အဆင့်(၁) – ခံယူချက်
အဆင့်(၂) – ဦးတည်ချက်
အဆင့်(၃) – လမ်းပြမြေပုံ
—————————————————————————- 
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
လူမှုဆက်ဆံရေးစွမ်းရည်တိုးတက်ဖို့ အဆင့်(၅)ခု
ဘယ်အလုပ်မျိုးကိုလုပ်လုပ် လူမှုဆက်ဆံရေးစွမ်းရည်က သင့်ရဲ့အောင်မြင်မှုကို အရှိန်မြှင့်တင်ပေးနိုင်တဲ့အရာ ဖြစ်ပါတယ်။ တွေ့ဆုံခွင့်ရသူတွေဆီကနေ တိုက်ရိုက်သင်ယူနိုင်ဖို့ အသုံးတည့်သလို ပေါင်းသင်းဆက်ဆံရေးရဲ့ အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။
ကျွန်တော်တို့အများစုအတွက် လူမှုဆက်ဆံရေးက တစ်ခါတစ်လေမှာ ဆန်းပြားတဲ့ကိစ္စပါပဲ။ ဘယ်ကစလို့ စရမှန်းမသိ၊ ဘာပြောရမှန်းမသိ၊ ဘယ်အချိန်မှာ ဆက်ဆံရေးကို ဘယ်လိုတည်ဆောက်ရမယ် ဆိုတာကို သေချာမသိဖြစ်နေတတ်ကြပါတယ်။ လူမှုဆက်ဆံရေးနဲ့ပတ်သက်ပြီး ဝိဇ္ဇာသိပ္ပံဆိုင်ရာ အယူအဆတွေ အမျိုးမျိုးရှိပေမယ့် အခုအဆင့်(၅)ခုက သင့်ရဲ့လူမှုဆက်ဆံရေးစွမ်းရည်ကို တိုးတက်စေမှာ သေချာပါတယ်။
အဆင့်(၁) – ခံယူချက်
လူအများစုက အများသူငါ သူစိမ်းတရံတွေနဲ့ ဆက်ဆံရတော့မယ်ဆိုရင် လောကွတ်ပိုတတ်ကြပါတယ်။ တစ်ခုသိထားရမှာက သင်တွေ့ဆုံဆက်ဆံရတဲ့သူဟာလည်း သင့်လိုပဲ သူစိမ်းတစ်ယောက်ကို ဆက်ဆံနေရတယ်ဆိုတဲ့ ခံစားချက်မျိုးရှိတယ် ဆိုတာပါပဲ။ ဒါ့ကြောင့် ဟန်လုပ်ပြီး လောကွတ်ပိုနေတတ်သူတွေနဲ့ ဆက်ဆံဖို့ တဖက်လူအတွက် အခက်အခဲပိုဖြစ်စေပါတယ်။ အကောင်းဆုံး လူမှုဆက်ဆံရေးဆိုတာ စစ်မှန်ရိုးသားတဲ့ ဆက်ဆံရေးကနေ ဖြစ်လာတာပါ။ ဘယ်သူ့ကိုပဲဖြစ်ဖြစ် လုပ်ငန်းလုပ်ဖော်ကိုင်ဖက်တစ်ယောက်ထက်ပိုပြီး ငယ်သူငယ်ချင်းအရင်းတစ်ယောက်လို ပွင့်ပွင်းလင်းလင်း ရင်းနှီးဖော်ရွေစွာ ဆက်ဆံတ်ဖို့လိုပါတယ်။ ဒါ့ကြောင့် သင်ချဉ်းကပ်တွေ့ဆုံရမယ့် သူအကြောင်းကို တွေးပါ။ သင်နဲ့ တူညီမှုတစ်ခုခုကို ရှာဖွေပါ။ ပေါ့ပေါ့ပါးပါးနဲ့ ဟာသနှောပြီး ဆက်ဆံပါ။
အဆင့်(၂) – ဦးတည်ချက်
တစ်ခုခုကို ဘာမှန်းမသိလုပ်နေတာက ကောင်းတာမဟုတ်ပါဘူး။ အချိန်ကို အကျိုးရှိရှိအသုံးချရာလည်း မရောက်ပါဘူး။ သင့်ရဲ့စိတ်ကူးထဲက အလုပ်ကဘာလဲ။ အနာဂတ်ရည်မှန်းချက်ကဘာလဲ။ စိတ်ဆန္ဒတွေပြည့်ဝဖို့၊ ပျော်ရွှင်ရဖို့၊ ဘာလုပ်ဖို့လိုအပ်လဲ စသဖြင့် ငါးနှစ်စာ ရည်မှန်းချက်တွေ အားလုံးကို အခုပဲ ချရေးထားလိုက်ပါ။ ဒီထဲကမှာ ငါးနှစ်စာရည်မှန်းချက်အတွက် အကျိုးဖြစ်စေပြီး တစ်နှစ်အတွင်း လုပ်ဆောင်နိုင်မယ့် ရည်မှန်းချက်တစ်ခုကို ထပ်ရေးချလိုက်ပါတယ်။ နောက်ဆုံးမှာ တစ်နှစ်တာရည်မှန်းချက်ပြီးမြောက်အောင်မြင်ဖို့အတွက် အသုံးတည့်စေမယ့် ရက်(၉၀)စာ ရည်မှန်းချက် တစ်ခု ထပ်ရေးလိုက်ပါ။ ပြီးရင် တဆင့်ချင်း အကောင်အထည်ဖော်ဆောင်ရွက်ပါ။
