လုပ္ငန္း႐ွင္ မလုပ္ခင္ ေျဖႏိုင္ရမယ့္ ေမးခြန္း ေျခာက္ခု

လုပ္ငန္း႐ွင္ မျဖစ္ခင္ သင္ ေျဖႏိုင္ရမယ့္ ေမးခြန္း ေျခာက္ခု

လုပ္ငန္း႐ွင္တစ္ေယာက္ ျဖစ္ဖို႔ဟာ ခုတစ္ေလာ လူေျပာမ်ားေနပါတယ္။ စာနယ္ဇင္းေတြ၊ တီဗြီ႐ိႈးေတြ၊ လူမႈကြန္ရက္ေတြ၊ အားလံုးမွာ လုပ္ငန္း႐ွင္ ျဖစ္ဖို႔ ေဆာင္းပါးေတြ၊ အစီအစဥ္ေတြ မိႈလိုေပါက္ေနပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက အဲဒါေတြကို ၾကည့္ၿပီး ငါ လုပ္ငန္း႐ွင္ ျဖစ္ႏိုင္ပါ့မလားဆိုတာ စဥ္းစားလာၾကတယ္။

လုပ္ငန္း႐ွင္ဘဝဟာ ထိုက္ထိုက္တန္တန္ ဝင္ေငြရေပမယ့္ လုပ္ငန္း႐ွင္ျဖစ္ႏိုင္မယ့္ လူမ်ိဳးျဖစ္ဖို႔ေတာ့ လိုပါတယ္။ အဲဒီလူဟာ အထက္တန္းေက်ာင္းသားေလး ျဖစ္ေနႏိုင္သလို လုပ္ငန္း အေရထူေနတဲ့ ဝန္ထမ္းႀကီးေတြလဲ ျဖစ္ႏိုင္ပါတယ္။ အေျခအေနအလိုက္ သင့္ကိုယ္သင္ လုပ္ငန္း႐ွင္ျဖစ္ဖို႔ ျပန္ေမးရမယ့္ ေမးခြန္းေတြ ႐ွိေနေပမယ့္ ေအာက္ပါ ေမးခြန္း ေျခာက္ခုကိုေတာ့ ေသခ်ာေပါက္ ” Yes ” လို႔ ေျဖရမွာပါ။

. သင္ ေငြေၾကးဆိုင္ရာ စြန္႔စားခ်က္ေတြ လုပ္ရဲပါသလား

သင္ လုပ္ငန္းတစ္ခုစရင္ ထည့္တြက္ထားရမွာက သင္ ႐ွံုးႏိုင္ပါတယ္။ အေႂကြးေတြ တင္ႏိုင္ပါတယ္။ ႐ွိသမ်ွ ကုန္ႏိုင္ပါတယ္။

သင့္မွာ ေငြပိုေနလို႔ လုပ္တာဆိုရင္ေတာ့ အဲဒီ ပိုေငြနဲ႔ လုပ္ငန္းလုပ္ပါ။ အဲဒီနည္းနဲ႔ဲ သင္ ေအာင္ျမင္ႏိုင္ပါတယ္။ တကယ္လို႔ သင့္မွာ ေငြပိုမ႐ွိဘူး၊ ဒါေပမယ့္ ကိုယ့္အိုင္ဒီယာ ကိုယ္အရမ္းယံုတယ္ဆိုရင္ေတာ့ ေျခစံုပစ္သာ ဝင္လိုက္ပါေတာ့။

. သင့္ကို ကူညီပံ့ပိုးေပးမယ့္ သူေတြ ႐ွိပါရဲ႕လား

စီးပြားေရးခရီးလမ္းက မေခ်ာေမြ႕ပါဘူး။ လမ္းၾကမ္းၾကမ္းမွာ လမ္းဆံုလမ္းခြ ေနရာေတြ အမ်ားႀကီး ႐ွိမွာပါ။ သင့္မွာ ေမးခြန္းေတြ အမ်ားႀကီး ႐ွိလာမွာပါ။ အဲဒီလိုဆိုရင္ သင့္ေနာက္မွာ သင့္ကို ကူညီေပးမယ့္၊ ေမးခြန္ေတြ ေျဖေပးမယ့္ ကူညီသူေတြ ႐ွိေနဖို႔ လိုပါတယ္။

