မိန္းကေလးတစ္ေယာက္ သင့္ကိုေၾကြေနေၾကာင္း သိႏိုင္သည့္ လကၡဏာမ်ား
ေယာကၤ်ားေလးေတြအတြက္ မိန္းကေလးတစ္ေယာက္က ကိုယ့္ကို ေၾကြေနတာလား၊ ခင္႐ုံပဲခင္ေနတာလား ဆိုတာကို ဆံုးျဖတ္ႏိုင္ဖို႔က အရမ္းႀကီးမလြယ္တတ္ပါဘူး။ ေသခ်ာေျပာဖို႔က အျမဲခက္ခဲေနတတ္ပါတယ္။ ဒါေပမယ့္ ဒီလကၡဏာေတြ ေတြ႕ေနရတယ္ဆိုရင္ေတာ့ ေသခ်ာပါတယ္။ ဒီမိန္းကေလးက သင့္ကို ေၾကြေနပါၿပီ။
၁။ ညိဳ႕မ်က္၀န္းေတြနဲ႔ ၾကည့္ေနမယ္
သင့္ကိုအျမဲတမ္း အဓိပၸါယ္တစ္ခုခုပါ၀င္တဲ့ မ်က္လံုးမ်ိဳးနဲ႔ ၾကည့္ေနတာကို သင္သိႏိုင္ပါတယ္။ ဒါဆိုရင္ေတာ့ သူမအတြက္ သင္က သူငယ္ခ်င္းတစ္ေယာက္ထက္ ပိုေနၿပီဆိုတာ သံသယျဖစ္စရာအေၾကာင္းမရွိပါဘူး။
၂။ အထိအေတြ႕ရွိေနမယ္
တခ်ိဳ႕မိန္းကေလးေတြက ေယာကၤ်ားေလး သူငယ္ခ်င္းမိတ္ေဆြေတြနဲ႔ေတာင္မွ ႐ိုက္လားပုတ္လားနဲ႔ ထိေတြ႕ဆက္ဆံတတ္ပါတယ္။ ဒါေပမယ့္ မိန္းကေလးတစ္ေယာက္ သင့္ရဲ႕ပုခံုးေျခေထာက္ေတြကို စသလိုေနာက္သလိုနဲ႔ အျမဲလိုလိုထိေတြ႕ေနမယ့္ဆိုရင္ သင့္ကိုဆြဲေဆာင္မႈရွိတယ္လို႔ သူမယူဆထားလို႔ပဲ ျဖစ္ပါတယ္။
၃။ သင္ေျပာတဲ့ ရယ္စရာကိစၥတိုင္းကို ရယ္ေမာေနတတ္မယ္။
လူတစ္ေယာက္ ဟာသေျပာတာကို ရယ္ေမာေပးတာက လူမႈဆက္ဆံေရးကို တိုးတက္ေကာင္းမြန္ေစတဲ့ အခ်က္ပဲျဖစ္ပါတယ္။ ဒါေပမယ့္ မိန္းကေလးတစ္ေယာက သင္ေျပာသမွ် ဘာမဟုတ္တဲ့အလြဲေလးေတြကိုကအစ ရယ္စရာလို႔ သတ္မွတ္ၿပီး ကမာၻေပၚမွာ ရယ္စရာအေကာင္းဆံုး လူသားတစ္ေယာက္လို အျမဲတမ္းစေနာက္ေနမယ့္ဆိုရင္ သင့္ကိုေၾကြေနပါတယ္လို႔ ေျပာႏိုင္ပါတယ္။
၄။ သင္ေျပာသမွ် ဂရုတစိုက္နားေထာင္မယ္
သင္ေျပာသမွ် ဘာအေၾကာင္းအရာမဆို တကယ္ကို စိတ္၀င္တစားနဲ႔ နားေထာင္ေနမယ္ဆိုရင္ အဓိပၸါယ္ ႏွစ္မ်ိဳးသက္ေရာက္ပါတယ္။ သင္က တကယ္ကို စကားေျပာေကာင္းသူတစ္ေယာက္ျဖစ္လို႔ စိတ္၀င္စားေနတာ ျဖစ္ႏိုင္သလို သင့္ကိုႀကိတ္ေၾကြေနလို႔လည္း ျဖစ္ႏိုင္ပါတယ္။ တစ္ခုရွိတာက အျခားသူေတြက ဒီေလာက္စိတ္မ၀င္စားဘူးဆိုရင္ေတာ့ သင့္ကိုေၾကြေနတယ္ဆိုတာ ေသခ်ာပါတယ္။