ကပ်စီးကုတ်တာပြုပြင်ဖို့
အဆင့်(၃) – လမ်းပြမြေပုံ
သင့်ရဲ့ နောက်ငါးနှစ်စာ ဦးတည်ချက်ကို သိပြီး အာရုံစိုက်စရာ ရေတိုရည်မှန်းချက်တွေလည်း ရှိပြီဆိုရင် လမ်းပြမြေပုံဆွဲလို့ရပါပြီ။ ပထမအဆင့်အနေနဲ့ ရည်မှန်းချက်တွေအားလုံးကို ချရေးလိုက်ပါ။ ပြီးရင် ရေးထားပြီးသား ရည်မှန်းချက်တွေထဲက သုံးခုဘေးနားမှာ ရည်မှန်းချက်အကောင်အထည်ပေါ်အောင် ထောက်ပံ့ကူညီပေးနိုင်မယ့် လူ(၃)ယောက်ကို ချရေးလိုက်ပါ။ ဒီလူတွေက သင်နဲ့ ရင်းနှီးပြီးသားလည်း ဖြစ်ချင်ဖြစ်နိုင်သလို လုံးဝမသိသေးတဲ့ သူစိမ်းလည်းဖြစ်နိုင်ပါတယ်။ သင့်ရဲ့ဆရာ၊ အကြံပေး၊ လုပ်ဖော်ကိုင်ဖက် ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။ သင်က ကုမ္ပဏီတစ်ခု တည်ထောင်မယ်ဆိုရင် ဒီလူ(၃)ယောက်က လုပ်ငန်းတွဲဖက် လုပ်ကိုင်သူ၊ ရင်းနှီးမြုပ်နှံသူ၊ ဖောက်သည်တစ်ခုခုတော့ ဖြစ်လာနိုင်ပါတယ်။ ဒီလူ(၃)ယောက်က သင့်ရဲ့ရည်မှန်းချက်တွေ ပြီးမြောက်အောင်မြင်အောင် ကူညီပေးနိုင်တယ်ဆိုတာ မမေ့ပါနဲ့။
အဆင့်(၄) – လူချင်းအဆက်အသွယ်တည်ဆောက်ခြင်း
တစ်ယောက်ယောက်နဲ့ တွေ့ဆုံစကားပြောရပြီဆိုတာနဲ့ အဆက်အသွယ်ကောင်းတစ်ခုဖြစ်အောင် ဘယ်လို လုပ်ဆောင်သင့်လဲဆိုတာကတော့ –
ပညာသားပါတဲ့ မေးခွန်းတွေမေးပါ။ သင်မေးတဲ့မေးခွန်းတွေကို တဖက်သူအဖြေကိုနားထောင်ပြီး သူ့အကြောင်းကို အများကြီးသိနိုင်ပါတယ်။
မေးခွန်းကောင်းတွေ မေးပြီး အဖြေကောင်းတွေကို လက်ခံပေးပါ။
အာရုံစိုက်ပါ။ ဒီကိစ္စက တစ်ချို့တွေအတွက် လွယ်ပေမယ့် တစ်ချို့တွေအတွက် ခက်ပါတယ်။ အခုလို လူတိုင်းဖုန်းကိုင်နေတဲ့ခေတ်မှာ အာရုံစိုက်ဖို့က တကယ်ကိုလိုအပ်ပါတယ်။ မျက်လုံးအကြည့်၊ စိတ်ပါဝင်စားစွာ နားထောင်မှုနဲ့ မေးခွန်းတွေပြန်မေးတတ်ခြင်းတို့က တဖက်သူကို အာရုံစိုက်ထားရာရောက်ပြီး စစ်မှန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
အဆင့်(၅) – အထူးဆက်သွယ်ပေးခြင်း
