GM-Ads
Enter a caption

လုပ္ငန္းတစ္ခု စတင္ဖို႔

စီးပြားေရးတကၠသိုလ္ေတြမွာ စြန္႔ဦးတီထြင္ လုပ္ငန္း႐ွင္ျဖစ္ဖို႔ သင္းေတြ ေပးေနၾကေပမယ့္ တကယ္မွာေတာ့ ေက်ာင္းေတြမွာ ဘာမွ သင္ၾကားမေပးႏိုင္ပါဘူး။ အေျခခံသေဘာတရားေတြကို ေလ့လာႏိုင္ေပမယ့္ ေအာင္ျမင္မႈရဲ႕ ဥပေဒသေတြက ဘယ္ေက်ာင္းကမွ လိုက္မမွီေအာင္ ေျပာင္းလဲတိုးတက္ေနၾကလို႔ပါ။ သင္ ေက်ာင္းမွာ ေလ့လာႏိုင္တဲ့ အေကာင္းဆံုးအရာကေတာ့ ဘယ္လို ေလ့လာရမလဲ ဆိုတာပါပဲ။

ကြၽန္ေတာ္ ေတြ႕ခဲ့ဖူးတဲ့ ေအာင္ျမင္တဲ့လုပ္ငန္း႐ွင္ေတြ အားလံုးလိုလိုကေတာ့ ေလ့လာမႈကို အရမ္း စူးစိုက္တတ္ၾကၿပီး ေစ်းကြက္ေျပာင္းလဲမႈကိို ျပသနာလို႔ မျမင္ၾကပဲ သူတို႔ကို အမ်ားအေ႐ွ႕ေရာက္ေအာင္ တြန္းပို႔ႏိုင္မယ့္အရာအျဖစ္ ျမင္ၾကပါတယ္။ ခ်မ္းခ်မ္းသာသာေနဖို႔ကို ေနာက္ထားၾကၿပီး ေခါက္ဆြဲျပဳတ္တစ္ထုပ္နဲ႔ တိုက္ခန္းထဲမွာ ေနၾကသူေတြပါ။

တစ္ဦးတစ္ေယာက္ျခင္းစီအျမင္နဲ႔ စီးပြားေရးေျပာင္းလဲမႈအေၾကာင္း ေလ့လာစရာ ကိစၥေတြ အမ်ားႀကီး ႐ွိတတ္ၿပီး အခ်ိန္တိုင္းမွာ အခြင့္အေရးဆိုတာ ေပၚလာႏိုင္ပါတယ္။ လုပ္ငန္း႐ွင္ေလာင္းေတြအတြက္ သိထားသင့္တဲ့ အေရးပါဆံုး ေျခလွမ္းေျခာက္ခုကေတာ့

. အရင္လုပ္ခဲ့ဘူးသူေတြနဲ႔ ဆက္သြယ္ပါ

လုပ္ငန္း႐ွင္ေလာင္းေတြဟာ သူတို႔ အိုင္ဒီယာေတြအေၾကာင္းကိုပဲ ေျပာခ်င္ၾကၿပီး အျခားသူေျပာတာကို နားမေထာင္ခ်င္ၾကပါဘူး။ စကားေျပာတာ ဘာမွမရပါဘူး။ နားေထာင္မွရတာပါ။ လုပ္ဖူးတဲ့ဝါရင့္လုပ္ငန္း႐ွင္ေတြဟာစီးပြားေရးအေၾကာင္း ေျပာျပခ်င္ေပမယ့္ သင္က ေမးမွ သူတို႔က စိတ္ပါလက္ပါ ေျပာျပမွာပါ။

လုပ္ငန္း႐ွင္ မျဖစ္ခင္ သင္ ေျဖႏိုင္ရမယ့္ ေမးခြန္း ေျခာက္ခု
https://mmgentleman.com/2015/11/16/3-6/

. ခုေလာေလာဆယ္မွာ ေအာင္ျမင္ေနတဲ့ အေၾကာင္းေတြနဲ႔ လူေတြကို ေလ့လာပါ

အင္တာနက္ဟာ ေန႔စဥ္နဲ႔အမ်ွ Update ျဖစ္ေနလို႔ အေကာင္းဆံုး ေလ့လာလို႔ရတဲ့ ေနရာပါ။ သင္ ႀကိဳက္တဲ့ Blog ေတြနဲ႔ စီးပြားေရးဇာတ္လမ္းေတြအတြက္ တစ္ေန႔ကို အခ်ိန္နည္းနည္းေပးထားပါ။ လူမႈကြန္ရက္ အေကာင့္ေတြကို Follow လုပ္ပါ။

