ေဒၚလာတစ္သန္းတန္ သင္ခန္းစာ
တကၠစီ ဒ႐ိုင္ဘာတစ္ေယာက္ဟာ ကြၽန္ေတာ့္ကို ေဖာက္သည္ေက်နပ္ေစဖို႔နဲ႔ ပါတ္သတ္ၿပီး ေဒၚလာတစ္သန္းတန္ ေလ့က်င့္ခန္းတစ္ခု သင္ၾကားေပးခဲ့ပါတယ္။ အားတက္ေစမယ့္ စကားေျပာသူျဖစ္ေအာင္ ကုမၸဏီ ဝန္ထမ္းေတြနဲ႔ အမႈေဆာင္ေတြကို ေဒၚလာ ေထာင္ေပါင္းမ်ားစြာ အကုန္ခံၿပီး သင္ၾကားေပးရပါတယ္ ဒါေပမယ့္ ကြၽန္ေတာ့္အတြက္ေတာ့ တကၠစီစီးတာ ၁၂ ေဒၚလာပဲ ကုန္ပါတယ္။
စီးပြားေရးကိစၥတစ္ခုနဲ႔ ကြၽန္ေတာ္ တျခားၿမိဳ႕ကို သြားၿပီး ျပန္အလာမွာ ေလယဥ္ကြင္းကအထြက္မွာ တကၠစီတစ္စီးကို လွမ္းတားလိုက္ပါတယ္။
ဒ႐ိုင္ဘာဟာ ကြၽန္ေတာ့္ကို တံခါးဖြင့္ေပးၿပီး ကြၽန္ေတာ္ထိုင္လို႔ ေနသားက်မက် ေသခ်ာစစ္ေဆးၿပီးခါမွ တံခါးျပန္ပိတ္ေပးပါတယ္။ သူ႔ခံုေပၚ ျပန္ထိုင္ၿပီးတာနဲ႔ ေသခ်ာေခါက္ထားတဲ့ Wall Street ဂ်ာနယ္ကို ကြၽန္ေတာ္ဖတ္ဖို႔ ကမ္းေပးပါတယ္။ ၿပီးေတာ့ သီခ်င္းေခြမ်ိဳးစံုျပၿပီး ဘယ္ ဂီတအမ်ိဳးအစားကို ကြၽန္ေတာ္ႀကိဳက္လဲဆိုတာ ေမးပါတယ္။
ဘ၀မွာ ဘာေတြကိုဦးစားေပးမလဲ။
ကြၽန္ေတာ္ရေနတဲ့ ဝန္ေဆာင္မႈကို ကြၽန္ေတာ္ ကိုယ္တိုင္ေတာင္ မယံုႏိုင္ပါဘူး။ ရတဲ့ အခြင့္အေရးေလးကို သံုးၿပီး ” ခင္ဗ်ားက သင့္အလုပ္မွာ ေတာ္ေတာ္ ဂုဏ္႐ွိေအာင္ လုပ္တယ္ေနာ္။ သင့္မွာ ေျပာျပစရာ ဇာတ္လမ္းတစ္ခုခုေတာ့ ႐ွိမယ္ထင္တယ္ ” လို႔ ေမးလိုက္ပါတယ္။
“ခင္ဗ်ားမွန္ပါတယ္။ ကြၽန္ေတာ္က Corporate America မွာ အလုပ္လုပ္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ အဲဒိမွာ ကြၽန္ေတာ္ အေကာင္းဆံုး အလုပ္ႀကိဳးစားတာေတာင္ ကြၽန္ေတာ့္အေကာင္းဆံုးျဖစ္တယ္လို႔ ကိုယ့္ဘာသာ မထင္ခဲ့ဘူး။ အဲဒါေၾကာင့္ ကြၽန္ေတာ္ အေကာင္းဆံုး လုပ္ႏိုင္မယ္ ထင္တဲ့ ေနရာမွာ ကြၽန္ေတာ့္ ဘဝ စခဲ့ပါတယ္။ “
“ကြၽန္ေတာ္ဟာ ဘယ္ေတာ့မွ ႏူကလီးယား သိပၸံပညာ႐ွင္တစ္ေယာက္ မျဖစ္ႏိုင္ဘူးဆိုတာ သိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္က ကားေမာင္းရတာ ႀကိဳက္တယ္။ ဝန္ေဆာင္မႈေပးၿပီး ကိုယ့္ဘာသာ အလုပ္ေကာင္းေကာင္း လုပ္ၿပီးၿပီလို႔ ခံစားရတာ သေဘာက်တယ္။ ကြၽန္ေတာ့္ရဲ႕ အက်င့္၊ ဗီဇ၊ ဝါသနာ အားလံုးကို တြက္ၿပီး ကြၽန္ေတာ္ တကၠစီေမာင္းေနတာပါပဲ “
တံတားေတြ ေဆာက္လမ္းေတြ ေဖာက္
အဲဒိမွာ ကြၽန္ေတာ္သိလိုက္တာကေတာ့ ကြၽန္ေတာ္ တာဝန္ယူရတဲ့ လုပ္ငန္းမွာ ေကာင္းဖို႔ဆိုရင္ ေဖာက္သည္ေတြ ေမ်ွာ္မွန္းထားတာထက္ပိုၿပီး လုပ္ေပးႏိုင္ရပါမယ္။ ဒီလူ ဝန္ေဆာင္မႈ မဆိုးပါဘူး အစား ဝန္ေဆာင္မႈ ေကာင္းတယ္ဆိုတာကို လူေတြ လိုခ်င္ၾကတာပါ။
ကြၽန္ေတာ္သူနဲ႔ ေတြ႕ရတာ အရမ္းကံေကာင္းပါတယ္။ Corporate America ရဲ႕ ဆံုး႐ွံုးမႈဟာ ခရီးသြားေနတဲ့ ကြၽန္ေတာ့္အတြက္ မိတ္ေဆြ တိုးလာတာပါပဲ။
အျခား ဗဟုုသုုတႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ား
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
=========================================================
