အမ်ိဳးသမီးမ်ားစြာကို ဆြဲေဆာင္မႈရွိေစမည့္ နည္းလမ္း (၉)သြယ္

ဆြဲေဆာင္မႈရွိတာဟာ ႐ုပ္ရည္႐ူပကာတစ္ခုတည္းနဲ႔ သက္ဆိုင္တာမဟုတ္ပါဘူး။ သင့္ဘယ္လို႔ လူမ်ိဳးလဲ၊ သင့္အေပါင္းအသင္းေတြကေရာ ဘယ္လိုလဲ၊ သင္ရဲ႕ ေျပာဆိုဆက္ဆံပံုစတဲ့ ကိစၥေတြကလည္း သင့္ကို ဆြဲေဆာင္မႈရွိသူတစ္ဦးျဖစ္ေအာင္ ပံ့ပိုးကူညီေပးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဆြဲေဆာင္မႈရွိေစမည့္ နည္းလမ္း (၉)ခုကို ေဖာ္ျပလိုက္ပါတယ္။

(၁) ဟာသဉာဏ္ရွိပါ။

ေလ့လာေတြ႕ရွိခ်က္ေတြအရ အမ်ိဳးသမီးေတြဟာ သူတို႔ကို ရယ္ရႊင္ျမဴးတူးေအာင္လုပ္ႏိုင္တဲ့ အမ်ိဳးသားေတြကို ပိုၿပီးေၾကြေလ့ရွိပါသတဲ့။ ဘာေၾကာင့္လဲဆိုေတာ့ ဟာသဉာဏ္ရွိသူေတြဟာ လူမႈဆက္ဆံေရးေကာင္းမြန္ၿပီး ဉာဏ္ရည္ထက္ျမက္သူေတြျဖစ္တယ္လို႔ အမ်ိဳးသမီးေတြက ေယဘုယ်အားျဖင့္ သတ္မွတ္ထားတတ္ ၾကတာေၾကာင့္ပဲ ျဖစ္ပါတယ္။

(၂) သူငယ္ခ်င္းမိတ္ေဆြေတြနဲ႔ ၀န္းရံထားပါ။

တစ္ဦးတစ္ေယာက္တည္း သီးသန္႔ေနသူေတြထက္ သူငယ္ခ်င္းမိတ္ေဆြေတြနဲ႔ အတူရွိေနတဲ့အခါမွာ လူေတြက ပိုၿပီးၾကည့္ေကာင္းတယ္လို႔ ထင္ရေၾကာင္း ေလ့လာေတြ႕ရွိခ်က္တစ္ခုမွာ ေဖာ္ျပထားပါတယ္။ လူေတြရဲ႕မ်က္ႏွာအမ်ားႀကီးကို ျမင္ေတြ႔ရတဲ့အခ်ိန္မွာ ကၽြန္ေတာ္တို႔ရဲ႕ဦးေႏွာက္က တစ္ဦးခ်င္းစီရဲ႕ ႐ုပ္ရည္ကို ျခံဳငံုသံုးသပ္႐ုံသာ လုပ္ႏိုင္ေတာ့တဲ့အတြက္ အားလံုးကို သာမန္ဆြဲေဆာင္မႈရွိသူေတြအျဖစ္ ျမင္ေယာင္လာ တာေၾကာင့္ ျဖစ္ပါတယ္။

(၃) အေပၚယံစကားေတြ မေျပာပါနဲ႔

ေလ့လာမႈတစ္ခုအရ အေပၚယံစကားေတြ ေျပာတာထက္ တစ္ေယာက္အေၾကာင္းကို တစ္ေယာက္ အတိုင္းအတာတစ္ခုအထိ ေလးေလးနက္နက္ ေမးျမန္းေျပာဆိုတာဟာ တစ္ဦးကိုတစ္ဦးအျပန္အလွန္ ဆက္သြယ္မိေစတယ္လို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္ အေပၚယံစကားေတြ မေျပာပဲ အေလးအနက္ထား စကားေျပာဆိုျခင္းက သင့္ကို ဆြဲေဆာင္မႈရွိသူ တစ္ဦးျဖစ္လာေစမွာပါ။