သင့္ရဲ႕ မိသားစု၊ သူငယ္ခ်င္း၊ နည္းျပ၊ စီးပြားေရးအဆက္အသြယ္ေတြ သင့္ဘက္မွာ ႐ွိေနတာဟာ သင့္ ေအာင္ျမင္ႏိုင္ဖို႔ ရာခိုင္ႏႈန္းကို အမ်ားႀကီး တိုးတက္ေစပါတယ္။ ဒါေပမယ့္ သံသယ ျဖစ္သူေတြကိုေတာ့ အေဝးမွာပဲ ထားပါ။ သူတို႔က ေအာင္ျမင္မႈအတြက္ အဆိပ္အေတာက္ပါ။

ကုမၸဏီကထြက္ၿပီး စီးပြားေရးလုပ္ငန္း ဘယ္လို တည္ေထာင္မလဲ

. အႀကိမ္ႀကိမ္ ႐ွံုးနိမ့္ရင္ ျပန္ထႏိုင္စြမ္း ႐ွိပါ့မလား

သင္ က်႐ွံုးဖို႔ ရာႏႈန္း အရမ္းမ်ားပါတယ္။ တကယ္လို႔ သင္သာ အစကတည္းက ႐ွိသမ်ွ အကုန္ သံုးလိုက္ရင္ ဘာမွ က်န္မွာ မဟုတ္ပါဘူး။ သင္ ေဘးေရာက္သြားမွာပါ။ သင္ စိတ္ အရမ္း ပ်က္သြားရမွာပါ။

လုပ္ငန္း႐ွင္ေတြဟာ အႀကိမ္ႀကိမ္ ႐ွံုးနိမ့္ရင္ေတာင္ ျပန္ထလာလိုစိတ္ ႐ွိၾကပါတယ္။ James Dyson ဆိုတဲ့ သူဟာ ေလစုပ္စက္ေတြ တီထြင္ခဲ့တာပါ။ သူ႔ရဲ႕ ပထမ ၅၁၂၆ ခါအထိ ပံုစံေတြဟာ က်ရံွံုးခဲ့ပါတယ္။ ၅၁၂၇ ခုေျမာက္ ေလစုပ္စက္ဟာ အေမရိကန္မွာ အေရာင္းရဆံုး ျဖစ္သြားပါတယ္။ တကယ္လို႔ သူ အႀကိမ္ ၅၀၀၀ ေက်ာ္ က်ရံႈးလို႔ အ႐ွံုးေပးလိုက္ရင္ သူအခု ေဒၚလာ . ဘီလ်ံ ပိုင္ဆိုင္ေနမွာ မဟုတ္ပါဘူး။

. ေရေရရာရာ အျမတ္မေပၚေသးပဲ၊ ဇိမ္မခံရေသးပဲနဲ႔ သင္ ဆက္လုပ္ခ်င္စိတ္ ႐ွိပါမလား

သင္ ေန႔တိုင္း ၾကမ္းေပၚမွာအိပ္၊ ေခါက္ဆြဲျပဳတ္စားၿပီး အလုပ္လုပ္ရင္ ႀကိဳးစားခ်င္စိတ္ ႏိုင္ပါ့မလား။ သင့္ကားကို ေရာင္းၿပီး ဘတ္စ္ကား စီးႏိုင္ပါ့မလား။ သင့္လုပ္ငန္း တိုးခ်ဲ့ဖို႔ ေငြရင္းဖို႔ အိမ္ကို ေရာင္းၿပီး အခန္းငွါး ေနရဲပါ့မလား။ အဲဒါေတြ မလုပ္ႏိုင္ေသးရင္ သင္ လုပ္ငန္း႐ွင္ မျဖစ္ႏိုင္ပါဘူး။

