လူသားေတြအတြက္ အႀကီးမားဆံုး ျဖစ္လာႏိုင္မယ့္ အႏၱရာယ္ ၅ မ်ိဳး
လူသားေတြဟာ ေဘးဒုကၡေတြ ၾကံဳေတြ႕ရတယ္။ တခ်ိဳ႕ ဒုကၡေတြကေတည့ လူသားမ်ိဳးႏြယ္ တစ္ခုလံုးကုိ မ်ိဳးသုဥ္းသြားေအာင္ ၿခိမ္းေျခာက္ႏိုင္ပါတယ္။ ဘာသာတရားတိုင္းမွာ ကမၻာ့အဆံုးသတ္နဲ႔ ပါတ္သတ္ၿပီး ေဟာျပထားတာ ႐ွိပါတယ္။ ကမၻာဟာ သူ႔ဘာသာ အဆံုးမသတ္ပဲ လူသားပေယာဂနဲ႔ အဆံုးသတ္သြားရင္ေရာ?? ျဖစ္ႏိုင္ပါတယ္။ အရင္က စာေရးဆရာေတြ၊ သိပၸံပညာ႐ွင္ေတြက မွန္းဆျပခဲ့ၿပီးပါၿပီ။ အဲဒိထဲက အျဖစ္ႏိုင္ဆံုး အႏၱရာယ္ ငါးမ်ိဳးကေတာ့
1. Nuclear War
ကမၻာေပၚမွာ ႏူကလီးယားလက္နက္ႏွစ္ခုပဲ စစ္ပြဲထဲမွာ အသံုးျပဳရပါေသးတယ္။ ဒုတိယကမၻာစစ္က ဂ်ပန္အေပၚ ၾကဲခ်ခဲ့တဲ့ ဗံုးေတြပါ။ စစ္ေအးကာလမွာေတာ့ ႏူကလီးယားလက္နက္ေတြ ေတာင္လိုပံုေအာင္ ထုတ္လုပ္ခဲ့ပါတယ္။ ႏူကလီးယားစစ္ပြဲဟာ လံုးဝမျဖစ္ႏိုင္တာ မဟုတ္ပါဘူး။ အဲဒါဟာ မျဖစ္ေသးတာပါ။
က်ဴးဘား ဒံုးပ်ံကိစၥကို အားလံုးသိၾကမွာပါ။ အဲဒိကိစၥေလက္ မထင္႐ွားတဲ့ ထိပ္တိုက္ေတြ႕မႈေလးေတြ အေမရိကန္နဲ႔ ဆိုဗီယက္ၾကား ခဏခဏ ျဖစ္ခဲ့ဖူးပါတယ္။ ေမဂ်ာပါဝါႏွစ္ခု ထိပ္တိုက္ေတြ႕ၾကျခင္းဟာ လူသန္း ရာေပါင္းမ်ားစြာကို ေသေၾကေစမွာပါ။
လက္နက္က ထြက္လာတဲ့ ေရဒီယို သတၱိႂကြ ပစၥည္းေတြ ရန္ကလဲ ႐ွိပါေသးတယ္။ ပံုမွန္အားျဖင့္ဆို ဗံုးခ်ထားတဲ့ ေနရာမွာ သံုးလအတြင္း လူျပန္ေနထိုင္ႏိုင္ေပမယ့္ Cobalt Bomb ေတြဆိုရင္ ႏွစ္တစ္ရာေလာက္ထိ လူျပန္မေနႏိုင္ေအာင္ လုပ္ႏိုင္ပါတယ္။ အဲဒါဟာ ကမၻာပ်က္ေစတဲ့ လက္နက္ေတြပါ။
ႏူကလီးယားလက္နက္ေတြေၾကာင့္ လယ္ယာ မစိုက္ပ်ိဳးႏိုင္ ျဖစ္သြားၿပီး ကမၻာ့ရာသီဥတု ေဖာက္လြဲေဖာက္ျပန္ ျဖစ္သြားရင္ လူ ဘီလ်ံနဲ႔ခ်ီၿပီး အစာငတ္မြတ္မႈေၾကာင့္ အသက္ဆံုး႐ွံုးၾကရမွာပါ။ က်န္ခဲ့တဲ့သူေတြကေတာ့ ေရာဂါဘယေတြနဲ႔ ေသဆံုးၾကမွာပါ။
2. Bioengineered pandemic