(၄) ဦးေဆာင္သူျဖစ္ေအာင္လုပ္ပါ။

လူေတြက လုပ္ပိုင္ခြင့္အာဏာေတြကို တပ္မက္တဲ့သေဘာရွိပါတယ္။ ဒါ့ေၾကာင့္ နယ္ပယ္တစ္ခုခုမွာ ေခါင္းေဆာင္ျဖစ္သူကို အျခားလူေတြက ပိုၿပီးဆြဲေဆာင္မႈရွိတယ္လို႔ ထင္ျမင္ယူဆတတ္ၾကပါတယ္။

(၅) လႈိက္လွဲစြာ ျပံဳးပါ။

ဆြဲေဆာင္မႈရွိျခင္းနဲ႔ ျပံဳးရယ္ျခင္းအၾကားက ဆယ္ႏြယ္မႈကို ေလ့လာခဲ့တဲ့ ေလ့လာမႈတစ္ခုအရ ပိုၿပီး လႈိက္လိႈက္လွဲလွဲျပံဳးျပေလ ပိုၿပီးေတာ့ဆြဲေဆာင္မႈရွိေလပဲျဖစ္တယ္လို႔ သိရပါတယ္။

(၆) ေခြးတစ္ေကာင္ေမြးပါ။

ေခြးရယ္လို႔ပဲေတာ့ မဟုတ္ပါဘူး။ အျခား ဘယ္သတၱ၀ါပဲျဖစ္ျဖစ္၊ အိမ္ေမြးတိရိစာၦန္တစ္ေကာင္ေကာင္ကို ေမြးတဲ့အတြက္ သင့္ဟာ စိတ္ရွည္သည္းခံတတ္သူျဖစ္ၿပီး ေရရွည္လက္တြဲလို႔ရသူအျဖစ္ အမ်ိဳးသမီးေတြက ယူဆတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ အမ်ိဳးသမီးေတြကို ဆြဲေဆာင္ႏိုင္ဖို႔အတြက္ ေခြးတစ္ေကာင္ေလာက္ေတာ့ ေမြးထားလိုက္ပါ။

(၇) လူေကာင္းတစ္ေယာက္ျဖစ္ပါေစ။

ကိုယ္ရည္ကိုယ္ေသြးေကာင္းမြန္မႈဟာ ႐ုပ္ရည္ပိုင္းအရ ဆြဲေဆာင္မႈရွိျခင္းနဲ႔ ဆက္စပ္ေနပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ တစ္စံုတစ္ေယာက္ရဲ႕ ေကာင္းသတင္းေတြကို ၾကားရၿပီး အဲဒီလူေတြကိုေတြ႔ရတဲ့အခါမွာ သူ႔မ်က္ႏွာက ဆြဲေဆာင္မႈရွိတယ္လို႔ လူေတြကထင္တတ္ၾကလို႔ပဲျဖစ္ပါတယ္။

(၈) အထက္တန္းက်က်ေနရာမွာ ေနပါ။

အဆင့္ျမင့္ဇိမ္ခံတိုက္ခံတစ္ခုမွာ ႐ိုက္ထားတဲ့အမ်ိဳးသားတစ္ေယာက္ပံုနဲ႔ သာမန္အခန္းမွာ ႐ိုက္ထားတဲ့ အမ်ိဳးသားပံုတို႔ကို ႏႈိင္းယွဥ္ေဖာ္ျပတဲ့အခါမွာ အမ်ားစုက အဆင့္ျမင့္ေနရာက အမ်ိဳးသားကို ပိုၿပီးဆြဲေဆာင္မႈရွိတယ္လို႔ ထင္ၾကေၾကာင္း ေလ့လာမႈတစ္ခုမွာ ေဖာ္ျပထားပါတယ္။ ဒီလို အဆင့္ျမင့္ျမင့္ ေနထိုင္တတ္တဲ့အမ်ိဳးသားေတြဟာ မိသားစုကိုပိုမိုေစာင့္ေရွာက္ႏိုင္ၿပီး ဆြဲေဆာင္မႈရွိတယ္လို႔ လက္ခံထားၾကပါတယ္။

