သင့္ရဲ႕ က်ားအဂၤါမွာ ျဖစ္ပြားႏိုင္တဲ့ အဆိုးရြားဆံုး ကံၾကမၼာ ဆယ္မ်ိဳး

သင့္ရဲ႕ က်ားအဂၤါမွာ ျဖစ္ပြားႏိုင္တဲ့ အဆိုးရြားဆံုး ကံၾကမၼာ ဆယ္မ်ိဳး

Invaginated ဆိုတာ က်ားအဂၤါ အတြင္းအျပင္ ေျပာင္းျပန္လန္သြားတာရဲ႕ ေဆးပညာအေခၚအေဝၚပါ။ Google မွာ Invaginated Penis လို႔ေတာ့ ႐ွာမၾကည့္မိဖို႔ အၾကံေပးပါရေစ။ သင့္ရဲ႕လိင္တံကို အားတစ္ခုနဲ႔ ခပ္ျပင္းျပင္း ေဆာင့္မိတဲ့အခါ အထဲက ႂကြက္သားအေခ်ာင္းက ခႏၶာကိုယ္ထဲ ဝင္သြားပါတယ္။ အဲဒါမ်ိဳးက ျဖစ္ခဲပါတယ္။ ဆိုင္ကယ္ေမွာက္သူေတြမွာ ျဖစ္တတ္ပါတယ္။ ျဖစ္ရင္လဲ ျပန္လည္ကုသၿပီးတဲ့အခါမွာ ပံုမွန္အတိုင္း လိင္ကိစၥ ဆက္ဆံႏိုင္တာကို ေတြ႕ရပါတယ္။

သင့္ကို အိပ္မက္ဆိုးေတြေပးမယ့္ တျခားအျဖစ္အပ်က္ မ်ိဳး ႐ွိပါေသးတယ္။

. Saxophone Penis

လင့္ေၾကာတစ္ခု ပိတ္ဆို႔သြားတာ ဒါမွမဟုတ္ဘက္တီးရီးယားပိုးေၾကာင့္ ေရာင္ရမ္းတာေတြဟာ ဒီ ႐ွားပါးတဲ့ အေျခအေနကို ျဖစ္ေစပါတယ္။ အဲဒိအေျခအေနမွာ လိင္တံက ေရာင္ၿပီး လိမ္သြားပါတယ္။ ေဆးေတြက အေရာင္က်ေအာင္ လိမ္ေနတာ သက္သာေအာင္ ကူညီေပးႏိုင္တယ္။ ဆီးလဲ ပံုမွန္ သြားလို႔ရေအာင္ လုပ္ႏိုင္ပါတယ္။ ဒါေပမယ့္ လိင္ကိစၥကေတာ့ မျဖစ္ႏိုင္ပါဘူး။

. Crossed Wires

မေသမသပ္ ဆီးအိတ္ ခြဲစိတ္ကုသတာ၊ ပေရာ့စတိတ္ကင္ဆာ ကုသတာေတြဟာ Fistula လို႔ေခၚတဲ့ သင့္ဆီးႁပြန္နဲ႔ စအို ဆက္ထားတဲ့ တစ္႐ႈးကို စုတ္ျပဲသြားေစပါတယ္။ သင့္ဖင္ကေန ဆီးေတြ တစ္စက္စက္က်ေနၿပီး မစင္ေတြဟာ ဆီးသြားလမ္းေၾကာင္းထဲနဲ႔ ဆီးအိမ္ထဲ ဝင္လာမွာပါ။ ကုသလို႔ရေပမယ့္ ၾကာ႐ွည္ခက္ခဲမွာပါ။

ေယာက်ာၤးတိုုင္း ၾကိဳးစားၾကည့္သင့္တဲ့ Sex position ငါးမ်ိုုး


. Something Fishy

Candiru လို႔ေခၚတဲ့ ငါးတစ္မ်ိဳးဟာ ေရကူးေနတဲ့ လူရဲ႕ လိင္တံအဝကို ငါးတစ္ေကာင္ရဲ႕ ပါးဟက္ ထင္ၿပီး ဆူးေတာင္နဲ႔ ထိုးတတ္ပါတယ္။ သူ႔ရဲ႕ ဆူးေတာင္ဟာ ထိုးမိၿပီးတာနဲ႔ ထီးလိုမ်ိဳး ဆူးေတြ ေဘးကို ကားထြက္သြားပါတယ္။ ဘယ္ေလာက္ နာမလဲဆိုတာကေတာ့ သိတဲ့အတိုင္းပါပဲ။

