အလုပ္မလုုပ္ပဲ ခ်မ္းသာေအာင္လုုပ္ေပးပါမယ္။ စိတ္ဝင္စားရင္ဆက္သြယ္ပါ။

ကြ်န္ေတာ္ Company တစ္ခု ေထာင္ထားပါတယ္။ MP marketing ဆိုျပီး ကြ်န္ေတာ္ company က ဘာေရာင္းလဲ ဆိုေတာ့ ဘာမွ မေရာင္းပါဘူး။ အဲ့ေတာ့ Member ေၾကးကို အေျခခံျပီး အလုပ္လုပ္ပါတယ္။

(Basic ကို ရွင္းခ်င္ပါသျဖင့္ Member ေၾကးကို သာ တြက္ျခင္း ျဖစ္ပါသည္။ အခ်ိဳ႕ ကေတာ့ Member ေၾကး မသံုးပဲ မတန္တဆေစ်းတင္ျပီး တြက္ပါသည္။ တခ်ိဳ႕ ကေတာ့ Account ထိန္းသိမ္းခ စသည္ျဖင့္ တြက္ပါသည္။)

ကြ်န္ေတာ့္ Company က တစ္ျခားကုမၸဏီေတြ ထက္အားသာတဲ့ အခ်က္ကေတာ့ ကိုယ္က လူနွစ္ေယာက္စည္းရံုးေပးရံု နဲ႔ အရင္းျပန္ရပါျပီ။ (ဘယ္ Company မွ တစ္ဆင့္တည္းနဲ႔ အရင္းမရပါ)

ကြ်န္ေတာ္တို႔ Company က Member ေၾကး ၁၀၀၀ သြင္းရပါသည္။ ျပီးေတာ့ ၂ ေယာက္ကို ထပ္စည္းရံုးေပးရပါမယ္။
Mr. A နဲ႔ B က 1000 စီ သြင္းျပီး Member ဝင္လိုက္ၾကပါတယ္။

1st Step, (ပထမ အဆင့္)
Me +2000
A -1000
B -1000
လူ ႏွစ္ေယာက္ အရွံဳး ေပၚျပီး တစ္ေယာက္ ျမတ္ေနပါတယ္။

2nd Step (ဒုုတိယ အဆင့္)
အဲ့မွာ A နဲ႔ B က လူ ၂ ေယာက္ စီ စည္းရံုးလိုက္ပါတယ္။ C,D,E,F ေပါ့။
ကြ်န္ေတာ္ က A နဲ႔ B အတြက္ သူလက္ေအာက္က တစ္ေယာက္စီ အတြက္ 500 စီေပးပါတယ္။
သေဘာက A လက္ေအာက္ က C နဲ႔ D စီက A က 500 စီရပါတယ္။ B ကလဲ အလားတူပါတယ္။ ကြ်န္ေတာ္ ကေတာ့ တစ္ေယာက္စီက 500 စီထပ္ရလိုက္ပါတယ္။
Me +4000
A 0
B 0
C -1000,D -1000,E -1000,F -1000
ဒီအထိ မွာ ဆိုင္ အျမတ္ ေနတာ အီေဖကိုယ္ပဲ ရွိျပီး A နဲ႔ B ကေတာ့ save side ေရာက္သြားပါျပီ။ CDEF ကေတာ့ ရွဳံးေနတဲ့အတြက္ 1 ေယာက္ျမတ္ 4 ေယာက္ရွံဳးေနပါတယ္။

3rd Step (တတိယ အဆင့္)
CDEF ကလဲ အရွံဳးေတာ့ ဘယ္ခံ မလဲ။
ေနာက္ဆက္တြဲ GH IJ KL MN တို႔ 8 ေယာက္ကို အသီးသီး စည္းရံုးလိုက္ပါတယ္။ အဲ့အတြက္ CDEF တို႔ က အဆင့္ 2 မွာ AB ရသလို ရပါတယ္။

