတွေကို လုံးဝ အမြစ်ဖြတ်လို့ မရပေမယ့် နေ့စဉ်ဘဝကို အနှောက်အယှက် မဖြစ်တဲ့ အခြေအနေထိ နည်းသွားအောင်တော့ လျှော့ချပစ်နိုင်ပါတယ်။ စိတ်ခွန်အားတိုးစေတဲ့ စာတစ်ခုဟာ သင့်ရဲ့ တစ်နေ့တာကို အနှောက်အယှက် ကင်းကင်း ကျော်ဖြတ်စေနိုင်ပါတယ်။
၄. ပုံစံပြောင်းလဲခြင်း
သင့်ရဲ့ တက်ကြွနေတဲ့ လိင်စိတ်ကို တခြားနေရာတစ်ခုခုကို ပြောင်းလွှဲပစ်လိုက်ခြင်းဟာ သင့်စိတ်ကို ရှင်းလင်းသွားစေရုံသာမက အသစ်တစ်ခုခုကိုပါ ဖန်တီးနိုင်ဖို့ အထောက်အကူပေးပါတယ်။ နေ့တစ်နေ့ကုန်ဆုံးချိန်မှာ စိတ်ဆန္ဒဆိုတာ လိုအပ်တာမရလို့ ရုန်းကြွလာတဲ့ ခံစားမှုတစ်ခုပါပဲ။ အဲဒါကို တခြား နေရာကို အာရုံလွှဲပေးပါ။ စာဖတ်ပါ။ ကဗျာရေးပါ။ ပန်းချီဆွဲပါ။
ပန်းသေပန်းညှိုးရောဂါကို ဘယ်လို ကာကွယ်မလဲ
၅. လေ့ကျင့်ခန်းလုပ်ပါ
သင့်စွမ်းအင်တွေကို တခြားနေရာတစ်ခုခုမှာ ကုန်ဆုံးပစ်လိုက်တာပါ။ သင့်ကိုလဲ နေရထိုင်ရ ကောင်းစေပါတယ်။ စောစောထ၊ မနက်ခင်း ပြေးပါ။ တစ်ပါတ် သုံးကြိမ် ရေကူးဖို့ အကျင့်လုပ်ထားပါ။ အလုပ်မလုပ်ခင် မနက်တိုင်းလဲ Gym သွားနိုင်ပါတယ်။ သင့်ရဲ့ ကိုယ်ခန္ဓာကို လေ့ကျင့်ခန်းတွေ လုပ်ပေးခြင်းဖြင့် သင့် စိတ်ကိုလဲ ပိုပြီး ထိန်းချုပ်နိုင်ပါတယ်။
၆. အကူအညီတောင်းပါ
ဘယ်အရာကမှ သင့်စိတ်ကို လိင်ကိစ္စကနေ အာရုံလွှဲမရဘူးဆိုရင် ပြသနာ ရှိပါတယ်။ သင်က Relationship နဲ့ဆိုရင် သင့်ပါတနာကို သင် လိုအပ်နေကြောင်း ပြောပြပါ။ အချိန်မှန်မှန် လိင်ဆက်ဆံရင်တော့ ဒီပြသနာတွေ လျော့ပါးသွားနိုင်ပါတယ်။ ဒါမှ မရသေးရင်တော့ သင့်ဆရာဝန်၊ စိတ်ပညာရှင်တို့နဲ့ တိုင်ပင်ကြည့်ပါ။ ဆေးဝါးနဲ့ ကုထုံးတွေ အများကြီး ရှိပါတယ်။
GM ရဲ့ တခြား ကျန်းမာရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/health/
မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================