ကပ္ေရာဂါေတြဟာ စစ္ပြဲေတြထက္ လူပိုသတ္တတ္ပါတယ္။ ဒါေပမယ့္ သဘာဝကပ္ေရာဂါေတြဟာ လူသားမ်ိဳးတုန္းဖို႔ထိ မလုပ္ႏိုင္ပါဘူး။ ပံုမွန္အားျဖင့္ ကပ္ေရာဂါျဖစ္ရင္ ေရာဂါပိုးကို ခုခံႏိုင္တဲ့ လူတစ္ခ်ိဳ႕ က်န္ခဲ့ေလ့႐ွိၿပီး အဲဒိလူေတြရဲ႕ မ်ိဳးဆက္ေတြက ေရာဂါကို ပိုလို႔ ပိုလို႔ ခံႏိုင္ၾကပါတယ္။ အဲဒါေၾကာင့္ ဆစ္ဖလစ္ေရာဂါဟာ ဥေရာပမွာ လူသတ္ေရာဂါကေနၿပီး ပံုမန္ နာဖ်ားမႈအျဖစ္ ေျပာင္းလဲသြားတာပါ။
ဒါေပမယ့္ ဇီဝအင္ဂ်င္နီယာနည္းနဲ႔ ေရာဂါေတြကို ပိုၿပီးဆိုးသြားေအာင္ လုပ္ႏိုင္ပါတယ္။ ၾကက္ငွက္တုပ္ေကြး ေရာဂါပိုးကို ဇီဝျပဳျပင္ၾကည့္ရာမွာ ကူးစက္ေသဆံုးႏိုင္မႈႏႈန္းဟာ ေၾကာက္ဖို႔ေကာင္းေလာက္ေအာင္ တိုးလာပါတယ္။
ခုေလာေလာဆယ္မွာေတာ့ ဇီဝလက္နက္ေတြ အသံုးျပဳၿပီး တိုက္ခိုက္ဖို႔ ခက္ပါေသးတယ္။ ဒါေပမယ့္ တစ္ခ်ိန္က်ရင္ ဇီဝနည္းပညာဟာ ေစ်းသက္သာၿပီး ပိုလြယ္ကူလာတာနဲ႔အမ်ွ အၾကမ္းဖက္အုပ္စုေတြ ဇီဝလက္နက္ အသံုးျပဳၿပီး တိုက္ခိုက္ၾကဖို႔ႏႈန္းဟာ ပိုၿပီးျမင့္မားလာပါတယ္။
3. Superintelligence
ဉာဏ္ရည္ဆိုတာ အရမ္းအစြမ္းထက္ပါတယ္။ လူသားေတြဟာ ဉာဏ္ရည္ျမင့္မားလို႔ အျခား အဆမတန္ အရြယ္ႀကီးမားတဲ့ တိရစာၦန္ေတြကို အႏိုင္ တိုက္ႏိုင္ခဲ့ၾကတာပါ။ ဒါေပမယ့္ အခုေခတ္မွာေတာ့ ကြန္ပ်ဴတာကို ဉာဏ္ရည္႐ွိလာေအာင္ ႀကိဳးစားလုပ္ေဆာင္ ေနၾကပါတယ္။ စကားသံနဲ႔ အမိန္႔ေပးခိုင္းေစျခင္းကစၿပီး AI ေခၚတဲ့ အသိဉာဏ္တုထိပါ။
တကယ္လို႔ ကြန္ပ်ဴတာေတြမွာ အသိဉာဏ္နဲ႔ ကိုယ္ပိုင္ စဥ္းစားႏိုင္စြမ္း႐ွိလာရင္ သူတို႔ဟာ ေကာင္းတာေတြပဲ လုပ္မယ္လို႔ ဘယ္သူ အာမခံႏိုင္ပါ့မလဲ?? သူတို႔လဲ လူေတြလိုပဲ တျခား သတၱဝါ သက္႐ွိအားလံုးကို ထိန္းခ်ဳပ္ခ်င္ၾကမွာပါ။ ကြန္ပ်ဴတာေတြ စြမ္းအားျမင့္တာနဲ႔အမ်ွ ဉာဏ္ရည္လဲ တိုးတက္လာမွာပါ။ လူဉာဏ္ရည္ရဲ႕ အဆတစ္ရာ သာတဲ့ ကြန္ပ်ဴတာဟာ လူသားေတြကို ထိန္းခ်ဳပ္ဖို႔ မႀကိဳးစားႏိုင္ဘူးလား။ Terminator နဲ႔ Matrix လို ဇာတ္ကားမ်ိဳးေတြကို ၾကည့္ရင္ သိ႐ွိႏိုင္ပါတယ္။
4. Nanotechnology
