လက္ဆြဲႏႈတ္ဆက္ျခင္းရဲ႕ေနာက္ကြယ္
လက္ဆြဲႏႈတ္ဆက္တယ္ဆိုတာ အေနာက္တိုင္းယဥ္ေက်းမႈအရ တစ္ဦးနဲ႔တစ္ဦးေတြ႕ဆံုခ်ိန္မွာ အသိအမွတ္ျပဳ ႏႈတ္ဆက္နည္းတစ္မ်ိဳးျဖစ္ပါတယ္။ လက္ဆြဲႏႈတ္ဆက္တဲ့အေလ့အထရဲ႕ အဓိပၸါယ္နဲ႔ပတ္သက္လို႔ကေတာ့ ဒီအမူအယာဟာ တစ္ေယာက္နဲ႔တစ္ေယာက္ေတြ႕ဆံုခ်ိန္မွာ ၿငိမ္းခ်မ္းေရးကိုရည္ညႊန္းၿပီး ဘာလက္နက္မွကိုင္ေဆာင္မထားေၾကာင္းကို ေဖာ္ျပတာပဲျဖစ္ပါတယ္။ ဇြန္လ (၂၅)ရက္ေန႔ကိုလည္း အေမရိကန္ႏိုင္ငံရဲ႕ လက္ဆြဲႏႈတ္ဆက္ေရးေန႔အျဖစ္ သတ္မွတ္ထားပါေသးတယ္။ ဒါေပမယ့္ လက္ဆြဲ ႏႈတ္ဆက္တာဟာ တကယ္ပဲလိုအပ္လို႔လားဆိုတာကေတာ့ ေမးစရာပဲျဖစ္ပါတယ္။
မၾကာေသးမွီက ေကာက္ယူခဲ့တဲ့ စစ္တမ္းတစ္ခုအရ အေမရိကန္ႏိုင္ငံသား(၇၂)ရာခိုင္ႏႈန္းက လူတစ္ေယာက္ရဲ႕ လက္ဆြဲႏႈတ္ဆက္ပံုကေန သူ႔အေၾကာင္းကိုသိႏိုင္တယ္လို႔ ယုံၾကည္ၾကတယ္လို႔ သိရပါတယ္။ ေတာ္ေတာ္မ်ားမ်ားကေတာ့ ေခၽြးထြက္စြတ္စိုေနတဲ့ လက္နဲ႔လက္ဆြဲႏႈတ္ဆက္တာကို ရြံတတ္ၾကၿပီး ေလ်ာ့တိ ေလ်ာ့ရဲကိုင္ၿပီးႏႈတ္ဆက္တာကိုလည္း မႀကိဳတ္တတ္ၾကပါဘူး။ တကယ္ေတာ့ ဒါဟာအေရးမႀကီးပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ စာအုပ္တစ္အုပ္ရဲ႕မ်က္ႏွာဖံုးကိုၾကည့္ၿပီး စာသားတန္ဖိုးကို အကဲျဖတ္သလိုျဖစ္ေနတာ ေၾကာင့္ပါ။ လူတစ္ေယာက္ေတြ႕ဆံုတိုင္းမွာ ကိုယ္ကသူ႔ကို အကဲခတ္ေနသလို သူကလည္းကိုယ့္ကို အကဲခတ္ ေနမွာပဲဆိုတာကို မေမ့သင့္ပါဘူး။
ေတြ႕ဆံုႏႈတ္ဆက္ၾကတိုင္းမွာ လက္ဆြဲႏႈတ္ဆက္တတ္ၾကေပမယ့္ အေမရိကန္ေတာ္ေတာ္မ်ားမ်ားကေတာ့ လက္ဆြဲႏႈတ္ဆက္ရာကေန ေရာဂါပိုးေတြကိုကူးစက္မွာကို စိုးရိမ္တတ္ၾကပါတယ္။ ဒါ့ေၾကာင္ အျခားနည္းလမ္းတစ္ခုအျဖစ္ လက္သီးခ်င္းခပ္ဖြဖြထိုးၿပီး ႏႈတ္ဆက္တာကို လုပ္လာၾကပါတယ္။ အေမရိကန္ သမၼတ ဘားရက္အိုဘားမားေတာင္မွ ၂၀၀၈ ခုႏွစ္ကက်င္းပခဲ့တဲ့ ဒီမိုကရက္တစ္ပါတီညီလာခံမွာ ဇနီးျဖစ္သူ မီရွယ္လ္အိုဘားမားကို လက္သီးခ်င္းထိုးၿပီး ႏႈတ္ဆက္ခဲ့ပါေသးတယ္။ ဒါေပမယ့္လည္း ဒီလို လက္သီးခ်င္း ခပ္ဖြဖြထိုးႏႈတ္ဆက္တာဟာ အမ်ိဳးသားေတြအတြက္ပဲ သင့္ေတာ္ၿပီး အမ်ိဳးသမီးေတြကေတာ့ လုပ္ေလ့မရွိပါဘူး။