ခ်စ္သူစိတ္ပ်က္မသြားေစဖိုု႕ သိထားသင့္သည့္အခ်က္မ်ား
၅။ သင္နဲ႔စကားေျပာေနရင္ သူမသူငယ္ခ်င္းေတြကို လစ္လ်ဴ႐ႈထားမယ္
ဘယ္ေနရာမွာပဲျဖစ္ျဖစ္ သင္နဲ႔အတူရွိေနရမယ္ဆိုရင္ သူမရဲ႕သူငယ္ခ်င္းေတြကို ေမ့ထားတယ္မယ္ဆိုရင္ သူမအတြက္ သင့္ေလာက္အေရးႀကီးတာမရွိဘူးဆိုတဲ့ လကၡဏာပဲျဖစ္ပါတယ္။
၆။ သင့္အတြက္ အလွေတြပိုျပင္လာမယ္
တစ္ေယာက္နဲ႔တစ္ေယာက္ေတြ႕ဖို႔ရွိေနတယ္ဆိုရင္ သူမ ဘယ္လိုျပင္ဆင္လာတတ္လဲ သတိထားၾကည့္ပါ။ ပံုမွန္ထက္ ပိုၿပီး လွလွပပ၀တ္စားျပင္ဆင္လာမယ္ဆိုရင္ သင္ကိုေမွ်ာ္လင့္ေနတဲ့ လကၡဏာတစ္ခုပဲျဖစ္ပါတယ္။
၇။ စိတ္၀င္စားေနေၾကာင္း သြယ္၀ိုက္ၿပီး အသိေပးမယ္
အထက္တန္းေက်ာင္းသားဘ၀ကလိုပါပဲ။ ေမာင္ေမာင္က ေဇာ္ေဇာ္ကေနတဆင့္ သီတာရဲ႕ သူငယ္ခ်င္း ၾကည္ျပာကို ႀကိဳက္ေနတဲ့အေၾကာင္း သီတာ့ကိုေျပာခိုင္းတာမ်ိဳးေပါ့။ မိန္းကေလးေတြက ဒီလိုမ်ိဳးေတြလုပ္တတ္ၾကပါတယ္။ သင့္ကို စိတ္၀င္စားေနေၾကာင္းကို သူငယ္ခ်င္းမိတ္ေဆြေတြ အဆင့္ဆင့္ကေန စကားျပန္ေရာက္ေအာင္ ေျပာတတ္ၾကပါတယ္။ ဒါဆိုရင္ ေသခ်ာပါၿပီ။
၈။ ေယာကၤ်ားေလးသူငယ္ခ်င္းေတြ အားလံုးနဲ႔ ကင္းကင္းရွင္းရွင္းေနမယ္
တစ္ခါတစ္ေလမွာ ရင္းႏွီးတဲ့ေယာကၤ်ားေလးမိတ္ေဆြေတြကို ခ်စ္သူရည္းစားေတြလို႔ ထင္တတ္ပါတယ္။ မိန္းကေလးတစ္ေယာက္က သင္ရွိေနခ်ိန္မွာ ေယာကၤ်ားေလးမွန္သမွ်နဲ႔ ကင္းကင္းေနၿပီး သူမမွာ ဆိုင္သူမရွိဘူးဆိုတာကို ျပတတ္ၾကပါတယ္။
ခ်စ္တယ္ဆိုုတဲ့စကားထက္ပိုုျပည့္စံုုတဲ့ စကား (၁၀) ခြန္း
၉။ စကားေျပာခ်ိန္ကို ဆြဲထားဖို႔ အေၾကာင္းျပခ်က္ရွာတတ္မယ္
အျပန္အလွန္စကားေျပာတာ အခ်ိန္အေတာ္ၾကာၿပီဆိုတာေတာင္မွ သူမက အဆံုးမသတ္ခ်င္တတ္ပါဘူး။ မ်ားေသာအားျဖင့္ ေမးခြန္းေတြ ထပ္ေမးၿပီး အခ်ိန္ဆြဲေနတတ္ၾကပါတယ္။ ဒီလိုၾကံဳေနရရင္ေတာ့ သင္ကို စိတ္၀င္စားေနတာ အမွန္ပါပဲ။
၁၀။ သင့္ကို စိတ္၀င္စားေၾကာင္း စကားနဲ႔အထာေပးမယ္
