အိပ္ရာအတြင္း စြမ္းေဆာင္ရည္ကို က်ဆင္းေစႏိုင္သည့္ အစားအေသာက္မ်ား

အမ်ိဳးသားေတြအတြက္ အခ်ိဳ႕ေသာစားေသာက္စရာေတြက မ်ိဳးပြားႏိုင္မႈ၊ လိင္စိတ္ႏိုးၾကားမႈနဲ႔ စြမ္းေဆာင္ရည္ကို ထိခိုက္ေစႏိုင္ပါတယ္။ ဒီလိုစားေသာက္စရာ(၅)မ်ိဳးကို သတိျပဳေရွာင္ၾကဥ္ႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ေရသန္႔ဘူး

ေရကျပႆနာမဟုတ္ပါဘူး။ ထည့္တဲ့ ပလတ္စတစ္ဘူးကမွ ျပႆနာျဖစ္ပါတယ္။ စားေသာက္ကုန္ေတြ ထုပ္ပိုးရာမွာသံုးတဲ့ ပလတ္စတစ္ဘူးေတြခြက္ေတြမွာ Bisphenol A (BPA) လို႔ေခၚတဲ့ ဓာတုပစၥည္းတစ္မ်ိဳးပါ၀င္ပါတယ္။ ဒီဓာတုပစၥည္းက အမ်ိဳးသား၊ အမ်ိဳးသမီးႏွစ္ဦးစလံုးရဲ႕ မ်ိဳးပြားႏိုင္မႈကို ထိခိုက္ေစပါတယ္။ ခႏၶာကိုယ္အတြင္း BPA ဓာတ္မ်ားလာတဲ့အခါမွာ အမ်ိဳးသားေတြအတြက္ သုက္ပိုးအေရအတြက္နဲ႔ သန္စြမ္းမႈကို ေလ်ာ့က်သြားေစပါတယ္။ အမ်ိဳးသမီးေတြမွာေတာ့ သားဥထုတ္လုပ္ႏိုင္စြမ္း (၂၇)ရာခိုင္ႏႈန္းအထိ က်ဆင္းသြားေစပါတယ္။

၂။ ေဂၚဖီမ်ိဳးရင္း၀င္မ်ား

ပန္းေဂၚဖီ၊ ဘ႐ုိကိုလီပန္းေဂၚဖီစိမ္း၊ ေဂၚဖီထုပ္ စတဲ့ ေဂၚဖီမ်ိဳးရင္း၀င္ ဟင္းသီးဟင္းရြက္ေတြက သင့္ကို ၀မ္းေဖာ၀မ္းေရာင္ျဖစ္ၿပီး ေလပိုလည္ေစပါတယ္။ ေလလည္တာက လိင္မႈကိစၥမွာ အေႏွာက္အယွက္ျဖစ္ေစမွာ ေသခ်ာပါတယ္။ အေၾကာင္းရင္းကေတာ့ ေဂၚဖီမ်ိဳးရင္းေတြမွာပါ၀င္တဲ့ Raffinose နဲ႔ ဆာလဖိတ္ဓာတ္ေတြေၾကာင့္ပဲ ျဖစ္ပါတယ္။

၃။ စည္သြပ္ဘူးမ်ား

စည္သြပ္စားေသာက္ဖြယ္ရာေတြမွာ ဆိုဒီယမ္ဓာတ္ေတြ ျမင့္မားစြာပါ၀င္ပါတယ္။ ဆိုဒီယမ္ဓာတ္ျမင့္မားမႈက ေသြးဖိအားကို တိုးေစၿပီး လိင္အဂၤါေတြအပါအ၀င္ ခႏၶာကိုယ္အစိတ္အပိုင္းအခ်ိဳ႕ဆီကို ေသြးစီးဆင္းမႈနည္းသြားေစပါတယ္။ ဒီလို ထိခိုက္မႈကို အနက္ေရာင္ေခ်ာကလက္မ်ားမ်ားစားေပးရင္ ျပန္အဆင္ေျပလာႏိုင္ေစပါတယ္။ ေခ်ာကလက္က ခႏၶာကိုယ္ရဲ႕ႏိုက္ထရစ္ေအာက္ဆိုဒ္ထုတ္လုပ္မႈကို ျမင့္မားေစတဲ့အတြက္ ေသြးေၾကာေတြကို က်ယ္လာေစၿပီး ေသြးလည္ပတ္မႈေကာင္းေစပါတယ္။

