ေယာက္်ားပီသခ်င္သူေတြအတြက္ Fashion အၾကံဉာဏ္ေလးမ်ား

ဒီအဝတ္အစား၊ ဒီဆံပင္ခ်ည္း ေန႔တိုင္းျမင္ေနရရင္ သင့္ပံုစံဟာ ပ်င္းစရာ ေကာင္းလာမွာပါ။ အဲဒီအခ်ိန္မွာ တျခားတစ္ေကာင္က နည္းနည္း ေတာက္ေတာက္ပပ ဝတ္စားလာရင္ ေကာင္မေလးေတြအားလံုးက သူ႔ကိုပဲ အေရးေပးမွာေပါ့။ အဲလိုၾကံဳရလို႔ မခံခ်ိမခံသာ ျဖစ္ဖူးပါသလား။

ေယာက္်ားေတမွာ မနက္ပိုင္း မွန္ေ႐ွ႕မွာ ျဖဳန္းေနဖို႔ အခ်ိန္ မ႐ွိပါဘူး။ ဒါေပမယ့္ ေငြေၾကးနဲ႔ အခ်ိန္ သိပ္မကုန္ပဲ သင့္ရဲ႕ ပံုစံကို ပုိ စတိုင္က်သြားေစမယ့္ နည္းလမ္းေလးေတြ ႐ွိတယ္ဆိုရင္ သင္လိုက္လုပ္မွာပါလား?? ဒီေအာက္မွာေတာ့ အဲဒီလို နည္းလမ္းေလး ၁၀ ခုကို ေရးျပထားပါတယ္။ SKB မ်ား ျဖစ္ၾကပါေစ။

. အဝတ္ေဟာင္းေတြ မသံုးပါနဲ႔ေတာ့

အရည္အေသြးျမင့္ ပိတ္စေတြဟာ ၾကာ႐ွည္ခံေပမယ့္ ကြၽန္ေတာ္တို႔ ဝတ္တတ္ၾကတဲ့ ပံုမွန္အဝတ္ေတြကေတာ့ ၾကာ႐ွည္မခံပါဘူး။ ရိၿပီး ျပဲေန၊ အေရာင္လြင့္ေနတဲ့ အဝတ္ေတြကို ဝတ္တာ မလန္းပါဘူး။ ထည္ ထည္ အိမ္ေနရင္းဝတ္ဖို႔ ခ်န္ထားၿပီး က်န္တာေတြကို လိုအပ္တဲ့ေနရာေပးပစ္လိုက္ပါ။

. အေမႊးအမ်ွင္ ရိတ္ပါ

မ်က္ႏွာ အေမႊးအမ်ွင္ ရိတ္တာဟာ သင့္ကိုယ္ေရာင္ကိုယ္ဝါကို ေတာက္ပလာေစႏိုင္ၿပီး လိုအပ္တာကေတာ့ မုတ္ဆိတ္ရိတ္ဓားတစ္ေခ်ာင္းနဲ႔ Shaving Gel နည္းနည္းပါ။ မုတ္ဆိတ္ထားရင္လဲ ေသေသခ်ာခ်ာ တိတိရိရိ ပံုသြင္းထားပါ။ မုတ္ဆိတ္ထိုးထိုးေထာင္ေထာင္ထြက္ေနသူထက္ ဘယ္သူမွ ၾကည့္ရမဆိုးပါဘူး။

. ေကသပါ

ဆံပင္လိမ္းဆီ ( Gel, Wax, ေခါင္းလိမ္းဆီ ) ဘယ္ဟာမဆိုဟာ သင့္ဆံပင္ကို ေလာေလာလတ္လတ္ ညႇပ္ထားသလို ပံုက်က် ျဖစ္ေစႏိုင္ပါတယ္။ သင္နဲ႔ လိုက္တဲ့ ေခါင္းလိမ္းဆီပံုစံကုိ ေသခ်ာေလ့လာၿပီး သံုးစြဲပါ။ ေခါင္းလဲ ၿဖီးပါ။

