ဘ၀မွာ ဘာေတြကိုဦးစားေပးမလဲ။
ဒႆနိကဆရာပါေမာကၡတစ္ဦးဟာ ပစၥည္းတစ္ခ်ိဳ႕နဲ႔အတူ စာသင္ခန္းထဲကို ၀င္လာခဲ့တယ္။ စာသင္ခ်ိန္စၿပီ ဆိုတာနဲ႔ ဆရာက ဟိုဖက္ဒီဖက္ထြင္းေဖာက္ျမင္ေနရတဲ့ ဖန္ကရားတစ္ခုကို စားပြဲေပၚတင္ၿပီး ေက်ာက္ခဲ ခပ္ႀကီးႀကီးေလးေတြအျပည့္ျဖည့္လိုက္ပါတယ္။ ၿပီးေတာ့ ေက်ာင္းသားေတြကို ဒီကရားျပည့္ၿပီလားလို႔ ေမးလိုက္ပါတယ္။ ေက်ာင္းသားေတြက ျပည့္ၿပီလို႔ ျပန္ေျဖၾကပါတယ္။
ေနာက္တစ္ခါမွာေတာ့ ေက်ာက္စရစ္ခဲအေသးေလးေတြကို ကရားထဲထပ္ထည့္ၿပီး လႈပ္ခါလိုက္ပါတယ္။ ေက်ာက္စရစ္ခဲလးေတြက ေက်ာက္ခဲေတြၾကားက ေနရာလပ္ေတြထဲကို ၀င္သြားပါတယ္။
ဆရာကထပ္ေမးပါတယ္။ “ဒီကရားျပည့္ၿပီလား”။
ေက်ာင္းသားေတြကလည္း ျပည့္ၿပီျဖစ္ေၾကာင္း ထပ္ေျဖၾကပါတယ္။
ဆရာက ေနာက္တစ္ႀကိမ္အေနနဲ႔ ကရားထဲကို သဲေတြေလာင္းထဲလိုက္ပါတယ္။ သဲေတြက ကရားထဲမွာ ေနရာလြတ္မက်န္ေအာင္ ျပည့္သြားပါတယ္။
ဒီလိုကရားျပည့္သြားတဲ့အခါမွ –
“ဆရာ့အေနနဲ႔ မင္းတို႔ကို မင္းတို႔ရဲ႕ဘ၀ဟာ ဒီကရားနဲ႔တူတယ္ဆိုတာကို ေတြးၾကည့္ေစခ်င္တယ္။ ေက်ာက္ခဲဆိုတာက မင္းတို႔ရဲ႕ မိသားစု၊ က်န္းမာေရး၊ ကိုယ္က်င့္သိကၡာစတဲ့ မင္းတို႔ရဲ႕အမာခံတန္ဖိုးေတြ ျဖစ္တဲ့ အေရးအႀကီးဆံုးအရာေတြပဲ။ ေက်ာက္စရစ္ခဲေလးေတြကေတာ့ အလုပ္အကိုင္တို႔၊ အိမ္တို႔၊ ကားတို႔လိုအရာေတြကို ကိုယ္စားျပဳတယ္။ သဲေတြကေတာ့ ဘ၀အတြက္ သိပ္အေရးမပါတဲ့အေသးအမႊားကိစၥေလးေတြကို ဆိုလိုတာပဲ။
မင္းတို႔အေနနဲ႔ ဒီကရားထဲကို သဲေတြသာအရင္ထည့္လိုက္မယ္ဆိုရင္ ေက်ာက္စရစ္ခဲနဲ႔ ေက်ာက္ခဲေတြထည့္ဖို႔ ေနရာ ရွိေတာ့မွာမဟုတ္ဘူး။ ဒီလိုပဲ၊ မင္းတို႔ဘ၀မွာလည္း မင္းတို႔အတြက္ အေရးအႀကီးဆံုးအရာေတြအတြက္ကိုပဲ အာ႐ုံစိုက္သင့္တယ္။ မင္းတို႔ရဲ႕မိသားစုနဲ႔ အတူအခ်ိန္ကုန္ဖို႔၊ က်န္းမာေရးကိုဂရုစိုက္ဖို႔၊ ကိုယ့္က်င့္တရားကို မေမ့မေလ်ာ့ဖို႔၊ ႐ိုးသားၾကင္နာၿပီး ကူညီတတ္ဖို႔ေတြကိုပဲ အားထည့္ႀကိဳးစားပါ။ ဒီအခ်က္ေတြအားလံုးက တကယ့္အေရးပါတဲ့အရာေတြျဖစ္တဲ့အတြက္ ပထမဦးစားေပးေတြပဲျဖစ္ပါေစ။ တျခားကိစၥေတြအားလံုးကိုေတာ့ သဲေတြလို႔ပဲ သေဘာထားလိုက္ေပါ့။” လို႔ ဆရာက ဆံုးမစကားေျပာသြားခဲ့ပါတယ္။
A PROFESSOR OF PHILOSOPHY CAME INTO HIS CLASS…
GM ရဲ့ တျခား ဗဟုုသုုတႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/knowleadge/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။
—————————————————————————-
