Elon Musk ဆီကေန လူတိုင္းေလ့လာႏိုင္တဲ့ ဘဝသင္ခန္းစာမ်ား
ဘီလ်ံနာ Elon Musk ဟာ ေတာ္လွန္ေျပာင္းလဲေနတဲ့ စက္မႈလုပ္ငန္းေတြနဲ႔ အတူ Real Life Iron Man လို႔ေတာင္ တင္စားခံရသူပါ။ သူက သူ႔ရဲ႕ ခ်မ္းသာမႈနဲ႔လဲ အေကာင္းဆံုး ဇိမ္ခံတတ္ပါေသးတယ္။ အခု သင္ ရာစုႏွစ္ရဲ႕ အႀကီးမားဆံုး ေအာင္ျမင္သူတစ္ေယာက္ဆီကေန ဘဝသင္ခန္းစာေတြ ေလ့လာရေတာ့မွာပါ။ Musk ရဲ႕ ေအာင္ျမင္မႈေတြဟာ သူ႔ရဲ႕ ရဲရင့္တဲ့ စြန္႔ဦးလုပ္ငန္းသစ္ေတြကေန ရ႐ွိခဲ့တာပါ။ သူ႔ရဲ႕ ဦးေႏွာက္နဲ႔ စီးပြားေရးအေတြ႕အၾကံဳေတြက ကမၻာႀကီးကို ေျပာင္းလဲပစ္ႏိုင္ပါတယ္။ သင့္ကိုလဲ ေျပာင္းလဲဖို႔ တြန္းအားေပးႏိုင္ပါတယ္။ အဲဒါေၾကာင့္ သူ႔ရဲ႕ ဘဝသင္ခန္းစာေတြကို ေလ့လာလိုက္ၾကပါစို႔။
၁. တျခားသူေတြ မသြားခ်င္တဲ့ေနရာကို သြားဖို႔ႀကိဳးစားပါ အိပ္မက္ဆန္တာပဲ ျဖစ္ျဖစ္၊ တီထြင္ေျပာင္းလဲဖို႔ပဲ ျဖစ္ျဖစ္ တျခားသူေတြနဲ႔ ကြဲျပားျခားနားရဲရပါမယ္။ Musk နဲ႔ သူ႔ရဲ႕ SpaceX ကုမၸဏီက Mars ေပၚကို နယ္ေျမခ်ဲ့ထြင္ဖို႔ကို အတည္ေပါက္ႀကီး ေျပာေနတာပါ။ သူ႔ရဲ႕ တစ္သက္လံုး ႀကိဳးစားလာခဲ့တာက အဂၤါၿဂိဳလ္ေပၚ ေရာက္ဖို႔ပါပဲ တဲ့။
၂. သင့္ရဲ႕ ေငြေၾကးလစ္မစ္ေတြကို စမ္းသပ္ၾကည့္ပါ အခက္အခဲဆိုတာ ၾကံဳဖူးပါသလား? Musk ၁၇ ႏွစ္သားကလုပ္သလို ၁ ေဒၚလာနဲ႔ တစ္ရက္လံုး ေနၾကည့္ပါ။ သူဟာ ခ်ိဳးျခံႏိုင္သေလာက္ ခ်ိဳးျခံၿပီး ေနခဲ့ပါတယ္။ အဲဒါကို လိုအပ္လို႔ လုပ္ေနတာ မဟုတ္ပါဘူး။ ဒါေပမယ့္ သူလိုခ်င္တဲ့ ဘဝကို ရဖို႔ သူႀကိဳးစားေခြၽတာၾကည့္တာပါ။ အဲဒါက အက်ိဳး႐ွိခဲ့တယ္ဆိုတာ ေျပာစရာမလိုပါဘူး။
၃. ကိုယ့္ဘာသာ တိုးတက္ေအာင္ ႀကိဳးစားပါ လူေတာ္ေတာ္မ်ားမ်ားဟာ က်႐ွံုးသြားရင္ ဆက္မလုပ္ခ်င္ေတာ့ပါဘူး။ အေလးမအားကစားသမားေတြေတာင္ တစ္ေန႔တစ္ေန႔ ေလ့က်င့္ရင္း မႏိုင္တဲ့ဝိတ္ အမ်ားႀကီးေရာက္သြားႏိုင္ရင္ စီးပြားေရးလုပ္ငန္း႐ွင္ျဖစ္တဲ့ သင္လဲ ဘာလို႔ မလုပ္ႏိုင္ရမွာလဲ။ သင့္ကိုယ္သင္ ဘယ္လို ပိုေကာင္းေအာင္ လုပ္ႏိုင္မလဲဆိုတဲ့ ေမးခြန္းေတြ ျပန္ျပန္ေမးပါ။