(မုုတ္ဆိတ္ေမႊးထားမယ္ဆိုုရင္
http://mmgentleman.com/2015/10/29/168941516841351/ )

. ဖိနပ္ေကာင္းေကာင္း တစ္ရန္ ဝယ္ပါ

ဖိနပ္စုတ္ေတြဟာ ဝတ္စံုေကာင္းတစ္ခုကို ဖ်က္စီးပစ္ႏုိင္ပါတယ္။ ဖိနပ္စုတ္ေတြက စီးရတာ ပိုၿပီး သက္ေတာင့္သက္တာ႐ွိတယ္ထင္ရင္ ပံုစံလဲေကာင္း၊ စီးလို႔လဲ အဆင္ေျပတဲ့ ဖိနပ္ေတြ႐ွိတာ သိထားပါ။ Dress Shoe တစ္စံုေလာက္ဆိုရင္ ေနရာတိုင္း စီးႏိုင္ၿပီး စတိုင္လဲ က်ပါတယ္။

. သင္နဲ႔ တကယ္တန္တဲ့ ဝတ္စံုကိုပဲ ႐ွာဝတ္ပါ

အသင့္ခ်ဳပ္ၿပီး ဝတ္စံုတံဆိပ္ေတာ္ေတာ္မ်ားမ်ားမွာ သင္နဲ႔ တန္တဲ့ ဆိုဒ္ ႐ွိတတ္ပါတယ္။ ႐ွာဝယ္ပါ။ ဝတ္စံု အေဟာင္း မတန္ေတာ့တဲ့ဟာေတြဆိုရင္လဲ အပ္ခ်ဳပ္ဆရာဆီမွာ သြားၿပီး ျပင္လို႔ ရပါတယ္။ ဘယ္ေတာ့မွ မတန္တာ မဝတ္ပါနဲ႔။

. ေက်ာပိုးအိတ္ ေကာင္းေကာင္း ဝယ္ပါ

အေကာင္းဆံုးကေတာ့ သင့္ရဲ႕ ေက်ာပိုးအိတ္ကို ပိုၿပီး လူႀကီးဆန္တဲ့ လက္ဆြဲအိတ္ ေျပာင္းကိုင္တာပါပဲ။ ဝင္ဆန္႔တာျခင္း အတူတူကို ပိုၿပီး အဆင့္အတန္း႐ွိေစပါတယ္။ ေက်ာပိုးအိတ္မွဆိုရင္ေတာ့ လယ္သာ၊ ဒါမွမဟုတ္ ကင္းဗတ္ကို ဝယ္ပါ။

. တျခား လိုတဲ့ ပစၥည္းေသးေသးေလးေတြ ျဖည့္ပါ

ဘိုးတိုင္ေလးေတြ၊ လက္ကိုင္ပုဝါ၊ လက္ပါတ္ေလးေတြ အားလံုးဟာ သင့္ရဲ႕ ဝတ္စံုေဟာင္းကို နည္းနည္း အေရာင္တင္ေပးႏိုင္ပါတယ္။ အကုန္လံုးကို တစ္ခါထဲ ခ်မျပလိုက္ပါနဲ႔။ နည္းနည္း နည္းနည္းျခင္းစီ တိုးဝတ္တာ ပိုေကာင္းပါတယ္။

(ပိုုလိုုရွပ္ကိုု စတိုုင္က်က်၀တ္တတ္ေစဖိုု႕
http://mmgentleman.com/2015/10/20/1-57/ )

. ေျခအိတ္အသစ္ေလးေတြ ဝယ္ပါ

ဝတ္စံုတစ္စံုကို ဖိနပ္စုတ္ေတြထက္ ပိုၿပီး ဖ်က္စီးႏိုင္တာ ေျခအိတ္စုတ္ေတြပါပဲ။ အေပါက္ပါတဲ့ ေျခအိတ္ေတြကို လႊင့္ပစ္ပါ။ အနံ႔ထြက္ေနရင္ လႊင့္ပစ္ပါ။ ေျခအိတ္အသစ္ ဝယ္ဖို႔ ပ်င္းရိျခင္းဟာ တစ္ကိုယ္ရည္သန္႔႐ွင္းေရး ညံ့တာပါပဲ။ ေျခအိတ္အေဟာင္းဆိုတာ အတြင္းခံအေဟာင္းနဲ႔ တူတူပါပဲ။

