GM-Ads

ဘာသာစကားအမ်ိဳးမ်ိဳးေျပာတတ္ဖို႔ အဟန္႔အထားျဖစ္ေစသည့္ အယူအဆမွား (၆)ခု

ဘာသာစကားေတြအမ်ားႀကီးေျပာတတ္သူေတြနဲ႔ ပတ္သက္ၿပီး ေျပာၾကဆိုၾကတဲ့ အယူအဆေတြ အမ်ားႀကီး ရွိပါတယ္။ ဘာသာစကားေတြအမ်ားႀကီးေျပာတတ္သူေတြက ေနာက္ဆံတင္းစရာမရွိ တစ္ကမာၻလံုးအႏွံ႔ ခရီးေတြသြားၿပီး ေတြ႕သမွ်လူေတြဆီက သင္ယူႏိုင္တာေၾကာင့္လို႔ ထင္တတ္ၾကပါတယ္။ တကယ္ေတာ့ ဒါဟာလည္း မွားယြင္းတဲ့အယူအဆတစ္ခုပါပဲ။ အခု ဘာသာစကားမ်ိဳးစံုေျပာတတ္ဖို႔ အဟန္႔အတားျဖစ္ေစတဲ့ အယူအဆမွား (၆)ခုေနာက္ကြယ္က အမွန္တရားေတြကို ေလ့လာႏိုင္ေအာင္ ေဖာ္ျပလိုက္ပါတယ္။

၁။ ဘာသာစကားအမ်ိဳးမ်ိဳးေျပာတတ္ဖို႔က ပင္ကိုယ္ပါရမီပါသူေတြပဲျဖစ္ႏိုင္တယ္။
ဒီအယူအဆက အေတြ႕ရအမ်ားဆံုးပါပဲ။ ဘာသာစကားအမ်ိဳးမ်ိဳးေျပာႏိုင္ဖို႔အတြက္ ဉာဏ္ႀကီးရွင္ျဖစ္မွ ဘာသာစကားဆိုင္ရာ မ်ိဳးဗီဇထူးခၽြန္မွျဖစ္တယ္ဆိုတာမ်ိဳးပါ။ တကယ္ေတာ့ ဒီအယူအဆက လူေတြ ဘာသာစကားအသစ္တစ္ခုသင္ယူဖို႔ ေၾကာက္တဲ့အတြက္ အကာကြယ္ယူဖို႔ သံုးၾကတာျဖစ္ပါတယ္။ ဘာသာစကားေတြ ေလ့လာသင္ယူတာဟာ အရည္အခ်င္းတစ္ခုသာျဖစ္ၿပီး ႀကိဳးစားအားထုတ္မႈနဲ႔ သင္ယူတတ္ေျမာက္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဘာသာစကားေတြသင္ၾကားဖို႔ ပါရမီမပါဘူးလို႔ ေျပာတာဟာ ဘာသာစကားမသင္ယူႏိုင္မွာကို စိုးရိမ္တယ္လို႔ ေျပာတာနဲ႔အတူတူပါပဲ။

၂။ ထူးျခားေကာင္းမြန္သည့္ မွတ္ဉာဏ္ရွိဖို႔လိုတယ္။
ဘာသာစကား သံုးေလးမ်ိဳးေလာက္ေျပာတတ္တဲ့လူတစ္ေယာက္ေတြရင္ လူအမ်ားစုက သူ႔မွာ ထူးျခားတဲ့ မွတ္ဉာဏ္ရွိၿပီး ဦးေႏွာက္ထဲမွာ ေထာင္ေပါင္းမ်ားစြာေသာ အခ်က္အလက္ေတြကို မွတ္ထားႏိုင္တယ္လို႔ ယူဆတတ္ၾကပါတယ္။ တကယ္ေတာ့ ဒီလိုထူးျခားတဲ့မွတ္ဉာဏ္ေတြရွိဖို႔မလုိအပ္ပါဘူး။ ဘာသာစကား အမ်ားႀကီးေျပာႏိုင္သူေတြဟာ ေ၀ါဟာရအသစ္ေတြကို မွတ္သားဖို႔အတြက္ မွတ္ဉာဏ္ဆိုင္ရာ နည္းစနစ္ေတြကို ကၽြမ္းကၽြမ္းက်င္က်င္ အသံုးခ်တတ္ပါတယ္။ ေမြးရာပါဦးေႏွာက္က ေကာင္းလြန္းေနတာေၾကာင့္ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ မွတ္ဉာဏ္တိုးတက္ေကာင္းမြန္ေအာင္ ေလ့က်င့္ၿပီး ဘာသာစကားသစ္ေတြရဲ႕ေ၀ါဟာရေတြကို မွတ္ဖို႔ နည္းစနစ္ေတြကို ေလ့လာမယ္ဆိုရင္ ဘာသာစကားအသစ္ေတြေျပာႏိုင္လာမွာျဖစ္ပါတယ္။

