အေသးစား စီးပြားေရး လုပ္ငန္း တစ္ခုအတြက္ ေဖာက္သည္႐ွာျခင္း

အေသးစားစီးပြားေရးဆိုတာ စီးပြားေရးလုပ္ငန္းႀကီးတစ္ခုရဲ႕ အငယ္စားပံုစံလို႔ ထင္ေနပါသလား?? မွားပါတယ္။

လုပ္ငန္းႀကီးေတြမွာ သံုးတဲ့ ေစ်းကြက္႐ွာနည္းေတြဟာ ေငြကုန္ေၾကးက် မ်ားလြန္းၿပီး အငယ္စားလုပ္ငန္းေတြ မတတ္ႏိုင္တဲ့ ေငြကို ေၾကာ္ျငာဖို႔ သံုးေလ့႐ွိပါတယ္။ အခု လက္႐ွိအဆင္ေျပေနတဲ့ အေသးစားစီးပြားေရးလုပ္ငန္းပိုင္႐ွင္ေတြကို ေမးၾကည့္ရင္ ေၾကာ္ျငာကိစၥအတြက္ ေငြအနည္းငယ္ပဲ သံုးထားတာ ေတြ႕ရပါမယ္။

ကြဲျပားတဲ့ ခ်ဥ္းကပ္နည္း

ေၾကာ္ျငာတဲ့နည္းလမ္းဟာ လုပ္ငန္းငယ္ေတြမွာဆို ပံုစံေျပာင္းရပါတယ္။ တစ္ဆင့္စကား တစ္ဆင့္နားနဲ႔ ျဖန္႔ေဝနည္းနဲ႔ ေဖာက္သည္ ျဖစ္ႏိုင္ေခ်႐ွိသူေတြကို ကိုယ္တိုင္ သြားေရာက္ ေတြ႕ဆံုျခင္းတို႔ဟာ အဆင္ေျပေစပါတယ္။ အဲဒိနည္း ႏွစ္နည္းဟာ ရပ္ကြက္တြင္း၊ ၿမိဳ႕နယ္တြင္း စီးပြားေရး လုပ္ငန္းဆိုရင္ အရမ္းအက်ိဳးသက္ေရာက္မႈ႐ွိပါတယ္။

တစ္ေယာက္ တစ္လွည့္ တစ္ျပန္စီ ျဖန္႔ေဝျခင္း

လူတိုင္းမွာ ေဆြမ်ိဳးမိတ္ေဆြ မိသားစုေတြ ႐ွိပါတယ္။ အဲဒိအရာဟာ စီးပြားေရးေစ်းကြက္႐ွာဖို႔ နည္းလမ္းပါပဲ။ တျခား သင္နဲ႔သိတဲ့ စီးပြားေရးလုပ္ငန္းပိုင္႐ွင္ေတြကို ေဖာက္သည္႐ွာေပးျခင္းနဲ႔လဲ သင့္စီးပြားေရးလုပ္ငန္းကို တိုးတက္ေစပါတယ္။ ဥပမာ သင္က Taxi Stand ပိုင္႐ွင္ဆိုရင္ သင့္ဆီလာတဲ့ ကားဂိတ္လိုက္ပို႔ခိုင္းတဲ့ အေဝးေျပးခရီးသည္ကို သင္နဲ႔သိတဲ့ ကားဂိတ္ ပို႔ေပးလိုက္ျခင္းက သူတို႔အလွည့္ Taxi လိုလာတဲ့အခါမွာ သင့္ကို ေခၚၿပီး ခရီးသည္ ျပန္ေပးပါလိမ့္မယ္။

႐ွိႏွင့္ၿပီးသား စားသံုးသူေတြကို အသံုးခ်ပါ

လက္႐ွိစားသံုးသူေတြဟာ သင့္ စီးပြားေရးလုပ္ငန္းရဲ႕ အေကာင္းဆံုးေၾကာ္ျငာေတြပါပဲ။ စားသံုးသူတစ္ဦးတစ္ေယာက္ျခင္းစီကို အထူးဂ႐ုစိုက္ေပးလိုက္ရင္ သူတို႔က စားသံုးသူ အသစ္ေတြ ေခၚလာပါလိမ့္မယ္။ ရက္ကြက္ထဲမွာ ဆိုင္ေတြ အမ်ားႀကီး႐ွိရက္သားနဲ႔ လာဖြင့္တဲ့ စတိုးဆိုင္အသစ္က ေပါက္သြားတာ ေတြ႕ဖူးၾကပါသလား။ အဲဒါဟာ သူ႔ဆိုင္ကို အစမ္းလာဝယ္တဲ့ စားသံုးသူေတြက သူ႔ဆီမွာပဲ ဝယ္ခ်င္သြားၾကလို႔ပါ။

အေသးစိတ္ကေလးေတြကလဲ ကူညီပါတယ္

ကုန္ပစၥည္း ေတြ ခင္းက်င္းျပသထားတာနဲ႔ လမ္းေဘးမွာ ပစၥည္းအေဟာင္းေရာင္းသလို ေရာင္းတာကလဲ စီးပြားေရးလုပ္ငန္း အငယ္စားေတြအတြက္ အက်ိဳး႐ွိပါတယ္။ လူေတြနဲ႔ တိုက္႐ိုက္ ထိေတြ႕ရမႈက သင့္စီးပြားေရးကို အဆံုးမသတ္ ကူညီေပးပါလိမ့္မယ္။ သင့္ဆိုင္မွာ ၿပိဳင္ပြဲတစ္ခုခု က်င္းပၿပီး လူေတြကိုေဖာင္ျဖည့္ခိုင္းလိုက္ရင္လဲ သင့္ရဲ႕စီးပြားေရးလုပ္ငန္း လက္ကမ္းေၾကာ္ျငာေတြကို ျဖန္႔ေဝႏိုင္မယ့္ လိပ္စာ အမ်ားအျပား ရလာမွာပါ။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

