႐ိုင္းျပျခင္းဟာ ကူးစက္တတ္ပါသလား

႐ိုင္းျပျခင္းဟာ ကူးစက္တတ္ပါသလား

ကြၽန္ေတာ္တို႔ဟာ ႐ုိင္းျပမႈေတြ၊ စြပ္စြဲမႈေတြကို အခ်ိန္တိုင္းလိုလို ၾကံဳေတြ႕ေနရတာပါ။ အဲဒိအက်င့္ေတြဟာ ကြၽန္ေတာ္တို႔ အလုပ္ခြင္နဲ႔ ေန႔စဥ္ဘဝမွာ အျမစ္တြယ္ေနပါၿပီ။ ေမးစရာ႐ွိတာက အဲဒိအက်င့္ေတြက ကြၽန္ေတာ္တို႔အေပၚမွာ ဘယ္လို အက်ိဳးသက္ေရာက္ေစႏိုင္သလဲ??

မေကာင္းတဲ့ အမူအရာေတြျဖစ္တဲ့ စိတ္ျမန္ျခင္း၊ ေဒါသႀကီးျခင္း၊ ၾကမ္းတမ္းျခင္းတို႔ဟာ အႏၱရာယ္႐ွိတာ ထင္႐ွားပါတယ္။ ဒါေပမယ့္ ႐ိုင္းစိုင္းၿပီး ယဥ္ေက်းမႉမ႐ွိတာက ဘယ္လို အႏၱရာယ္ ႐ွိပါသလဲ??

ေလ့လာမႈေတြအရေတာ့ ႐ိုင္းစုိင္းမႈကို ခံစားရတာ၊ အနည္းဆံုး ႐ုိင္းစိုင္းမႈကို မ်က္ျမင္ ေတြ႕ေနရတာကေတာင္ အလုပ္လုပ္ႏိုင္စြမ္း၊ တီထြင္ဉာဏ္နဲ႔ အကူအညီေပးလိုမႈတို႔မွာ အရမ္း ထိခိုက္ေစပါတယ္။ ဒါေပမယ့္ အဲ့ဒါနဲ႔တင္ အဆံုးမသတ္ေသးပါဘူး။

လူမႈဆက္ဆံေရးစြမ္းရည္တိုးတက္ဖို႔ အဆင့္(၅)ခု


႐ိုင္းစိုင္းမႈဟာ ကူးစက္တတ္ပါတယ္။ ဆိုလိုတာက ႐ိုင္းစိုင္းျခင္းဟာ ႐ိုင္းစိုင္းမႈနဲ႔ ၾကံဳေတြ႕ရသူ၊ ႐ိုင္းစိုင္းမႈကို မ်က္ျမင္ေတြ႕ရသူေတြကိုသာ အက်ိဳးသက္ေရာက္ေစတာ မဟုတ္ပဲ ဆင့္ပြားအက်ိဳးသက္ေရာက္မႈေတြ ႐ွိေနပါတယ္။ ႐ိုင္းစိုင္းတဲ့ အျပဳအမူ ၾကံဳခဲ့ရသူေတြဟာ သူတို႔ကိုယ္တိုင္ ႐ိုင္းစိုင္းသြားၾကၿပီး သူတို႔နဲ႔ ထပ္မံေတြ႕ဆံုရတဲ့ လူေတြအေပၚပါ ႐ိုင္းေနဦးမွာပါ။

ဘာေၾကာင့္ ႐ိုင္းစိုင္းမႈက တစ္ေယာက္ကေန တစ္ေယာက္ ကူးစက္ၾကတာလဲ

စိတ္ခံစားခ်က္ေတြနဲ႔ အျပဳအမူေတြက ကူးစက္တတ္ပါတယ္။ သင့္ပါတ္ဝန္းက်င္ကလူေတြ ေပ်ာ္ေနရင္ သင္လဲ ေပ်ာ္လာမွာပါ။ ပါတ္ဝန္းက်င္ကလူေတြအားလံုး လက္ပုိက္ေနရင္၊ ဒူးႏွံ႔ေနရင္ သင္လဲ လိုက္လုပ္မိမွာ အေသအခ်ာပါ။