. လုပ္ငန္းစလုပ္ကတည္းက သင့္ အလုပ္နဲ႔ ဘဝ အခ်ိဳးမက်ပဲ ျဖစ္သြားမယ္ဆိုတာ သိပါသလား

အစမွာ သင့္ရဲ႕ လုပ္ငန္းကို အခ်ိန္ပိုေပးရလို႔ မိသားစု၊ သူငယ္ခ်င္း၊ ခ်စ္သူနဲ႔ ေတြ႕ဖို႔ အခ်ိန္ေတြကို စေတးရမွာပါ။ ေသာၾကာညေတြမွာ ဘီယာဆိုင္ထိုင္မယ့္အစား အလုပ္က စားပြဲမွာပဲ အိပ္ခ်င္ အိပ္ရမွာပါ။

လုပ္ငန္းရွင္ျဖစ္ဖို႔ ေမြးဖြားလာေၾကာင္း သိႏိုင္သည့္ အခ်က္မ်ား

လုပ္ငန္းအသစ္စရင္ သင္ အခ်ိန္နဲ႔ ခြန္အားကုိ လုပ္ငန္းထဲ ထည့္ထားဖို႔ လိုပါတယ္။ အားလံုးက သင့္ပခံုးေပၚမွာပါ။ အဲဒါက ေတာ္ရံုလူ မခံႏိုင္တဲ့ ဖိအားပါ။ အခ်ိန္ၾကာလာရင္ေတာ့ အလုပ္နဲ႔ ဘဝ မ်ွလာႏိုင္ေပမယ့္ အစပိုင္း ႏွစ္ေတြမွာေတာ့ အလုပ္ကို အားထည့္ထားရမွာပါ။

. သင့္ ေအာင္ျမင္မႈကို ႀကိဳျမင္ပါသလား

ဒါက အေရးႀကီးဆံုးပါ။ သင့္ေအာင္ျမင္မႈကို သင္ စိတ္ထဲမွာ မျမင္ႏိုင္ရင္ ေအာင္ျမင္ဖို႔ မစဥ္းစားပါနဲ႔။ သင္ ႐ွင္း႐ွင္းလင္းလင္းႀကီးကို ျမင္ေနဖို႔ လိုပါတယ္။ သင္ မနက္လင္းရင္လဲ ေအာင္ျမင္မႈကို ျမင္ရၿပီး ညအိပ္တဲ့အခါေရာ အိပ္မက္ထဲ ထည့္မက္တဲ့အထိကို သင့္ေအာင္ျမင္မႈဟာ ေခါင္းထဲမွာ စြဲေနရပါမယ္။

ဘယ္လိုလဲ?? ” Yes ” လို႔ ေျပာႏိုင္ပါၿပီလား။

GM ရဲ့ တျခား စီးပြားေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/money/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။ 

—————————————————————————- 

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

လုပ်ငန်းရှင် မဖြစ်ခင် သင် ဖြေနိုင်ရမယ့် မေးခွန်း ခြောက်ခု

လုပ်ငန်းရှင်တစ်ယောက် ဖြစ်ဖို့ဟာ ခုတစ်လော လူပြောများနေပါတယ်။ စာနယ်ဇင်းတွေ၊ တီဗွီရှိုးတွေ၊ လူမှုကွန်ရက်တွေ၊ အားလုံးမှာ လုပ်ငန်းရှင် ဖြစ်ဖို့ ဆောင်းပါးတွေ၊ အစီအစဉ်တွေ မှိုလိုပေါက်နေပါတယ်။ လူတော်တော်များများက အဲဒါတွေကို ကြည့်ပြီး ငါ လုပ်ငန်းရှင် ဖြစ်နိုင်ပါ့မလားဆိုတာ စဉ်းစားလာကြတယ်။

လုပ်ငန်းရှင်ဘဝဟာ ထိုက်ထိုက်တန်တန် ဝင်ငွေရပေမယ့် လုပ်ငန်းရှင်ဖြစ်နိုင်မယ့် လူမျိုးဖြစ်ဖို့တော့ လိုပါတယ်။ အဲဒီလူဟာ အထက်တန်းကျောင်းသားလေး ဖြစ်နေနိုင်သလို လုပ်ငန်း အရေထူနေတဲ့ ဝန်ထမ်းကြီးတွေလဲ ဖြစ်နိုင်ပါတယ်။ အခြေအနေအလိုက် သင့်ကိုယ်သင် လုပ်ငန်းရှင်ဖြစ်ဖို့ ပြန်မေးရမယ့် မေးခွန်းတွေ ရှိနေပေမယ့် အောက်ပါ မေးခွန်း ခြောက်ခုကိုတော့ သေချာပေါက် ” Yes ” လို့ ဖြေရမှာပါ။

