ခက္ခဲတဲ့ ဆံုးျဖတ္ခ်က္ တစ္ခု၊ လမ္းခြဲရမွာလား
မေကာင္းတဲ့ ခ်စ္ဇာတ္လမ္းတစ္ခုဟာ ခ်စ္ဇာတ္လမ္း မ႐ွိတာထက္ ဘာမွ ပိုမေကာင္းပါဘူး။
ကြၽန္ေတာ့္ရဲ႕ ေနာက္ဆံုး ခ်စ္ဇာတ္လမ္းကေန ရခဲ့တဲ့ ေနာင္တ တစ္ခုကေတာ့ ကြၽန္ေတာ္ ကြၽန္ေတာ့္ အေကာင္းဆံုး မလုပ္ႏိုင္ခဲ့လို႔ပါ။
အဲဒီအခ်ိန္ကေတာ့ ကြၽန္ေတာ္ လုပ္ႏိုင္တာ အကုန္ လုပ္ခဲ့ၿပီးၿပီ ထင္ခဲ့တာပါ။ ဒါေပမယ့္ အခု ျပန္ၾကည့္လိုက္ေတာ့ ကြၽန္ေတာ္ လုပ္ႏိုင္တာေတြ အေျမာက္အမ်ား ႐ွိပါေသးတယ္။
မေကာင္းတဲ့၊ အဆင္မေျပတဲ့ ခ်စ္ဇာတ္လမ္းေတြဟာ သင့္ကို သင္ခန္းစာေတြေတာ့ ေပးႏုိင္ပါတယ္။ သင္ တစ္ေခါက္ က်႐ွံုးၿပီးရင္ ေနာက္တစ္ေခါက္ ေအာင္ျမင္ေအာင္ ဘာလုပ္ရမလဲ ဆိုတာကိုေပါ့။
ဒါေပမယ့္ သင္ ဘယ္လိုအခ်ိန္မ်ိဳးဟာ လမ္းခြဲဖို႔ အခ်ိန္ တန္ၿပီလဲဆိုတာကိုလဲ ေလ့လာသိ႐ွိ ႏိုင္ပါတယ္။ ကြၽန္ေတာ့္ရဲ႕ ေနာက္ဆံုး ခ်စ္ဇာတ္လမ္းကို လုပ္ႏိုင္သမ်ွ အကုန္ မလုပ္ခဲ့တာ ကြၽန္ေတာ္ကပဲ အဆံုးသတ္ပစ္ခ်င္ေနလို႔ပါ။
ခ်စ္ဇာတ္လမ္း အားလံုးဟာ အဆင္ေျပမွာ မဟုတ္ပါဘူး။ စိတ္သေဘာထား မကိုက္ညီတာေတြ ႐ွိလာမွာပါ။ ဒါေပမယ့္ ကံမေကာင္းစြာနဲ႔ ကြၽန္ေတာ္တို႔ ေတာ္ေတာ္မ်ားမ်ားဟာ လမ္းမခြဲႏိုင္ၾကပါဘူး။
ခ်စ္ဇာတ္လမ္းအေယာင္ေဆာင္ (၈) မ်ိဳး
ကိုယ္ပင္ပင္ပန္းပန္း အခ်ိန္ယူ တည္ေဆာက္ထားရတဲ့ ခ်စ္ဇာတ္လမ္းႀကီး ၿပိဳကြဲသြားမွာ ဘယ္သူမွ မျဖစ္ခ်င္ၾကပါဘူး။ လမ္းခြဲဖို႔ သတၱိ မ႐ွိၾကပါဘူး။
သင္ဟာ သင့္ခ်စ္သူဘဝနဲ႔ ရစ္ႏြယ္ၿပီး ႀကီးျပင္းလာတာပါ။ သင္တို႔ ဘဝေတြဟာ ဆက္ႏြယ္ေနပါၿပီ။ သူမကို သင့္ဘဝထဲက ျဖတ္ထုတ္ဖို႔ဟာ သင့္ ခႏၶာကိုယ္ အစိတ္အပိုင္း တစ္ခုကို ျဖတ္ထုတ္ရသလို ခံစားရမွာပါ။
ဒါေပမယ့္ တစ္ခါတစ္ေလမွာ အသက္ဆက္႐ွင္ဖို႔ ေျခေတြ လက္ေတြ ျဖတ္ရတဲ့ အျဖစ္ေတြ ႐ွိတာကိုလဲ သတိထားပါ။ သင့္ရဲ႕ စိတ္ႏွလံုး အသက္ဆက္႐ွင္ဖို႔ သင့္ဘဝထဲက တခ်ိဳ႕လူေတြကို ဖယ္ထုတ္ရမွာပါပဲ။
ခ်စ္ဇာတ္လမ္းတစ္ခုဟာ အဆိပ္ျပင္းေလေလ၊ ျဖတ္ဖို႔ ခက္ေလေလပါ။
ကြၽန္ေတာ္တို႔ဟာ အဆိပ္႐ွိတဲ့ လူေတြကို တစ္ခ်ိန္ခ်ိန္မွာ အခ်စ္နဲ႔ ျပဳျပင္ေပးႏိုင္မယ္ထင္လို႔ မျဖတ္ၾကပါဘူး။ တကယ္သာ အဆိပ္ ႐ွိခဲ့ရင္ အစကတည္းက ေတြ႕ရမွာ မဟုတ္ဘူးလို႔ ထင္ထားၾကပါတယ္။