နာႏို နည္းပညာဆိုတာ ႐ုပ္ဝတၳဳပစၥည္းအေပၚမွာ အက္တမ္၊ ေမာ္လီက်ဴးအဆင့္ထိ ထိန္းခ်ဳပ္ႏိုင္တဲ့ နည္းပညာပါ။ အဲဒါဟာ သူ႔ခ်ည္းေတာ့ အႏၱရာယ္မ႐ွိပါဘူး။ အရမ္းအက်ိဳးျပဳႏိုင္တဲ့ နည္းပညာတစ္ခုပါ။ ျပသနာကေတာ့ ဇီဝလက္နက္ေတြလိုပဲ သူ႔ကို ထိန္းခ်ဳပ္ဖို႔ နည္းလမ္း မ႐ွိတာပါ။
အထင္႐ွားဆံုးျပသနာကေတာ့ နာႏိုျပသနာဟာ အက္တမ္စေကးအထိ အတိအက်နဲ႔ အရာဝတၳဳေတြကို အလ်င္အျမန္ ထုတ္လုပ္ႏိုင္ပါတယ္။ တကယ္လို႔ အဲဒါကို အသံုးျပဳၿပီး လက္နက္ေတြ ထုတ္လုပ္ၾကရင္ ဘယ္လိုေနမလဲ။
နာႏိုနည္းပညာနဲ႔ ထုတ္လုပ္လို႔ရမယ့္ လက္နက္ေတြဟာ ေသနတ္ေတြတင္မကပဲ အရြယ္အစား အရမ္းေသးငယ္တာေတြလဲ ပါပါလိမ့္မယ္။ အဆိပ္လက္နက္ေတြကို ကိုယ္ထိေစခ်င္တဲ့လူေတြပဲ ထိေအာင္ တိုက္တာမ်ိဳး၊ အရမ္းေသးငယ္တဲ့ စက္႐ုပ္ေလးေတြနဲ႔ လူေတြကို ေစာင့္ၾကည့္တာမ်ိဳးေတြ လုပ္ႏိုင္ပါလိမ့္မယ္။ ႏူကလီးယား နည္းပညာနဲ႔ ရာသီဥတု ေျပာင္းလဲျခင္းေတြကိုလဲ နာႏိုနည္းပညာ လက္ဝယ္႐ွိသူေတြက သံုးႏိုင္ပါလိမ့္မယ္။
5. Unknown Unknowns
ေကာင္းကင္ႀကီးကို ေမာ့ၾကည့္လိုက္ပါ။ တိတ္ဆိတ္ေနပါလိမ့္မယ္။ ၿဂိဳလ္သားေတြကို မေတြ႕ရေသးတာက သက္႐ွိျဖစ္တည္ႏိုင္တဲ့ ၿဂိဳလ္ေတြဟာ အရမ္း ႐ွားပါးလို႔လား။ အသိဉာဏ္ျမင့္ မ်ိဳးစိတ္ေတြပဲ သူ႔တို႔ဘာသာ ဖ်က္စီးမိၿပီး ကိစၥတံုးသြားၾကတာမ်ားလား။
ကြၽန္ေတာ္တို႔ မသိႏိုင္ေသးတဲ့၊ ေ႐ွာင္လႊဲလို႔မရတဲ့ အနာဂါတ္တစ္ခုက အေ႐ွ႕မွာ ေစာင့္ႀကိဳေနပါတယ္။ ကမၻာေပၚမွာ လူေတြ မ႐ွိမွ ပိုေကာင္းမယ္ဆိုတဲ့ ပညာ႐ွင္ ခပ္႐ူး႐ူးေတြ၊ အၾကမ္းဖက္သမားေတြက ခုခ်ိန္မွာ ဘာေတြ ၾကံစည္ေနလဲဆိုတာ မသိႏိုင္ေသးပါဘူး။ အေပၚက ကပ္ေဘး ေလးခုအျပင္ အျခား မသိႏိုင္ေသးတဲ့ အရာေတြ အမ်ားႀကီး ႐ွိပါေသးတယ္။
GM ရဲ့ တျခား ဗဟုုသုုတႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/knowleadge/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။
—————————————————————————-
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