ဖုုန္းဘတ္ထရီတာရွည္ခံဖိုု႕ နည္းလမ္း ၁၁ ခုု

၃။ ခရီးေတြသြားႏိုင္ဖို႔ ေငြေၾကးျပည့္စံုရမယ္။
ဒါဟာလည္း မွားယြင္းတဲ့အယူအဆတစ္ခုျဖစ္ပါတယ္။ ဘာသာစကားေတြ အမ်ားႀကီးေျပာတတ္သူေတြက ႏိုင္ငံတကာကို အလည္အပတ္ေတြသြားဖို႔အတြက္ ေငြေၾကးအေျမာက္အမ်ားသံုးစြဲၾကရတယ္လို႔ ယူဆ တတ္ၾကပါတယ္။ တကယ္ေတာ့ ခရီးသြားတာမွာ အမ်ိဳးမ်ိုးရွိပါတယ္။ အဆင့္ျမင့္ဟိုတယ္ေတြ၊ ေလေၾကာင္းလိုင္းေတြ၊ အစားေကာင္းေကာင္းေတြစားၿပီး ခရီးသြားတာကိုမွ ခရီးသြားတယ္လို႔ ေခၚတာမဟုတ္ ပါဘူး။ စရိတ္ကိုေခၽြတာၿပီး သြားလို႔ရတဲ့နည္းလမ္းေတြအမ်ားႀကီးရွိပါတယ္။ ဒီလိုန႔ဲ ေငြေၾကးအကုန္အက် နည္းနည္းနဲ႔ခရီးသြားၿပီး ဘာသာစကားေတြကိုေလ့လာႏိုင္မယ္ဆိုရင္ ဘာသာစကားေတြအမ်ားႀကီး ေျပာတတ္လာမွာပါ။

၄။ အားလပ္ခ်ိန္ေတြ ပိုရွိဖို႔လိုတယ္။
ဘာသာစကားအမ်ားႀကီးေျပာတတ္ဖို႔ ေလ့လာသင္ယူခ်ိန္ေတြ အမ်ားႀကီးလိုအပ္တယ္လို႔ ထင္တတ္ၾကပါတယ္။ ေျပာတတ္ေနတဲ့လူေတြဟာလည္ ဘာသာစကားေတြသင္ယူဖို႔ကလြဲၿပီး သံုးဖို႔အခ်ိန္မရွိလို႔ပဲလို႔ ယူဆတတ္ၾကပါတယ္။ ဒီႏွစ္ခ်က္စလံုး အမွန္မဟုတ္ပါဘူး။ တကယ္ေတာ့ ဒီအယူအဆက အခ်ိန္မေပးခ်င္သူေတြရဲ႕ အေၾကာင္းျပခ်က္တစ္ခုပါပဲ။ တကယ္တတ္ေျမာက္ခ်င္စိတ္နဲ႔ ေလ့လာသင္ယူမယ္ ဆိုရင္ အခ်ိန္လည္း တကူးတကေပးစရာမလိုသလို အခ်ိန္ကုန္တယ္လို႔လည္း ထင္မွာမဟုတ္ပါဘူး။

၅။ ဘာသာစကားအမ်ိဳးမ်ိဳးေျပာႏိုင္ဖို႔ ထူးျခားၿပီး စိတ္အာ႐ုံကိုဆြဲေဆာင္ႏိုင္ဖို႔လိုတယ္။
ဘာသာစကားအမ်ိဳးမ်ိဳးေျပာႏိုင္သူေတြဟာ စကားေျပာဖက္ရဲ႕ဘာသာစကာကိုလိုက္ၿပီး ေျပာင္းလဲေျပာဆို တတ္ၾကတဲ့အတြက္ လူခ်စ္လူခင္ပိုမ်ားၿပီး လူေတြကိုဆြဲေဆာင္ႏိုင္တယ္လို႔ ထင္ၾကပါတယ္။ တကယ္ေတာ့ သူတို႔ေတြဟာ သူတို႔တတ္သိထားတဲ့ဘာသာစကားကို ေလ့က်င့္ဖို႔အတြက္ စကားေျပာေဖာ္အမ်ားတမ္း ရွာေနၾကတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သူတို႔ေတြက သာမန္လူေတြထက္ ထူးျခားတာမ်ိဳးမရွိပါဘူး။ ဘာသာစကား ကၽြမ္းက်င္ေအာင္ ေလ့က်င့္ဖို႔ စိတ္တစ္ခုတည္းနဲ႔ လူေတြအမ်ားႀကီးနဲ႔ ခင္မင္ၿပီး လူေတြရဲ႕အာ႐ုံစိုက္ျခင္းကို ခံရတာျဖစ္ပါတယ္။