၄. ထြက္ေပါက္တစ္ခု အျမဲထားပါ အေကာင္းေတြဆိုတာ အျမဲမလာပါဘူး။ အဲဒါေၾကာင့္ ထြက္ေပါက္တစ္ခု ထားရမွာပါ။ Musk အသက္ ၂၈ ႏွစ္မွာ Zip2 လို႔ေခၚတဲ့ လမ္းၫႊန္ကုမၸဏီတစ္ခု တည္ေထာင္ခဲ့ပါတယ္။ လုပ္ငန္းအနာဂါတ္ကို သိေနေတာ့ ေရာင္းဖို႔ရည္ရြယ္ခ်က္နဲ႔ သတင္းစာႀကီးႏွစ္ေစာင္မွာ စာခ်ဳပ္ခ်ဳပ္လိုက္ပါတယ္။ ေနာက္ပိုင္းမွာ အဲဒိစာခ်ဳပ္ေတြကို Compaq က ေဒၚလာ ၃၀၇ သန္းနဲ႔ ဝယ္သြားပါတယ္။ သင္ခန္းစာကေတာ့ ပေရာဂ်က္တစ္ခုကို အဆံုးသတ္သင့္တဲ့အခ်ိန္မွာ အဆံုးသတ္လိုက္ပါ။ အတိတ္ကေအာင္ျမင္မႈေတြအတြက္ ဖက္တြယ္မထားပါနဲ႔။
Steve Jobs ဆီက ဘာေတြအတုယူမလဲ ?
၅. ပံုမွန္မဟုတ္တာ လုပ္ပါ စြန္ဦးတီထြင္ လုပ္ငန္း႐ွင္ေတြကို ထင္႐ွားလာေစတာက သူတို႔ရဲ႕ ေတာ္လွန္တာပါပဲ။ Musk ရဲ႕ ကုမၸဏီ Tesla က လ်ွပ္စစ္ကားေတြ ထုတ္ေနပါတယ္။ အဲဒါက ႏွစ္ေပါင္းမ်ားစြာ အ႐ိုးစြဲေနတဲ့ ကားေစ်းကြက္ကို ေျပာင္းလဲလိုက္တာပါပဲ။
၆. ေသဖို႔ အရမ္းနီးကပ္ေနရင္ေတာင္ စိတ္မေလ်ွာ့ပါနဲ႔ ၂၀၀၀ ျပည့္ႏွစ္မွာ Musk ေတာင္အာဖရိကကို အသြားမွာ ငွက္ဖ်ား စြဲကပ္ခဲ့ပါတယ္။ ၄၅ ေပါင္ က်သြားၿပီး ေသလုနီးနီးျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ စိတ္ကိုမေလ်ွာ့ပဲ သူ႔ရဲ႕ ပန္းတိုင္ေတြကို ပိုၿပီးျမန္ျမန္ၿပီးေအာင္ လုပ္ရမယ္ ေျပာပါတယ္။ ၿပီးေတာ့ ေျခာက္လအၾကာမွာ Space X ကို တည္ေထာင္ခဲ့ပါတယ္။
၇. ေတာ္သူေတြကိုပဲ အနားေခၚထားပါ သင္ဟာ သင့္ကိုဝန္းရံေနသူေတြ ေတာ္သေလာက္ပဲ ေတာ္တာပါ။ ကမၻာ့အေတာ္ဆံုးေတြေတာင္ အဲဒိလိုပါပဲ။ သင့္ရဲ႕ လူမႉဆက္ဆံေရး စေကးေတြကို ျမႇင့္တင္လိုက္ပါ။
၈. ဘယ္ေတာ့မွ အ႐ွံုးကို ပိုမတြက္ပါနဲ႔ လူေတြဟာ ရံႈးမွာေၾကာက္တတ္ၾကပါတယ္။ ရံုွးဖို႔ အေျခအေန သိပ္မ႐ွိရင္ အရမ္းမေၾကာက္ပါနဲ႔။ ခုေခတ္ကမၻာႀကီးမွာ စြန္႔စားသူေတြအတြက္ အခြင့္အေရးေတြ အမ်ားႀကီးပါ။
၉. သင့္ရည္မွန္းခ်က္ကို သင္ထိန္းထားပါ အေျဖေတြကို အရမ္းမၾကည့္ပါနဲ႔။ သင့္ရဲ႕ လုပ္ေဆာင္ခ်က္ကို ဂ႐ုျပဳၾကည့္ၿပီး ထိန္းထားပါ။ အဲဒါကပဲ သင့္ကို သင့္ရည္မွန္းခ်က္ကို အေရာက္ပို႔ေပးႏိုင္မွာ မို႔ပါ။