ဒါေပမယ့္ အဲ့ဒိအက်ိဳးသက္ေရာက္မႈေတြက သင္ အမွတ္တမဲ့ လိုက္လုပ္မိတာပဲဆိုေတာ့ ႐ုိင္းစိုင္းမႈက ဘာေၾကာင့္ သင့္ကို ပို႐ိုင္းေစလဲဆိုတာ ေျပာမျပႏိုင္ပါဘူး။ အဲဒိေတာ့ အဲဒါ ဘာေၾကာင့္ ျဖစ္တာလဲ??

သင္ လူမႈေရးလွံု႔ေဆာ္မႈ တစ္ခုခု လုပ္တဲ့အခါ ( ဥပမာ လုပ္ေဖာ္ကိုင္ဖက္နဲ႔ စကားေျပာတဲ့အခါ) ဦးေႏွာက္ရဲ႕ နက္႐ိႈင္းတဲ့ မသိစိတ္အပိုင္းမွာ႐ွိတဲ့ အသိတစ္ခ်ိဳ႕ကို လွံု႔ေဆာ္ေပးလိုက္ပါတယ္။ အဲဒိ အသိဆိုတာ အမ်ိဳးမ်ိဳး ျဖစ္ႏိုင္ပါတယ္။ ဥပမာ ေဒါသ၊ ေပ်ာ္ရႊင္ျခင္း၊ ဝမ္းနည္းျခင္း၊ ခြန္အားနဲ႔ ႐ိုင္းစိုင္းျခင္းတို႔ပါ။ အဲဒိ အသိေတြ ပြင့္လာတာကို ကြၽန္ေတာ္တို႔ သတိမထားမိပါဘူး။ အဲဒိ အသိေတြထဲက တစ္ခုခု ပြင့္လာရင္ ကြၽန္ေတာ္တို႔ ကမၻာႀကီးကို ဆက္ဆံတဲ့ ပံုစံလဲ အသိနဲ႔ လိုက္ပါေျပာင္းလဲသြားပါတယ္။

မေျပာခင္မွာ စဥ္းစားပါ။


႐ိုင္းစိုင္းတဲ့ အသိ ပြင့္လာရင္ သင္ ခံစားရတဲ့ လူမႈေရးလွံု႔ေဆာ္မႈကို ပိုၿပီး ႐ိုင္းတယ္ ထင္လာမွာပါ။ ႐ိုင္းစိုင္းမႈ ခံစားရတဲ့ သူေတြဟာ ပါတ္ဝန္းက်င္က ႐ိုင္းစိုင္းမႈေတြကို ပိုမို သတိျပဳမိလာၾကၿပီး တစ္ေလာကလံုးက သူ႔ကို ႐ိုင္းေနတယ္လို႔ ထင္လာၾကပါတယ္။ အဲဒါေၾကာင့္ သူတို႔ကလဲ တံု႔ျပန္႐ိုင္းစိုင္းလာရတာပါ။

အဲဒိ ျဖစ္စဥ္က အလိုအေလ်ာက္ ျဖစ္တဲ့အရာမို႔ ပိုၿပီးေၾကာက္စရာေကာင္းတာပါ။ ဦးေႏွာက္ထဲမွာ အလိုလုိ ျဖစ္သြားတဲ့ ျဖစ္စဥ္ကို သင္ ဘာမွ မထိန္းခ်ဳပ္ႏိုင္ပါဘူး။

