သာယာတဲ့ ဘဝတစ်ခု တည်ဆောက်ရန် လိုအပ်ချက်

တစ်ခါက လက်သမားအိုကြီးတစ်ယောက်ဟာ အသက်ကြီးလာတဲ့အတွက် အနားယူချင်လို့   သူ့ရဲ့ အလုပ်ရှင်ကို အလုပ်ထွက်ပြီး သူ့မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဘဝတစ်ခုကို တည်ဆောက်ချင်ကြောင်း သွားပြောပါတယ်။ လုပ်ခငွေ လိုချင်သေးပေမယ့် တစ်သက်လုံး စုဆောင်းလာသမျှဟာ အေးအေးချမ်းချမ်းနေဖို့ လောက်ငနေပြီ ဖြစ်လို့ အနားယူတော့ မှာ ဖြစ်ကြောင်းပြောပါတယ်။

လုပ်ငန်းရှင်ဟာ သူ့ရဲ့ ဝန်ထမ်းကောင်းကြီး အလုပ်မထွက်ခင်  သူ့ကို နောက်ဆုံးအနေနဲ့ အိမ်လေး တစ်လုံး ဆောက်ပေးနိုင်မလား မေးပါတယ်။ လက်သမားကြီးက လက်ခံလိုက်ပေမယ့် အနားယူဖို့ စိတ်စောနေတဲ့အတွက်  အလုပ်ထဲမှာ စိတ်မပါတော့ပဲ  အိမ်ကို အရံလက်သမားကောင်းတွေ မငှါးပဲ ရှိတဲ့ ပစ္စည်းပဲ ဖြစ်သလို သုံးပြီး မြန်မြန်ပြီး ပြီးရော ဆောက်လိုက်ပါတယ်။

အိမ်ဆောက်ပြီးတဲ့အခါ သူ့ရဲ့ အလုပ်ရှင်က အိမ်ကို လာကြည့် ပြီးတော့ တံခါးသော့ကို လက်သမားကြီးကို ကမ်းပေးလိုက်ပြီး ” ဒီအိမ်က ခင်ဗျားအတွက် ကျွန်တော့်ရဲ့ လက်ဆောင်ပါ ” လို့ ပြောလိုက်ပါတယ်။

လက်သမားကြီး အံသြထိန့်လန့်သွားပါတယ်။

သူသာ သူ့အိမ်သူဆောက်နေရမှန်း သိခဲ့ရင် သူက ဒီထက် ကောင်းကောင်း လုပ်ခဲ့မိမှာဖြစ်ပြီး ခုလို ဖြစ်ကတတ်ဆန်း ဆောက်မိမှာ မဟုတ်ပါဘူး။





© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

အိမ်ဆောက်ခြင်း

တစ်ခါက လက်သမားအိုကြီးတစ်ယောက်ဟာ အသက်ကြီးလာတဲ့အတွက် အနားယူချင်ပါပြီ။ အဲ့ဒါနဲ့ သူ့ရဲ့ အလုပ်ရှင်ကို အလုပ်ထွက်ပြီး သူ့မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဘဝတစ်ခုကို တည်ဆောက်ချင်ကြောင်း သွားပြောပါတယ်။ လုပ်ခငွေ လိုချင်သေးပေမယ့် သူအနားယူရတော့မှာပါ။ တစ်သက်လုံး စုဆောင်းလာသမျှဟာ အေးအေးချမ်းချမ်းနေဖို့ လောက်ငနေပါပြီ။

လုပ်ငန်းရှင်ဟာ သူ့ရဲ့ ဝန်ထမ်းကောင်းကြီး အလုပ်ထွက်တာကိို ဝမ်းနည်းနေပါတယ်။ ပြီးတော့ သူ့ကို နောက်ဆုံးအနေနဲ့ အိမ်လေး တစ်လုံး ဆောက်ပေးနိုင်မလား မေးပါတယ်။ လက်သမားကြီးက လက်ခံလိုက်ပေမယ့် အနားယူဖို့ စိတ်စောနေပါတယ်။ အလုပ်ထဲမှာ စိတ်မပါတော့ပါဘူး။ အိမ်ကို အရံလက်သမားကောင်းတွေ မငှါးပဲ ရှိတဲ့ ပစ္စည်းပဲ ဖြစ်သလို သုံးပြီး မြန်မြန်ပြီး ပြီးရော ဆောက်လိုက်ပါတယ်။

လက်သမားကြီး အိမ်ဆောက်ပြီးတဲ့အခါ သူ့ရဲ့ အလုပ်ရှင်က အိမ်ကို လာကြည့်ပါတယ်။ ပြီးတော့ တံခါးသော့ကို လက်သမားကြီးကို ကမ်းပေးလိုက်ပြီး ” ဒီအိမ်က ခင်ဗျားအတွက် ကျွန်တော့်ရဲ့ လက်ဆောင်ပါ ” လို့ ပြောလိုက်ပါတယ်။

လက်သမားကြီး လန့်သွားပါတယ်။

သူသာ သူ့အိမ်သူဆောက်နေရမှန်း သိခဲ့ရင် သူက ဒီထက် ကောင်းကောင်း လုပ်ခဲ့မိမှာပါ။ ခုလို ဖြစ်ကတတ်ဆန်း ဆောက်မိမှာ မဟုတ်ပါဘူး။

ကျွန်တော်တို့လဲ ထို့အတူပါပဲ။ ကျွန်တော်တို့ရဲ့ ဘဝတွေကို တည်ဆောက်နေရတယ်။ တစ်နေ့ထက်တစ်နေ့ ဘဝထဲမှာ စိတ်ဝင်စားမှု လျော့နည်းလာပါတယ်။ ပြီးပြီးရော လုပ်လာတတ်ကြတယ်။ နောက်ဆုံး ကျွန်တော်တို့ဆောက်တဲ့ အိမ်ထဲ ကျွန်တော်တို့ နေရမယ်မှန်းလဲ သိရော လန့်သွားကြတယ်။ အတိတ်ကို ပြန်သွားလို့ရခဲ့ရင် ဒီ့ထက်ပိုပြီး ကောင်းကောင်း လုပ်ခဲ့မှာပါ။

ဒါပေမယ့် ကျွန်တော်တို့ဟာ ပြန်မသွားနိုင်ပါဘူး။ ကျွန်တော်တို့အားလုံးဟာ အိမ်ဆောက်နေတဲ့ လက်သမားဆရာတွေပါ။ တစ်နေ့မှာ သံတစ်ချောင်းရိုက်နေကြတယ်။ ပျဉ်တစ်ချပ် တပ်နေကြတယ်။ နံရံတစ်ခု ထူထောင်နေကြတယ်။

ဘဝဟာ သင့်ကိုယ်သင် အားကိုးရမယ့် နေရာ တစ်ခုပါ။ သင့်ရဲ့ အပြုအမူ၊ ဒီနေ့လုပ်ခဲ့တဲ့ ရွေးချယ်မှုတွေက မနက်ဖြန်မှာ သင်နေမယ့် အိမ်ကို ဆောက်နေတာပါ။ ပညာရှိရှိနဲ့ တည်ဆောက်လိုက်ပါ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================

Related Posts

%%footer%%