အေကာင္းဘက္သို႔ ေျပာင္းလဲလာေသာ ေကာ္ဖီ

အေကာင္းဘက္သို႔ ေျပာင္းလဲလာေသာ ေကာ္ဖီ

ေကာ္ဖီဟာ ႏွလံုးေရာဂါ ျဖစ္ပြားမႈအတြက္ ျပစ္တင္ေျပာဆိုခံရတဲ့ အရာတစ္မ်ိဳးပါ။ ဒါေပမယ့္ အခု လူလတ္ပိုင္းအရြယ္ လူ ၂၅၀၀၀ ေလာက္ကို ေလ့လာမႈ ျပဳရာမွာ တစ္ေန႔ကို ေကာ္ဖီ သံုးခြက္ကေန ငါးခြက္ ေသာက္သူေတြဟာ ေကာ္ဖီ မေသာက္သူေတြထက္ ႏွလံုးေသြးေၾကာထဲမွာ ထံုးဓာတ္အနည္တင္မႈ ၄၁ ရာႏႈန္း ေလ့်ာနည္းတယ္ ဆိုပါတယ္။ အဲဒိ ထံုးဓာတ္ အနည္တင္မႈဟာ ႏွလံုးေရာဂါရဲ႕ အစပ်ိဳး လကၡဏာပါ။

တစ္ေန႔ကို ေကာ္ဖီ သံုးခြက္ထက္ ေလ်ာ့ေသာက္သူနဲ႔ ငါးခြက္ထက္ ပိုေသာက္သူေတြဟာလဲ မေသာက္သူေတြထက္ ထံုးဓာတ္အနည္တင္မႈ ၂၃ ရာႏႈန္းနဲ႔ ၁၉ ရာႏႈန္းစီ ေလ်ာ့နည္းပါတယ္။ သံုးခြက္ကေန ငါးခြက္အတြင္းကေတာ့ အေကာင္းဆံုးအေရအတြက္ပါ။

ေကာ္ဖီဆိုတာ ကဖင္းဓာတ္နဲ႔ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ အပါအဝင္ မတူတဲ့ ဓာတ္ပစၥည္း ရာနဲ႔ခ်ီၿပီး ေပါင္းစပ္ထားတဲ့ ဓာတ္ေပါင္းတစ္ခုပါ။ အဲဒီ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြဟာ ဆီးခ်ိဳေရာဂါကို ကာကြယ္ေပးဖို႔ အေရးပါၿပီး မေကာင္းတဲ့ LDL ကိုလက္စထေရာ အေရအတြက္ကိုလဲ ေလ်ာ့ခ်ေပးပါတယ္။ LDL ဟာ ႏွလံုးေသြးေၾကာအတြင္း အဆီ အနည္က်မႈနဲ႔ သက္ဆိုင္ပါတယ္။

ကမာၻ႔အထင္ရွားဆံုုး ဓါတ္ေလွကား (၁၀) စင္း


ဒီဟာက ေကာ္ဖီနဲ႔ ပါတ္သတ္ၿပီး က်န္းမာေရးအတြက္ ေကာင္းေၾကာင္းျပထားတဲ့ တစ္ခုထဲေသာ စမ္းသပ္ခ်က္ မဟုတ္ပါဘူး။ အျခား စမ္းသပ္ခ်က္ေတြမွာလဲ ေကာ္ဖီ အသင့္အတင့္ ေသာက္သံုးေပးျခင္းဟာ ေသြးေၾကာမာေရာဂါ၊ အေရျပားကင္ဆာ၊ အသည္း ထိခိုက္မႈ၊ စိတ္ထိခိုက္ျခင္း၊ နဲ႔ တခ်ိဳ႕ ကင္ဆာေတြကိုေတာင္ ကာကြယ္ေပးႏိုင္တယ္ ဆိုပါတယ္။ လူေတြ ဆီးခ်ိဳနဲ႔ ႏွလံုးေရာဂါ ကာကြယ္ႏိုင္ဖို႔ ေကာ္ဖီကို ေန႔တိုင္းေသာက္ၾကေအာင္ အေမရိကန္ အစိုးရက ႏိႈးေဆာ္ေပးေနၿပီ ျဖစ္ပါတယ္။