၁၀. သင့္မာနက ေအာင္ျမင္မႈကို ဖံုးလႊမ္းမသြားပါေစနဲ႔ ဘယ္အခ်ိန္မွာ အိုင္ဒီယာတစ္ခုအတြက္ တိုက္ခိုက္ရမလဲ၊ ဘယ္ခ်ိန္မွာ ေနာက္ဆုတ္ရမလဲ သိဖို႔ဟာ အေရးႀကီးပါတယ္။ Musk ဟာ X.com နဲ႔ Paypal မွာ ရင္းႏွီးထားပါတယ္။ Paypal ရဲ႕အနာဂါတ္ကို ႀကိဳျမင္ေတာ့ X.com က ႐ွယ္ယာအမ်ားႀကီးကို Paypal Member ျဖစ္ဖို႔ စြန္႔ပစ္ခဲ့ပါတယ္။
ဟန္ေဂရီႏိုင္ငံရဲ႕ ႏိုင္ငံသူရဲေကာင္းတစ္ဦး
၁၁. သင့္ကို တြန္းအားေပးတဲ့အရာကို သိေနပါ ပိုက္ဆံလား၊ မိန္းမလား၊ ေအာင္ျမင္မႈလား၊ ဘာက သင့္ကို တြန္းအားေပးေနပါသလဲ။ သိ႐ွိထားၿပီး အဲဒါကို ေျမေတာင္ေျမႇာက္ေပးပါ။
၁၂. လိုက္ေလ်ာညီေထြ ႐ွိပါ ႐ွင္သန္ဖို႔ဆိုတာ လိုက္ေလ်ာညီေထြ ေနတတ္တာပါပဲ။ Musk ဟာ X.com ကို Paypal အသြင္ေျပာင္းခဲ့တယ္။ၿပီးေတာ့ Paypal ကို ႀကီးထြားေအာင္ လုပ္ခဲ့ၿပီး eBay ကို ေရာင္းခဲ့ပါတယ္။
၁၃. လႈဒါန္းပါ Musk ဟာ သူ႔ပိုင္ဆိုင္မႈ အားလံုးကို Warren Buffett ရဲ႕ အစီအစဥ္ကေန လႉဒါန္မယ္လို႔ စဥ္းစားၿပီးပါၿပီ။ Tesla ရဲ႕ နည္းပညာမူပိုင္ခြင့္ေတြကိုလဲ အားလံုးယူသံုးလို႔ရပါတယ္။ အေၾကာင္းျပခ်က္ကေတာ့ သူ႔ဝင္ေငြထက္ လ်ွပ္စစ္ကားေတြ မ်ားလာဖို႔က ပိုအေရးႀကီးလို႔ပါပဲ။
၁၄. ရည္မွန္းထားပါ ေအာင္ျမင္မႉအတြက္ ေလွခါးဟာ အျမင့္ႀကီးပါ။ ပထမထစ္ကေတာ့ အဲဒါကို သင္ လုပ္ႏိုင္တယ္ဆိုတာ သိဖို႔ပါ။ က်န္တာေတြ သူ႔ဘာသာ ျဖစ္လာပါလိမ့္မယ္။ ဥပမာ Tesla ဟာသူ႔ရဲ႕ ပထမဆံုးအျမတ္ေငြကို ၂၀၂၀ မွာ စတင္ရႏိုင္ဖို႔ ေမ််ွာ္မွန္းထားပါတယ္။ ဒါဆို Musk ကို ဘာက တြန္းအားေပးေနတာလဲ? သူ႔ရည္မွန္းခ်က္ပါပဲ။
GM ရဲ့ တျခား ထင္ေပၚေၾကာ္ၾကားေသာ သူမ်ားႏွင့္ ပက္သက္ေသာ
ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/people/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။
—————————————————————————-
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Elon Musk ဆီကနေ လူတိုင်းလေ့လာနိုင်တဲ့ ဘဝသင်ခန်းစာများ