. Buried Alive

တကယ္လို႔ လိင္အဂၤါထိပ္ အေရျပားျဖတ္တဲ့အခါမွာ ထိပ္ပါ မွားၿပီး ျဖတ္မိခဲ့ရင္ အဲဒါဟာ သင့္ရဲ႕ ကပ္ပယ္အိတ္နဲ႔ ဆက္ရက္သားႀကီး ျပန္ႀကီးထြားလာႏိုင္ပါတယ္။ သင့္ရဲ႕ထိပ္ဟာ ကပ္ပယ္အိတ္မွာ တစ္ဝက္ ျမဳပ္ေနမယ့္အေနအထားပါ။ ကံေကာင္းစြာနဲ႔ အဲဒါက ကုသႏိုင္ပါတယ္။

. Trouble with the curve

သင့္ရဲ႕ လိင္တံထဲမွာ အလံုးအႀကိတ္တစ္ခု ျဖစ္လာခဲ့ရင္ သင့္ဟာက ေကာက္လာၿပီး ေထာင္မတ္လာတဲ့အခါ အရမ္းနာက်င္ေစပါတယ္။ ပိုေၾကာက္ဖို႔ေကာင္းတာက US မွာ တစ္ႏွစ္ကို ေယာက္်ား ၆ေသာင္း ကေလ ၁သိန္း၂ေသာင္း ထိ အဲ့ေရာဂါနဲ႔ ေဆးလာျပေနရပါတယ္။ ကုသႏိုင္ေပမယ့္ အလံုးစံုျပန္ေကာင္းဖို႔ အာမ မခံႏိုင္ပါဘူး။

. Broken Penis

သင့္အဂၤါထဲမွာ အ႐ိုးမ႐ွိေပမယ့္ သင္ေထာင္မတ္လာတဲ့အခါ ေသြးေတြနဲ႔ ျပည့္လာတဲ့ ႁပြန္ေလးေတြ႐ွိပါတယ္။ အဲဒိႁပြန္ေလးေတြ သင္ဆက္ဆံမႈ ျပဳေနတုန္း ေကြးသြားခဲ့ရင္ ေပါက္သြားၿပီး သင့္လိင္တံတစ္ခုလံုး ေသြးနဲ႔ ျပည့့္သြားၿပီး ေဖာင္းကားလာပါတယ္။ ခ်က္ျခင္းမကုသရင္ တစ္သက္လံုး ပံုပ်က္သြားေစႏိုင္ပါတယ္။

. Doggone it

အရက္မူးရင္ ေသာ့ေတြ ပိုက္ဆံအိတ္ေတြ က်ေပ်ာက္တာ ထံုးစံလိုလိုပါ။ ဒါေပမယ့္ ဒိုမီနီကန္က လူတစ္ေယာက္ကေတာ့ အမူးေျပတဲ့အခါ သူ႔က်ားအဂၤါ ေပ်ာက္ေနပါတယ္ တဲ့။ ေဘးအိမ္က လူေတြေျပာတာက သူမူးေနတုန္း ေခြးတစ္ေကာင္က သူ႔ကို တိုက္ခိုက္ၿပီး စားပစ္လိုက္ပါတယ္ တဲ့။

လိင္ဆက္ဆံပံုုနွင့္စိတ္ေနသေဘာထား..


. A Permanent Gesture

လူတစ္ေယာက္ဟာ သူ႔ ေကာင္မေလးရဲ႕ နာမည္ကို သူ႔အဂၤါေပၚမွာ တက္တူးထိုးၿပီးေတာ့ သံုးလဆက္တိုက္ ေထာင္မတ္ေနပါတယ္ တဲ့။ အေၾကာင္းကေတာ့ အဲဒိ တက္တူးသမားရဲ႕ အပ္ဟာ အဂၤါထဲကို နက္နက္ဝင္သြားလို႔ ေသြးစီးဆင္းမႈ အရမ္းျမင့္မားသြားတာပါ။ အဲဒိေကာင္ကေတာ့ မကုေတာ့ဘူး၊ အဲ့အတိုင္ပဲ ေနမယ္ ေျပာပါတယ္။

၁၀. Rough Day at Work

ဖေလာ္ရီဒါက လူတစ္ေယာက္ဟာ သူ႔ရဲ႕ အဂၤါနဲ႔ ကပ္ပယ္အိတ္ ျဖတ္စက္ထဲ ပါသြားေတာ့ စက္ရံုကို တရားစြဲဆိုခဲ့ပါတယ္။ အဲဒိ ေကာ္ေဇာ ေဘးစြန္း မညီတဲ့အစေတြကို ျဖတ္ဖို႔ ဒီဇိုင္းထုတ္ထားတဲ့စက္ကို Training မေပးပဲ အလုပ္လုပ္ခိုင္းတာ သူ႔အဂၤါေတြပါ ပါကုန္တယ္လို႔ ေျပာပါတယ္။