ဒေါ်လာတစ်သန်းတန် သင်ခန်းစာ
တက္ကစီ ဒရိုင်ဘာတစ်ယောက်ဟာ ကျွန်တော့်ကို ဖောက်သည်ကျေနပ်စေဖို့နဲ့ ပါတ်သတ်ပြီး ဒေါ်လာတစ်သန်းတန် လေ့ကျင့်ခန်းတစ်ခု သင်ကြားပေးခဲ့ပါတယ်။ အားတက်စေမယ့် စကားပြောသူဖြစ်အောင် ကုမ္ပဏီ ဝန်ထမ်းတွေနဲ့ အမှုဆောင်တွေကို ဒေါ်လာ ထောင်ပေါင်းများစွာ အကုန်ခံပြီး သင်ကြားပေးရပါတယ် ဒါပေမယ့် ကျွန်တော့်အတွက်တော့ တက္ကစီစီးတာ ၁၂ ဒေါ်လာပဲ ကုန်ပါတယ်။
စီးပွားရေးကိစ္စတစ်ခုနဲ့ ကျွန်တော် တခြားမြို့ကို သွားပြီး ပြန်အလာမှာ လေယဉ်ကွင်းကအထွက်မှာ တက္ကစီတစ်စီးကို လှမ်းတားလိုက်ပါတယ်။
ဒရိုင်ဘာဟာ ကျွန်တော့်ကို တံခါးဖွင့်ပေးပြီး ကျွန်တော်ထိုင်လို့ နေသားကျမကျ သေချာစစ်ဆေးပြီးခါမှ တံခါးပြန်ပိတ်ပေးပါတယ်။ သူ့ခုံပေါ် ပြန်ထိုင်ပြီးတာနဲ့ သေချာခေါက်ထားတဲ့ Wall Street ဂျာနယ်ကို ကျွန်တော်ဖတ်ဖို့ ကမ်းပေးပါတယ်။ ပြီးတော့ သီချင်းခွေမျိုးစုံပြပြီး ဘယ် ဂီတအမျိုးအစားကို ကျွန်တော်ကြိုက်လဲဆိုတာ မေးပါတယ်။
ဘဝမှာ ဘာတွေကိုဦးစားပေးမလဲ။
ကျွန်တော်ရနေတဲ့ ဝန်ဆောင်မှုကို ကျွန်တော် ကိုယ်တိုင်တောင် မယုံနိုင်ပါဘူး။ ရတဲ့ အခွင့်အရေးလေးကို သုံးပြီး ” ခင်ဗျားက သင့်အလုပ်မှာ တော်တော် ဂုဏ်ရှိအောင် လုပ်တယ်နော်။ သင့်မှာ ပြောပြစရာ ဇာတ်လမ်းတစ်ခုခုတော့ ရှိမယ်ထင်တယ် ” လို့ မေးလိုက်ပါတယ်။
“ခင်ဗျားမှန်ပါတယ်။ ကျွန်တော်က Corporate America မှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒိမှာ ကျွန်တော် အကောင်းဆုံး အလုပ်ကြိုးစားတာတောင် ကျွန်တော့်အကောင်းဆုံးဖြစ်တယ်လို့ ကိုယ့်ဘာသာ မထင်ခဲ့ဘူး။ အဲဒါကြောင့် ကျွန်တော် အကောင်းဆုံး လုပ်နိုင်မယ် ထင်တဲ့ နေရာမှာ ကျွန်တော့် ဘဝ စခဲ့ပါတယ်။ ”
“ကျွန်တော်ဟာ ဘယ်တော့မှ နူကလီးယား သိပ္ပံပညာရှင်တစ်ယောက် မဖြစ်နိုင်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော်က ကားမောင်းရတာ ကြိုက်တယ်။ ဝန်ဆောင်မှုပေးပြီး ကိုယ့်ဘာသာ အလုပ်ကောင်းကောင်း လုပ်ပြီးပြီလို့ ခံစားရတာ သဘောကျတယ်။ ကျွန်တော့်ရဲ့ အကျင့်၊ ဗီဇ၊ ဝါသနာ အားလုံးကို တွက်ပြီး ကျွန်တော် တက္ကစီမောင်းနေတာပါပဲ ”
တံတားတွေ ဆောက်လမ်းတွေ ဖောက်
အဲဒိမှာ ကျွန်တော်သိလိုက်တာကတော့ ကျွန်တော် တာဝန်ယူရတဲ့ လုပ်ငန်းမှာ ကောင်းဖို့ဆိုရင် ဖောက်သည်တွေ မျှော်မှန်းထားတာထက်ပိုပြီး လုပ်ပေးနိုင်ရပါမယ်။ ဒီလူ ဝန်ဆောင်မှု မဆိုးပါဘူး အစား ဝန်ဆောင်မှု ကောင်းတယ်ဆိုတာကို လူတွေ လိုချင်ကြတာပါ။
ကျွန်တော်သူနဲ့ တွေ့ရတာ အရမ်းကံကောင်းပါတယ်။ Corporate America ရဲ့ ဆုံးရှုံးမှုဟာ ခရီးသွားနေတဲ့ ကျွန်တော့်အတွက် မိတ်ဆွေ တိုးလာတာပါပဲ။
အခြား ဗဟုသုတနှင့် ပက်သက်သော ဆောင်းပါးများ
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
=========================================================