ကြၽန္ေတာ္တို႔ဟာ ခ်စ္ဇာတ္လမ္းသာ တစ္ခုခု ျပသနာ႐ွိခဲ့ရင္ ကိုယ့္ရည္းစားနဲ႔ ပါတ္သတ္ၿပီး ဘာမွ ခံစားရမွာ မဟုတ္ဘူးလို႔ ထင္ၾကပါတယ္။ အဲဒါဟာ မဟုတ္ပါဘူး။
နာက်င္တာဟာ ခ်စ္လို႔ မဟုတ္ပါဘူး။ သံေယာဇဥ္ တြယ္ေနလို႔ပါ။ သင့္ရဲ႕ ရည္းစားက သင့္ကို ေပ်ာ္ေအာင္ လုပ္ေပးေနတယ္ထင္လို႔ တကယ္ လုပ္မေပးႏိုင္တဲ့ အခါက် နာက်င္ခံစားရတာပါ။
သင့္ခ်စ္သူက သင္နဲ႕ ေငြးေရးေၾကးေရးအရ အဆင္ေျပပါသလား
တကယ္ေတာ့ အဲဒီသူ သင့္ကို လုပ္ေနတာက နာက်င္ေစတာပါပဲ။အခ်စ္ မဟုတ္ပါဘူး။ ပိုင္ဆိုင္ျခင္းပါ။
သင္က ခ်စ္ဇာတ္လမ္းတစ္ခုကို နာက်င္ ဝမ္းနည္းမႈေတြ အေပၚ အေျခတည္ၿပီး တည္ေဆာက္လိုက္ရင္ အဲဒီ ခ်စ္ဇာတ္လမ္းဟာ သင့္ကို အသက္႐ွိေနသလို ခံစားေနရေစလို႔ သင္ မျဖတ္ႏိုုင္တာပါ။
တစ္ေန႔၊ သင့္ေခါင္းထဲက နာက်င္မႈကို စြဲလမ္းေနတဲ့ ဓာတုပစၥည္းေတြ ၿငိမ္သက္သြားရင္ သင္ အခ်စ္ မ႐ွိေတာ့သလို ျဖစ္လာမယ္။ ၿပီးရင္ လမ္းခြဲရမွာပါပဲ။
သင္ဟာ သင့္ကိုယ္သင္ကို သင့္ရည္းစားထက္ ေ႐ွ႕တန္းတင္ေရြးခ်ယ္ဖို႔ လိုပါတယ္။
လမ္းခြဲသင့္ခ်ိန္ေရာက္ရင္ လမ္းခြဲပါ။ သင့္ရဲ႕ ေပ်ာ္ရႊင္မႈကို တျခား တစ္စံုတစ္ေယာက္ရဲ႕ ေဖ်ာ္ေျဖေရး အျဖစ္ထက္ ဦးစားေပး ေရြးရပါမယ္။
သင့္ရဲ႕ ရည္းစားက သင့္ကို တမင္ နာက်င္ေအာင္ လုပ္ေနတာ ဟုတ္ဟုတ္ မဟုတ္ဟုတ္ ကိစၥ မ႐ွိပါဘူး။ သင္က ခံစားေနရၿပီး သင့္ရည္းစားက အဲဒါကို မသိဘူးဆိုရင္ လမ္းခြဲဖို႔ လံုေလာက္ပါၿပီ။
စိတ္ကူးယဥ္ အိပ္မက္ေတြကို စြန္႔လႊတ္ၿပီး အစစ္အမွန္ကို ျပန္လာဖို႔ အခ်ိန္ေရာက္ပါၿပီ။ ဒီ လူဟာ သင့္အတြက္ အဆိပ္အေတာက္ဆိုတာ သင္ နားလည္ထားရပါမယ္။
အခ်စ္ဟာ နာက်င္မႈလို႔ သင္ထင္ထားရင္ေတာ့ သင့္ဘဝမွာ ေလ့လာစရာ အမ်ားႀကီး က်န္ပါေသးတယ္။
GM ရဲ့ တျခား အခ်စ္ေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/love/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။
—————————————————————————-
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