လူသားတွေအတွက် အကြီးမားဆုံး ဖြစ်လာနိုင်မယ့် အန္တရာယ် ၅ မျိုး
လူသားတွေဟာ ဘေးဒုက္ခတွေ ကြုံတွေ့ရတယ်။ တချို့ ဒုက္ခတွေကတေည့ လူသားမျိုးနွယ် တစ်ခုလုံးကို မျိုးသုဉ်းသွားအောင် ခြိမ်းခြောက်နိုင်ပါတယ်။ ဘာသာတရားတိုင်းမှာ ကမ္ဘာ့အဆုံးသတ်နဲ့ ပါတ်သတ်ပြီး ဟောပြထားတာ ရှိပါတယ်။ ကမ္ဘာဟာ သူ့ဘာသာ အဆုံးမသတ်ပဲ လူသားပယောဂနဲ့ အဆုံးသတ်သွားရင်ရော?? ဖြစ်နိုင်ပါတယ်။ အရင်က စာရေးဆရာတွေ၊ သိပ္ပံပညာရှင်တွေက မှန်းဆပြခဲ့ပြီးပါပြီ။ အဲဒိထဲက အဖြစ်နိုင်ဆုံး အန္တရာယ် ငါးမျိုးကတော့
1. Nuclear War
ကမ္ဘာပေါ်မှာ နူကလီးယားလက်နက်နှစ်ခုပဲ စစ်ပွဲထဲမှာ အသုံးပြုရပါသေးတယ်။ ဒုတိယကမ္ဘာစစ်က ဂျပန်အပေါ် ကြဲချခဲ့တဲ့ ဗုံးတွေပါ။ စစ်အေးကာလမှာတော့ နူကလီးယားလက်နက်တွေ တောင်လိုပုံအောင် ထုတ်လုပ်ခဲ့ပါတယ်။ နူကလီးယားစစ်ပွဲဟာ လုံးဝမဖြစ်နိုင်တာ မဟုတ်ပါဘူး။ အဲဒါဟာ မဖြစ်သေးတာပါ။
ကျူးဘား ဒုံးပျံကိစ္စကို အားလုံးသိကြမှာပါ။ အဲဒိကိစ္စလေက် မထင်ရှားတဲ့ ထိပ်တိုက်တွေ့မှုလေးတွေ အမေရိကန်နဲ့ ဆိုဗီယက်ကြား ခဏခဏ ဖြစ်ခဲ့ဖူးပါတယ်။ မေဂျာပါဝါနှစ်ခု ထိပ်တိုက်တွေ့ကြခြင်းဟာ လူသန်း ရာပေါင်းများစွာကို သေကြေစေမှာပါ။
လက်နက်က ထွက်လာတဲ့ ရေဒီယို သတ္တိကြွ ပစ္စည်းတွေ ရန်ကလဲ ရှိပါသေးတယ်။ ပုံမှန်အားဖြင့်ဆို ဗုံးချထားတဲ့ နေရာမှာ သုံးလအတွင်း လူပြန်နေထိုင်နိုင်ပေမယ့် Cobalt Bomb တွေဆိုရင် နှစ်တစ်ရာလောက်ထိ လူပြန်မနေနိုင်အောင် လုပ်နိုင်ပါတယ်။ အဲဒါဟာ ကမ္ဘာပျက်စေတဲ့ လက်နက်တွေပါ။
နူကလီးယားလက်နက်တွေကြောင့် လယ်ယာ မစိုက်ပျိုးနိုင် ဖြစ်သွားပြီး ကမ္ဘာ့ရာသီဥတု ဖောက်လွဲဖောက်ပြန် ဖြစ်သွားရင် လူ ဘီလျံနဲ့ချီပြီး အစာငတ်မွတ်မှုကြောင့် အသက်ဆုံးရှုံးကြရမှာပါ။ ကျန်ခဲ့တဲ့သူတွေကတော့ ရောဂါဘယတွေနဲ့ သေဆုံးကြမှာပါ။
2. Bioengineered pandemic
