အလုပ္ပိုမိုၿပီးေျမာက္ေစဖို႔ လြယ္ကူ႐ိုးရွင္းသည့္ နည္းလမ္း(၃)ခု

လူတိုင္းဟာ အလုပ္ေတြျမန္ျမန္ၿပီးေျမာက္သြားေစမယ့္ နည္းလမ္းေတြကို ရွာေဖြတတ္ၾကပါတယ္။ အလုပ္ၿပီးေျမာက္ဖို႔ဆိုတာနဲ႔ အခ်ိန္စီမံခန္႔ခြဲမႈေတြကို အသားေပးလုပ္ေဆာင္တတ္ၾကၿပီး သိပ္မၾကာခင္မွာပဲ အရင္အတိုင္း ျပာယာခတ္ေနတတ္ၾကျပန္ပါတယ္။ ဒါဟာ ဘာေၾကာင့္လဲဆုိေတာ့ နည္းလမ္းေတာ္ေတာ္ မ်ားမ်ားက လူတစ္ေယာက္ရဲ႕ တစ္ေန႔တာဘ၀မွာ ခ်ိန္ညွိမႈေတြအမ်ားႀကီးလုပ္ယူခိုင္းတတ္ၾကတာျဖစ္ၿပီး အေျပာင္းအလဲလုပ္ဖို႔ အခြင့္အေရးမရွိတာေၾကာင့္ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အလုပ္ေတြပိုမိုၿပီးေျမာက္ဖို႔အတြက္ လြယ္လြယ္ကူကူနဲ႔ လုပ္ေဆာင္ႏိုင္တဲ့ နည္းလမ္းေလး(၃)ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ အစည္းအေ၀းေတြ၊ ေတြ႕ဆံုပြဲေတြတက္ဖို႔ သီးျခားအခ်ိန္သတ္မွတ္ထားပါ။

သင့္အေနနဲ႔ ပံုမွန္လုပ္ငန္းေဆာင္တာေတြ၊ ေဖာက္သည္ေတြနဲ႔ ခ်ိန္းဆိုမႈေတြ၊ ၀န္ထမ္းအစည္းအေ၀းေတြကို တၿပိဳင္နက္လုပ္ေဆာင္ေနလို႔ကေတာ့ ဘ၀ကစိတ္ပ်က္စရာေကာင္းလာၿပီး အလုပ္ၿပီးေျမာက္မႈအတြက္ အေႏွာင့္အယွက္ေတြ မ်ားလာပါလိမ့္မယ္။ ဒါ့ေၾကာင့္ အစည္းအေ၀းေတြ၊ ေတြ႔ဆံုမႈေတြ လုပ္မယ့္ သီတင္းပတ္ကို သီးသန္႔သတ္မွတ္ထားရွိၿပီး ထိုသီတင္းပတ္တစ္ခုလုံးမွာ ေတြ႔စရာရွိတာေတြ၊ စည္းေ၀း တိုင္ပင္စရာရွိတာေတြအားလံုးကို အျပီးသတ္လုပ္ေဆာင္ပါ။ အစည္းအေ၀းေတြမလုပ္ဘူးလို႔ သတ္မွတ္ထားတဲ့ သီတင္းပတ္မွာေတာ့ တျခားအလုပ္ေတြကို အာရုံစိုက္ၿပီး လုပ္ေဆာင္ပါ။ သင့္ရဲ႕ျပကၡဒိန္မွာ သီတင္းပတ္အလိုက္ ခြဲျခားသတ္မွတ္ထားတာကေတာ့ အေကာင္းဆံုးနည္းလမ္းျဖစ္ပါတယ္။