၂၀၁၅ ခုႏွစ္ကစလို႔ မိန္းကေလးေတြက သိပ္ၿပီး ေရွး႐ိုးမဆန္ၾကေတာ့ပါဘူး။ သူတုိ႔ကိုယ္တိုင္က စကားလံုးေလးေတြနဲ႔ ေရလာေျမာင္းေပးလုပ္တတ္လာၾကပါၿပီ။ နင္က ခ်စ္စရာေကာင္းတယ္တို႔၊ ဒီေန႔ေပ်ာ္စရာ ေကာင္းလိုက္တာ တို႔၊ အသိသာဆံုးကေတာ့ ငါတို႔ ဒီလိုေလွ်ာက္လည္ၾကရေအာင္ ဆိုတာမ်ိဳးေတြျဖစ္ပါတယ္။ ဒီထက္ သိသာထင္ရွားတဲ့ လကၡဏာေတာ့ မရွိေတာ့ပါဘူး။
အခုေဖာ္ျပခဲ့တဲ့ အခ်က္(၁၀)ခ်က္လံုး ကိုက္ညီတဲ့အထိေစာင့္ေနစရာ မလိုပါဘူး။ ဒီထဲ အခ်က္(၂)ခ်က္နဲ႔အထက္ ကိုက္ညီၿပီဆိုရင္ေတာင္မွ မိန္းကေလးတစ္ေယာက္က သင့္ကို ေၾကြေနၿပီဆိုတာ ေသခ်ာသေလာက္ျဖစ္ေနပါၿပီ။
GM ရဲ့ တျခား အခ်စ္ေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/love/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။
—————————————————————————-
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
မိန်းကလေးတစ်ယောက် သင့်ကိုကြွေနေကြောင်း သိနိုင်သည့် လက္ခဏာများ
ယောင်္ကျားလေးတွေအတွက် မိန်းကလေးတစ်ယောက်က ကိုယ့်ကို ကြွေနေတာလား၊ ခင်ရုံပဲခင်နေတာလား ဆိုတာကို ဆုံးဖြတ်နိုင်ဖို့က အရမ်းကြီးမလွယ်တတ်ပါဘူး။ သေချာပြောဖို့က အမြဲခက်ခဲနေတတ်ပါတယ်။ ဒါပေမယ့် ဒီလက္ခဏာတွေ တွေ့နေရတယ်ဆိုရင်တော့ သေချာပါတယ်။ ဒီမိန်းကလေးက သင့်ကို ကြွေနေပါပြီ။
၁။ ညို့မျက်ဝန်းတွေနဲ့ ကြည့်နေမယ်
သင့်ကိုအမြဲတမ်း အဓိပ္ပါယ်တစ်ခုခုပါဝင်တဲ့ မျက်လုံးမျိုးနဲ့ ကြည့်နေတာကို သင်သိနိုင်ပါတယ်။ ဒါဆိုရင်တော့ သူမအတွက် သင်က သူငယ်ချင်းတစ်ယောက်ထက် ပိုနေပြီဆိုတာ သံသယဖြစ်စရာအကြောင်းမရှိပါဘူး။
၂။ အထိအတွေ့ရှိနေမယ်
တချို့မိန်းကလေးတွေက ယောင်္ကျားလေး သူငယ်ချင်းမိတ်ဆွေတွေနဲ့တောင်မှ ရိုက်လားပုတ်လားနဲ့ ထိတွေ့ဆက်ဆံတတ်ပါတယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက် သင့်ရဲ့ပုခုံးခြေထောက်တွေကို စသလိုနောက်သလိုနဲ့ အမြဲလိုလိုထိတွေ့နေမယ့်ဆိုရင် သင့်ကိုဆွဲဆောင်မှုရှိတယ်လို့ သူမယူဆထားလို့ပဲ ဖြစ်ပါတယ်။