ခက်ခဲတဲ့ ဆုံးဖြတ်ချက် တစ်ခု၊ လမ်းခွဲရမှာလား
မကောင်းတဲ့ ချစ်ဇာတ်လမ်းတစ်ခုဟာ ချစ်ဇာတ်လမ်း မရှိတာထက် ဘာမှ ပိုမကောင်းပါဘူး။
ကျွန်တော့်ရဲ့ နောက်ဆုံး ချစ်ဇာတ်လမ်းကနေ ရခဲ့တဲ့ နောင်တ တစ်ခုကတော့ ကျွန်တော် ကျွန်တော့် အကောင်းဆုံး မလုပ်နိုင်ခဲ့လို့ပါ။
အဲဒီအချိန်ကတော့ ကျွန်တော် လုပ်နိုင်တာ အကုန် လုပ်ခဲ့ပြီးပြီ ထင်ခဲ့တာပါ။ ဒါပေမယ့် အခု ပြန်ကြည့်လိုက်တော့ ကျွန်တော် လုပ်နိုင်တာတွေ အမြောက်အများ ရှိပါသေးတယ်။
မကောင်းတဲ့၊ အဆင်မပြေတဲ့ ချစ်ဇာတ်လမ်းတွေဟာ သင့်ကို သင်ခန်းစာတွေတော့ ပေးနိုင်ပါတယ်။ သင် တစ်ခေါက် ကျရှုံးပြီးရင် နောက်တစ်ခေါက် အောင်မြင်အောင် ဘာလုပ်ရမလဲ ဆိုတာကိုပေါ့။
ဒါပေမယ့် သင် ဘယ်လိုအချိန်မျိုးဟာ လမ်းခွဲဖို့ အချိန် တန်ပြီလဲဆိုတာကိုလဲ လေ့လာသိရှိ နိုင်ပါတယ်။ ကျွန်တော့်ရဲ့ နောက်ဆုံး ချစ်ဇာတ်လမ်းကို လုပ်နိုင်သမျှ အကုန် မလုပ်ခဲ့တာ ကျွန်တော်ကပဲ အဆုံးသတ်ပစ်ချင်နေလို့ပါ။
ချစ်ဇာတ်လမ်း အားလုံးဟာ အဆင်ပြေမှာ မဟုတ်ပါဘူး။ စိတ်သဘောထား မကိုက်ညီတာတွေ ရှိလာမှာပါ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ ကျွန်တော်တို့ တော်တော်များများဟာ လမ်းမခွဲနိုင်ကြပါဘူး။
ချစ်ဇာတ်လမ်းအယောင်ဆောင် (၈) မျိုး
ကိုယ်ပင်ပင်ပန်းပန်း အချိန်ယူ တည်ဆောက်ထားရတဲ့ ချစ်ဇာတ်လမ်းကြီး ပြိုကွဲသွားမှာ ဘယ်သူမှ မဖြစ်ချင်ကြပါဘူး။ လမ်းခွဲဖို့ သတ္တိ မရှိကြပါဘူး။
သင်ဟာ သင့်ချစ်သူဘဝနဲ့ ရစ်နွယ်ပြီး ကြီးပြင်းလာတာပါ။ သင်တို့ ဘဝတွေဟာ ဆက်နွယ်နေပါပြီ။ သူမကို သင့်ဘဝထဲက ဖြတ်ထုတ်ဖို့ဟာ သင့် ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုကို ဖြတ်ထုတ်ရသလို ခံစားရမှာပါ။
ဒါပေမယ့် တစ်ခါတစ်လေမှာ အသက်ဆက်ရှင်ဖို့ ခြေတွေ လက်တွေ ဖြတ်ရတဲ့ အဖြစ်တွေ ရှိတာကိုလဲ သတိထားပါ။ သင့်ရဲ့ စိတ်နှလုံး အသက်ဆက်ရှင်ဖို့ သင့်ဘဝထဲက တချို့လူတွေကို ဖယ်ထုတ်ရမှာပါပဲ။
ချစ်ဇာတ်လမ်းတစ်ခုဟာ အဆိပ်ပြင်းလေလေ၊ ဖြတ်ဖို့ ခက်လေလေပါ။