. မိတ္ေဆြတစ္ေယာက္၊ စီးပြားေရးလမ္းျပတစ္ေယာက္ ႐ွာပါ

မိတ္ေဆြက သင္ လုပ္ခ်င္တာကို သင္နဲ႔ေျပာဖို႔ ျဖစ္ၿပီး စီးပြားေရးလမ္းျပက သင္ လုပ္သင့္တာကို ေျပာဖို႔ ျဖစ္ပါတယ္။ ႏွစ္ဖက္စလံုးက စကားေတြကို သင္လိုအပ္ၿပီး ကြာျခားခ်က္ေတြကို ႏိႈင္းယွဥ္ၾကည့္ရပါမယ္။

. ဘယ္လို ေလ့လာရမလဲဆိုတာ သင္ၾကားေပးတဲ့ အတန္းေတြကို လက္မလႊတ္ပါနဲ႔

ကိစၥအရပ္ရပ္ကိုေလ့လာတာ၊ အသင္းလိုက္ ေလ့က်င့္တာ စတဲ့ အတန္းေတြ ပါဝင္ပါတယ္။ သင္ ခုခ်ိန္လိုေနတာေတြနဲ႔ ကိုက္တဲ့ အခြင့္အလမ္းေတြကို အာရံုစိုက္ေလ့လာထားပါ။ သင္ ေနာင္တစ္ခ်ိန္က် ဘာလိုမလဲဆိုတာ သိမွမသိတာ။

. သင္ စိတ္ဝင္စားတဲ့ အသင္းအဖြဲ႔ေတြမွာ အခမဲ့ ဝင္အလုပ္လုပ္ပါ

အရာအားလံုး ေကာင္းက်ိဳးလုပ္ေနရတဲ့ လူမႈကူညီေရး ပါတ္ဝန္းက်င္တစ္ခုမွာ အလုပ္လုပ္ရတာထက္ သင့္ရဲ႕ အျခားသူေနရာက ျမင္ႏိုင္စြမ္းနဲ႔ အမွန္တကယ္ျဖစ္ေနတဲ့ အရာေတြကို သိႏိုင္စြမ္း တိုးတက္ေစတာ မ႐ွိပါဘူး။ ေငြေၾကးဖိအားေတြ မ႐ွိပဲနဲ႔လဲ ေခါင္းေဆာင္မႈ အေတြ႕အၾကံဳရႏိုင္ၿပီး အသစ္ေတြကို ေလ့လာသင္ယူႏိုင္ပါတယ္။

လုပ္ငန္းရွင္ျဖစ္ဖို႔ ေမြးဖြားလာေၾကာင္း သိႏိုင္သည့္ အခ်က္မ်ား
https://mmgentleman.com/2015/11/09/3-3/

. သင့္ ကိုယ္ပိုင္ စီးပြားေရးလုပ္ငန္းငယ္ေလးတစ္ခုကို စလုပ္ပါ

စီးပြားေရးလုပ္ငန္းငယ္ေလးေတြဟာ ကုန္က်စရိတ္ နည္းပါတယ္။ အခြန္လဲ အရမ္းေပးစရာ မလိုပဲ Web Creation Tool ေတြလဲ အလကားရၿပီး မိုဘိုင္းဖုန္း App ေတြေတာင္ အလကား လုပ္ႏိုင္ပါေသးတယ္။ ႀကီးႀကီးမားမားမလုပ္ခင္ ေသးေသးေလးနဲ႔ အေတြ႕အၾကံဳ ရေအာင္ ယူထားပါ။

ကိုယ့္ဘာသာ ေလ့လာဖို႔ဆိုတာ လူတိုင္းအတြက္ မဟုတ္ပါဘူး။ သင္တန္းေတြမွာပဲ စီးပြားေရးလုပ္နည္းေတြ ေလ့လာရတာ ႀကိဳက္တယ္ ဆိုရင္ေတာ့ သင့္ကို လုပ္ငန္း႐ွင္တစ္ေယာက္လုပ္ဖို႔ အၾကံမေပးခ်င္ပါဘူး။ ဘာလို႔လဲဆိုေတာ့ အဲဒီလို စနစ္တက် ေလ့လာဖို႔ အခ်ိန္မေပးႏုိင္လို႔ပါ။

ေနာက္ဆံုး သင္ ဘာေၾကာင့္ လုပ္ငန္း႐ွင္ ျဖစ္ခ်င္လဲဆိုတဲ့ တြန္းအားက အေရးႀကီးပါတယ္။ သင္က ေငြ႐ွာရ လြယ္ခ်င္လို႔ပဲ ျဖစ္ျဖစ္၊ အခုလက္႐ွိ အလုပ္ဖိအားေတြက လြတ္ခ်င္လို႔ပဲ ျဖစ္ျဖစ္ ဆိုရင္ေတာ့ သင္ စိတ္မပါရင္ ဘာမွ မေလ့လာႏိုင္တာ သတိျပဳပါ။ သင္သာ ေလ့လာရတာ ႀကိဳက္ႏွစ္သက္ရင္ေတာ့ သင္လဲပဲ ေအာင္ျမင္တဲ့ လုပ္ငန္း႐ွင္တစ္ေယာက္ ျဖစ္လာႏိုင္ပါတယ္။