ကပ်ရောဂါတွေဟာ စစ်ပွဲတွေထက် လူပိုသတ်တတ်ပါတယ်။ ဒါပေမယ့် သဘာဝကပ်ရောဂါတွေဟာ လူသားမျိုးတုန်းဖို့ထိ မလုပ်နိုင်ပါဘူး။ ပုံမှန်အားဖြင့် ကပ်ရောဂါဖြစ်ရင် ရောဂါပိုးကို ခုခံနိုင်တဲ့ လူတစ်ချို့ ကျန်ခဲ့လေ့ရှိပြီး အဲဒိလူတွေရဲ့ မျိုးဆက်တွေက ရောဂါကို ပိုလို့ ပိုလို့ ခံနိုင်ကြပါတယ်။ အဲဒါကြောင့် ဆစ်ဖလစ်ရောဂါဟာ ဥရောပမှာ လူသတ်ရောဂါကနေပြီး ပုံမန် နာဖျားမှုအဖြစ် ပြောင်းလဲသွားတာပါ။
ဒါပေမယ့် ဇီဝအင်ဂျင်နီယာနည်းနဲ့ ရောဂါတွေကို ပိုပြီးဆိုးသွားအောင် လုပ်နိုင်ပါတယ်။ ကြက်ငှက်တုပ်ကွေး ရောဂါပိုးကို ဇီဝပြုပြင်ကြည့်ရာမှာ ကူးစက်သေဆုံးနိုင်မှုနှုန်းဟာ ကြောက်ဖို့ကောင်းလောက်အောင် တိုးလာပါတယ်။
ခုလောလောဆယ်မှာတော့ ဇီဝလက်နက်တွေ အသုံးပြုပြီး တိုက်ခိုက်ဖို့ ခက်ပါသေးတယ်။ ဒါပေမယ့် တစ်ချိန်ကျရင် ဇီဝနည်းပညာဟာ ဈေးသက်သာပြီး ပိုလွယ်ကူလာတာနဲ့အမျှ အကြမ်းဖက်အုပ်စုတွေ ဇီဝလက်နက် အသုံးပြုပြီး တိုက်ခိုက်ကြဖို့နှုန်းဟာ ပိုပြီးမြင့်မားလာပါတယ်။
3. Superintelligence
ဉာဏ်ရည်ဆိုတာ အရမ်းအစွမ်းထက်ပါတယ်။ လူသားတွေဟာ ဉာဏ်ရည်မြင့်မားလို့ အခြား အဆမတန် အရွယ်ကြီးမားတဲ့ တိရစ္ဆာန်တွေကို အနိုင် တိုက်နိုင်ခဲ့ကြတာပါ။ ဒါပေမယ့် အခုခေတ်မှာတော့ ကွန်ပျူတာကို ဉာဏ်ရည်ရှိလာအောင် ကြိုးစားလုပ်ဆောင် နေကြပါတယ်။ စကားသံနဲ့ အမိန့်ပေးခိုင်းစေခြင်းကစပြီး AI ခေါ်တဲ့ အသိဉာဏ်တုထိပါ။
တကယ်လို့ ကွန်ပျူတာတွေမှာ အသိဉာဏ်နဲ့ ကိုယ်ပိုင် စဉ်းစားနိုင်စွမ်းရှိလာရင် သူတို့ဟာ ကောင်းတာတွေပဲ လုပ်မယ်လို့ ဘယ်သူ အာမခံနိုင်ပါ့မလဲ?? သူတို့လဲ လူတွေလိုပဲ တခြား သတ္တဝါ သက်ရှိအားလုံးကို ထိန်းချုပ်ချင်ကြမှာပါ။ ကွန်ပျူတာတွေ စွမ်းအားမြင့်တာနဲ့အမျှ ဉာဏ်ရည်လဲ တိုးတက်လာမှာပါ။ လူဉာဏ်ရည်ရဲ့ အဆတစ်ရာ သာတဲ့ ကွန်ပျူတာဟာ လူသားတွေကို ထိန်းချုပ်ဖို့ မကြိုးစားနိုင်ဘူးလား။ Terminator နဲ့ Matrix လို ဇာတ်ကားမျိုးတွေကို ကြည့်ရင် သိရှိနိုင်ပါတယ်။
4. Nanotechnology