(၉) အဆင့္ျမင့္ေတးဂီတေတြ တီးမႈတ္တတ္ပါေစ။

အဆင့္ျမင့္ၿပီး ပညာသားပါတဲ့ ေတးဂီတေတြကို ဖန္တီးႏို္င္စြမ္းဟာ ဉာဏ္ရည္ထက္ျမက္မႈရဲ႕ ျပယုဂ္တစ္ခုျဖစ္ၿပီး အမ်ိဳးသမီးေတြကလည္း ပိုၿပီးအထင္ႀကီးသေဘာက်ေလ့ရွိပါတယ္။ ဒါ့ေၾကာင့္ ေတးဂီတတစ္ခုခုကို တီးမႈတ္မယ္ ဆိုရင္ အဆင့္ျမင့္ၿပီး ပညာသားပါတာေတြကို တီးတတ္မႈတ္တတ္ေအာင္ ေလ့လာသင္ယူထားသင့္ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

ဆွဲဆောင်မှုရှိတာဟာ ရုပ်ရည်ရူပကာတစ်ခုတည်းနဲ့ သက်ဆိုင်တာမဟုတ်ပါဘူး။ သင့်ဘယ်လို့ လူမျိုးလဲ၊ သင့်အပေါင်းအသင်းတွေကရော ဘယ်လိုလဲ၊ သင်ရဲ့ ပြောဆိုဆက်ဆံပုံစတဲ့ ကိစ္စတွေကလည်း သင့်ကို ဆွဲဆောင်မှုရှိသူတစ်ဦးဖြစ်အောင် ပံ့ပိုးကူညီပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဆွဲဆောင်မှုရှိစေမည့် နည်းလမ်း (၉)ခုကို ဖော်ပြလိုက်ပါတယ်။

(၁) ဟာသဉာဏ်ရှိပါ။

လေ့လာတွေ့ရှိချက်တွေအရ အမျိုးသမီးတွေဟာ သူတို့ကို ရယ်ရွှင်မြူးတူးအောင်လုပ်နိုင်တဲ့ အမျိုးသားတွေကို ပိုပြီးကြွေလေ့ရှိပါသတဲ့။ ဘာကြောင့်လဲဆိုတော့ ဟာသဉာဏ်ရှိသူတွေဟာ လူမှုဆက်ဆံရေးကောင်းမွန်ပြီး ဉာဏ်ရည်ထက်မြက်သူတွေဖြစ်တယ်လို့ အမျိုးသမီးတွေက ယေဘုယျအားဖြင့် သတ်မှတ်ထားတတ် ကြတာကြောင့်ပဲ ဖြစ်ပါတယ်။

(၂) သူငယ်ချင်းမိတ်ဆွေတွေနဲ့ ၀န်းရံထားပါ။

တစ်ဦးတစ်ယောက်တည်း သီးသန့်နေသူတွေထက် သူငယ်ချင်းမိတ်ဆွေတွေနဲ့ အတူရှိနေတဲ့အခါမှာ လူတွေက ပိုပြီးကြည့်ကောင်းတယ်လို့ ထင်ရကြောင်း လေ့လာတွေ့ရှိချက်တစ်ခုမှာ ဖော်ပြထားပါတယ်။ လူတွေရဲ့မျက်နှာအများကြီးကို မြင်တွေ့ရတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ဦးနှောက်က တစ်ဦးချင်းစီရဲ့ ရုပ်ရည်ကို ခြုံငုံသုံးသပ်ရုံသာ လုပ်နိုင်တော့တဲ့အတွက် အားလုံးကို သာမန်ဆွဲဆောင်မှုရှိသူတွေအဖြစ် မြင်ယောင်လာ တာကြောင့် ဖြစ်ပါတယ်။

(၃) အပေါ်ယံစကားတွေ မပြောပါနဲ့

လေ့လာမှုတစ်ခုအရ အပေါ်ယံစကားတွေ ပြောတာထက် တစ်ယောက်အကြောင်းကို တစ်ယောက် အတိုင်းအတာတစ်ခုအထိ လေးလေးနက်နက် မေးမြန်းပြောဆိုတာဟာ တစ်ဦးကိုတစ်ဦးအပြန်အလှန် ဆက်သွယ်မိစေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် အပေါ်ယံစကားတွေ မပြောပဲ အလေးအနက်ထား စကားပြောဆိုခြင်းက သင့်ကို ဆွဲဆောင်မှုရှိသူ တစ်ဦးဖြစ်လာစေမှာပါ။