GM ရဲ့ တျခား စီးပြားေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ https://mmgentleman.com/category/money/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။ 

—————————————————————————- 

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

လုပ်ငန်းတစ်ခု စတင်ဖို့

စီးပွားရေးတက္ကသိုလ်တွေမှာ စွန့်ဦးတီထွင် လုပ်ငန်းရှင်ဖြစ်ဖို့ သင်းတွေ ပေးနေကြပေမယ့် တကယ်မှာတော့ ကျောင်းတွေမှာ ဘာမှ သင်ကြားမပေးနိုင်ပါဘူး။ အခြေခံသဘောတရားတွေကို လေ့လာနိုင်ပေမယ့် အောင်မြင်မှုရဲ့ ဥပဒေသတွေက ဘယ်ကျောင်းကမှ လိုက်မမှီအောင် ပြောင်းလဲတိုးတက်နေကြလို့ပါ။ သင် ကျောင်းမှာ လေ့လာနိုင်တဲ့ အကောင်းဆုံးအရာကတော့ ဘယ်လို လေ့လာရမလဲ ဆိုတာပါပဲ။

ကျွန်တော် တွေ့ခဲ့ဖူးတဲ့ အောင်မြင်တဲ့လုပ်ငန်းရှင်တွေ အားလုံးလိုလိုကတော့ လေ့လာမှုကို အရမ်း စူးစိုက်တတ်ကြပြီး ဈေးကွက်ပြောင်းလဲမှုကို ပြသနာလို့ မမြင်ကြပဲ သူတို့ကို အများအရှေ့ရောက်အောင် တွန်းပို့နိုင်မယ့်အရာအဖြစ် မြင်ကြပါတယ်။ ချမ်းချမ်းသာသာနေဖို့ကို နောက်ထားကြပြီး ခေါက်ဆွဲပြုတ်တစ်ထုပ်နဲ့ တိုက်ခန်းထဲမှာ နေကြသူတွေပါ။

တစ်ဦးတစ်ယောက်ခြင်းစီအမြင်နဲ့ စီးပွားရေးပြောင်းလဲမှုအကြောင်း လေ့လာစရာ ကိစ္စတွေ အများကြီး ရှိတတ်ပြီး အချိန်တိုင်းမှာ အခွင့်အရေးဆိုတာ ပေါ်လာနိုင်ပါတယ်။ လုပ်ငန်းရှင်လောင်းတွေအတွက် သိထားသင့်တဲ့ အရေးပါဆုံး ခြေလှမ်းခြောက်ခုကတော့

၁. အရင်လုပ်ခဲ့ဘူးသူတွေနဲ့ ဆက်သွယ်ပါ

လုပ်ငန်းရှင်လောင်းတွေဟာ သူတို့ အိုင်ဒီယာတွေအကြောင်းကိုပဲ ပြောချင်ကြပြီး အခြားသူပြောတာကို နားမထောင်ချင်ကြပါဘူး။ စကားပြောတာ ဘာမှမရပါဘူး။ နားထောင်မှရတာပါ။ လုပ်ဖူးတဲ့ဝါရင့်လုပ်ငန်းရှင်တွေဟာစီးပွားရေးအကြောင်း ပြောပြချင်ပေမယ့် သင်က မေးမှ သူတို့က စိတ်ပါလက်ပါ ပြောပြမှာပါ။

လုပ်ငန်းရှင် မဖြစ်ခင် သင် ဖြေနိုင်ရမယ့် မေးခွန်း ခြောက်ခု
https://mmgentleman.com/2015/11/16/3-6/

၂. ခုလောလောဆယ်မှာ အောင်မြင်နေတဲ့ အကြောင်းတွေနဲ့ လူတွေကို လေ့လာပါ

အင်တာနက်ဟာ နေ့စဉ်နဲ့အမျှ Update ဖြစ်နေလို့ အကောင်းဆုံး လေ့လာလို့ရတဲ့ နေရာပါ။ သင် ကြိုက်တဲ့ Blog တွေနဲ့ စီးပွားရေးဇာတ်လမ်းတွေအတွက် တစ်နေ့ကို အချိန်နည်းနည်းပေးထားပါ။ လူမှုကွန်ရက် အကောင့်တွေကို Follow လုပ်ပါ။