၁. သင် ငွေကြေးဆိုင်ရာ စွန့်စားချက်တွေ လုပ်ရဲပါသလား

သင် လုပ်ငန်းတစ်ခုစရင် ထည့်တွက်ထားရမှာက သင် ရှုံးနိုင်ပါတယ်။ အကြွေးတွေ တင်နိုင်ပါတယ်။ ရှိသမျှ ကုန်နိုင်ပါတယ်။

သင့်မှာ ငွေပိုနေလို့ လုပ်တာဆိုရင်တော့ အဲဒီ ပိုငွေနဲ့ လုပ်ငန်းလုပ်ပါ။ အဲဒီနည်းနဲ့ သင် အောင်မြင်နိုင်ပါတယ်။ တကယ်လို့ သင့်မှာ ငွေပိုမရှိဘူး၊ ဒါပေမယ့် ကိုယ့်အိုင်ဒီယာ ကိုယ်အရမ်းယုံတယ်ဆိုရင်တော့ ခြေစုံပစ်သာ ဝင်လိုက်ပါတော့။

၂. သင့်ကို ကူညီပံ့ပိုးပေးမယ့် သူတွေ ရှိပါရဲ့လား

စီးပွားရေးခရီးလမ်းက မချောမွေ့ပါဘူး။ လမ်းကြမ်းကြမ်းမှာ လမ်းဆုံလမ်းခွ နေရာတွေ အများကြီး ရှိမှာပါ။ သင့်မှာ မေးခွန်းတွေ အများကြီး ရှိလာမှာပါ။ အဲဒီလိုဆိုရင် သင့်နောက်မှာ သင့်ကို ကူညီပေးမယ့်၊ မေးခွန်တွေ ဖြေပေးမယ့် ကူညီသူတွေ ရှိနေဖို့ လိုပါတယ်။

သင့်ရဲ့ မိသားစု၊ သူငယ်ချင်း၊ နည်းပြ၊ စီးပွားရေးအဆက်အသွယ်တွေ သင့်ဘက်မှာ ရှိနေတာဟာ သင့် အောင်မြင်နိုင်ဖို့ ရာခိုင်နှုန်းကို အများကြီး တိုးတက်စေပါတယ်။ ဒါပေမယ့် သံသယ ဖြစ်သူတွေကိုတော့ အဝေးမှာပဲ ထားပါ။ သူတို့က အောင်မြင်မှုအတွက် အဆိပ်အတောက်ပါ။

ကုမ္ပဏီကထွက်ပြီး စီးပွားရေးလုပ်ငန်း ဘယ်လို တည်ထောင်မလဲ

၃. အကြိမ်ကြိမ် ရှုံးနိမ့်ရင် ပြန်ထနိုင်စွမ်း ရှိပါ့မလား

သင် ကျရှုံးဖို့ ရာနှုန်း အရမ်းများပါတယ်။ တကယ်လို့ သင်သာ အစကတည်းက ရှိသမျှ အကုန် သုံးလိုက်ရင် ဘာမှ ကျန်မှာ မဟုတ်ပါဘူး။ သင် ဘေးရောက်သွားမှာပါ။ သင် စိတ် အရမ်း ပျက်သွားရမှာပါ။