ဘီလျံနာ Elon Musk ဟာ တော်လှန်ပြောင်းလဲနေတဲ့ စက်မှုလုပ်ငန်းတွေနဲ့ အတူ Real Life Iron Man လို့တောင် တင်စားခံရသူပါ။ သူက သူ့ရဲ့ ချမ်းသာမှုနဲ့လဲ အကောင်းဆုံး ဇိမ်ခံတတ်ပါသေးတယ်။ အခု သင် ရာစုနှစ်ရဲ့ အကြီးမားဆုံး အောင်မြင်သူတစ်ယောက်ဆီကနေ ဘဝသင်ခန်းစာတွေ လေ့လာရတော့မှာပါ။ Musk ရဲ့ အောင်မြင်မှုတွေဟာ သူ့ရဲ့ ရဲရင့်တဲ့ စွန့်ဦးလုပ်ငန်းသစ်တွေကနေ ရရှိခဲ့တာပါ။ သူ့ရဲ့ ဦးနှောက်နဲ့ စီးပွားရေးအတွေ့အကြုံတွေက ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်ပါတယ်။ သင့်ကိုလဲ ပြောင်းလဲဖို့ တွန်းအားပေးနိုင်ပါတယ်။ အဲဒါကြောင့် သူ့ရဲ့ ဘဝသင်ခန်းစာတွေကို လေ့လာလိုက်ကြပါစို့။
၁. တခြားသူတွေ မသွားချင်တဲ့နေရာကို သွားဖို့ကြိုးစားပါ အိပ်မက်ဆန်တာပဲ ဖြစ်ဖြစ်၊ တီထွင်ပြောင်းလဲဖို့ပဲ ဖြစ်ဖြစ် တခြားသူတွေနဲ့ ကွဲပြားခြားနားရဲရပါမယ်။ Musk နဲ့ သူ့ရဲ့ SpaceX ကုမ္ပဏီက Mars ပေါ်ကို နယ်မြေချဲ့ထွင်ဖို့ကို အတည်ပေါက်ကြီး ပြောနေတာပါ။ သူ့ရဲ့ တစ်သက်လုံး ကြိုးစားလာခဲ့တာက အင်္ဂါဂြိုလ်ပေါ် ရောက်ဖို့ပါပဲ တဲ့။
၂. သင့်ရဲ့ ငွေကြေးလစ်မစ်တွေကို စမ်းသပ်ကြည့်ပါ အခက်အခဲဆိုတာ ကြုံဖူးပါသလား? Musk ၁၇ နှစ်သားကလုပ်သလို ၁ ဒေါ်လာနဲ့ တစ်ရက်လုံး နေကြည့်ပါ။ သူဟာ ချိုးခြံနိုင်သလောက် ချိုးခြံပြီး နေခဲ့ပါတယ်။ အဲဒါကို လိုအပ်လို့ လုပ်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူလိုချင်တဲ့ ဘဝကို ရဖို့ သူကြိုးစားချွေတာကြည့်တာပါ။ အဲဒါက အကျိုးရှိခဲ့တယ်ဆိုတာ ပြောစရာမလိုပါဘူး။
၃. ကိုယ့်ဘာသာ တိုးတက်အောင် ကြိုးစားပါ လူတော်တော်များများဟာ ကျရှုံးသွားရင် ဆက်မလုပ်ချင်တော့ပါဘူး။ အလေးမအားကစားသမားတွေတောင် တစ်နေ့တစ်နေ့ လေ့ကျင့်ရင်း မနိုင်တဲ့ဝိတ် အများကြီးရောက်သွားနိုင်ရင် စီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ သင်လဲ ဘာလို့ မလုပ်နိုင်ရမှာလဲ။ သင့်ကိုယ်သင် ဘယ်လို ပိုကောင်းအောင် လုပ်နိုင်မလဲဆိုတဲ့ မေးခွန်းတွေ ပြန်ပြန်မေးပါ။