AB ကိုေတာ့ ဒီအဆင့္အတြက္ ဆင့့္ပြား ေလးေယာက္စီ ကေန 250 စီရပါတယ္။ (A က CD ကေန စည္းရံုးတဲ့ GHIJ စီက 250 စီရေတာ့ 1000 ထပ္ရပါတယ္။B လဲ အလာတူပါပဲ)

Me + 6000
A +1000, B +1000
CDEF 0
GHIJKLMN -1000 စီ
ဒီအဆင့္မွ ရွံဳးသူ ၈ ေယာက္ အျမတ္ရတာ က ၃ ေယာက္တည္းပါ။
============

နည္းနည္းေတာ့ သေဘာေပါက္ျပီထင္ပါတယ္။ တစ္ဆင့္တိုးလာတိုင္ 1000 စီတိုးရေနပါတယ္။ ရွံဳးတဲ့သူဦးေရကလည္း တိုးတိုးလာပါတယ္။ေရွ႕ဆက္လဲ ဒီလိုပဲ ဆက္သြားမွာပါ။ ေသခ်ာတာတစ္ခ်က္က ဘယ္ေတာ့ မွ ရံွဳးတဲ့သူ အေရအတြက္ က အျမတ္ရသူ အရည္အတြက္ထက္မနည္းေတာ့ပါဘူး။ ဒါ ဆယ္တန္း GP သေဘာပါပဲ။ အဲ့ေတာ့ ဒီစနစ္ဟာ လူမ်ားစု ရဲ႕ နစ္နာမွဳ ကိုအေျခခံျပီး လူနည္းစု က စားသံုးေနတာပါ။
ခင္ဗ်ားတို႔ ကြ်န္ေတာ္ Company မွာ အက်ိဳး ရမွာေသခ်ာပါတယ္။ ဒါေပမဲ့ ခင္ဗ်ားတို႔ လူနည္းစု အလြယ္တကူစားေနတဲ့ ပိုက္စံ ခင္ဗ်ားတို႔ ကို ယံုၾကည္တဲ့ လူမ်ားစုရဲ႕ ပိုက္ဆံေတြပါ။ ခင္ဗ်ားတို႔ စားဖို႔ စိတ္သန္႔ ရင္ ကြ်န္ေတာ္ တို႔ Company က Welcome ပါ။………

P.S. အေသးစိတ္ေဆြးေနြးလိုပါက cb ကတစ္ဆင့္ဆက္သြယ္ပါ။

https://www.facebook.com/myatphyo.sithu.1


ကျွန်တော် Company တစ်ခု ထောင်ထားပါတယ်။ MP marketing ဆိုပြီး ကျွန်တော် company က ဘာရောင်းလဲ ဆိုတော့ ဘာမှ မရောင်းပါဘူး။ အဲ့တော့ Member ကြေးကို အခြေခံပြီး အလုပ်လုပ်ပါတယ်။

(Basic ကို ရှင်းချင်ပါသဖြင့် Member ကြေးကို သာ တွက်ခြင်း ဖြစ်ပါသည်။ အချို့ ကတော့ Member ကြေး မသုံးပဲ မတန်တဆစျေးတင်ပြီး တွက်ပါသည်။ တချို့ ကတော့ Account ထိန်းသိမ်းခ စသည်ဖြင့် တွက်ပါသည်။)

ကျွန်တော့် Company က တစ်ခြားကုမ္ပဏီတွေ ထက်အားသာတဲ့ အချက်ကတော့ ကိုယ်က လူနှစ်ယောက်စည်းရုံးပေးရုံ နဲ့ အရင်းပြန်ရပါပြီ။ (ဘယ် Company မှ တစ်ဆင့်တည်းနဲ့ အရင်းမရပါ)

ကျွန်တော်တို့ Company က Member ကြေး ၁၀၀၀ သွင်းရပါသည်။ ပြီးတော့ ၂ ယောက်ကို ထပ်စည်းရုံးပေးရပါမယ်။
Mr. A နဲ့ B က 1000 စီ သွင်းပြီး Member ဝင်လိုက်ကြပါတယ်။