. မ်က္မွန္အသစ္ဝယ္ပါ

မ်က္မွန္ဆိုတာ သင့္မ်က္ႏွာပံုစံကုိ အေကာင္းဆံုး ေျပာင္းႏိုင္တဲ့ အရာေတြပါပဲ။ တကယ္လို႔ သင္မွာ မ်က္မွန္လဲ ႐ွိၿပီးသား ႐ုပ္လဲ ေျပာင္းခ်င္ရင္ေတာ့ ကိုင္းလဲတပ္လိုက္ပါ။ သင္ အထက္တန္းေက်ာင္းကတည္းက မ်က္မွန္ဆိုရင္ေတာ့ လဲသင့္ပါၿပီ။ ေလးေထာင့္က်က် မ်က္မွန္ေတြဟာ အေကာင္းဆံုးျဖစ္ေပမယ့္ သင့္မ်က္ႏွာနဲ႔ အလိုက္ဆံုးဟာကို ႐ွာဝယ္ပါ။

၁၀. အဝတ္အစားေတြကို ဂ႐ုစိုက္ပါ

ဒီဟာက အေရးုႀကီးဆံုးပါပဲ။ ဘယ္ေလာက္ ေကာင္းတဲ့ အဝတ္အစားေတြ ျဖစ္ျဖစ္ ေသခ်ားသိမ္းမထားရင္ အလကားပါပဲ။ သန္႔သန္႔႐ွင္း႐ွင္း အျမဲေလ်ွာ္တာ၊ Dry Cleaner ေတြဆီ မၾကာခဏသြားတာ မ်ိဳးပါ။ မီးပူ အျမန္ ထိုးလိုက္ျခင္းဟာ ဘယ္ဝတ္စံုကိုမဆို ပိုသန္႔သြားသလို ျမင္ရေစပါတယ္။

ၾကည့္ေကာင္းဖို႔ဆိုတာ အရမ္း မခက္ပါဘူး။ အားနည္းနည္း စိုက္ရရံုေလးပါ။

GM ရဲ့ တျခား  ဖက္ရွင္ႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/style/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။ 

—————————————————————————- 

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

ယောက်ျားပီသချင်သူတွေအတွက် Fashion အကြံဉာဏ်လေးများ

ဒီအဝတ်အစား၊ ဒီဆံပင်ချည်း နေ့တိုင်းမြင်နေရရင် သင့်ပုံစံဟာ ပျင်းစရာ ကောင်းလာမှာပါ။ အဲဒီအချိန်မှာ တခြားတစ်ကောင်က နည်းနည်း တောက်တောက်ပပ ဝတ်စားလာရင် ကောင်မလေးတွေအားလုံးက သူ့ကိုပဲ အရေးပေးမှာပေါ့။ အဲလိုကြုံရလို့ မခံချိမခံသာ ဖြစ်ဖူးပါသလား။

ယောက်ျားတေမှာ မနက်ပိုင်း မှန်ရှေ့မှာ ဖြုန်းနေဖို့ အချိန် မရှိပါဘူး။ ဒါပေမယ့် ငွေကြေးနဲ့ အချိန် သိပ်မကုန်ပဲ သင့်ရဲ့ ပုံစံကို ပို စတိုင်ကျသွားစေမယ့် နည်းလမ်းလေးတွေ ရှိတယ်ဆိုရင် သင်လိုက်လုပ်မှာပါလား?? ဒီအောက်မှာတော့ အဲဒီလို နည်းလမ်းလေး ၁၀ ခုကို ရေးပြထားပါတယ်။ SKB များ ဖြစ်ကြပါစေ။