အသေးစား စီးပွားရေး လုပ်ငန်း တစ်ခုအတွက် ဖောက်သည်ရှာခြင်း

အသေးစားစီးပွားရေးဆိုတာ စီးပွားရေးလုပ်ငန်းကြီးတစ်ခုရဲ့ အငယ်စားပုံစံလို့ ထင်နေပါသလား?? မှားပါတယ်။

လုပ်ငန်းကြီးတွေမှာ သုံးတဲ့ စျေးကွက်ရှာနည်းတွေဟာ ငွေကုန်ကြေးကျ များလွန်းပြီး အငယ်စားလုပ်ငန်းတွေ မတတ်နိုင်တဲ့ ငွေကို ကြော်ငြာဖို့ သုံးလေ့ရှိပါတယ်။ အခု လက်ရှိအဆင်ပြေနေတဲ့ အသေးစားစီးပွားရေးလုပ်ငန်းပိုင်ရှင်တွေကို မေးကြည့်ရင် ကြော်ငြာကိစ္စအတွက် ငွေအနည်းငယ်ပဲ သုံးထားတာ တွေ့ရပါမယ်။

ကွဲပြားတဲ့ ချဉ်းကပ်နည်း

ကြော်ငြာတဲ့နည်းလမ်းဟာ လုပ်ငန်းငယ်တွေမှာဆို ပုံစံပြောင်းရပါတယ်။ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ဖြန့်ဝေနည်းနဲ့ ဖောက်သည် ဖြစ်နိုင်ချေရှိသူတွေကို ကိုယ်တိုင် သွားရောက် တွေ့ဆုံခြင်းတို့ဟာ အဆင်ပြေစေပါတယ်။ အဲဒိနည်း နှစ်နည်းဟာ ရပ်ကွက်တွင်း၊ မြို့နယ်တွင်း စီးပွားရေး လုပ်ငန်းဆိုရင် အရမ်းအကျိုးသက်ရောက်မှုရှိပါတယ်။

တစ်ယောက် တစ်လှည့် တစ်ပြန်စီ ဖြန့်ဝေခြင်း

လူတိုင်းမှာ ဆွေမျိုးမိတ်ဆွေ မိသားစုတွေ ရှိပါတယ်။ အဲဒိအရာဟာ စီးပွားရေးစျေးကွက်ရှာဖို့ နည်းလမ်းပါပဲ။ တခြား သင်နဲ့သိတဲ့ စီးပွားရေးလုပ်ငန်းပိုင်ရှင်တွေကို ဖောက်သည်ရှာပေးခြင်းနဲ့လဲ သင့်စီးပွားရေးလုပ်ငန်းကို တိုးတက်စေပါတယ်။ ဥပမာ သင်က Taxi Stand ပိုင်ရှင်ဆိုရင် သင့်ဆီလာတဲ့ ကားဂိတ်လိုက်ပို့ခိုင်းတဲ့ အဝေးပြေးခရီးသည်ကို သင်နဲ့သိတဲ့ ကားဂိတ် ပို့ပေးလိုက်ခြင်းက သူတို့အလှည့် Taxi လိုလာတဲ့အခါမှာ သင့်ကို ခေါ်ပြီး ခရီးသည် ပြန်ပေးပါလိမ့်မယ်။

ရှိနှင့်ပြီးသား စားသုံးသူတွေကို အသုံးချပါ

လက်ရှိစားသုံးသူတွေဟာ သင့် စီးပွားရေးလုပ်ငန်းရဲ့ အကောင်းဆုံးကြော်ငြာတွေပါပဲ။ စားသုံးသူတစ်ဦးတစ်ယောက်ခြင်းစီကို အထူးဂရုစိုက်ပေးလိုက်ရင် သူတို့က စားသုံးသူ အသစ်တွေ ခေါ်လာပါလိမ့်မယ်။ ရက်ကွက်ထဲမှာ ဆိုင်တွေ အများကြီးရှိရက်သားနဲ့ လာဖွင့်တဲ့ စတိုးဆိုင်အသစ်က ပေါက်သွားတာ တွေ့ဖူးကြပါသလား။ အဲဒါဟာ သူ့ဆိုင်ကို အစမ်းလာဝယ်တဲ့ စားသုံးသူတွေက သူ့ဆီမှာပဲ ဝယ်ချင်သွားကြလို့ပါ။

အသေးစိတ်ကလေးတွေကလဲ ကူညီပါတယ်

ကုန်ပစ္စည်း တွေ ခင်းကျင်းပြသထားတာနဲ့ လမ်းဘေးမှာ ပစ္စည်းအဟောင်းရောင်းသလို ရောင်းတာကလဲ စီးပွားရေးလုပ်ငန်း အငယ်စားတွေအတွက် အကျိုးရှိပါတယ်။ လူတွေနဲ့ တိုက်ရိုက် ထိတွေ့ရမှုက သင့်စီးပွားရေးကို အဆုံးမသတ် ကူညီပေးပါလိမ့်မယ်။ သင့်ဆိုင်မှာ ပြိုင်ပွဲတစ်ခုခု ကျင်းပပြီး လူတွေကိုဖောင်ဖြည့်ခိုင်းလိုက်ရင်လဲ သင့်ရဲ့စီးပွားရေးလုပ်ငန်း လက်ကမ်းကြော်ငြာတွေကို ဖြန့်ဝေနိုင်မယ့် လိပ်စာ အများအပြား ရလာမှာပါ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================

Related Posts

%%footer%%