သင့်ရဲ့လူမှုဆက်ဆံရေးကွန်ယက် အမြန်ဆုံးကျယ်ပြန့်လာစေနိုင်တဲ့နည်းလမ်းကတော့ အချင်းချင်းအကျိုးရှိစေနိုင်မယ့် လူနှစ်ယောက်ကို အပြန်အလှန်မိတ်ဆက်ပေးလိုက်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ကြားရတာ ရိုးရှင်းလွယ်ကူတယ်လို့ ထင်ရပေမယ့် လူတွေ သိပ်ပြီးလုပ်လေ့မရှိတာကို တွေ့ရပါလိမ့်မယ်။ သင့်အကြောင်းတွေက နားထောင်ပြီးတဲ့နောက်မှာ အခြားသူတစ်ယောက်နဲ့ မိတ်ဆက်ပေးတဲ့လူမျိုးကို ကြုံဖူးပါသလား။ ကြုံဖူးတယ်ဆိုရင်တော့ သင်က အထူးဆက်သွယ်သူတစ်ယောက်နဲ့ တွေ့ခဲ့တာပဲဖြစ်ပါတယ်။ ဒီလို အထူးအဆက်အသွယ်ကောင်းသူတစ်ယောက်ဖြစ်ဖို့ကတော့ –
ရယူလိုစိတ်လျှော့ပါ။ ဒီအချက်က လူမှုဆက်ဆံရေးကောင်းသူတွေနဲ့ သာမန်လူတွေရဲ့ ခြားနားချက်ပဲဖြစ်ပါတယ်။ သူတို့တွေက အမြဲတမ်းပေးဆပ်လိုစိတ်ရှိပြီး ဆက်သွယ်ဝေမျှချင်နေကြသူတွေ ဖြစ်ပါတယ်။
ဥာဏ်ကောင်းသူတွေရဲ့ ဘုံတူ (၇) ချက်
မိတ်ဆွေဖွဲ့ပါ။ အဆက်အသွယ်အဖြစ် မထားပါနဲ။ လိပ်စာကဒ်ကို ခဏဖယ်ထားလိုက်ပါ။ တွေ့တဲ့သူနဲ့ စစ်မှန်တဲ့ ဆက်ဆံရေးရရှိဖို့ ကြိုးစားပါ။ တွေ့တွေ့ချင်းလုပ်ငန်းကိစ္စတွေ မပြောပါနဲ့။ ဒီနည်းလမ်းနဲ့ လူ(၁၀)ယောက်ကို ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ထားနိုင်တာက လိပ်စာကဒ်လဲပြီး အဆက်အသွယ်ယူထားတဲ့ လူ(၅၀)နဲ့ ညီမျှပါတယ်။
အခြားလူတွေနဲ့ မိတ်ဆက်ပေးပါ။ အချင်းချင်းအပြန်အလှန်အကျိုးရှိစေနိုင်သူနှစ်ဦးကို သိမယ်ဆိုရင် မိတ်ဆက်ပေးလိုက်ပါ။ သူတို့နှစ်ယောက်ကနေ ဆက်စပ်လာတဲ့ အခြားသောအဆက်အသွယ်တွေကလည်း သင့်အတွက် အကျိုးရှိစေနိုင်မှာဖြစ်ပါတယ်။
လူတွေကို သူတို့အကြောင်း မေးမြန်းပါ။ စနစ်တကျလုပ်ဆောင်တတ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့လူမှုကွန်ယက်ကို အမြန်ဆုံး ဖြန့်ကျက်နိုင်မယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။
ထပ်မံဆက်သွယ်ပါ။ ဒီကိစ္စကို ကျွန်တော်တို့အများစုက မေ့နေတတ်ကြပါတယ်။ ထပ်မံဆက်သွယ်ခြင်းအားဖြင့် ပထမတစ်ကြိမ်တွေ့ဆုံခဲ့ချိန်က အခြေအနေဘယ်လိုရှိတယ်ဆိုတာကို သိနိုင်ပြီး ဆက်ဆံရေးကိုလည်း ဆက်လက် ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆက်ဆံရေးကို အရှိန်မြှင့်ပေးနိုင်ပါသေးတယ်။ အယူတွေချည်းပဲများနေတဲ့ အခုခေတ်မှာ သင့်က တစ်ယောက်ယောက် ဂရုစိုက်ကြောင်း ဖော်ပြရာရောက်ပြီး ဆက်ဆံရေးခိုင်မြဲပြီး အပြန်အလှန် အကျိုးရှိစေမှာဖြစ်ပါတယ်။
GM ရဲ့ တခြား လူမှုရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/social/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
မိနျးခလေးတိုငျးတောင့်တပွီး ယောကျာ်းလေးတိုငျး အားကစြဖေို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
Related Posts
%%footer%%