၁. အဝတ်ဟောင်းတွေ မသုံးပါနဲ့တော့

အရည်အသွေးမြင့် ပိတ်စတွေဟာ ကြာရှည်ခံပေမယ့် ကျွန်တော်တို့ ဝတ်တတ်ကြတဲ့ ပုံမှန်အဝတ်တွေကတော့ ကြာရှည်မခံပါဘူး။ ရိပြီး ပြဲနေ၊ အရောင်လွင့်နေတဲ့ အဝတ်တွေကို ဝတ်တာ မလန်းပါဘူး။ ၁ ထည် ၂ ထည် အိမ်နေရင်းဝတ်ဖို့ ချန်ထားပြီး ကျန်တာတွေကို လိုအပ်တဲ့နေရာပေးပစ်လိုက်ပါ။

၂. အမွှေးအမျှင် ရိတ်ပါ

မျက်နှာ အမွှေးအမျှင် ရိတ်တာဟာ သင့်ကိုယ်ရောင်ကိုယ်ဝါကို တောက်ပလာစေနိုင်ပြီး လိုအပ်တာကတော့ မုတ်ဆိတ်ရိတ်ဓားတစ်ချောင်းနဲ့ Shaving Gel နည်းနည်းပါ။ မုတ်ဆိတ်ထားရင်လဲ သေသေချာချာ တိတိရိရိ ပုံသွင်းထားပါ။ မုတ်ဆိတ်ထိုးထိုးထောင်ထောင်ထွက်နေသူထက် ဘယ်သူမှ ကြည့်ရမဆိုးပါဘူး။

၃. ကေသပါ

ဆံပင်လိမ်းဆီ ( Gel, Wax, ခေါင်းလိမ်းဆီ ) ဘယ်ဟာမဆိုဟာ သင့်ဆံပင်ကို လောလောလတ်လတ် ညှပ်ထားသလို ပုံကျကျ ဖြစ်စေနိုင်ပါတယ်။ သင်နဲ့ လိုက်တဲ့ ခေါင်းလိမ်းဆီပုံစံကို သေချာလေ့လာပြီး သုံးစွဲပါ။ ခေါင်းလဲ ဖြီးပါ။

(မုတ်ဆိတ်မွှေးထားမယ်ဆိုရင်
http://mmgentleman.com/2015/10/29/168941516841351/ )

၄. ဖိနပ်ကောင်းကောင်း တစ်ရန် ဝယ်ပါ

ဖိနပ်စုတ်တွေဟာ ဝတ်စုံကောင်းတစ်ခုကို ဖျက်စီးပစ်နိုင်ပါတယ်။ ဖိနပ်စုတ်တွေက စီးရတာ ပိုပြီး သက်တောင့်သက်တာရှိတယ်ထင်ရင် ပုံစံလဲကောင်း၊ စီးလို့လဲ အဆင်ပြေတဲ့ ဖိနပ်တွေရှိတာ သိထားပါ။ Dress Shoe တစ်စုံလောက်ဆိုရင် နေရာတိုင်း စီးနိုင်ပြီး စတိုင်လဲ ကျပါတယ်။

၅. သင်နဲ့ တကယ်တန်တဲ့ ဝတ်စုံကိုပဲ ရှာဝတ်ပါ

အသင့်ချုပ်ပြီး ဝတ်စုံတံဆိပ်တော်တော်များများမှာ သင်နဲ့ တန်တဲ့ ဆိုဒ် ရှိတတ်ပါတယ်။ ရှာဝယ်ပါ။ ဝတ်စုံ အဟောင်း မတန်တော့တဲ့ဟာတွေဆိုရင်လဲ အပ်ချုပ်ဆရာဆီမှာ သွားပြီး ပြင်လို့ ရပါတယ်။ ဘယ်တော့မှ မတန်တာ မဝတ်ပါနဲ့။