၃။ သင်ပြောတဲ့ ရယ်စရာကိစ္စတိုင်းကို ရယ်မောနေတတ်မယ်။
လူတစ်ယောက် ဟာသပြောတာကို ရယ်မောပေးတာက လူမှုဆက်ဆံရေးကို တိုးတက်ကောင်းမွန်စေတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက သင်ပြောသမျှ ဘာမဟုတ်တဲ့အလွဲလေးတွေကိုကအစ ရယ်စရာလို့ သတ်မှတ်ပြီး ကမ္ဘာပေါ်မှာ ရယ်စရာအကောင်းဆုံး လူသားတစ်ယောက်လို အမြဲတမ်းစနောက်နေမယ့်ဆိုရင် သင့်ကိုကြွေနေပါတယ်လို့ ပြောနိုင်ပါတယ်။
၄။ သင်ပြောသမျှ ဂရုတစိုက်နားထောင်မယ်
သင်ပြောသမျှ ဘာအကြောင်းအရာမဆို တကယ်ကို စိတ်ဝင်တစားနဲ့ နားထောင်နေမယ်ဆိုရင် အဓိပ္ပါယ် နှစ်မျိုးသက်ရောက်ပါတယ်။ သင်က တကယ်ကို စကားပြောကောင်းသူတစ်ယောက်ဖြစ်လို့ စိတ်ဝင်စားနေတာ ဖြစ်နိုင်သလို သင့်ကိုကြိတ်ကြွေနေလို့လည်း ဖြစ်နိုင်ပါတယ်။ တစ်ခုရှိတာက အခြားသူတွေက ဒီလောက်စိတ်မဝင်စားဘူးဆိုရင်တော့ သင့်ကိုကြွေနေတယ်ဆိုတာ သေချာပါတယ်။
ချစ်သူစိတ်ပျက်မသွားစေဖို့ သိထားသင့်သည့်အချက်များ
၅။ သင်နဲ့စကားပြောနေရင် သူမသူငယ်ချင်းတွေကို လစ်လျူရှုထားမယ်
ဘယ်နေရာမှာပဲဖြစ်ဖြစ် သင်နဲ့အတူရှိနေရမယ်ဆိုရင် သူမရဲ့သူငယ်ချင်းတွေကို မေ့ထားတယ်မယ်ဆိုရင် သူမအတွက် သင့်လောက်အရေးကြီးတာမရှိဘူးဆိုတဲ့ လက္ခဏာပဲဖြစ်ပါတယ်။
၆။ သင့်အတွက် အလှတွေပိုပြင်လာမယ်
တစ်ယောက်နဲ့တစ်ယောက်တွေ့ဖို့ရှိနေတယ်ဆိုရင် သူမ ဘယ်လိုပြင်ဆင်လာတတ်လဲ သတိထားကြည့်ပါ။ ပုံမှန်ထက် ပိုပြီး လှလှပပဝတ်စားပြင်ဆင်လာမယ်ဆိုရင် သင်ကိုမျှော်လင့်နေတဲ့ လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။
၇။ စိတ်ဝင်စားနေကြောင်း သွယ်ဝိုက်ပြီး အသိပေးမယ်
