၎။ တရားထိုင်နည်း
၇။ တာဝန်ယူနည်း
၉။ အကြောလျှော့နည်းများ
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
(၁၀)မိနစ်အတွင်း လေ့လာအသုံးချနိုင်သည့် အရာများ
ဘဝဆိုတာ တိုတောင်းပါတယ်။ ဒီလို တိုတောင်းလှတဲ့ ဘဝမှာလုပ်စရာတွေက အများကြီးရှိနေပါတယ်။ ဒါ့ကြောင့် ဘဝအတွက်အရေးကြီးတဲ့ တချို့ကိစ္စတွေကိုလေ့လာသင်ယူဖို့ အချိန်မပေးနိုင် ဖြစ်နေရပါသလား။ လုပ်စရာအရေးကိစ္စတွေကို အကျိုးရှိရှိပြီးမြောက်အောင်မြင်ဖို့အတွက် (၁၀)မိနစ်အတွင်း လေ့လာအသုံးချနိုင်တဲ့အရာ (၁၀)ခုကို ဖော်ပြပေးလိုက်ပါတယ်။
၁။ The Pomodoro Technique
အချိန်စီမံခန့်ခွဲမှုဟာ အလုပ်ပြီးမြောက်မှုအတွက် အရေးကြီးပါတယ်။ အချိန်စီမံခန့်ခွဲမှုအတွက် အထိရောက်ဆုံးနည်းလမ်းတွေထဲက တစ်ခုကတော့ Pomodoro Technique ပဲဖြစ်ပါတယ်။ ဒီနည်းလမ်းမှာ အလုပ်ကိစ္စတွေကို (၂၅)မိနစ်ကြာ အချိန်ပိုင်းလေးတွေအဖြစ် ပိုင်းခြားသတ်မှတ်လုပ်ဆောင်တာ ဖြစ်ပါတယ်။ အချိန်ပိုင်းတစ်ခုနဲ့ တစ်ခုကြားမှ ခေတ္တနားပြီး ပြန်လုပ်ရပါတယ်။ ဒီနည်းလမ်းက အာရုံစူးစိုက်မှု အားကောင်းစေပါတယ်။
၂။ ပျမ်းမျှအဆင့်တွေကို မြှင့်တင်နိုင်ဖို့ နည်းလမ်း
သင့်ရဲ့ ပျမ်းမျှလုပ်ရည်ကိုင်ရည်၊ စွမ်းဆောင်ရည်တွေကို မြှင့်တင်နိုင်မယ့် နည်းလမ်းတွေကို လေ့လာပြီး တိုးမြှင့်နိုင်ဖို့လည်း ကြိုးစားပါ။ တဖက်မှာ အကောင်းဆုံးလုပ်ဆောင်ရင်း သာမန်လောက်ပဲ တတ်ကျွမ်းနားလည်ထားတာတွေကို ပိုမိုသိရှိနားလည်လာအောင် လေ့လာပါ။
၃။ ကြိုတင်အစီအစဉ်ရေးဆွဲနည်း
နောက်တစ်ပတ်မှာလုပ်ဆောင်ရမယ့် အလုပ်ကိစ္စတွေ၊ ချိန်းဆိုထားတာတွေကို တစ်ပတ်စာကြိုတင် အစီအစဉ်ရေးဆွဲ ထားတာက လမ်းကြောင်းမလွဲပဲ အားလုံးကို ပြီးမြောက်အောင်မြင်စေနိုင်ပါတယ်။ ဒီလို ကြိုတင်အစီအစဉ်ရေးဆွဲနည်းကို သင်ယူဖို့လည်း အချိန်အများကြီးပေးစရာမလိုပါဘူး။
၄။ တရားထိုင်နည်း
နိဗ္ပာန်ရောက်ဖို့ တရားထိုင်နည်းကို ဆိုလိုတာမဟုတ်ပါဘူး။ စိတ်တည်ငြိမ်အေးချမ်းပြီး ဖိစီးမှုတွေကို လျှော့ချပေးနိုင်တဲ့ တရားထိုင်နည်းကို (၁၀)မိနစ်အတွင်း သင်ယူလို့ ရပါတယ်။ တရားထိုင်ခြင်းကြောင့် စိတ်ရှင်းရှင်းလင်းလင်းနဲ့ အာရုံစူးစိုက်နိုင်မှာဖြစ်တဲ့အတွက် အလုပ်ပြီးမြောက်အောင်မြင်မှုကို တိုးတက်စေပါတယ်။
၅။ မှတ်သားခြင်းဆိုင်ရာ နည်းစနစ်များ