၄။ လိေမၼာ္၊ သံပုရာ စသည့္ အနံ႔အရသာထည့္သြင္းထားသည့္ ဆိုဒါရည္မ်ား

ဆိုဒါရည္ေတာ္ေတာ္မ်ားမ်ားမွာ မီးေလာင္မႈကိုဟန္႔တားေပးႏိုင္တဲ့ PBDE ေခၚ ဓာတုပစၥည္းတစ္မ်ိဳးပါ၀င္ပါတယ္။ ေသြးအတြင္း PBDE ပါ၀င္မႈမ်ားျပားရင္ အမ်ိဳးသမီးေတြမွာ ကိုယ္၀န္ရႏိုင္ေခ် ထက္၀က္ေလာက္ ေလ်ာ့က်သြားတတ္ပါတယ္။ အမ်ိဳးသားေတြမွာေတာ့ ဆိုဒါရည္ေတြအေသာက္မ်ားရင္ အသားအရည္ညွိဳးေျခာက္ၿပီး ဗိုက္ပူလာေစပါတယ္။ ဒါ့ေၾကာင့္ ဆိုဒါရည္အေသာက္မ်ားတဲ့သူေတြအေနနဲ႔ ခႏၶာကိုယ္အတြင္းက အဆိပ္အေတာက္ေတြကို ရွင္းပစ္ဖို႔ ေရမ်ားမ်ားေသာက္ဖို႔ လိုပါတယ္။

၅။ Soy beans

တန္ေဆးလြန္ေဘးဆိုသလိုပါပဲ။ အစိမ္းေရာင္ရွိတဲ့ ပဲေတြဟာ အရမ္းစားလို႔မေကာင္းပါဘူး။ အစားမ်ားမယ္ဆိုရင္ အမ်ိဳးသမီးေတြအတြက္ ေဟာ္မုန္းထုတ္လုပ္မႈနဲ႔ သားဥထုတ္လုပ္မႈကို အေႏွာက္အယွက္ျဖစ္ေစႏိုင္သလို အမ်ိဳးသားေတြရဲ႕ သုက္ပိုးထုတ္လုပ္ႏိုင္မႈကို (၄၀)ရာခိုင္ႏႈန္း ေလ်ာ့နည္းသြားေစႏိုင္တယ္လို႔ ေလ့လာေတြ႕ရွိမႈတစ္ခုမွာ ေဖာ္ျပထားပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

အိပ်ရာအတွင်း စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်သည့် အစားအသောက်များ

အမျိုးသားတွေအတွက် အချို့သောစားသောက်စရာတွေက မျိုးပွားနိုင်မှု၊ လိင်စိတ်နိုးကြားမှုနဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ ဒီလိုစားသောက်စရာ(၅)မျိုးကို သတိပြုရှောင်ကြဉ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ ရေသန့်ဘူး
ရေကပြဿနာမဟုတ်ပါဘူး။ ထည့်တဲ့ ပလတ်စတစ်ဘူးကမှ ပြဿနာဖြစ်ပါတယ်။ စားသောက်ကုန်တွေ ထုပ်ပိုးရာမှာသုံးတဲ့ ပလတ်စတစ်ဘူးတွေခွက်တွေမှာ Bisphenol A (BPA) လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုးပါ၀င်ပါတယ်။ ဒီဓာတုပစ္စည်းက အမျိုးသား၊ အမျိုးသမီးနှစ်ဦးစလုံးရဲ့ မျိုးပွားနိုင်မှုကို ထိခိုက်စေပါတယ်။ ခန္ဓာကိုယ်အတွင်း BPA ဓာတ်များလာတဲ့အခါမှာ အမျိုးသားတွေအတွက် သုက်ပိုးအရေအတွက်နဲ့ သန်စွမ်းမှုကို လျော့ကျသွားစေပါတယ်။ အမျိုးသမီးတွေမှာတော့ သားဥထုတ်လုပ်နိုင်စွမ်း (၂၇)ရာခိုင်နှုန်းအထိ ကျဆင်းသွားစေပါတယ်။