ဒီ ေကာ္ဖီနဲ႔ ပါတ္သတ္တဲ့ ေနာက္ဆံုး႐ွာေဖြေတြ႕႐ွိမႈဟာ ထိပ္တန္း ႏွလံုးေရာဂါ ပညာ႐ွင္အခ်ိဳ႕ကို မ်က္လံုးျပဴးသြားေစပါတယ္။ ဘာလို႔လဲဆိုေတာ့ ေကာ္ဖီနဲ႔ ပါတ္သတ္ၿပီး မေျဖ႐ွင္းလို႔ မရတဲ့၊ ဒါမွမဟုတ္ ဒီတိုင္းထားလို႔မရတဲ့ စမ္းသပ္ခ်က္ တစ္ခု ျဖစ္ေနလို႔ပါ။ အေမရိကန္ ႏွလံုးေရာဂါ အဖြဲ႔ ေခါင္းေဆာင္ေဟာင္း ေဒါက္တာ ေရာဘတ္ဘိုႏိုကေတာ့ ဒီလို လူအမ်ားႀကီးပါတဲ့ စမ္းသပ္ခ်က္မွာဆိုရင္ အျခား အေၾကာင္းတရားေတြ၊ ဥပမာ ေကာ္ဖီေသာက္သူေတြက ေလ့က်င့္ခန္းလုပ္ၿပီး မေသာက္သူေတြက ဘာမွ မလုပ္တာမ်ိဳးေၾကာင့္လဲ အေျဖကြဲသြားႏုိင္တယ္ ဆိုပါတယ္။ေကာ္ဖီဟာ ဘယ္ေတာ့မွ က်န္းမာေရး႐ႈေထာင့္မွာ မ်က္ႏွာ မလွခဲ့ပါဘူး။ ဒါေပမယ့္ ဒီစမ္းသပ္ခ်က္အရ ေကာ္ဖီက ႏွလံုးက်န္းမာေရးကို အက်ိဳးသက္ေရာက္တယ္ဆိုတာ က်ဳပ္ ယံုသြားၿပီလို႔ ဆိုပါတယ္။

ကမာၻ႔ေစ်းအၾကီးဆံုုး ဆိုုင္ကယ္ (၁၀)စင္း


ဒါေပမယ့္ ေကာ္ဖီ၊ ေခ်ာကလက္၊ ဘယ္ေလာက္ ေကာင္းတဲ့ အရာပဲ ျဖစ္ျဖစ္ အလြန္အကြၽံဆိုရင္ ေဘးျဖစ္တတ္တာ သတိျပဳစရာပါ။ ဘယ္ေလာက္ဆိုရင္ အလြန္အကြၽံ ျဖစ္သလဲဆိုတာကေတာ့ ေျပာရခက္ေနတုန္းပါ။ ဒါကလဲ ေကာ္ဖီခြက္ေတြ တစ္ခြက္နဲ႔ တစ္ခြက္ မတူတဲ့ အျပင္ ေဖ်ာ္စပ္ပံုျခင္းလဲ မတူၾကလို႔ ျဖစ္တာပါ။ တစ္ေန႔ကို သံုးခြက္ကေန ငါးခြက္အတြင္းကေတာ့ အေကာင္းဆံုးပါပဲ။

မွတ္ခ်က္၊  ၊ အသင့္ေသာက္ ေကာ္ဖီမစ္မ်ား ပါ၀င္ျခင္းမရွိပါ။

GM ရဲ့ တျခား ဗဟုုသုုတႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/knowleadge/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။ 

—————————————————————————- 

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

အကောင်းဘက်သို့ ပြောင်းလဲလာသော ကော်ဖီ

ကော်ဖီဟာ နှလုံးရောဂါ ဖြစ်ပွားမှုအတွက် ပြစ်တင်ပြောဆိုခံရတဲ့ အရာတစ်မျိုးပါ။ ဒါပေမယ့် အခု လူလတ်ပိုင်းအရွယ် လူ ၂၅၀၀၀ လောက်ကို လေ့လာမှု ပြုရာမှာ တစ်နေ့ကို ကော်ဖီ သုံးခွက်ကနေ ငါးခွက် သောက်သူတွေဟာ ကော်ဖီ မသောက်သူတွေထက် နှလုံးသွေးကြောထဲမှာ ထုံးဓာတ်အနည်တင်မှု ၄၁ ရာနှုန်း လျော့နည်းတယ် ဆိုပါတယ်။ အဲဒိ ထုံးဓာတ် အနည်တင်မှုဟာ နှလုံးရောဂါရဲ့ အစပျိုး လက္ခဏာပါ။

တစ်နေ့ကို ကော်ဖီ သုံးခွက်ထက် လျော့သောက်သူနဲ့ ငါးခွက်ထက် ပိုသောက်သူတွေဟာလဲ မသောက်သူတွေထက် ထုံးဓာတ်အနည်တင်မှု ၂၃ ရာနှုန်းနဲ့ ၁၉ ရာနှုန်းစီ လျော့နည်းပါတယ်။ သုံးခွက်ကနေ ငါးခွက်အတွင်းကတော့ အကောင်းဆုံးအရေအတွက်ပါ။