(၄) ဦးဆောင်သူဖြစ်အောင်လုပ်ပါ။

လူတွေက လုပ်ပိုင်ခွင့်အာဏာတွေကို တပ်မက်တဲ့သဘောရှိပါတယ်။ ဒါ့ကြောင့် နယ်ပယ်တစ်ခုခုမှာ ခေါင်းဆောင်ဖြစ်သူကို အခြားလူတွေက ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ ထင်မြင်ယူဆတတ်ကြပါတယ်။

(၅) လှိုက်လှဲစွာ ပြံုးပါ။

ဆွဲဆောင်မှုရှိခြင်းနဲ့ ပြံုးရယ်ခြင်းအကြားက ဆယ်နွယ်မှုကို လေ့လာခဲ့တဲ့ လေ့လာမှုတစ်ခုအရ ပိုပြီး လှိုက်လှိုက်လှဲလှဲပြံုးပြလေ ပိုပြီးတော့ဆွဲဆောင်မှုရှိလေပဲဖြစ်တယ်လို့ သိရပါတယ်။

(၆) ခွေးတစ်ကောင်မွေးပါ။

ခွေးရယ်လို့ပဲတော့ မဟုတ်ပါဘူး။ အခြား ဘယ်သတ္တဝါပဲဖြစ်ဖြစ်၊ အိမ်မွေးတိရိစ္ဆာန်တစ်ကောင်ကောင်ကို မွေးတဲ့အတွက် သင့်ဟာ စိတ်ရှည်သည်းခံတတ်သူဖြစ်ပြီး ရေရှည်လက်တွဲလို့ရသူအဖြစ် အမျိုးသမီးတွေက ယူဆတတ်ကြပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေကို ဆွဲဆောင်နိုင်ဖို့အတွက် ခွေးတစ်ကောင်လောက်တော့ မွေးထားလိုက်ပါ။

(၇) လူကောင်းတစ်ယောက်ဖြစ်ပါစေ။

ကိုယ်ရည်ကိုယ်သွေးကောင်းမွန်မှုဟာ ရုပ်ရည်ပိုင်းအရ ဆွဲဆောင်မှုရှိခြင်းနဲ့ ဆက်စပ်နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တစ်စုံတစ်ယောက်ရဲ့ ကောင်းသတင်းတွေကို ကြားရပြီး အဲဒီလူတွေကိုတွေ့ရတဲ့အခါမှာ သူ့မျက်နှာက ဆွဲဆောင်မှုရှိတယ်လို့ လူတွေကထင်တတ်ကြလို့ပဲဖြစ်ပါတယ်။

(၈) အထက်တန်းကျကျနေရာမှာ နေပါ။

အဆင့်မြင့်ဇိမ်ခံတိုက်ခံတစ်ခုမှာ ရိုက်ထားတဲ့အမျိုးသားတစ်ယောက်ပုံနဲ့ သာမန်အခန်းမှာ ရိုက်ထားတဲ့ အမျိုးသားပုံတို့ကို နှိုင်းယှဉ်ဖော်ပြတဲ့အခါမှာ အများစုက အဆင့်မြင့်နေရာက အမျိုးသားကို ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ ထင်ကြကြောင်း လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ ဒီလို အဆင့်မြင့်မြင့် နေထိုင်တတ်တဲ့အမျိုးသားတွေဟာ မိသားစုကိုပိုမိုစောင့်ရှောက်နိုင်ပြီး ဆွဲဆောင်မှုရှိတယ်လို့ လက်ခံထားကြပါတယ်။

(၉) အဆင့်မြင့်တေးဂီတတွေ တီးမှုတ်တတ်ပါစေ။

အဆင့်မြင့်ပြီး ပညာသားပါတဲ့ တေးဂီတတွေကို ဖန်တီးနို်င်စွမ်းဟာ ဉာဏ်ရည်ထက်မြက်မှုရဲ့ ပြယုဂ်တစ်ခုဖြစ်ပြီး အမျိုးသမီးတွေကလည်း ပိုပြီးအထင်ကြီးသဘောကျလေ့ရှိပါတယ်။ ဒါ့ကြောင့် တေးဂီတတစ်ခုခုကို တီးမှုတ်မယ် ဆိုရင် အဆင့်မြင့်ပြီး ပညာသားပါတာတွေကို တီးတတ်မှုတ်တတ်အောင် လေ့လာသင်ယူထားသင့်ပါတယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Thorn Htet

Related Posts

%%footer%%