၂။ အလုပ္ေတြကို သတ္မွတ္ရက္ထက္ ႀကိဳၿပီးေအာင္လုပ္ထားပါ။

အလုပ္တစ္ခုကို ေနာက္ဆံုးအခ်ိန္အထိ မေရာက္မခ်င္းမလုပ္ေသးပဲ အခ်ိန္ဆြဲတာဟာ ဖုတ္ပူမီးတိုက္ျဖစ္ေစတဲ့ အေၾကာင္းရင္းပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္အေနနဲ႔ အေရးႀကီးကိစၥတစ္ခုခု ေဆြးေႏြးစရာရွိတာပဲျဖစ္ျဖစ္၊ စီမံကိန္းတစ္ခု တင္ျပတာပဲျဖစ္ျဖစ္ လုပ္ရေတာ့မယ္ဆိုတာနဲ႔ လုိအပ္တဲ့ျပင္ဆင္မႈေတြအားလံုးကို အမွန္တကယ္ အၿပီးသတ္ရမယ့္ အခ်ိန္ထက္ အနည္းဆံုး (၄၈)နာရီေလာက္ ႀကိဳၿပီးေအာင္လုပ္ေဆာင္သင့္ပါတယ္။ ဒီလို ႀကိဳတင္ ၿပီးစီးေအာင္လုပ္ေဆာင္ထားတဲ့အတြက္ ဖုတ္ပူမီးတိုက္ျဖစ္စရာမလိုေတာ့တဲ့အျပင္ လိုအပ္ခ်က္ေတြ ရွိခဲ့ရင္ အခ်ိန္မွီျပန္လည္ျပင္ဆင္ဖို႔လည္း အဆင္ေျပေစမွာျဖစ္ပါတယ္။

၃။ အေရးပါသည့္အလုပ္ေတြကို ဦးစားေပးလုပ္ေဆာင္ပါ။

အလုပ္ေတြအမ်ားႀကီးကို တခ်ိန္တည္းလုပ္တတ္ၾကသူေတြဟာ အမ်ားႀကီးၿပီးေျမာက္ရမယ့္အစား နည္းနည္းပဲ ၿပီးစီးတတ္ၾကပါတယ္။ အလုပ္ေတြအားလံုး တစ္ခ်ိန္တည္းၿပီးေအာင္ လုပ္ဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ဒါ့ေၾကာင့္ လုပ္စရာရွိတာေတြ အားလံုးကို ခ်ေရးၿပီး အားလံုးၿပီးေအာင္ လိုက္လုပ္ေနမယ့္အစား (၃)လက္မပတ္လည္ ေလာက္ မွတ္စုစာရြက္ေလးထဲမွာ အေရးႀကီးတဲ့အလုပ္ေတြကို ဆန္႔သေလာက္ခ်ေရးလိုက္ပါ။ ဒီစာရြက္ထဲက အလုပ္ေတြကိုပဲ တစ္ေန႔တာအတြင္း အၿပီးသတ္ေဆာင္ရြက္ပါ။ ဒီလိုဆိုရင္ အရင္လိုဗ်ာမ်ားမေနပဲနဲ႔ အေရးႀကီးတာေတြ လုပ္ၿပီးသြားတာကို ေတြ႔ရပါလိမ့္မယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

အလုပ်ပိုမိုပြီးမြောက်စေဖို့ လွယ်ကူရိုးရှင်းသည့် နည်းလမ်း(၃)ခု

လူတိုင်းဟာ အလုပ်တွေမြန်မြန်ပြီးမြောက်သွားစေမယ့် နည်းလမ်းတွေကို ရှာဖွေတတ်ကြပါတယ်။ အလုပ်ပြီးမြောက်ဖို့ဆိုတာနဲ့ အချိန်စီမံခန့်ခွဲမှုတွေကို အသားပေးလုပ်ဆောင်တတ်ကြပြီး သိပ်မကြာခင်မှာပဲ အရင်အတိုင်း ပြာယာခတ်နေတတ်ကြပြန်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ နည်းလမ်းတော်တော် များများက လူတစ်ယောက်ရဲ့ တစ်နေ့တာဘဝမှာ ချိန်ညှိမှုတွေအများကြီးလုပ်ယူခိုင်းတတ်ကြတာဖြစ်ပြီး အပြောင်းအလဲလုပ်ဖို့ အခွင့်အရေးမရှိတာကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် အလုပ်တွေပိုမိုပြီးမြောက်ဖို့အတွက် လွယ်လွယ်ကူကူနဲ့ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းလေး(၃)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ အစည်းအဝေးတွေ၊ တွေ့ဆုံပွဲတွေတက်ဖို့ သီးခြားအချိန်သတ်မှတ်ထားပါ။
သင့်အနေနဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ၊ ဖောက်သည်တွေနဲ့ ချိန်းဆိုမှုတွေ၊ ၀န်ထမ်းအစည်းအဝေးတွေကို တပြိုင်နက်လုပ်ဆောင်နေလို့ကတော့ ဘဝကစိတ်ပျက်စရာကောင်းလာပြီး အလုပ်ပြီးမြောက်မှုအတွက် အနှောင့်အယှက်တွေ များလာပါလိမ့်မယ်။ ဒါ့ကြောင့် အစည်းအဝေးတွေ၊ တွေ့ဆုံမှုတွေ လုပ်မယ့် သီတင်းပတ်ကို သီးသန့်သတ်မှတ်ထားရှိပြီး ထိုသီတင်းပတ်တစ်ခုလုံးမှာ တွေ့စရာရှိတာတွေ၊ စည်းဝေး တိုင်ပင်စရာရှိတာတွေအားလုံးကို အပြီးသတ်လုပ်ဆောင်ပါ။ အစည်းအဝေးတွေမလုပ်ဘူးလို့ သတ်မှတ်ထားတဲ့ သီတင်းပတ်မှာတော့ တခြားအလုပ်တွေကို အာရုံစိုက်ပြီး လုပ်ဆောင်ပါ။ သင့်ရဲ့ပြက္ခဒိန်မှာ သီတင်းပတ်အလိုက် ခွဲခြားသတ်မှတ်ထားတာကတော့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