၄. ထွက်ပေါက်တစ်ခု အမြဲထားပါ အကောင်းတွေဆိုတာ အမြဲမလာပါဘူး။ အဲဒါကြောင့် ထွက်ပေါက်တစ်ခု ထားရမှာပါ။ Musk အသက် ၂၈ နှစ်မှာ Zip2 လို့ခေါ်တဲ့ လမ်းညွှန်ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့ပါတယ်။ လုပ်ငန်းအနာဂါတ်ကို သိနေတော့ ရောင်းဖို့ရည်ရွယ်ချက်နဲ့ သတင်းစာကြီးနှစ်စောင်မှာ စာချုပ်ချုပ်လိုက်ပါတယ်။ နောက်ပိုင်းမှာ အဲဒိစာချုပ်တွေကို Compaq က ဒေါ်လာ ၃၀၇ သန်းနဲ့ ဝယ်သွားပါတယ်။ သင်ခန်းစာကတော့ ပရောဂျက်တစ်ခုကို အဆုံးသတ်သင့်တဲ့အချိန်မှာ အဆုံးသတ်လိုက်ပါ။ အတိတ်ကအောင်မြင်မှုတွေအတွက် ဖက်တွယ်မထားပါနဲ့။
Steve Jobs ဆီက ဘာတွေအတုယူမလဲ ?
၅. ပုံမှန်မဟုတ်တာ လုပ်ပါ စွန်ဦးတီထွင် လုပ်ငန်းရှင်တွေကို ထင်ရှားလာစေတာက သူတို့ရဲ့ တော်လှန်တာပါပဲ။ Musk ရဲ့ ကုမ္ပဏီ Tesla က လျှပ်စစ်ကားတွေ ထုတ်နေပါတယ်။ အဲဒါက နှစ်ပေါင်းများစွာ အရိုးစွဲနေတဲ့ ကားဈေးကွက်ကို ပြောင်းလဲလိုက်တာပါပဲ။
၆. သေဖို့ အရမ်းနီးကပ်နေရင်တောင် စိတ်မလျှော့ပါနဲ့ ၂၀၀၀ ပြည့်နှစ်မှာ Musk တောင်အာဖရိကကို အသွားမှာ ငှက်ဖျား စွဲကပ်ခဲ့ပါတယ်။ ၄၅ ပေါင် ကျသွားပြီး သေလုနီးနီးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် စိတ်ကိုမလျှော့ပဲ သူ့ရဲ့ ပန်းတိုင်တွေကို ပိုပြီးမြန်မြန်ပြီးအောင် လုပ်ရမယ် ပြောပါတယ်။ ပြီးတော့ ခြောက်လအကြာမှာ Space X ကို တည်ထောင်ခဲ့ပါတယ်။
၇. တော်သူတွေကိုပဲ အနားခေါ်ထားပါ သင်ဟာ သင့်ကိုဝန်းရံနေသူတွေ တော်သလောက်ပဲ တော်တာပါ။ ကမ္ဘာ့အတော်ဆုံးတွေတောင် အဲဒိလိုပါပဲ။ သင့်ရဲ့ လူမှူဆက်ဆံရေး စကေးတွေကို မြှင့်တင်လိုက်ပါ။
၈. ဘယ်တော့မှ အရှုံးကို ပိုမတွက်ပါနဲ့ လူတွေဟာ ရှုံးမှာကြောက်တတ်ကြပါတယ်။ ရုံွးဖို့ အခြေအနေ သိပ်မရှိရင် အရမ်းမကြောက်ပါနဲ့။ ခုခေတ်ကမ္ဘာကြီးမှာ စွန့်စားသူတွေအတွက် အခွင့်အရေးတွေ အများကြီးပါ။