၃. မိတ်ဆွေတစ်ယောက်၊ စီးပွားရေးလမ်းပြတစ်ယောက် ရှာပါ

မိတ်ဆွေက သင် လုပ်ချင်တာကို သင်နဲ့ပြောဖို့ ဖြစ်ပြီး စီးပွားရေးလမ်းပြက သင် လုပ်သင့်တာကို ပြောဖို့ ဖြစ်ပါတယ်။ နှစ်ဖက်စလုံးက စကားတွေကို သင်လိုအပ်ပြီး ကွာခြားချက်တွေကို နှိုင်းယှဉ်ကြည့်ရပါမယ်။

၄. ဘယ်လို လေ့လာရမလဲဆိုတာ သင်ကြားပေးတဲ့ အတန်းတွေကို လက်မလွှတ်ပါနဲ့

ကိစ္စအရပ်ရပ်ကိုလေ့လာတာ၊ အသင်းလိုက် လေ့ကျင့်တာ စတဲ့ အတန်းတွေ ပါဝင်ပါတယ်။ သင် ခုချိန်လိုနေတာတွေနဲ့ ကိုက်တဲ့ အခွင့်အလမ်းတွေကို အာရုံစိုက်လေ့လာထားပါ။ သင် နောင်တစ်ချိန်ကျ ဘာလိုမလဲဆိုတာ သိမှမသိတာ။

၅. သင် စိတ်ဝင်စားတဲ့ အသင်းအဖွဲ့တွေမှာ အခမဲ့ ဝင်အလုပ်လုပ်ပါ

အရာအားလုံး ကောင်းကျိုးလုပ်နေရတဲ့ လူမှုကူညီရေး ပါတ်ဝန်းကျင်တစ်ခုမှာ အလုပ်လုပ်ရတာထက် သင့်ရဲ့ အခြားသူနေရာက မြင်နိုင်စွမ်းနဲ့ အမှန်တကယ်ဖြစ်နေတဲ့ အရာတွေကို သိနိုင်စွမ်း တိုးတက်စေတာ မရှိပါဘူး။ ငွေကြေးဖိအားတွေ မရှိပဲနဲ့လဲ ခေါင်းဆောင်မှု အတွေ့အကြုံရနိုင်ပြီး အသစ်တွေကို လေ့လာသင်ယူနိုင်ပါတယ်။

လုပ်ငန်းရှင်ဖြစ်ဖို့ မွေးဖွားလာကြောင်း သိနိုင်သည့် အချက်များ
https://mmgentleman.com/2015/11/09/3-3/

၆. သင့် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းငယ်လေးတစ်ခုကို စလုပ်ပါ

စီးပွားရေးလုပ်ငန်းငယ်လေးတွေဟာ ကုန်ကျစရိတ် နည်းပါတယ်။ အခွန်လဲ အရမ်းပေးစရာ မလိုပဲ Web Creation Tool တွေလဲ အလကားရပြီး မိုဘိုင်းဖုန်း App တွေတောင် အလကား လုပ်နိုင်ပါသေးတယ်။ ကြီးကြီးမားမားမလုပ်ခင် သေးသေးလေးနဲ့ အတွေ့အကြုံ ရအောင် ယူထားပါ။

ကိုယ့်ဘာသာ လေ့လာဖို့ဆိုတာ လူတိုင်းအတွက် မဟုတ်ပါဘူး။ သင်တန်းတွေမှာပဲ စီးပွားရေးလုပ်နည်းတွေ လေ့လာရတာ ကြိုက်တယ် ဆိုရင်တော့ သင့်ကို လုပ်ငန်းရှင်တစ်ယောက်လုပ်ဖို့ အကြံမပေးချင်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီလို စနစ်တကျ လေ့လာဖို့ အချိန်မပေးနိုင်လို့ပါ။

နောက်ဆုံး သင် ဘာကြောင့် လုပ်ငန်းရှင် ဖြစ်ချင်လဲဆိုတဲ့ တွန်းအားက အရေးကြီးပါတယ်။ သင်က ငွေရှာရ လွယ်ချင်လို့ပဲ ဖြစ်ဖြစ်၊ အခုလက်ရှိ အလုပ်ဖိအားတွေက လွတ်ချင်လို့ပဲ ဖြစ်ဖြစ် ဆိုရင်တော့ သင် စိတ်မပါရင် ဘာမှ မလေ့လာနိုင်တာ သတိပြုပါ။ သင်သာ လေ့လာရတာ ကြိုက်နှစ်သက်ရင်တော့ သင်လဲပဲ အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာနိုင်ပါတယ်။

GM ရဲ့ တခြား စီးပွားရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် https://mmgentleman.com/category/money/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

—————————————————————————-

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================