GM ရဲ့ တျခား  က်န္းမာေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/health/

 မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။ 

—————————————————————————- 

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

သင့်ရဲ့ ကျားအင်္ဂါမှာ ဖြစ်ပွားနိုင်တဲ့ အဆိုးရွားဆုံး ကံကြမ္မာ ဆယ်မျိုး

Invaginated ဆိုတာ ကျားအင်္ဂါ အတွင်းအပြင် ပြောင်းပြန်လန်သွားတာရဲ့ ဆေးပညာအခေါ်အဝေါ်ပါ။ Google မှာ Invaginated Penis လို့တော့ ရှာမကြည့်မိဖို့ အကြံပေးပါရစေ။ သင့်ရဲ့လိင်တံကို အားတစ်ခုနဲ့ ခပ်ပြင်းပြင်း ဆောင့်မိတဲ့အခါ အထဲက ကြွက်သားအချောင်းက ခန္ဓာကိုယ်ထဲ ဝင်သွားပါတယ်။ အဲဒါမျိုးက ဖြစ်ခဲပါတယ်။ ဆိုင်ကယ်မှောက်သူတွေမှာ ဖြစ်တတ်ပါတယ်။ ဖြစ်ရင်လဲ ပြန်လည်ကုသပြီးတဲ့အခါမှာ ပုံမှန်အတိုင်း လိင်ကိစ္စ ဆက်ဆံနိုင်တာကို တွေ့ရပါတယ်။

သင့်ကို အိပ်မက်ဆိုးတွေပေးမယ့် တခြားအဖြစ်အပျက် ၉ မျိုး ရှိပါသေးတယ်။

၂. Saxophone Penis

လင့်ကြောတစ်ခု ပိတ်ဆို့သွားတာ ၊ ဒါမှမဟုတ်ဘက်တီးရီးယားပိုးကြောင့် ရောင်ရမ်းတာတွေဟာ ဒီ ရှားပါးတဲ့ အခြေအနေကို ဖြစ်စေပါတယ်။ အဲဒိအခြေအနေမှာ လိင်တံက ရောင်ပြီး လိမ်သွားပါတယ်။ ဆေးတွေက အရောင်ကျအောင် လိမ်နေတာ သက်သာအောင် ကူညီပေးနိုင်တယ်။ ဆီးလဲ ပုံမှန် သွားလို့ရအောင် လုပ်နိုင်ပါတယ်။ ဒါပေမယ့် လိင်ကိစ္စကတော့ မဖြစ်နိုင်ပါဘူး။

၃. Crossed Wires

မသေမသပ် ဆီးအိတ် ခွဲစိတ်ကုသတာ၊ ပရော့စတိတ်ကင်ဆာ ကုသတာတွေဟာ Fistula လို့ခေါ်တဲ့ သင့်ဆီးပြွန်နဲ့ စအို ဆက်ထားတဲ့ တစ်ရှုးကို စုတ်ပြဲသွားစေပါတယ်။ သင့်ဖင်ကနေ ဆီးတွေ တစ်စက်စက်ကျနေပြီး မစင်တွေဟာ ဆီးသွားလမ်းကြောင်းထဲနဲ့ ဆီးအိမ်ထဲ ဝင်လာမှာပါ။ ကုသလို့ရပေမယ့် ကြာရှည်ခက်ခဲမှာပါ။

ယောကျာၤးတိုင်း ကြိုးစားကြည့်သင့်တဲ့ Sex position ငါးမျိုး

၄. Something Fishy

Candiru လို့ခေါ်တဲ့ ငါးတစ်မျိုးဟာ ရေကူးနေတဲ့ လူရဲ့ လိင်တံအဝကို ငါးတစ်ကောင်ရဲ့ ပါးဟက် ထင်ပြီး ဆူးတောင်နဲ့ ထိုးတတ်ပါတယ်။ သူ့ရဲ့ ဆူးတောင်ဟာ ထိုးမိပြီးတာနဲ့ ထီးလိုမျိုး ဆူးတွေ ဘေးကို ကားထွက်သွားပါတယ်။ ဘယ်လောက် နာမလဲဆိုတာကတော့ သိတဲ့အတိုင်းပါပဲ။