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
ဘဝမှာ ဘာတွေကိုဦးစားပေးမလဲ။
ဒဿနိကဆရာပါမောက္ခတစ်ဦးဟာ ပစ္စည်းတစ်ချို့နဲ့အတူ စာသင်ခန်းထဲကို ဝင်လာခဲ့တယ်။ စာသင်ချိန်စပြီ ဆိုတာနဲ့ ဆရာက ဟိုဖက်ဒီဖက်ထွင်းဖောက်မြင်နေရတဲ့ ဖန်ကရားတစ်ခုကို စားပွဲပေါ်တင်ပြီး ကျောက်ခဲ ခပ်ကြီးကြီးလေးတွေအပြည့်ဖြည့်လိုက်ပါတယ်။ ပြီးတော့ ကျောင်းသားတွေကို ဒီကရားပြည့်ပြီလားလို့ မေးလိုက်ပါတယ်။ ကျောင်းသားတွေက ပြည့်ပြီလို့ ပြန်ဖြေကြပါတယ်။
နောက်တစ်ခါမှာတော့ ကျောက်စရစ်ခဲအသေးလေးတွေကို ကရားထဲထပ်ထည့်ပြီး လှုပ်ခါလိုက်ပါတယ်။ ကျောက်စရစ်ခဲလးတွေက ကျောက်ခဲတွေကြားက နေရာလပ်တွေထဲကို ဝင်သွားပါတယ်။
ဆရာကထပ်မေးပါတယ်။ “ဒီကရားပြည့်ပြီလား”။
ကျောင်းသားတွေကလည်း ပြည့်ပြီဖြစ်ကြောင်း ထပ်ဖြေကြပါတယ်။
ဆရာက နောက်တစ်ကြိမ်အနေနဲ့ ကရားထဲကို သဲတွေလောင်းထဲလိုက်ပါတယ်။ သဲတွေက ကရားထဲမှာ နေရာလွတ်မကျန်အောင် ပြည့်သွားပါတယ်။
ဒီလိုကရားပြည့်သွားတဲ့အခါမှ –
“ဆရာ့အနေနဲ့ မင်းတို့ကို မင်းတို့ရဲ့ဘဝဟာ ဒီကရားနဲ့တူတယ်ဆိုတာကို တွေးကြည့်စေချင်တယ်။ ကျောက်ခဲဆိုတာက မင်းတို့ရဲ့ မိသားစု၊ ကျန်းမာရေး၊ ကိုယ်ကျင့်သိက္ခာစတဲ့ မင်းတို့ရဲ့အမာခံတန်ဖိုးတွေ ဖြစ်တဲ့ အရေးအကြီးဆုံးအရာတွေပဲ။ ကျောက်စရစ်ခဲလေးတွေကတော့ အလုပ်အကိုင်တို့၊ အိမ်တို့၊ ကားတို့လိုအရာတွေကို ကိုယ်စားပြုတယ်။ သဲတွေကတော့ ဘဝအတွက် သိပ်အရေးမပါတဲ့အသေးအမွှားကိစ္စလေးတွေကို ဆိုလိုတာပဲ။
မင်းတို့အနေနဲ့ ဒီကရားထဲကို သဲတွေသာအရင်ထည့်လိုက်မယ်ဆိုရင် ကျောက်စရစ်ခဲနဲ့ ကျောက်ခဲတွေထည့်ဖို့ နေရာ ရှိတော့မှာမဟုတ်ဘူး။ ဒီလိုပဲ၊ မင်းတို့ဘဝမှာလည်း မင်းတို့အတွက် အရေးအကြီးဆုံးအရာတွေအတွက်ကိုပဲ အာရုံစိုက်သင့်တယ်။ မင်းတို့ရဲ့မိသားစုနဲ့ အတူအချိန်ကုန်ဖို့၊ ကျန်းမာရေးကိုဂရုစိုက်ဖို့၊ ကိုယ့်ကျင့်တရားကို မမေ့မလျော့ဖို့၊ ရိုးသားကြင်နာပြီး ကူညီတတ်ဖို့တွေကိုပဲ အားထည့်ကြိုးစားပါ။ ဒီအချက်တွေအားလုံးက တကယ့်အရေးပါတဲ့အရာတွေဖြစ်တဲ့အတွက် ပထမဦးစားပေးတွေပဲဖြစ်ပါစေ။ တခြားကိစ္စတွေအားလုံးကိုတော့ သဲတွေလို့ပဲ သဘောထားလိုက်ပေါ့။” လို့ ဆရာက ဆုံးမစကားပြောသွားခဲ့ပါတယ်။
A PROFESSOR OF PHILOSOPHY CAME INTO HIS CLASS…
GM ရဲ့ တခြား ဗဟုသုတနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/knowleadge/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================