သင့်လက်သူကြွယ်က ပြောပြနေတဲ့ သင့်အကြောင်း

သင့်လက်သူကြွယ်ဟာ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနေပါတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ လက်သူကြွယ် အရှည်ဟာ သင် အမိဝမ်းတွင်းမှာတုံးက တက်စတိုစတီရုန်းဟော်မုန်း ထိတွေ့ခံရမှု အနည်းအများနဲ့ ဆက်စပ်နေပါတယ်။ အဲဒိ တက်စတိုစတီရုန်းဟော်မုန်းဟာ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးအမူအကျင့်နဲ့ အများကြီး ဆက်စပ်နေပါတယ်။

ဒီမှာ သင့်ကိုယ်သင် စမ်းသပ်ကြည့်နိုင်ပါတယ်။ စားပွဲခုံပေါ်မှာ သင့်ရဲ့လက်ကိုကပ်ထားပြီး သင့်ရဲ့ လက်ညှိုးထိပ်ကနေ စိတ်ကူးနဲ့ မျဉ်းတစ်ကြောင်း ဆွဲကြည့်လိုက်ပါ။

၁. လက်သူကြွယ်က လက်ညှိုးထက် ရှည်နေရင်

ကောင်းပါတယ်။ သင်ဟာ ကြည့်ကောင်းတဲ့၊ ပြိုင်ဆိုင်လိုစိတ်ရှိတဲ့၊ စွန့်စားတတ်တဲ့၊ ဆွဲဆောင်မှုရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေနိုင်ပါတယ်။ သူတို့ဟာ ဉာဏ်ကောင်းပြီး ပဟေဠိတွေကို ကောင်းကောင်းဖြေရှင်းတတ်ကြပါတယ်။ သူတို့ဟာ စစ်သားကောင်းတွေ၊ အင်ဂျင်နီယာကောင်းတွေ ဖြစ်လာနိုင်ပါတယ်။ လက်သူကြွယ်တိုသူတွေထက် ပိုပြီး ငွေရှာကောင်းပါတယ်။

၂. လက်သူကြွယ်က လက်ညှိုးထက် တိုနေရင်

လက်သူကြွယ်တိုသူတွေဟာ ကိုယ့်ဘာသာကိုယ် ယုံကြည်တတ်ပြီး ချီးကျူးဝင့်ကြွားမှု မြင့်မားကြပါတယ်။ သူတို့ဟာ သူတို့ဘာသာ တစ်ယောက်ထဲ အချိန်ဖြုန်းရတာ နှစ်သက်ပြီးတော့ သူတို့ ကိုယ်ပိုင်အချိန်ကို လာနှောင့်ယှက်ရင် စိတ်တိုတတ်ပါတယ်။ အချစ်ကိစ္စမှာ စတင်သူတွေမဟုတ်ပဲ တစ်ဘက်လိင်က စပြီးလှုပ်ရှားလာမှာကို စောင့်တတ်ကြပါတယ်။

၃. လက်ညှိုးနဲ့ လက်သူကြွယ် အရှည်တူနေရင်

လက်ညှိုး လက်သူကြွယ် အရှည်တူတာဟာ ခုဖော်ပြနေတဲ့ လက်ပုံစံ သုံးမျိုးထဲမှာ အကောင်းဆုံးပါ။ သင်ဟာ အေးဆေးငြိမ်သက်မှုကို နှစ်သက်ပါတယ်။ ပြသနာတွေ ရှိတိုင်း မသက်မသာ ခံစားရပါတယ်။ လူတိုင်းနဲ့ တည့်အောင် နေနိုင်ပါတယ်။ ချစ်ဇာတ်လမ်းတွေမှာ သစ္စာရှိပြီးတော့ ယုံကြည်အားထားရသူ ဖြစ်ပါတယ်။ ကြင်နာ နူးညံ့တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။

ကဲ၊ အခု သင် ဘယ်အမျိုးအစားထဲမှာ ပါလဲဆိုတာ သိပါပြီ။ သင်ရရှိထားတဲ့ အမျိုးအစားကို ကြိုက်ပါသလား။ တခြားတစ်ခုမှာ ပါချင်ပါသလား။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

Related Posts

%%footer%%