အေမရိကန္လုပ္ငန္းရွင္ ဘီလ်ံနာတစ္ဦးျဖစ္တဲ့ Donald Trump ဟာလည္း ပိုးမႊားေတြ ကူးစက္ခံရမွာကို စိုးရိမ္တတ္သူတစ္ဦးျဖစ္ၿပီး လက္ဆြဲႏႈတ္ဆက္တာကို မႀကိဳက္ပါဘူး။ လက္ဆြဲႏႈတ္ဆက္တာဟာ အေမရိကန္လူမႈအဖြဲ႕အစည္းရဲ႕ က်ိန္စာတစ္ခုပဲလို႔ အင္တာဗ်ဴးတစ္ခုမွာ Donald Trump က ေျပာခဲ့ဖူးပါတယ္။ ဒါဆို ကမာၻတစ္၀ွမ္းက အျခားႏႈတ္ဆက္နည္းေတြဆိုရင္ေရာ အဆင္ေျပႏိုင္မလား။ ဒီလိုလည္း မဟုတ္ျပန္ပါဘူး။ အေမရိကန္ေတာ္ေတာ္မ်ားမ်ားက တျခားႏႈတ္ဆက္နည္းေတြကို သက္ေတာင္သက္သာမျဖစ္ၾကပါဘူး။ နဖူးခ်င္း ထိတာတို႔၊ ပါးႏွစ္ဖက္ကို နမ္းတာတို႔၊ စသျဖင့္ တျခားႏႈတ္ဆက္နည္းေတြကိုလည္း မလိုလားၾကတဲ့အတြက္ လက္ဆြဲႏႈတ္ဆက္တဲ့ အေလ့အထကိုပဲ ဆက္လက္က်င့္သံုးေနၾကရပါတယ္။
ဒါ့ေၾကာင့္ ေနာက္တစ္ႀကိမ္တစ္ေယာက္ေယာက္နဲ႔ လက္ဆြဲႏႈတ္ဆက္ေတာ့မယ္ဆိုရင္ သတိထားၿပီး လုပ္ေဆာင္ပါ။ ဘာေၾကာင့္လဲဆိုရင္ သင့္ရဲ႕လက္ဆြဲႏႈတ္ဆက္ပံုကေနတဆင့္ သင္ဘယ္လိုလူစားလဲဆိုတာကို အကဲျဖတ္ေနမွာျဖစ္တာေၾကာင့္ပါ။
GM ရဲ့ တျခား လူမႈေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/social/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။
—————————————————————————-
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
လက်ဆွဲနှုတ်ဆက်ခြင်းရဲ့နောက်ကွယ်
လက်ဆွဲနှုတ်ဆက်တယ်ဆိုတာ အနောက်တိုင်းယဉ်ကျေးမှုအရ တစ်ဦးနဲ့တစ်ဦးတွေ့ဆုံချိန်မှာ အသိအမှတ်ပြု နှုတ်ဆက်နည်းတစ်မျိုးဖြစ်ပါတယ်။ လက်ဆွဲနှုတ်ဆက်တဲ့အလေ့အထရဲ့ အဓိပ္ပါယ်နဲ့ပတ်သက်လို့ကတော့ ဒီအမူအယာဟာ တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံချိန်မှာ ငြိမ်းချမ်းရေးကိုရည်ညွှန်းပြီး ဘာလက်နက်မှကိုင်ဆောင်မထားကြောင်းကို ဖော်ပြတာပဲဖြစ်ပါတယ်။ ဇွန်လ (၂၅)ရက်နေ့ကိုလည်း အမေရိကန်နိုင်ငံရဲ့ လက်ဆွဲနှုတ်ဆက်ရေးနေ့အဖြစ် သတ်မှတ်ထားပါသေးတယ်။ ဒါပေမယ့် လက်ဆွဲ နှုတ်ဆက်တာဟာ တကယ်ပဲလိုအပ်လို့လားဆိုတာကတော့ မေးစရာပဲဖြစ်ပါတယ်။
မကြာသေးမှီက ကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ခုအရ အမေရိကန်နိုင်ငံသား(၇၂)ရာခိုင်နှုန်းက လူတစ်ယောက်ရဲ့ လက်ဆွဲနှုတ်ဆက်ပုံကနေ သူ့အကြောင်းကိုသိနိုင်တယ်လို့ ယုံကြည်ကြတယ်လို့ သိရပါတယ်။ တော်တော်များများကတော့ ချွေးထွက်စွတ်စိုနေတဲ့ လက်နဲ့လက်ဆွဲနှုတ်ဆက်တာကို ရွံတတ်ကြပြီး လျော့တိ လျော့ရဲကိုင်ပြီးနှုတ်ဆက်တာကိုလည်း မကြိုတ်တတ်ကြပါဘူး။ တကယ်တော့ ဒါဟာအရေးမကြီးပါဘူး။ ဘာကြောင့်လဲဆိုတော့ စာအုပ်တစ်အုပ်ရဲ့မျက်နှာဖုံးကိုကြည့်ပြီး စာသားတန်ဖိုးကို အကဲဖြတ်သလိုဖြစ်နေတာ ကြောင့်ပါ။ လူတစ်ယောက်တွေ့ဆုံတိုင်းမှာ ကိုယ်ကသူ့ကို အကဲခတ်နေသလို သူကလည်းကိုယ့်ကို အကဲခတ် နေမှာပဲဆိုတာကို မမေ့သင့်ပါဘူး။