၂။ ဂေါ်ဖီမျိုးရင်းဝင်များ
ပန်းဂေါ်ဖီ၊ ဘရိုကိုလီပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ် စတဲ့ ဂေါ်ဖီမျိုးရင်းဝင် ဟင်းသီးဟင်းရွက်တွေက သင့်ကို ၀မ်းဖောဝမ်းရောင်ဖြစ်ပြီး လေပိုလည်စေပါတယ်။ လေလည်တာက လိင်မှုကိစ္စမှာ အနှောက်အယှက်ဖြစ်စေမှာ သေချာပါတယ်။ အကြောင်းရင်းကတော့ ဂေါ်ဖီမျိုးရင်းတွေမှာပါ၀င်တဲ့ Raffinose နဲ့ ဆာလဖိတ်ဓာတ်တွေကြောင့်ပဲ ဖြစ်ပါတယ်။

၃။ စည်သွပ်ဘူးများ
စည်သွပ်စားသောက်ဖွယ်ရာတွေမှာ ဆိုဒီယမ်ဓာတ်တွေ မြင့်မားစွာပါ၀င်ပါတယ်။ ဆိုဒီယမ်ဓာတ်မြင့်မားမှုက သွေးဖိအားကို တိုးစေပြီး လိင်အင်္ဂါတွေအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ဆီကို သွေးစီးဆင်းမှုနည်းသွားစေပါတယ်။ ဒီလို ထိခိုက်မှုကို အနက်ရောင်ချောကလက်များများစားပေးရင် ပြန်အဆင်ပြေလာနိုင်စေပါတယ်။ ချောကလက်က ခန္ဓာကိုယ်ရဲ့နိုက်ထရစ်အောက်ဆိုဒ်ထုတ်လုပ်မှုကို မြင့်မားစေတဲ့အတွက် သွေးကြောတွေကို ကျယ်လာစေပြီး သွေးလည်ပတ်မှုကောင်းစေပါတယ်။

၄။ လိမ္မော်၊ သံပုရာ စသည့် အနံ့အရသာထည့်သွင်းထားသည့် ဆိုဒါရည်များ
ဆိုဒါရည်တော်တော်များများမှာ မီးလောင်မှုကိုဟန့်တားပေးနိုင်တဲ့ PBDE ခေါ် ဓာတုပစ္စည်းတစ်မျိုးပါ၀င်ပါတယ်။ သွေးအတွင်း PBDE ပါ၀င်မှုများပြားရင် အမျိုးသမီးတွေမှာ ကိုယ်ဝန်ရနိုင်ချေ ထက်ဝက်လောက် လျော့ကျသွားတတ်ပါတယ်။ အမျိုးသားတွေမှာတော့ ဆိုဒါရည်တွေအသောက်များရင် အသားအရည်ညှိုးခြောက်ပြီး ဗိုက်ပူလာစေပါတယ်။ ဒါ့ကြောင့် ဆိုဒါရည်အသောက်များတဲ့သူတွေအနေနဲ့ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ရှင်းပစ်ဖို့ ရေများများသောက်ဖို့ လိုပါတယ်။

၅။ Soy beans
တန်ဆေးလွန်ဘေးဆိုသလိုပါပဲ။ အစိမ်းရောင်ရှိတဲ့ ပဲတွေဟာ အရမ်းစားလို့မကောင်းပါဘူး။ အစားများမယ်ဆိုရင် အမျိုးသမီးတွေအတွက် ဟော်မုန်းထုတ်လုပ်မှုနဲ့ သားဥထုတ်လုပ်မှုကို အနှောက်အယှက်ဖြစ်စေနိုင်သလို အမျိုးသားတွေရဲ့ သုက်ပိုးထုတ်လုပ်နိုင်မှုကို (၄၀)ရာခိုင်နှုန်း လျော့နည်းသွားစေနိုင်တယ်လို့ လေ့လာတွေ့ရှိမှုတစ်ခုမှာ ဖော်ပြထားပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

%%footer%%