နာနို နည်းပညာဆိုတာ ရုပ်ဝတ္ထုပစ္စည်းအပေါ်မှာ အက်တမ်၊ မော်လီကျူးအဆင့်ထိ ထိန်းချုပ်နိုင်တဲ့ နည်းပညာပါ။ အဲဒါဟာ သူ့ချည်းတော့ အန္တရာယ်မရှိပါဘူး။ အရမ်းအကျိုးပြုနိုင်တဲ့ နည်းပညာတစ်ခုပါ။ ပြသနာကတော့ ဇီဝလက်နက်တွေလိုပဲ သူ့ကို ထိန်းချုပ်ဖို့ နည်းလမ်း မရှိတာပါ။
အထင်ရှားဆုံးပြသနာကတော့ နာနိုပြသနာဟာ အက်တမ်စကေးအထိ အတိအကျနဲ့ အရာဝတ္ထုတွေကို အလျင်အမြန် ထုတ်လုပ်နိုင်ပါတယ်။ တကယ်လို့ အဲဒါကို အသုံးပြုပြီး လက်နက်တွေ ထုတ်လုပ်ကြရင် ဘယ်လိုနေမလဲ။
နာနိုနည်းပညာနဲ့ ထုတ်လုပ်လို့ရမယ့် လက်နက်တွေဟာ သေနတ်တွေတင်မကပဲ အရွယ်အစား အရမ်းသေးငယ်တာတွေလဲ ပါပါလိမ့်မယ်။ အဆိပ်လက်နက်တွေကို ကိုယ်ထိစေချင်တဲ့လူတွေပဲ ထိအောင် တိုက်တာမျိုး၊ အရမ်းသေးငယ်တဲ့ စက်ရုပ်လေးတွေနဲ့ လူတွေကို စောင့်ကြည့်တာမျိုးတွေ လုပ်နိုင်ပါလိမ့်မယ်။ နူကလီးယား နည်းပညာနဲ့ ရာသီဥတု ပြောင်းလဲခြင်းတွေကိုလဲ နာနိုနည်းပညာ လက်ဝယ်ရှိသူတွေက သုံးနိုင်ပါလိမ့်မယ်။
5. Unknown Unknowns
ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပါ။ တိတ်ဆိတ်နေပါလိမ့်မယ်။ ဂြိုလ်သားတွေကို မတွေ့ရသေးတာက သက်ရှိဖြစ်တည်နိုင်တဲ့ ဂြိုလ်တွေဟာ အရမ်း ရှားပါးလို့လား။ အသိဉာဏ်မြင့် မျိုးစိတ်တွေပဲ သူ့တို့ဘာသာ ဖျက်စီးမိပြီး ကိစ္စတုံးသွားကြတာများလား။
ကျွန်တော်တို့ မသိနိုင်သေးတဲ့၊ ရှောင်လွှဲလို့မရတဲ့ အနာဂါတ်တစ်ခုက အရှေ့မှာ စောင့်ကြိုနေပါတယ်။ ကမ္ဘာပေါ်မှာ လူတွေ မရှိမှ ပိုကောင်းမယ်ဆိုတဲ့ ပညာရှင် ခပ်ရူးရူးတွေ၊ အကြမ်းဖက်သမားတွေက ခုချိန်မှာ ဘာတွေ ကြံစည်နေလဲဆိုတာ မသိနိုင်သေးပါဘူး။ အပေါ်က ကပ်ဘေး လေးခုအပြင် အခြား မသိနိုင်သေးတဲ့ အရာတွေ အများကြီး ရှိပါသေးတယ်။
GM ရဲ့ တခြား ဗဟုသုတနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/knowleadge/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================