အထက်တန်းကျောင်းသားဘဝကလိုပါပဲ။ မောင်မောင်က ဇော်ဇော်ကနေတဆင့် သီတာရဲ့ သူငယ်ချင်း ကြည်ပြာကို ကြိုက်နေတဲ့အကြောင်း သီတာ့ကိုပြောခိုင်းတာမျိုးပေါ့။ မိန်းကလေးတွေက ဒီလိုမျိုးတွေလုပ်တတ်ကြပါတယ်။ သင့်ကို စိတ်ဝင်စားနေကြောင်းကို သူငယ်ချင်းမိတ်ဆွေတွေ အဆင့်ဆင့်ကနေ စကားပြန်ရောက်အောင် ပြောတတ်ကြပါတယ်။ ဒါဆိုရင် သေချာပါပြီ။
၈။ ယောင်္ကျားလေးသူငယ်ချင်းတွေ အားလုံးနဲ့ ကင်းကင်းရှင်းရှင်းနေမယ်
တစ်ခါတစ်လေမှာ ရင်းနှီးတဲ့ယောင်္ကျားလေးမိတ်ဆွေတွေကို ချစ်သူရည်းစားတွေလို့ ထင်တတ်ပါတယ်။ မိန်းကလေးတစ်ယောက်က သင်ရှိနေချိန်မှာ ယောင်္ကျားလေးမှန်သမျှနဲ့ ကင်းကင်းနေပြီး သူမမှာ ဆိုင်သူမရှိဘူးဆိုတာကို ပြတတ်ကြပါတယ်။
ချစ်တယ်ဆိုတဲ့စကားထက်ပိုပြည့်စုံတဲ့ စကား (၁၀) ခွန်း
၉။ စကားပြောချိန်ကို ဆွဲထားဖို့ အကြောင်းပြချက်ရှာတတ်မယ်
အပြန်အလှန်စကားပြောတာ အချိန်အတော်ကြာပြီဆိုတာတောင်မှ သူမက အဆုံးမသတ်ချင်တတ်ပါဘူး။ များသောအားဖြင့် မေးခွန်းတွေ ထပ်မေးပြီး အချိန်ဆွဲနေတတ်ကြပါတယ်။ ဒီလိုကြုံနေရရင်တော့ သင်ကို စိတ်ဝင်စားနေတာ အမှန်ပါပဲ။
၁၀။ သင့်ကို စိတ်ဝင်စားကြောင်း စကားနဲ့အထာပေးမယ်
၂၀၁၅ ခုနှစ်ကစလို့ မိန်းကလေးတွေက သိပ်ပြီး ရှေးရိုးမဆန်ကြတော့ပါဘူး။ သူတို့ကိုယ်တိုင်က စကားလုံးလေးတွေနဲ့ ရေလာမြောင်းပေးလုပ်တတ်လာကြပါပြီ။ နင်က ချစ်စရာကောင်းတယ်တို့၊ ဒီနေ့ပျော်စရာ ကောင်းလိုက်တာ တို့၊ အသိသာဆုံးကတော့ ငါတို့ ဒီလိုလျှောက်လည်ကြရအောင် ဆိုတာမျိုးတွေဖြစ်ပါတယ်။ ဒီထက် သိသာထင်ရှားတဲ့ လက္ခဏာတော့ မရှိတော့ပါဘူး။
အခုဖော်ပြခဲ့တဲ့ အချက်(၁၀)ချက်လုံး ကိုက်ညီတဲ့အထိစောင့်နေစရာ မလိုပါဘူး။ ဒီထဲ အချက်(၂)ချက်နဲ့အထက် ကိုက်ညီပြီဆိုရင်တောင်မှ မိန်းကလေးတစ်ယောက်က သင့်ကို ကြွေနေပြီဆိုတာ သေချာသလောက်ဖြစ်နေပါပြီ။
GM ရဲ့ တခြား အချစ်ရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/love/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================