စိတ္တည္ၿငိမ္ေအာင္ တရား ဘယ္လို ထိုင္ရမလဲ
တရားထိုင္တယ္ ဆိုတာဟာ စိတ္ကို တည္ၿငိမ္ေစေအာင္ လုပ္တာပါ။ အဲဒီမွာ အရင္ဆံုး သိထားရမွာက အဲဒီလို ၿငိမ္သက္ေနတာက စိတ္ရဲ႕ သဘာဝ အေျခခံ ပံုစံ ဆိုတာပါပဲ။ ၾကာၾကာ၊ အေလ့အက်င့္ မ်ားမ်ား တရားထိုင္ေလေလ၊ စိတ္ကို အားမစိုက္ရပဲ ျငိမ္ၿငိမ္သက္သက္ ျဖစ္ေအာင္ လုပ္ႏိုင္လာေလေလပါပဲ။
တရားထိုင္ဖို႔ ေနရာတစ္ခု ႐ွာျခင္း
တရားထိုင္မယ့္ ေနရာေလးဟာ ေသးေသးေလးပဲ ျဖစ္ျဖစ္ စိတ္အားတက္ႂကြေစၿပီး တန္ဖိုးထားစရာ ေနရာေလးလို ျဖစ္ရင္ ရပါၿပီ။ အသံဆူဆူညံညံ မ႐ွိ၊ ေႏွာင့္ယွက္သူ မ႐ွိတဲ့ေနရာေလးဆို ပိုေကာင္းပါတယ္။
တရား စထိုင္ျခင္း
တရားထိုင္ရင္ အခ်ိန္ တိုတိုေလးေတြ အမ်ားႀကီး ပိုင္းပိုင္းၿပီးထိုင္တာ ပိုေကာင္းပါတယ္။ မနက္ ၁၀ မိနစ္၊ ည ၁၀ မိနစ္ေလာက္ ထိုင္ရင္ကို အဆင္ေျပပါတယ္။ ထိုင္လိုက္ၿပီ ဆိုတာနဲ႔ ငါ ဒီေနရာကို တရားထိုင္ဖို႔ ေရာက္ေနတယ္ဆိုၿပီး သတိကပ္ထားပါ။ တျခားအာရံုေတြ ဝင္မလာပါေစနဲ႔။ တရား မထိုင္ခင္မွာ အဲဒီလို စိတ္ထားမ်ိဳးနဲ႔ စိတ္ကို အာဟာရေပးရပါမယ္။
လြဲမွားေနတဲ့ က်န္းမာေရးဆိုင္ရာ အယူအဆမ်ား
ပံုစံ
ဗုဒၶဘာသာ အလိုအရေတာ့ ကိုယ္ခႏၶာပံုစံဟာ စိတ္ကို အက်ိဳးသက္ေရာက္ ေစပါတယ္ တဲ့။ မတ္မတ္ထိုင္ျခင္းဟာ အာရံုကို ပိုၿပီး စူးစုိက္ႏိုင္ေအာင္ ကူညီေပးပါတယ္။ ကုလားထိုင္နဲ႔ တရားထိုင္မယ့္ သူေတြကေတာ့ ေက်ာကို မတ္မတ္ထားၿပီး ေျခႏွစ္ေခ်ာင္းကို ေျမႀကီးကို ေျဖာင့္ေျဖာင့္ ထိထားရပါမယ္။ ပံုမွန္ကေတာ့ တင္ ပလႅင္ေခြ ထိုင္ၿပီး လက္ေတြကို ေျခေထာက္ေတြေပၚမွာ တင္ထားပါ။ ပခံုးေတြညီ၊ တင္ပါးေတြ ညီေနရပါမယ္။
အၾကည့္
ေအာင္ျမင္ေအာင္ တရားထိုင္ႏိုင္ဖို႔ဆိုရင္ မ်က္လံုးေတြကို ႏွာေခါင္းရဲ႕ ေ႐ွ႕ ေလးလက္မေလာက္ ေအာက္ကို ၾကည့္ေနရပါမယ္။ မ်က္လံုးေတြ ဖြင့္ထားေပမယ့္ စိုက္ၾကည့္ေနရမွာ မဟုတ္ပါဘူး။ ျမင္ရံုေလးပါ။ အေပၚကို ေမာ့ေလ စိတ္ အေႏွာင့္ အယွက္ ျဖစ္ေလ ျဖစ္မွာပါ။ ေဘးမွာ ျဖစ္ပ်က္ေနတာေတြကို ဥေပကၡာျပဳထားရပါမယ္။
အသက္႐ႈျခင္း
စိတ္ကို ၿငိမ္ေအာင္ ထိန္းဖို႔ ေလ့က်င့္ရာမွာ အာရံုစိုက္ဖို႔ ေနရာ တစ္ခု လိုပါတယ္။ အာရံုလြတ္သြားတာနဲ႔ အဲဒီေနရာကို ျပန္ ဆြဲကပ္ရမွာပါ။ အဲဒီေနရာမွာ အသက္႐ႈတာကို လိုက္မွတ္ရပါမယ္။ အသက္႐ႈတဲ့ ျဖစ္စဥ္ တစ္ခုလံုးကို မွတ္မိေနဖို႔ အေရးႀကီးပါတယ္။ အားစိုက္ၿပီး အသက္႐ႈတာမ်ိဳးလဲ မျဖစ္သင့္ပါဘူး။ သဘာဝအတိုင္းပဲ ႐ႈေပးပါ။
သင့္သက္တမ္းကို ၁၂ ႏွစ္ေပါင္းေပးမယ့္ အေလ့အက်င့္ ၇ ခု
အေတြး