ကမာၻ႕ IQ အေကာင္းဆံုုး လူသား (၁၀) ဦး

၆။ ေနာက္ဆံတင္းစရာ မရွိဖို႔လိုတယ္။
လူေတြရဲ႕ထင္ျမင္ခ်က္တစ္ခုပါပဲ။ ဘာသာစကားအမ်ိဳးမ်ိဳးေျပာတတ္သူေတြဟာ ေနာက္ဆံတင္းစရာ မိသားစုေတြ ကေလးေတြမရွိတဲ့အတြက္ တကမာၻလံုးအႏွံ႕ေလွ်ာက္သြားၿပီး ဘာသာစကားေတြကို ေလ့လာသင္ယူႏိုင္ၾကတယ္လို႔ ထင္ၾကတာျဖစ္ပါတယ္။ တကယ္ေတ့ာ ဘာသာစကားေတြ ေျပာတတ္ဖို႔အတြက္ ခရီးေတြအမ်ားႀကီး သြားေနစရာမလိုပါဘူး။ စိတ္၀င္တစားနဲ႔ ေလ့လာသင္ယူမယ္ဆိုရင္ အခုလို နည္းပညာေခတ္ႀကီးထဲမွာ ကိုယ့္အိမ္ကေနမခြာပဲ အားလံုးကို သင္ယူလို႔ရႏိုင္ပါတယ္။

ဘယ္အရည္အခ်င္းမလို ေလ့လာသင္ယူလို႔ရပါတယ္။ ဒါ့ေၾကာင့္ ဘာသာစကားေတြ ေျပာတတ္ဖို႔ကလည္း ေလ့လာသင္ယူႏိုင္ပါတယ္။ အဓီကလိုအပ္ခ်က္က ဘာသာစကားေတြရဲ႕အထာကိုသိၿပီး အမ်ိဳးမ်ိဳးေျပာတတ္ ဖို႔ အမွန္တကယ္စိတ္ပါ၀င္စားဖို႔ ပါပဲ။ ဒီလိုဆိုရင္ေတာ့ စိတ္၀င္စားတဲ့ဘာသာစကားေတြအားလံုးကို ေလ့လာ သင္ယူႏိုင္မွာပဲျဖစ္ပါတယ္။

GM ရဲ့ တျခား ဗဟုုသုုတႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ https://mmgentleman.com/category/knowleadge/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။ 

—————————————————————————- 

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

ဘာသာစကားအမျိုးမျိုးပြောတတ်ဖို့ အဟန့်အထားဖြစ်စေသည့် အယူအဆမှား (၆)ခု

ဘာသာစကားတွေအများကြီးပြောတတ်သူတွေနဲ့ ပတ်သက်ပြီး ပြောကြဆိုကြတဲ့ အယူအဆတွေ အများကြီး ရှိပါတယ်။ ဘာသာစကားတွေအများကြီးပြောတတ်သူတွေက နောက်ဆံတင်းစရာမရှိ တစ်ကမ္ဘာလုံးအနှံ့ ခရီးတွေသွားပြီး တွေ့သမျှလူတွေဆီက သင်ယူနိုင်တာကြောင့်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ဒါဟာလည်း မှားယွင်းတဲ့အယူအဆတစ်ခုပါပဲ။ အခု ဘာသာစကားမျိုးစုံပြောတတ်ဖို့ အဟန့်အတားဖြစ်စေတဲ့ အယူအဆမှား (၆)ခုနောက်ကွယ်က အမှန်တရားတွေကို လေ့လာနိုင်အောင် ဖော်ပြလိုက်ပါတယ်။