တစ္ခုတည္းေသာနဲ႔ အေကာင္းဆံုးနည္းလမ္းကေတာ့ သင္ ဘာပဲ ၾကံဳရၾကံဳရ မ႐ုိင္းပါနဲ႔။ သင့္ကို လူအားလံုးက ေစာ္ကားေနတာလဲ မဟုတ္ပါဘူး။ အတတ္ႏိုင္ဆံုး ႐ိုင္းစိုင္းသူေတြနဲ႔ မဆက္ဆံပါနဲ႔။ အ႐ိုင္းခံရရင္ေတာင္ ျပန္မ႐ိုင္းဖို႔ ႀကိဳးစားပါ။

GM ရဲ့ တျခား  လူမႈေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/social/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။ 

—————————————————————————- 

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

ရိုင်းပြခြင်းဟာ ကူးစက်တတ်ပါသလား

ကျွန်တော်တို့ဟာ ရိုင်းပြမှုတွေ၊ စွပ်စွဲမှုတွေကို အချိန်တိုင်းလိုလို ကြုံတွေ့နေရတာပါ။ အဲဒိအကျင့်တွေဟာ ကျွန်တော်တို့ အလုပ်ခွင်နဲ့ နေ့စဉ်ဘဝမှာ အမြစ်တွယ်နေပါပြီ။ မေးစရာရှိတာက အဲဒိအကျင့်တွေက ကျွန်တော်တို့အပေါ်မှာ ဘယ်လို အကျိုးသက်ရောက်စေနိုင်သလဲ??

မကောင်းတဲ့ အမူအရာတွေဖြစ်တဲ့ စိတ်မြန်ခြင်း၊ ဒေါသကြီးခြင်း၊ ကြမ်းတမ်းခြင်းတို့ဟာ အန္တရာယ်ရှိတာ ထင်ရှားပါတယ်။ ဒါပေမယ့် ရိုင်းစိုင်းပြီး ယဉ်ကျေးမှူမရှိတာက ဘယ်လို အန္တရာယ် ရှိပါသလဲ??

လေ့လာမှုတွေအရတော့ ရိုင်းစိုင်းမှုကို ခံစားရတာ၊ အနည်းဆုံး ရိုင်းစိုင်းမှုကို မျက်မြင် တွေ့နေရတာကတောင် အလုပ်လုပ်နိုင်စွမ်း၊ တီထွင်ဉာဏ်နဲ့ အကူအညီပေးလိုမှုတို့မှာ အရမ်း ထိခိုက်စေပါတယ်။ ဒါပေမယ့် အဲ့ဒါနဲ့တင် အဆုံးမသတ်သေးပါဘူး။

လူမှုဆက်ဆံရေးစွမ်းရည်တိုးတက်ဖို့ အဆင့်(၅)ခု

ရိုင်းစိုင်းမှုဟာ ကူးစက်တတ်ပါတယ်။ ဆိုလိုတာက ရိုင်းစိုင်းခြင်းဟာ ရိုင်းစိုင်းမှုနဲ့ ကြုံတွေ့ရသူ၊ ရိုင်းစိုင်းမှုကို မျက်မြင်တွေ့ရသူတွေကိုသာ အကျိုးသက်ရောက်စေတာ မဟုတ်ပဲ ဆင့်ပွားအကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။ ရိုင်းစိုင်းတဲ့ အပြုအမူ ကြုံခဲ့ရသူတွေဟာ သူတို့ကိုယ်တိုင် ရိုင်းစိုင်းသွားကြပြီး သူတို့နဲ့ ထပ်မံတွေ့ဆုံရတဲ့ လူတွေအပေါ်ပါ ရိုင်းနေဦးမှာပါ။

ဘာကြောင့် ရိုင်းစိုင်းမှုက တစ်ယောက်ကနေ တစ်ယောက် ကူးစက်ကြတာလဲ

စိတ်ခံစားချက်တွေနဲ့ အပြုအမူတွေက ကူးစက်တတ်ပါတယ်။ သင့်ပါတ်ဝန်းကျင်ကလူတွေ ပျော်နေရင် သင်လဲ ပျော်လာမှာပါ။ ပါတ်ဝန်းကျင်ကလူတွေအားလုံး လက်ပိုက်နေရင်၊ ဒူးနှံ့နေရင် သင်လဲ လိုက်လုပ်မိမှာ အသေအချာပါ။