ဘယ္လို အေတြးမ်ိဳးပဲ ျဖစ္ျဖစ္ ေခါင္းထဲမွာေပၚလာတာကို သတိထားမိတာနဲ႔ ခ်က္ျခင္း ” တရားထိုင္ခ်ိန္မွာ ဘယ္လို အေရးႀကီးတဲ့ အေတြးျဖစ္ျဖစ္ မေတြးရဘူး” လို႔ ေတြးလိုက္ပါ။ တစ္ခါတစ္ေလမွာေတာ့ မသိလိုက္ခင္မွာပဲ အေတြးထဲ လြင့္ေမ်ာသြားတာေတြ ျဖစ္တတ္ပါတယ္။ အဲဒီလိုအခါေတြမွာ ကိုယ့္ဘာသာ မထိန္းႏိုင္လို႔ အျပစ္မတင္ပါနဲ႔။ စိတ္က လြင့္ခ်င္ရာ လြင့္ေနတာပါ။ ကြၽန္ေတာ္တို႔ တတ္ႏိုင္သေလာက္ ထိန္းဖို႔ ႀကိဳးစားရပါမယ္။
ဘယ္လို အေတြးမ်ိဳးပဲ ျဖစ္ျဖစ္၊ သင္ သတိထားမိတာနဲ႔ အသက္႐ႈတာကိုပဲ ျပန္လာၿပီး မွတ္ပါ။ တရားမွတ္စမွာ အေရးႀကီးဆံုးက စိတ္ရဲ႕ အလ်င္ကို သိဖို႔ပါ။ အလ်င္ကို သိၿပီးရင္ စိတ္ကို အ႐ိုင္းအတိုင္း လႊတ္မထားပဲ ထိန္းရပါမယ္။
တရားထိုင္ျခင္းဟာ ႐ိုး႐ွင္းၿပီး လုပ္ရ လြယ္ပါတယ္။ စိတ္ဆိုတာ ဘဝနဲ႔ တိုက္႐ိုက္ဆက္စပ္ေနလို႔ ထိုင္ၿပီး စိတ္ကို ဘာမွ မလုပ္ပဲ တခဏေနလိုက္ရံုနဲ႔ ဘဝမွာအလုပ္အမ်ားႀကီး ၿပီးသြားမွာပါ။
GM ရဲ့ တျခား က်န္းမာေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/health/
မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။
—————————————————————————-
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
စိတ်တည်ငြိမ်အောင် တရား ဘယ်လို ထိုင်ရမလဲ
တရားထိုင်တယ် ဆိုတာဟာ စိတ်ကို တည်ငြိမ်စေအောင် လုပ်တာပါ။ အဲဒီမှာ အရင်ဆုံး သိထားရမှာက အဲဒီလို ငြိမ်သက်နေတာက စိတ်ရဲ့ သဘာဝ အခြေခံ ပုံစံ ဆိုတာပါပဲ။ ကြာကြာ၊ အလေ့အကျင့် များများ တရားထိုင်လေလေ၊ စိတ်ကို အားမစိုက်ရပဲ ငြိမ်ငြိမ်သက်သက် ဖြစ်အောင် လုပ်နိုင်လာလေလေပါပဲ။
တရားထိုင်ဖို့ နေရာတစ်ခု ရှာခြင်း
တရားထိုင်မယ့် နေရာလေးဟာ သေးသေးလေးပဲ ဖြစ်ဖြစ် စိတ်အားတက်ကြွစေပြီး တန်ဖိုးထားစရာ နေရာလေးလို ဖြစ်ရင် ရပါပြီ။ အသံဆူဆူညံညံ မရှိ၊ နှောင့်ယှက်သူ မရှိတဲ့နေရာလေးဆို ပိုကောင်းပါတယ်။
တရား စထိုင်ခြင်း
တရားထိုင်ရင် အချိန် တိုတိုလေးတွေ အများကြီး ပိုင်းပိုင်းပြီးထိုင်တာ ပိုကောင်းပါတယ်။ မနက် ၁၀ မိနစ်၊ ည ၁၀ မိနစ်လောက် ထိုင်ရင်ကို အဆင်ပြေပါတယ်။ ထိုင်လိုက်ပြီ ဆိုတာနဲ့ ငါ ဒီနေရာကို တရားထိုင်ဖို့ ရောက်နေတယ်ဆိုပြီး သတိကပ်ထားပါ။ တခြားအာရုံတွေ ဝင်မလာပါစေနဲ့။ တရား မထိုင်ခင်မှာ အဲဒီလို စိတ်ထားမျိုးနဲ့ စိတ်ကို အာဟာရပေးရပါမယ်။
လွဲမှားနေတဲ့ ကျန်းမာရေးဆိုင်ရာ အယူအဆများ
ပုံစံ