၂။ အလုပ်တွေကို သတ်မှတ်ရက်ထက် ကြိုပြီးအောင်လုပ်ထားပါ။
အလုပ်တစ်ခုကို နောက်ဆုံးအချိန်အထိ မရောက်မချင်းမလုပ်သေးပဲ အချိန်ဆွဲတာဟာ ဖုတ်ပူမီးတိုက်ဖြစ်စေတဲ့ အကြောင်းရင်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ အရေးကြီးကိစ္စတစ်ခုခု ဆွေးနွေးစရာရှိတာပဲဖြစ်ဖြစ်၊ စီမံကိန်းတစ်ခု တင်ပြတာပဲဖြစ်ဖြစ် လုပ်ရတော့မယ်ဆိုတာနဲ့ လိုအပ်တဲ့ပြင်ဆင်မှုတွေအားလုံးကို အမှန်တကယ် အပြီးသတ်ရမယ့် အချိန်ထက် အနည်းဆုံး (၄၈)နာရီလောက် ကြိုပြီးအောင်လုပ်ဆောင်သင့်ပါတယ်။ ဒီလို ကြိုတင် ပြီးစီးအောင်လုပ်ဆောင်ထားတဲ့အတွက် ဖုတ်ပူမီးတိုက်ဖြစ်စရာမလိုတော့တဲ့အပြင် လိုအပ်ချက်တွေ ရှိခဲ့ရင် အချိန်မှီပြန်လည်ပြင်ဆင်ဖို့လည်း အဆင်ပြေစေမှာဖြစ်ပါတယ်။

၃။ အရေးပါသည့်အလုပ်တွေကို ဦးစားပေးလုပ်ဆောင်ပါ။
အလုပ်တွေအများကြီးကို တချိန်တည်းလုပ်တတ်ကြသူတွေဟာ အများကြီးပြီးမြောက်ရမယ့်အစား နည်းနည်းပဲ ပြီးစီးတတ်ကြပါတယ်။ အလုပ်တွေအားလုံး တစ်ချိန်တည်းပြီးအောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် လုပ်စရာရှိတာတွေ အားလုံးကို ချရေးပြီး အားလုံးပြီးအောင် လိုက်လုပ်နေမယ့်အစား (၃)လက်မပတ်လည် လောက် မှတ်စုစာရွက်လေးထဲမှာ အရေးကြီးတဲ့အလုပ်တွေကို ဆန့်သလောက်ချရေးလိုက်ပါ။ ဒီစာရွက်ထဲက အလုပ်တွေကိုပဲ တစ်နေ့တာအတွင်း အပြီးသတ်ဆောင်ရွက်ပါ။ ဒီလိုဆိုရင် အရင်လိုဗျာများမနေပဲနဲ့ အရေးကြီးတာတွေ လုပ်ပြီးသွားတာကို တွေ့ရပါလိမ့်မယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

%%footer%%