1st Step, (ပထမ အဆင့်)
Me +2000
A -1000
B -1000
လူ နှစ်ယောက် အရှုံး ပေါ်ပြီး တစ်ယောက် မြတ်နေပါတယ်။

2nd Step (ဒုုတိယ အဆင့်)
အဲ့မှာ A နဲ့ B က လူ ၂ ယောက် စီ စည်းရုံးလိုက်ပါတယ်။ C,D,E,F ပေါ့။
ကျွန်တော် က A နဲ့ B အတွက် သူလက်အောက်က တစ်ယောက်စီ အတွက် 500 စီပေးပါတယ်။
သဘောက A လက်အောက် က C နဲ့ D စီက A က 500 စီရပါတယ်။ B ကလဲ အလားတူပါတယ်။ ကျွန်တော် ကတော့ တစ်ယောက်စီက 500 စီထပ်ရလိုက်ပါတယ်။
Me +4000
A 0
B 0
C -1000,D -1000,E -1000,F -1000
ဒီအထိ မှာ ဆိုင် အမြတ် နေတာ အီဖေကိုယ်ပဲ ရှိပြီး A နဲ့ B ကတော့ save side ရောက်သွားပါပြီ။ CDEF ကတော့ ရှုံးနေတဲ့အတွက် 1 ယောက်မြတ် 4 ယောက်ရှံုးနေပါတယ်။

3rd Step (တတိယ အဆင့်)
CDEF ကလဲ အရှံုးတော့ ဘယ်ခံ မလဲ။
နောက်ဆက်တွဲ GH IJ KL MN တို့ 8 ယောက်ကို အသီးသီး စည်းရုံးလိုက်ပါတယ်။ အဲ့အတွက် CDEF တို့ က အဆင့် 2 မှာ AB ရသလို ရပါတယ်။

AB ကိုတော့ ဒီအဆင့်အတွက် ဆင့့်ပွား လေးယောက်စီ ကနေ 250 စီရပါတယ်။ (A က CD ကနေ စည်းရုံးတဲ့ GHIJ စီက 250 စီရတော့ 1000 ထပ်ရပါတယ်။B လဲ အလာတူပါပဲ)

Me + 6000
A +1000, B +1000
CDEF 0
GHIJKLMN -1000 စီ
ဒီအဆင့်မှ ရှံုးသူ ၈ ယောက် အမြတ်ရတာ က ၃ ယောက်တည်းပါ။
============

နည်းနည်းတော့ သဘောပေါက်ပြီထင်ပါတယ်။ တစ်ဆင့်တိုးလာတိုင် 1000 စီတိုးရနေပါတယ်။ ရှံုးတဲ့သူဦးရေကလည်း တိုးတိုးလာပါတယ်။ရှေ့ဆက်လဲ ဒီလိုပဲ ဆက်သွားမှာပါ။ သေချာတာတစ်ချက်က ဘယ်တော့ မှ ရှုံးတဲ့သူ အရေအတွက် က အမြတ်ရသူ အရည်အတွက်ထက်မနည်းတော့ပါဘူး။ ဒါ ဆယ်တန်း GP သဘောပါပဲ။ အဲ့တော့ ဒီစနစ်ဟာ လူများစု ရဲ့ နစ်နာမှု ကိုအခြေခံပြီး လူနည်းစု က စားသုံးနေတာပါ။
ခင်ဗျားတို့ ကျွန်တော် Company မှာ အကျိုး ရမှာသေချာပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ လူနည်းစု အလွယ်တကူစားနေတဲ့ ပိုက်စံ ခင်ဗျားတို့ ကို ယုံကြည်တဲ့ လူများစုရဲ့ ပိုက်ဆံတွေပါ။ ခင်ဗျားတို့ စားဖို့ စိတ်သန့် ရင် ကျွန်တော် တို့ Company က Welcome ပါ။………

P.S. အသေးစိတ်ဆွေးနွေးလိုပါက cb ကတစ်ဆင့်ဆက်သွယ်ပါ။

Related Posts

%%footer%%