၆. ကျောပိုးအိတ် ကောင်းကောင်း ဝယ်ပါ

အကောင်းဆုံးကတော့ သင့်ရဲ့ ကျောပိုးအိတ်ကို ပိုပြီး လူကြီးဆန်တဲ့ လက်ဆွဲအိတ် ပြောင်းကိုင်တာပါပဲ။ ဝင်ဆန့်တာခြင်း အတူတူကို ပိုပြီး အဆင့်အတန်းရှိစေပါတယ်။ ကျောပိုးအိတ်မှဆိုရင်တော့ လယ်သာ၊ ဒါမှမဟုတ် ကင်းဗတ်ကို ဝယ်ပါ။

၇. တခြား လိုတဲ့ ပစ္စည်းသေးသေးလေးတွေ ဖြည့်ပါ

ဘိုးတိုင်လေးတွေ၊ လက်ကိုင်ပုဝါ၊ လက်ပါတ်လေးတွေ အားလုံးဟာ သင့်ရဲ့ ဝတ်စုံဟောင်းကို နည်းနည်း အရောင်တင်ပေးနိုင်ပါတယ်။ အကုန်လုံးကို တစ်ခါထဲ ချမပြလိုက်ပါနဲ့။ နည်းနည်း နည်းနည်းခြင်းစီ တိုးဝတ်တာ ပိုကောင်းပါတယ်။

(ပိုလိုရှပ်ကို စတိုင်ကျကျဝတ်တတ်စေဖို့
http://mmgentleman.com/2015/10/20/1-57/ )

၈. ခြေအိတ်အသစ်လေးတွေ ဝယ်ပါ

ဝတ်စုံတစ်စုံကို ဖိနပ်စုတ်တွေထက် ပိုပြီး ဖျက်စီးနိုင်တာ ခြေအိတ်စုတ်တွေပါပဲ။ အပေါက်ပါတဲ့ ခြေအိတ်တွေကို လွှင့်ပစ်ပါ။ အနံ့ထွက်နေရင် လွှင့်ပစ်ပါ။ ခြေအိတ်အသစ် ဝယ်ဖို့ ပျင်းရိခြင်းဟာ တစ်ကိုယ်ရည်သန့်ရှင်းရေး ညံ့တာပါပဲ။ ခြေအိတ်အဟောင်းဆိုတာ အတွင်းခံအဟောင်းနဲ့ တူတူပါပဲ။

၉. မျက်မှန်အသစ်ဝယ်ပါ

မျက်မှန်ဆိုတာ သင့်မျက်နှာပုံစံကို အကောင်းဆုံး ပြောင်းနိုင်တဲ့ အရာတွေပါပဲ။ တကယ်လို့ သင်မှာ မျက်မှန်လဲ ရှိပြီးသား ရုပ်လဲ ပြောင်းချင်ရင်တော့ ကိုင်းလဲတပ်လိုက်ပါ။ သင် အထက်တန်းကျောင်းကတည်းက မျက်မှန်ဆိုရင်တော့ လဲသင့်ပါပြီ။ လေးထောင့်ကျကျ မျက်မှန်တွေဟာ အကောင်းဆုံးဖြစ်ပေမယ့် သင့်မျက်နှာနဲ့ အလိုက်ဆုံးဟာကို ရှာဝယ်ပါ။

၁၀. အဝတ်အစားတွေကို ဂရုစိုက်ပါ

ဒီဟာက အရေးုကြီးဆုံးပါပဲ။ ဘယ်လောက် ကောင်းတဲ့ အဝတ်အစားတွေ ဖြစ်ဖြစ် သေချားသိမ်းမထားရင် အလကားပါပဲ။ သန့်သန့်ရှင်းရှင်း အမြဲလျှော်တာ၊ Dry Cleaner တွေဆီ မကြာခဏသွားတာ မျိုးပါ။ မီးပူ အမြန် ထိုးလိုက်ခြင်းဟာ ဘယ်ဝတ်စုံကိုမဆို ပိုသန့်သွားသလို မြင်ရစေပါတယ်။

ကြည့်ကောင်းဖို့ဆိုတာ အရမ်း မခက်ပါဘူး။ အားနည်းနည်း စိုက်ရရုံလေးပါ။
GM ရဲ့ တခြား ဖက်ရှင်နှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/style/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

—————————————————————————-

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

 

Related Posts

%%footer%%