ကော်ဖီဆိုတာ ကဖင်းဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အပါအဝင် မတူတဲ့ ဓာတ်ပစ္စည်း ရာနဲ့ချီပြီး ပေါင်းစပ်ထားတဲ့ ဓာတ်ပေါင်းတစ်ခုပါ။ အဲဒီ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ဆီးချိုရောဂါကို ကာကွယ်ပေးဖို့ အရေးပါပြီး မကောင်းတဲ့ LDL ကိုလက်စထရော အရေအတွက်ကိုလဲ လျော့ချပေးပါတယ်။ LDL ဟာ နှလုံးသွေးကြောအတွင်း အဆီ အနည်ကျမှုနဲ့ သက်ဆိုင်ပါတယ်။

ကမ္ဘာ့အထင်ရှားဆုံး ဓါတ်လှေကား (၁၀) စင်း

ဒီဟာက ကော်ဖီနဲ့ ပါတ်သတ်ပြီး ကျန်းမာရေးအတွက် ကောင်းကြောင်းပြထားတဲ့ တစ်ခုထဲသော စမ်းသပ်ချက် မဟုတ်ပါဘူး။ အခြား စမ်းသပ်ချက်တွေမှာလဲ ကော်ဖီ အသင့်အတင့် သောက်သုံးပေးခြင်းဟာ သွေးကြောမာရောဂါ၊ အရေပြားကင်ဆာ၊ အသည်း ထိခိုက်မှု၊ စိတ်ထိခိုက်ခြင်း၊ နဲ့ တချို့ ကင်ဆာတွေကိုတောင် ကာကွယ်ပေးနိုင်တယ် ဆိုပါတယ်။ လူတွေ ဆီးချိုနဲ့ နှလုံးရောဂါ ကာကွယ်နိုင်ဖို့ ကော်ဖီကို နေ့တိုင်းသောက်ကြအောင် အမေရိကန် အစိုးရက နှိုးဆော်ပေးနေပြီ ဖြစ်ပါတယ်။

ဒီ ကော်ဖီနဲ့ ပါတ်သတ်တဲ့ နောက်ဆုံးရှာဖွေတွေ့ရှိမှုဟာ ထိပ်တန်း နှလုံးရောဂါ ပညာရှင်အချို့ကို မျက်လုံးပြူးသွားစေပါတယ်။ ဘာလို့လဲဆိုတော့ ကော်ဖီနဲ့ ပါတ်သတ်ပြီး မဖြေရှင်းလို့ မရတဲ့၊ ဒါမှမဟုတ် ဒီတိုင်းထားလို့မရတဲ့ စမ်းသပ်ချက် တစ်ခု ဖြစ်နေလို့ပါ။ အမေရိကန် နှလုံးရောဂါ အဖွဲ့ ခေါင်းဆောင်ဟောင်း ဒေါက်တာ ရောဘတ်ဘိုနိုကတော့ ဒီလို လူအများကြီးပါတဲ့ စမ်းသပ်ချက်မှာဆိုရင် အခြား အကြောင်းတရားတွေ၊ ဥပမာ ကော်ဖီသောက်သူတွေက လေ့ကျင့်ခန်းလုပ်ပြီး မသောက်သူတွေက ဘာမှ မလုပ်တာမျိုးကြောင့်လဲ အဖြေကွဲသွားနိုင်တယ် ဆိုပါတယ်။ ” ကော်ဖီဟာ ဘယ်တော့မှ ကျန်းမာရေးရှုထောင့်မှာ မျက်နှာ မလှခဲ့ပါဘူး။ ဒါပေမယ့် ဒီစမ်းသပ်ချက်အရ ကော်ဖီက နှလုံးကျန်းမာရေးကို အကျိုးသက်ရောက်တယ်ဆိုတာ ကျုပ် ယုံသွားပြီ ” လို့ ဆိုပါတယ်။

ကမ္ဘာ့ဈေးအကြီးဆုံး ဆိုင်ကယ် (၁၀)စင်း

ဒါပေမယ့် ကော်ဖီ၊ ချောကလက်၊ ဘယ်လောက် ကောင်းတဲ့ အရာပဲ ဖြစ်ဖြစ် အလွန်အကျွံဆိုရင် ဘေးဖြစ်တတ်တာ သတိပြုစရာပါ။ ဘယ်လောက်ဆိုရင် အလွန်အကျွံ ဖြစ်သလဲဆိုတာကတော့ ပြောရခက်နေတုန်းပါ။ ဒါကလဲ ကော်ဖီခွက်တွေ တစ်ခွက်နဲ့ တစ်ခွက် မတူတဲ့ အပြင် ဖျော်စပ်ပုံခြင်းလဲ မတူကြလို့ ဖြစ်တာပါ။ တစ်နေ့ကို သုံးခွက်ကနေ ငါးခွက်အတွင်းကတော့ အကောင်းဆုံးပါပဲ။

မှတ်ချက်၊ ၊ အသင့်သောက် ကော်ဖီမစ်များ ပါဝင်ခြင်းမရှိပါ။
GM ရဲ့ တခြား ဗဟုသုတနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/knowleadge/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

—————————————————————————-

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

 

 

Related Posts

%%footer%%