ကျွန်တော်တို့ဟာ အဆိပ်ရှိတဲ့ လူတွေကို တစ်ချိန်ချိန်မှာ အချစ်နဲ့ ပြုပြင်ပေးနိုင်မယ်ထင်လို့ မဖြတ်ကြပါဘူး။ တကယ်သာ အဆိပ် ရှိခဲ့ရင် အစကတည်းက တွေ့ရမှာ မဟုတ်ဘူးလို့ ထင်ထားကြပါတယ်။
ကျွန်တော်တို့ဟာ ချစ်ဇာတ်လမ်းသာ တစ်ခုခု ပြသနာရှိခဲ့ရင် ကိုယ့်ရည်းစားနဲ့ ပါတ်သတ်ပြီး ဘာမှ ခံစားရမှာ မဟုတ်ဘူးလို့ ထင်ကြပါတယ်။ အဲဒါဟာ မဟုတ်ပါဘူး။
နာကျင်တာဟာ ချစ်လို့ မဟုတ်ပါဘူး။ သံယောဇဉ် တွယ်နေလို့ပါ။ သင့်ရဲ့ ရည်းစားက သင့်ကို ပျော်အောင် လုပ်ပေးနေတယ်ထင်လို့ တကယ် လုပ်မပေးနိုင်တဲ့ အခါကျ နာကျင်ခံစားရတာပါ။
သင့်ချစ်သူက သင်နဲ့ ငွေးရေးကြေးရေးအရ အဆင်ပြေပါသလား
တကယ်တော့ အဲဒီသူ သင့်ကို လုပ်နေတာက နာကျင်စေတာပါပဲ။အချစ် မဟုတ်ပါဘူး။ ပိုင်ဆိုင်ခြင်းပါ။
သင်က ချစ်ဇာတ်လမ်းတစ်ခုကို နာကျင် ဝမ်းနည်းမှုတွေ အပေါ် အခြေတည်ပြီး တည်ဆောက်လိုက်ရင် အဲဒီ ချစ်ဇာတ်လမ်းဟာ သင့်ကို အသက်ရှိနေသလို ခံစားနေရစေလို့ သင် မဖြတ်နိုင်တာပါ။
တစ်နေ့၊ သင့်ခေါင်းထဲက နာကျင်မှုကို စွဲလမ်းနေတဲ့ ဓာတုပစ္စည်းတွေ ငြိမ်သက်သွားရင် သင် အချစ် မရှိတော့သလို ဖြစ်လာမယ်။ ပြီးရင် လမ်းခွဲရမှာပါပဲ။
သင်ဟာ သင့်ကိုယ်သင်ကို သင့်ရည်းစားထက် ရှေ့တန်းတင်ရွေးချယ်ဖို့ လိုပါတယ်။
လမ်းခွဲသင့်ချိန်ရောက်ရင် လမ်းခွဲပါ။ သင့်ရဲ့ ပျော်ရွှင်မှုကို တခြား တစ်စုံတစ်ယောက်ရဲ့ ဖျော်ဖြေရေး အဖြစ်ထက် ဦးစားပေး ရွေးရပါမယ်။
သင့်ရဲ့ ရည်းစားက သင့်ကို တမင် နာကျင်အောင် လုပ်နေတာ ဟုတ်ဟုတ် မဟုတ်ဟုတ် ကိစ္စ မရှိပါဘူး။ သင်က ခံစားနေရပြီး သင့်ရည်းစားက အဲဒါကို မသိဘူးဆိုရင် လမ်းခွဲဖို့ လုံလောက်ပါပြီ။
စိတ်ကူးယဉ် အိပ်မက်တွေကို စွန့်လွှတ်ပြီး အစစ်အမှန်ကို ပြန်လာဖို့ အချိန်ရောက်ပါပြီ။ ဒီ လူဟာ သင့်အတွက် အဆိပ်အတောက်ဆိုတာ သင် နားလည်ထားရပါမယ်။
အချစ်ဟာ နာကျင်မှုလို့ သင်ထင်ထားရင်တော့ သင့်ဘဝမှာ လေ့လာစရာ အများကြီး ကျန်ပါသေးတယ်။
GM ရဲ့ တခြား အချစ်ရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/love/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================