သင့်ရဲ့ဦးနှောက်က ကွန်ပျူတာဖိုင်တွဲအစုအဝေးတစ်ခုနဲ့တူပါတယ်။ တစ်ခုခုကို မေ့သွားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ မေ့တတ်လျော့တတ်တာဟာ သိမ်းဆည်းမှတ်သားမထားလို့သော်လည်းကောင်း၊ ရှာရခက်တဲ့ နေရာမှာ သိမ်းထားမိလို့သော်လည်းကောင်း မေ့သွားတာဖြစ်ပါတယ်။ အာရုံစူးစိုက်ပြီး ပြန်စဉ်းစားမယ်ဆိုရင် မှတ်မိလာလေ့ရှိပါတယ်။ ဒါ့ကြောင့် မှတ်ဉာဏ်ကောင်စေနိုင်တဲ့ နည်းစနစ်အဖြစ် အာရုံစိုက်မှတ်သားပြီး ပြန်တွေးတတ်အောင် လေ့ကျင့်ပါ။
၆။ စာဖတ်နှုန်း (၃)ဆမြန်စေမည့် နည်းလမ်း
အသံသွင်းစာအုပ်တွေကို အသုံးပြုပါ။ လမ်းသွားရင်းနဲ့လည်း ဖတ်လို့ရပါတယ်။ ဒါ့အပြင် စာအုပ်တစ်အုပ်ကို မျက်လုံးနဲ့ ဖတ်ရှုတာထက် အသံသွင်းထားတာကို နားထောင်ရတာက စာဖတ်နှုန်းကို (၃)ဆပိုမြန်စေပါတယ်။ ဒီလိုနားထောင်ဖတ်ရှုတဲ့အလေ့အကျင့်ရဖို့ (၁၀)မိနစ်လောက်အတွင်း ဦးနှောက်က လုပ်ဆောင်နိုင်ပါတယ်။
၇။ တာဝန်ယူနည်း
သင့်အလုပ်အတွက် ဘယ်လိုတာဝန်ယူမလဲဆိုတာကို လေ့လာထားပါ။ လုပ်ငန်းတွေအားလုံး အဆင်ပြေချောမွေ့သွားစေနိုင်ပြီး ပြဿနာတွေကိုလည်း အလွယ်တကူဖြေရှင်းနိုင်မှာပါ။
၈။ အရေးကြီးလုပ်ငန်းတွေကို စီစဉ်ဆောင်ရွက်နည်း
လုပ်ဆောင်ရန်စာရင်းထဲမှာ အလုပ်တွေအများကြီးရှိနေတာက ကောင်းပါတယ်။ ဒါပေမယ့် အလုပ်တွေအရမ်းများလာရင်တော့ မနိုင်မနင်းနဲ့ စိတ်ရှုပ်စရာတွေက ပိုများပါတယ်။ ဒါ့ကြောင့် အခုချက်ချင်းလုပ်ရမယ့် အလုပ်တွေနဲ့ အချိန်ရွှေ့လို့ရတဲ့အလုပ်တွေကို ခွဲခြားသတ်မှတ်လုပ်ဆောင်တတ်ဖို့ လိုအပ်ပါတယ်။
၉။ အကြောလျှော့နည်းများ
လွယ်ကူလျှင်မြန်စွာ သင်ယူနိုင်တဲ့ ပုခုံး၊ လက်မောင်း အကြောလျှော့နည်းတွေကို လေ့လာသင်ယူမထားမိရင် ကျန်းမာရေးပြဿနာတွေ ရှိလာနိုင်ပါတယ်။ ဒီလို အကြောလျှော့နည်းတွေကို သိရှိလုပ်ဆောင်ခြင်းအားဖြင့် တစ်နေ့ကို အချိန်(၁၀)မိနစ်လောက်ပေးရုံနဲ့ နာရီပေါင်းများစွာကို အလုပ်လုပ်နိုင်စေမှာဖြစ်ပါတယ်။
၁၀။ အချိန်ခွဲခြားသတ်မှတ်နည်း
အလုပ်မှာ အာရုံပျက်စရာတွေက အများကြီးရှိပါတယ်။ ဒီလိုမဖြစ်အောင် အချိန်သီးခြားစီ ခွဲတမ်းပေးထားတတ်ဖို့ လိုပါတယ်။ ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတာကို အတိအကျသတ်မှတ်ထားဖို့ပါ။ ဒီလိုဆိုရင် လမ်းကြောင်းမလွဲပဲ အလုပ်တွေ ပြီးစီးသွားမှာဖြစ်ပါတယ်။
GM ရဲ့ တခြား ဗဟုသုတနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/knowleadge/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================