၅. Buried Alive

တကယ်လို့ လိင်အင်္ဂါထိပ် အရေပြားဖြတ်တဲ့အခါမှာ ထိပ်ပါ မှားပြီး ဖြတ်မိခဲ့ရင် အဲဒါဟာ သင့်ရဲ့ ကပ်ပယ်အိတ်နဲ့ ဆက်ရက်သားကြီး ပြန်ကြီးထွားလာနိုင်ပါတယ်။ သင့်ရဲ့ထိပ်ဟာ ကပ်ပယ်အိတ်မှာ တစ်ဝက် မြုပ်နေမယ့်အနေအထားပါ။ ကံကောင်းစွာနဲ့ အဲဒါက ကုသနိုင်ပါတယ်။

၆. Trouble with the curve

သင့်ရဲ့ လိင်တံထဲမှာ အလုံးအကြိတ်တစ်ခု ဖြစ်လာခဲ့ရင် သင့်ဟာက ကောက်လာပြီး ထောင်မတ်လာတဲ့အခါ အရမ်းနာကျင်စေပါတယ်။ ပိုကြောက်ဖို့ကောင်းတာက US မှာ တစ်နှစ်ကို ယောက်ျား ၆သောင်း ကလေ ၁သိန်း၂သောင်း ထိ အဲ့ရောဂါနဲ့ ဆေးလာပြနေရပါတယ်။ ကုသနိုင်ပေမယ့် အလုံးစုံပြန်ကောင်းဖို့ အာမ မခံနိုင်ပါဘူး။

၇. Broken Penis

သင့်အင်္ဂါထဲမှာ အရိုးမရှိပေမယ့် သင်ထောင်မတ်လာတဲ့အခါ သွေးတွေနဲ့ ပြည့်လာတဲ့ ပြွန်လေးတွေရှိပါတယ်။ အဲဒိပြွန်လေးတွေ သင်ဆက်ဆံမှု ပြုနေတုန်း ကွေးသွားခဲ့ရင် ပေါက်သွားပြီး သင့်လိင်တံတစ်ခုလုံး သွေးနဲ့ ပြည့်သွားပြီး ဖောင်းကားလာပါတယ်။ ချက်ခြင်းမကုသရင် တစ်သက်လုံး ပုံပျက်သွားစေနိုင်ပါတယ်။

၈. Doggone it

အရက်မူးရင် သော့တွေ ပိုက်ဆံအိတ်တွေ ကျပျောက်တာ ထုံးစံလိုလိုပါ။ ဒါပေမယ့် ဒိုမီနီကန်က လူတစ်ယောက်ကတော့ အမူးပြေတဲ့အခါ သူ့ကျားအင်္ဂါ ပျောက်နေပါတယ် တဲ့။ ဘေးအိမ်က လူတွေပြောတာက သူမူးနေတုန်း ခွေးတစ်ကောင်က သူ့ကို တိုက်ခိုက်ပြီး စားပစ်လိုက်ပါတယ် တဲ့။

လိင်ဆက်ဆံပုံနှင့်စိတ်နေသဘောထား..

၉. A Permanent Gesture

လူတစ်ယောက်ဟာ သူ့ ကောင်မလေးရဲ့ နာမည်ကို သူ့အင်္ဂါပေါ်မှာ တက်တူးထိုးပြီးတော့ သုံးလဆက်တိုက် ထောင်မတ်နေပါတယ် တဲ့။ အကြောင်းကတော့ အဲဒိ တက်တူးသမားရဲ့ အပ်ဟာ အင်္ဂါထဲကို နက်နက်ဝင်သွားလို့ သွေးစီးဆင်းမှု အရမ်းမြင့်မားသွားတာပါ။ အဲဒိကောင်ကတော့ မကုတော့ဘူး၊ အဲ့အတိုင်ပဲ နေမယ် ပြောပါတယ်။

၁၀. Rough Day at Work

ဖလော်ရီဒါက လူတစ်ယောက်ဟာ သူ့ရဲ့ အင်္ဂါနဲ့ ကပ်ပယ်အိတ် ဖြတ်စက်ထဲ ပါသွားတော့ စက်ရုံကို တရားစွဲဆိုခဲ့ပါတယ်။ အဲဒိ ကော်ဇော ဘေးစွန်း မညီတဲ့အစတွေကို ဖြတ်ဖို့ ဒီဇိုင်းထုတ်ထားတဲ့စက်ကို Training မပေးပဲ အလုပ်လုပ်ခိုင်းတာ သူ့အင်္ဂါတွေပါ ပါကုန်တယ်လို့ ပြောပါတယ်။
GM ရဲ့ တခြား ကျန်းမာရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/health/

မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

—————————————————————————-

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

 

 

Related Posts

%%footer%%