၁။ ဘာသာစကားအမျိုးမျိုးပြောတတ်ဖို့က ပင်ကိုယ်ပါရမီပါသူတွေပဲဖြစ်နိုင်တယ်။
ဒီအယူအဆက အတွေ့ရအများဆုံးပါပဲ။ ဘာသာစကားအမျိုးမျိုးပြောနိုင်ဖို့အတွက် ဉာဏ်ကြီးရှင်ဖြစ်မှ ဘာသာစကားဆိုင်ရာ မျိုးဗီဇထူးချွန်မှဖြစ်တယ်ဆိုတာမျိုးပါ။ တကယ်တော့ ဒီအယူအဆက လူတွေ ဘာသာစကားအသစ်တစ်ခုသင်ယူဖို့ ကြောက်တဲ့အတွက် အကာကွယ်ယူဖို့ သုံးကြတာဖြစ်ပါတယ်။ ဘာသာစကားတွေ လေ့လာသင်ယူတာဟာ အရည်အချင်းတစ်ခုသာဖြစ်ပြီး ကြိုးစားအားထုတ်မှုနဲ့ သင်ယူတတ်မြောက်နိုင်ပါတယ်။ ဒါ့ကြောင့် ဘာသာစကားတွေသင်ကြားဖို့ ပါရမီမပါဘူးလို့ ပြောတာဟာ ဘာသာစကားမသင်ယူနိုင်မှာကို စိုးရိမ်တယ်လို့ ပြောတာနဲ့အတူတူပါပဲ။

၂။ ထူးခြားကောင်းမွန်သည့် မှတ်ဉာဏ်ရှိဖို့လိုတယ်။
ဘာသာစကား သုံးလေးမျိုးလောက်ပြောတတ်တဲ့လူတစ်ယောက်တွေရင် လူအများစုက သူ့မှာ ထူးခြားတဲ့ မှတ်ဉာဏ်ရှိပြီး ဦးနှောက်ထဲမှာ ထောင်ပေါင်းများစွာသော အချက်အလက်တွေကို မှတ်ထားနိုင်တယ်လို့ ယူဆတတ်ကြပါတယ်။ တကယ်တော့ ဒီလိုထူးခြားတဲ့မှတ်ဉာဏ်တွေရှိဖို့မလိုအပ်ပါဘူး။ ဘာသာစကား အများကြီးပြောနိုင်သူတွေဟာ ဝေါဟာရအသစ်တွေကို မှတ်သားဖို့အတွက် မှတ်ဉာဏ်ဆိုင်ရာ နည်းစနစ်တွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချတတ်ပါတယ်။ မွေးရာပါဦးနှောက်က ကောင်းလွန်းနေတာကြောင့် မဟုတ်ပါဘူး။ ဒါ့ကြောင့် မှတ်ဉာဏ်တိုးတက်ကောင်းမွန်အောင် လေ့ကျင့်ပြီး ဘာသာစကားသစ်တွေရဲ့ဝေါဟာရတွေကို မှတ်ဖို့ နည်းစနစ်တွေကို လေ့လာမယ်ဆိုရင် ဘာသာစကားအသစ်တွေပြောနိုင်လာမှာဖြစ်ပါတယ်။

ဖုန်းဘတ်ထရီတာရှည်ခံဖို့ နည်းလမ်း ၁၁ ခု

၃။ ခရီးတွေသွားနိုင်ဖို့ ငွေကြေးပြည့်စုံရမယ်။
ဒါဟာလည်း မှားယွင်းတဲ့အယူအဆတစ်ခုဖြစ်ပါတယ်။ ဘာသာစကားတွေ အများကြီးပြောတတ်သူတွေက နိုင်ငံတကာကို အလည်အပတ်တွေသွားဖို့အတွက် ငွေကြေးအမြောက်အများသုံးစွဲကြရတယ်လို့ ယူဆ တတ်ကြပါတယ်။ တကယ်တော့ ခရီးသွားတာမှာ အမျိုးမျိုးရှိပါတယ်။ အဆင့်မြင့်ဟိုတယ်တွေ၊ လေကြောင်းလိုင်းတွေ၊ အစားကောင်းကောင်းတွေစားပြီး ခရီးသွားတာကိုမှ ခရီးသွားတယ်လို့ ခေါ်တာမဟုတ် ပါဘူး။ စရိတ်ကိုချွေတာပြီး သွားလို့ရတဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။ ဒီလိုနဲ့ ငွေကြေးအကုန်အကျ နည်းနည်းနဲ့ခရီးသွားပြီး ဘာသာစကားတွေကိုလေ့လာနိုင်မယ်ဆိုရင် ဘာသာစကားတွေအများကြီး ပြောတတ်လာမှာပါ။