လုပ်ငန်းရှင်တွေဟာ အကြိမ်ကြိမ် ရှုံးနိမ့်ရင်တောင် ပြန်ထလာလိုစိတ် ရှိကြပါတယ်။ James Dyson ဆိုတဲ့ သူဟာ လေစုပ်စက်တွေ တီထွင်ခဲ့တာပါ။ သူ့ရဲ့ ပထမ ၅၁၂၆ ခါအထိ ပုံစံတွေဟာ ကျရှုံးခဲ့ပါတယ်။ ၅၁၂၇ ခုမြောက် လေစုပ်စက်ဟာ အမေရိကန်မှာ အရောင်းရဆုံး ဖြစ်သွားပါတယ်။ တကယ်လို့ သူ အကြိမ် ၅၀၀၀ ကျော် ကျရှုံးလို့ အရှုံးပေးလိုက်ရင် သူအခု ဒေါ်လာ ၄.၅ ဘီလျံ ပိုင်ဆိုင်နေမှာ မဟုတ်ပါဘူး။

၄. ရေရေရာရာ အမြတ်မပေါ်သေးပဲ၊ ဇိမ်မခံရသေးပဲနဲ့ သင် ဆက်လုပ်ချင်စိတ် ရှိပါမလား

သင် နေ့တိုင်း ကြမ်းပေါ်မှာအိပ်၊ ခေါက်ဆွဲပြုတ်စားပြီး အလုပ်လုပ်ရင် ကြိုးစားချင်စိတ် နိုင်ပါ့မလား။ သင့်ကားကို ရောင်းပြီး ဘတ်စ်ကား စီးနိုင်ပါ့မလား။ သင့်လုပ်ငန်း တိုးချဲ့ဖို့ ငွေရင်းဖို့ အိမ်ကို ရောင်းပြီး အခန်းငှါး နေရဲပါ့မလား။ အဲဒါတွေ မလုပ်နိုင်သေးရင် သင် လုပ်ငန်းရှင် မဖြစ်နိုင်ပါဘူး။

၅. လုပ်ငန်းစလုပ်ကတည်းက သင့် အလုပ်နဲ့ ဘဝ အချိုးမကျပဲ ဖြစ်သွားမယ်ဆိုတာ သိပါသလား

အစမှာ သင့်ရဲ့ လုပ်ငန်းကို အချိန်ပိုပေးရလို့ မိသားစု၊ သူငယ်ချင်း၊ ချစ်သူနဲ့ တွေ့ဖို့ အချိန်တွေကို စတေးရမှာပါ။ သောကြာညတွေမှာ ဘီယာဆိုင်ထိုင်မယ့်အစား အလုပ်က စားပွဲမှာပဲ အိပ်ချင် အိပ်ရမှာပါ။

လုပ်ငန်းရှင်ဖြစ်ဖို့ မွေးဖွားလာကြောင်း သိနိုင်သည့် အချက်များ

လုပ်ငန်းအသစ်စရင် သင် အချိန်နဲ့ ခွန်အားကို လုပ်ငန်းထဲ ထည့်ထားဖို့ လိုပါတယ်။ အားလုံးက သင့်ပခုံးပေါ်မှာပါ။ အဲဒါက တော်ရုံလူ မခံနိုင်တဲ့ ဖိအားပါ။ အချိန်ကြာလာရင်တော့ အလုပ်နဲ့ ဘဝ မျှလာနိုင်ပေမယ့် အစပိုင်း နှစ်တွေမှာတော့ အလုပ်ကို အားထည့်ထားရမှာပါ။

၆. သင့် အောင်မြင်မှုကို ကြိုမြင်ပါသလား

ဒါက အရေးကြီးဆုံးပါ။ သင့်အောင်မြင်မှုကို သင် စိတ်ထဲမှာ မမြင်နိုင်ရင် အောင်မြင်ဖို့ မစဉ်းစားပါနဲ့။ သင် ရှင်းရှင်းလင်းလင်းကြီးကို မြင်နေဖို့ လိုပါတယ်။ သင် မနက်လင်းရင်လဲ အောင်မြင်မှုကို မြင်ရပြီး ညအိပ်တဲ့အခါရော အိပ်မက်ထဲ ထည့်မက်တဲ့အထိကို သင့်အောင်မြင်မှုဟာ ခေါင်းထဲမှာ စွဲနေရပါမယ်။

ဘယ်လိုလဲ?? ” Yes ” လို့ ပြောနိုင်ပါပြီလား။

GM ရဲ့ တခြား စီးပွားရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/money/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

—————————————————————————-

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

Related Posts

%%footer%%