ဗုဒ္ဓဘာသာ အလိုအရတော့ ကိုယ်ခန္ဓာပုံစံဟာ စိတ်ကို အကျိုးသက်ရောက် စေပါတယ် တဲ့။ မတ်မတ်ထိုင်ခြင်းဟာ အာရုံကို ပိုပြီး စူးစိုက်နိုင်အောင် ကူညီပေးပါတယ်။ ကုလားထိုင်နဲ့ တရားထိုင်မယ့် သူတွေကတော့ ကျောကို မတ်မတ်ထားပြီး ခြေနှစ်ချောင်းကို မြေကြီးကို ဖြောင့်ဖြောင့် ထိထားရပါမယ်။ ပုံမှန်ကတော့ တင် ပလ္လင်ခွေ ထိုင်ပြီး လက်တွေကို ခြေထောက်တွေပေါ်မှာ တင်ထားပါ။ ပခုံးတွေညီ၊ တင်ပါးတွေ ညီနေရပါမယ်။
အကြည့်
အောင်မြင်အောင် တရားထိုင်နိုင်ဖို့ဆိုရင် မျက်လုံးတွေကို နှာခေါင်းရဲ့ ရှေ့ လေးလက်မလောက် အောက်ကို ကြည့်နေရပါမယ်။ မျက်လုံးတွေ ဖွင့်ထားပေမယ့် စိုက်ကြည့်နေရမှာ မဟုတ်ပါဘူး။ မြင်ရုံလေးပါ။ အပေါ်ကို မော့လေ စိတ် အနှောင့် အယှက် ဖြစ်လေ ဖြစ်မှာပါ။ ဘေးမှာ ဖြစ်ပျက်နေတာတွေကို ဥပေက္ခာပြုထားရပါမယ်။
အသက်ရှုခြင်း
စိတ်ကို ငြိမ်အောင် ထိန်းဖို့ လေ့ကျင့်ရာမှာ အာရုံစိုက်ဖို့ နေရာ တစ်ခု လိုပါတယ်။ အာရုံလွတ်သွားတာနဲ့ အဲဒီနေရာကို ပြန် ဆွဲကပ်ရမှာပါ။ အဲဒီနေရာမှာ အသက်ရှုတာကို လိုက်မှတ်ရပါမယ်။ အသက်ရှုတဲ့ ဖြစ်စဉ် တစ်ခုလုံးကို မှတ်မိနေဖို့ အရေးကြီးပါတယ်။ အားစိုက်ပြီး အသက်ရှုတာမျိုးလဲ မဖြစ်သင့်ပါဘူး။ သဘာဝအတိုင်းပဲ ရှုပေးပါ။
သင့်သက်တမ်းကို ၁၂ နှစ်ပေါင်းပေးမယ့် အလေ့အကျင့် ၇ ခု
အတွေး
ဘယ်လို အတွေးမျိုးပဲ ဖြစ်ဖြစ် ခေါင်းထဲမှာပေါ်လာတာကို သတိထားမိတာနဲ့ ချက်ခြင်း ” တရားထိုင်ချိန်မှာ ဘယ်လို အရေးကြီးတဲ့ အတွေးဖြစ်ဖြစ် မတွေးရဘူး” လို့ တွေးလိုက်ပါ။ တစ်ခါတစ်လေမှာတော့ မသိလိုက်ခင်မှာပဲ အတွေးထဲ လွင့်မျောသွားတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီလိုအခါတွေမှာ ကိုယ့်ဘာသာ မထိန်းနိုင်လို့ အပြစ်မတင်ပါနဲ့။ စိတ်က လွင့်ချင်ရာ လွင့်နေတာပါ။ ကျွန်တော်တို့ တတ်နိုင်သလောက် ထိန်းဖို့ ကြိုးစားရပါမယ်။
ဘယ်လို အတွေးမျိုးပဲ ဖြစ်ဖြစ်၊ သင် သတိထားမိတာနဲ့ အသက်ရှုတာကိုပဲ ပြန်လာပြီး မှတ်ပါ။ တရားမှတ်စမှာ အရေးကြီးဆုံးက စိတ်ရဲ့ အလျင်ကို သိဖို့ပါ။ အလျင်ကို သိပြီးရင် စိတ်ကို အရိုင်းအတိုင်း လွှတ်မထားပဲ ထိန်းရပါမယ်။
တရားထိုင်ခြင်းဟာ ရိုးရှင်းပြီး လုပ်ရ လွယ်ပါတယ်။ စိတ်ဆိုတာ ဘဝနဲ့ တိုက်ရိုက်ဆက်စပ်နေလို့ ထိုင်ပြီး စိတ်ကို ဘာမှ မလုပ်ပဲ တခဏနေလိုက်ရုံနဲ့ ဘဝမှာအလုပ်အများကြီး ပြီးသွားမှာပါ။
GM ရဲ့ တခြား ကျန်းမာရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/health/
မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================