ဒါပေမယ့် အဲ့ဒိအကျိုးသက်ရောက်မှုတွေက သင် အမှတ်တမဲ့ လိုက်လုပ်မိတာပဲဆိုတော့ ရိုင်းစိုင်းမှုက ဘာကြောင့် သင့်ကို ပိုရိုင်းစေလဲဆိုတာ ပြောမပြနိုင်ပါဘူး။ အဲဒိတော့ အဲဒါ ဘာကြောင့် ဖြစ်တာလဲ??

သင် လူမှုရေးလှုံ့ဆော်မှု တစ်ခုခု လုပ်တဲ့အခါ ( ဥပမာ လုပ်ဖော်ကိုင်ဖက်နဲ့ စကားပြောတဲ့အခါ) ဦးနှောက်ရဲ့ နက်ရှိုင်းတဲ့ မသိစိတ်အပိုင်းမှာရှိတဲ့ အသိတစ်ချို့ကို လှုံ့ဆော်ပေးလိုက်ပါတယ်။ အဲဒိ အသိဆိုတာ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဥပမာ ဒေါသ၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ခွန်အားနဲ့ ရိုင်းစိုင်းခြင်းတို့ပါ။ အဲဒိ အသိတွေ ပွင့်လာတာကို ကျွန်တော်တို့ သတိမထားမိပါဘူး။ အဲဒိ အသိတွေထဲက တစ်ခုခု ပွင့်လာရင် ကျွန်တော်တို့ ကမ္ဘာကြီးကို ဆက်ဆံတဲ့ ပုံစံလဲ အသိနဲ့ လိုက်ပါပြောင်းလဲသွားပါတယ်။

မပြောခင်မှာ စဉ်းစားပါ။

ရိုင်းစိုင်းတဲ့ အသိ ပွင့်လာရင် သင် ခံစားရတဲ့ လူမှုရေးလှုံ့ဆော်မှုကို ပိုပြီး ရိုင်းတယ် ထင်လာမှာပါ။ ရိုင်းစိုင်းမှု ခံစားရတဲ့ သူတွေဟာ ပါတ်ဝန်းကျင်က ရိုင်းစိုင်းမှုတွေကို ပိုမို သတိပြုမိလာကြပြီး တစ်လောကလုံးက သူ့ကို ရိုင်းနေတယ်လို့ ထင်လာကြပါတယ်။ အဲဒါကြောင့် သူတို့ကလဲ တုံ့ပြန်ရိုင်းစိုင်းလာရတာပါ။

အဲဒိ ဖြစ်စဉ်က အလိုအလျောက် ဖြစ်တဲ့အရာမို့ ပိုပြီးကြောက်စရာကောင်းတာပါ။ ဦးနှောက်ထဲမှာ အလိုလို ဖြစ်သွားတဲ့ ဖြစ်စဉ်ကို သင် ဘာမှ မထိန်းချုပ်နိုင်ပါဘူး။

တစ်ခုတည်းသောနဲ့ အကောင်းဆုံးနည်းလမ်းကတော့ သင် ဘာပဲ ကြုံရကြုံရ မရိုင်းပါနဲ့။ သင့်ကို လူအားလုံးက စော်ကားနေတာလဲ မဟုတ်ပါဘူး။ အတတ်နိုင်ဆုံး ရိုင်းစိုင်းသူတွေနဲ့ မဆက်ဆံပါနဲ့။ အရိုင်းခံရရင်တောင် ပြန်မရိုင်းဖို့ ကြိုးစားပါ။
GM ရဲ့ တခြား လူမှုရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/social/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

—————————————————————————-

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

 

 

Related Posts

%%footer%%