တွေ့ဆုံနှုတ်ဆက်ကြတိုင်းမှာ လက်ဆွဲနှုတ်ဆက်တတ်ကြပေမယ့် အမေရိကန်တော်တော်များများကတော့ လက်ဆွဲနှုတ်ဆက်ရာကနေ ရောဂါပိုးတွေကိုကူးစက်မှာကို စိုးရိမ်တတ်ကြပါတယ်။ ဒါ့ကြောင် အခြားနည်းလမ်းတစ်ခုအဖြစ် လက်သီးချင်းခပ်ဖွဖွထိုးပြီး နှုတ်ဆက်တာကို လုပ်လာကြပါတယ်။ အမေရိကန် သမ္မတ ဘားရက်အိုဘားမားတောင်မှ ၂၀၀၈ ခုနှစ်ကကျင်းပခဲ့တဲ့ ဒီမိုကရက်တစ်ပါတီညီလာခံမှာ ဇနီးဖြစ်သူ မီရှယ်လ်အိုဘားမားကို လက်သီးချင်းထိုးပြီး နှုတ်ဆက်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဒီလို လက်သီးချင်း ခပ်ဖွဖွထိုးနှုတ်ဆက်တာဟာ အမျိုးသားတွေအတွက်ပဲ သင့်တော်ပြီး အမျိုးသမီးတွေကတော့ လုပ်လေ့မရှိပါဘူး။
အမေရိကန်လုပ်ငန်းရှင် ဘီလျံနာတစ်ဦးဖြစ်တဲ့ Donald Trump ဟာလည်း ပိုးမွှားတွေ ကူးစက်ခံရမှာကို စိုးရိမ်တတ်သူတစ်ဦးဖြစ်ပြီး လက်ဆွဲနှုတ်ဆက်တာကို မကြိုက်ပါဘူး။ လက်ဆွဲနှုတ်ဆက်တာဟာ အမေရိကန်လူမှုအဖွဲ့အစည်းရဲ့ ကျိန်စာတစ်ခုပဲလို့ အင်တာဗျူးတစ်ခုမှာ Donald Trump က ပြောခဲ့ဖူးပါတယ်။ ဒါဆို ကမ္ဘာတစ်ဝှမ်းက အခြားနှုတ်ဆက်နည်းတွေဆိုရင်ရော အဆင်ပြေနိုင်မလား။ ဒီလိုလည်း မဟုတ်ပြန်ပါဘူး။ အမေရိကန်တော်တော်များများက တခြားနှုတ်ဆက်နည်းတွေကို သက်တောင်သက်သာမဖြစ်ကြပါဘူး။ နဖူးချင်း ထိတာတို့၊ ပါးနှစ်ဖက်ကို နမ်းတာတို့၊ စသဖြင့် တခြားနှုတ်ဆက်နည်းတွေကိုလည်း မလိုလားကြတဲ့အတွက် လက်ဆွဲနှုတ်ဆက်တဲ့ အလေ့အထကိုပဲ ဆက်လက်ကျင့်သုံးနေကြရပါတယ်။
ဒါ့ကြောင့် နောက်တစ်ကြိမ်တစ်ယောက်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်တော့မယ်ဆိုရင် သတိထားပြီး လုပ်ဆောင်ပါ။ ဘာကြောင့်လဲဆိုရင် သင့်ရဲ့လက်ဆွဲနှုတ်ဆက်ပုံကနေတဆင့် သင်ဘယ်လိုလူစားလဲဆိုတာကို အကဲဖြတ်နေမှာဖြစ်တာကြောင့်ပါ။
GM ရဲ့ တခြား လူမှုရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/social/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================