၉. သင့်ရည်မှန်းချက်ကို သင်ထိန်းထားပါ အဖြေတွေကို အရမ်းမကြည့်ပါနဲ့။ သင့်ရဲ့ လုပ်ဆောင်ချက်ကို ဂရုပြုကြည့်ပြီး ထိန်းထားပါ။ အဲဒါကပဲ သင့်ကို သင့်ရည်မှန်းချက်ကို အရောက်ပို့ပေးနိုင်မှာ မို့ပါ။
၁၀. သင့်မာနက အောင်မြင်မှုကို ဖုံးလွှမ်းမသွားပါစေနဲ့ ဘယ်အချိန်မှာ အိုင်ဒီယာတစ်ခုအတွက် တိုက်ခိုက်ရမလဲ၊ ဘယ်ချိန်မှာ နောက်ဆုတ်ရမလဲ သိဖို့ဟာ အရေးကြီးပါတယ်။ Musk ဟာ X.com နဲ့ Paypal မှာ ရင်းနှီးထားပါတယ်။ Paypal ရဲ့အနာဂါတ်ကို ကြိုမြင်တော့ X.com က ရှယ်ယာအများကြီးကို Paypal Member ဖြစ်ဖို့ စွန့်ပစ်ခဲ့ပါတယ်။
ဟန်ဂေရီနိုင်ငံရဲ့ နိုင်ငံသူရဲကောင်းတစ်ဦး
၁၁. သင့်ကို တွန်းအားပေးတဲ့အရာကို သိနေပါ ပိုက်ဆံလား၊ မိန်းမလား၊ အောင်မြင်မှုလား၊ ဘာက သင့်ကို တွန်းအားပေးနေပါသလဲ။ သိရှိထားပြီး အဲဒါကို မြေတောင်မြှောက်ပေးပါ။
၁၂. လိုက်လျောညီထွေ ရှိပါ ရှင်သန်ဖို့ဆိုတာ လိုက်လျောညီထွေ နေတတ်တာပါပဲ။ Musk ဟာ X.com ကို Paypal အသွင်ပြောင်းခဲ့တယ်။ပြီးတော့ Paypal ကို ကြီးထွားအောင် လုပ်ခဲ့ပြီး eBay ကို ရောင်းခဲ့ပါတယ်။
၁၃. လှုဒါန်းပါ Musk ဟာ သူ့ပိုင်ဆိုင်မှု အားလုံးကို Warren Buffett ရဲ့ အစီအစဉ်ကနေ လှူဒါန်မယ်လို့ စဉ်းစားပြီးပါပြီ။ Tesla ရဲ့ နည်းပညာမူပိုင်ခွင့်တွေကိုလဲ အားလုံးယူသုံးလို့ရပါတယ်။ အကြောင်းပြချက်ကတော့ သူ့ဝင်ငွေထက် လျှပ်စစ်ကားတွေ များလာဖို့က ပိုအရေးကြီးလို့ပါပဲ။
၁၄. ရည်မှန်းထားပါ အောင်မြင်မှူအတွက် လှေခါးဟာ အမြင့်ကြီးပါ။ ပထမထစ်ကတော့ အဲဒါကို သင် လုပ်နိုင်တယ်ဆိုတာ သိဖို့ပါ။ ကျန်တာတွေ သူ့ဘာသာ ဖြစ်လာပါလိမ့်မယ်။ ဥပမာ Tesla ဟာသူ့ရဲ့ ပထမဆုံးအမြတ်ငွေကို ၂၀၂၀ မှာ စတင်ရနိုင်ဖို့ မျေွာ္မှန်းထားပါတယ်။ ဒါဆို Musk ကို ဘာက တွန်းအားပေးနေတာလဲ? သူ့ရည်မှန်းချက်ပါပဲ။
GM ရဲ့ တခြား ထင်ပေါ်ကြော်ကြားသော သူများနှင့် ပက်သက်သော
ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/people/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx