—————————————————————————- 
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့ 
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
ရေကူးပြီးရင် မျက်လုံးနီတာ ဘာကြောင့်လို့ ထင်ပါသလဲ
တစ်ခါတစ်လေမှာ ရောဂါပိုးမွှားတွေနဲ့ပါတ်သတ်လာရင် လျှစ်လျူရှုထားတာ ပိုကောင်းပါတယ်။ မဟုတ်ရင် နေစရာတောင် ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင်သိသင့်တာလေး နည်းနည်းတော့ ရှိပါသေးတယ်။ အမေရိကန် ကျန်းမာရေးကောင်စီနဲ့ အမျိုးသားရေကူးအသင်းတို့ ပူးပေါင်းပြီးရေကူးကန်တွေက ဘယ်လောက်အန္တရာယ်ရှိလဲဆိုတာ ပညာပေးနေပါတယ်။ သင်ရေကူးရင် တတ်နိုင်သမျှ သန့်ရှင်းအောင် ကြိုးစားပါ။
ရေကူးတာဟာ ပျော်ဖို့ကောင်းတဲ့ ကျန်းမာရေးလှုပ်ရှားမှု ဖြစ်ပါတယ်။ ဆက်ပြီးတော့လဲ ပျော်စရာကောင်းနေစေချင်ပါတယ် လို့ ရေကူးအသင်း တာဝန်ရှိသူက ပြောထားပါတယ်။
ဒါဆို ရေကူးတာနဲ့ ပါတ်သတ်ပြီး ဘယ်အချက်တွေက လန့်စရာကောင်းပါသလဲ။ ပထမဆုံးပြောရရင် ရေကူးပြီး ပြန်တက်လာတဲ့အခါ မျက်လုံးနီနေတာက ကလိုရင်းကြောင့်ပဲ မဟုတ်ပါဘူး။ ကလိုရင်းဟာ ခန္ဓာကိုယ်ကထွက်တဲ့ ချွေးတွေ သေးတွေနဲ့ ပေါင်းပြီး မျက်လုံးနီစေတဲ့ ပစ္စည်းဖြစ်သွားပါတယ်။ အဆောက်အဦထဲက ရေကူးကန်တွေမှာ ချောင်းဆိုးကြတတ်တာကတော့ ကလိုရင်းနဲ့ ချွေးသေးတွေနဲ့ ပေါင်းထားတဲ့ အငွေ့ကြောင့် ဖြစ်ပါတယ်။
ရေကူးကန်တွေမှာ သေးပေါက်မချရအောင် သေးပေါက်တာနဲ့ အရောင်ပြောင်းသွားတဲ့ ဆိုးဆေးတွေ ရှိတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် အဲဒါတွေက အလိမ်အညာတွေ များပါတယ်။ လူတွေကို ရေထဲ သေးပေါက်မချအောင် ခြောက်ရုံပါ။
ရေကူးကန်တွေကနေ ကူးစက်လာနိုင်တဲ့ ရောဂါတွေဟာ အရမ်းများပါတယ်။ ဝမ်းလျောနေတဲ့လူတွေ ရေကူးထားရင် ရောဂါပျံ့ဖို့ အရမ်းလွယ်ပါတယ်။ ခုလောလောဆယ်မှာ ကလိုရင်းကို ခံနိုင်တဲ့ ပိုးမွှားအသစ်တွေ တွေ့ရှိထားပါပြီ။ လူတွေဟာ ဝမ်းပျက်တာကူးဖို့ ရေကန်ထဲကို မစင်စွန့်ဖို့ မလိုပါဘူး။ ခန္ဓာကိုယ်ပေါ်မှာပဲ ပိုးမွှားတွေ ကပ်ငြိနေနိုင်ပါတယ်။ အဲဒါကြောင့် ရေကူးကန်ထဲ မဆင်းခင် ရေချိုးခိုင်းရတာပါ။ လူတစ်ထောင်လောက် လာကူးနေတဲ့ ရေကူးကန်မှာ ပိုးမွှားတွေ အများကြီး ရှိနေနိုင်ပါတယ်။
ဒိလို စိတ်ပျက်စရာ ကောင်းတာတွေကို ကျော်လွှားနိုင်ဖို့ နည်းလမ်တချို့တော့ ရှိပါတယ်။ နေမကောင်းရင် ရေမကူးပါနဲ့။ အနာတွေ ရှိနေတဲ့အခါ ရေမကူးပါနဲ့။
ဘယ်တော့မှ ရေကူးကန်ထဲ သေးပေါက်မချပါနဲ့။
ရိုးရိုးရေကန်တွေနဲ့ ပင်လယ်ကမ်းခြေတွေကိုလည်း လုံးဝစိတ်ချရတယ် မထင်ပါနဲ့။ ဝမ်းလျှောနေတဲ့ သူတစ်ယောက် သင့်ဘေးမှာ ရေကူးနေရင် သင့်ကို ကူးစက်မှာပါ။
ဒါကို ဖတ်ပြီးလို့မှ ရေကူးကန်သွားချင်စိတ်ရှိသေးရင်တော့ အတတ်နိုင်ဆုံး သန့်သန့်ရှင်းရှင်းဖြစ်ပါစေ။ အပျော်မလွန်ပါနဲ့။
GM ရဲ့ တခြား ဗဟုသုတနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/knowleadge/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
Related Posts
%%footer%%