၄။ အားလပ်ချိန်တွေ ပိုရှိဖို့လိုတယ်။
ဘာသာစကားအများကြီးပြောတတ်ဖို့ လေ့လာသင်ယူချိန်တွေ အများကြီးလိုအပ်တယ်လို့ ထင်တတ်ကြပါတယ်။ ပြောတတ်နေတဲ့လူတွေဟာလည် ဘာသာစကားတွေသင်ယူဖို့ကလွဲပြီး သုံးဖို့အချိန်မရှိလို့ပဲလို့ ယူဆတတ်ကြပါတယ်။ ဒီနှစ်ချက်စလုံး အမှန်မဟုတ်ပါဘူး။ တကယ်တော့ ဒီအယူအဆက အချိန်မပေးချင်သူတွေရဲ့ အကြောင်းပြချက်တစ်ခုပါပဲ။ တကယ်တတ်မြောက်ချင်စိတ်နဲ့ လေ့လာသင်ယူမယ် ဆိုရင် အချိန်လည်း တကူးတကပေးစရာမလိုသလို အချိန်ကုန်တယ်လို့လည်း ထင်မှာမဟုတ်ပါဘူး။

၅။ ဘာသာစကားအမျိုးမျိုးပြောနိုင်ဖို့ ထူးခြားပြီး စိတ်အာရုံကိုဆွဲဆောင်နိုင်ဖို့လိုတယ်။
ဘာသာစကားအမျိုးမျိုးပြောနိုင်သူတွေဟာ စကားပြောဖက်ရဲ့ဘာသာစကာကိုလိုက်ပြီး ပြောင်းလဲပြောဆို တတ်ကြတဲ့အတွက် လူချစ်လူခင်ပိုများပြီး လူတွေကိုဆွဲဆောင်နိုင်တယ်လို့ ထင်ကြပါတယ်။ တကယ်တော့ သူတို့တွေဟာ သူတို့တတ်သိထားတဲ့ဘာသာစကားကို လေ့ကျင့်ဖို့အတွက် စကားပြောဖော်အများတမ်း ရှာနေကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့တွေက သာမန်လူတွေထက် ထူးခြားတာမျိုးမရှိပါဘူး။ ဘာသာစကား ကျွမ်းကျင်အောင် လေ့ကျင့်ဖို့ စိတ်တစ်ခုတည်းနဲ့ လူတွေအများကြီးနဲ့ ခင်မင်ပြီး လူတွေရဲ့အာရုံစိုက်ခြင်းကို ခံရတာဖြစ်ပါတယ်။

ကမ္ဘာ့ IQ အကောင်းဆုံး လူသား (၁၀) ဦး

၆။ နောက်ဆံတင်းစရာ မရှိဖို့လိုတယ်။
လူတွေရဲ့ထင်မြင်ချက်တစ်ခုပါပဲ။ ဘာသာစကားအမျိုးမျိုးပြောတတ်သူတွေဟာ နောက်ဆံတင်းစရာ မိသားစုတွေ ကလေးတွေမရှိတဲ့အတွက် တကမ္ဘာလုံးအနှံ့လျှောက်သွားပြီး ဘာသာစကားတွေကို လေ့လာသင်ယူနိုင်ကြတယ်လို့ ထင်ကြတာဖြစ်ပါတယ်။ တကယ်တော့ ဘာသာစကားတွေ ပြောတတ်ဖို့အတွက် ခရီးတွေအများကြီး သွားနေစရာမလိုပါဘူး။ စိတ်ဝင်တစားနဲ့ လေ့လာသင်ယူမယ်ဆိုရင် အခုလို နည်းပညာခေတ်ကြီးထဲမှာ ကိုယ့်အိမ်ကနေမခွာပဲ အားလုံးကို သင်ယူလို့ရနိုင်ပါတယ်။

ဘယ်အရည်အချင်းမလို လေ့လာသင်ယူလို့ရပါတယ်။ ဒါ့ကြောင့် ဘာသာစကားတွေ ပြောတတ်ဖို့ကလည်း လေ့လာသင်ယူနိုင်ပါတယ်။ အဓီကလိုအပ်ချက်က ဘာသာစကားတွေရဲ့အထာကိုသိပြီး အမျိုးမျိုးပြောတတ် ဖို့ အမှန်တကယ်စိတ်ပါဝင်စားဖို့ ပါပဲ။ ဒီလိုဆိုရင်တော့ စိတ်ဝင်စားတဲ့ဘာသာစကားတွေအားလုံးကို လေ့လာ သင်ယူနိုင်မှာပဲဖြစ်ပါတယ်။

GM ရဲ့ တခြား ဗဟုသုတနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် https://mmgentleman.com/category/knowleadge/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

—————————————————————————-

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Thorn Htet

==============================================