ဩဇာတိကၠမ ႐ွိေစဖို႔ အခ်က္ ၇ ခ်က္

သင္ေတြ႕ဖူးတဲ့သူတိုင္းကို သင့္အေပၚ ေလးစားၾကည္ညိဳလာေအာင္လုပ္ႏိုင္ရင္ ေလာကဓံဆိုတာ သင့္အတြက္ လက္ခုပ္ထဲကေရ ျဖစ္သြားပါလိမ့္မယ္။ သတင္းေကာင္းက အဲဒိ အရည္အခ်င္း ၇ ခ်က္ သင္ယူလို႔ရပါတယ္။ အဲဒိအရည္အခ်င္းကို ဩဇာတိကၠမ လို႔ လူသိမ်ားပါတယ္။ သင့္ရဲ႕ ဩဇာ တိုးတက္ေစဖို႔ လုပ္စရာ သင္ယူစရာေတြကို ေလ့လာၾကည့္ၾကရေအာင္။

ဘယ္ေနရာသြားသြား လူခ်စ္လူခင္မ်ားပါေစ။ လူေတြကို သူတို႔ ခ်စ္တဲ့အရာေတြအေၾကာင္းေမးပါ။ သူတို႔ျပန္ေျဖရင္ အဲဒိအေၾကာင္းကို စိတ္ဝင္တစား နားေထာင္ ျပန္ေမးပါ။ လူေတြက သူတို႔ ခ်စ္တဲ့ ႏွစ္သက္တဲ့ အရာေတြအေၾကာင္းကို ေျပာရတာ အရမ္းေပ်ာ္ပါတယ္။ သူတို႔ေပ်ာ္ေနတာကို ၾကည့္ရင္း သင္ပါ ေပ်ာ္လာပါလိမ့္မယ္။

လူတိုင္းမွာ ပံုျပင္တစ္ပုဒ္ေတာ့ ႐ွိစျမဲပါ။ လူတစ္ရာေလာက္႐ွိတဲ့ ပါတီတစ္ခုကို စဥ္းစားၾကည့္ပါ။ လူတိုင္းမွာ သူတို႔ျဖတ္သန္းခဲ့ရတဲ့ ႏွစ္ေတြနဲ႔အတူ ဗဟုသုတေတြ အေတြးအေခၚေတြ ႐ွိေနပါတယ္။ အသက္ သံုးေလးဆယ္ လူအေယာက္တစ္ရာနဲ႔ စကားေျပာႏိုင္ရင္ သင္ အႏွစ္သံုးေလးေထာင္စာ ဗဟုသုတေတြ အေတြးအေခၚေတြ ရသြားမွာပါ။ ပါတီမသိမ္းခင္ လူတိုင္းနဲ႔စကားေျပာႏိုင္ေအာင္ ႀကိဳးစားပါ။

ကဲ စကားေျပာတာကဟုတ္ပါၿပီ။ သူတို႔ ေလးစားလာေအာင္၊ လိုလိုခ်င္ခ်င္နဲ႔ ေျပာလာေအာင္ ဘယ္လိုလုပ္ရမလဲ။

၁. ဂ႐ုတစိုက္ နားေထာင္ပါ

ပထမဆံုးနဲ႔ အေရးအႀကီးဆံုးပါ။ ဘယ္သူနဲ႔ စကားေျပာေျပာ စကားထဲမွာ စိတ္ဝင္စားပါေစ။ ႏွစ္ေယာက္ျခင္း ေျပာတာဆိုရင္ အခန္းထဲမွာ ကိုယ္နဲ႔ စကားေျပာေနတဲ့သူ ႏွစ္ေယာက္ပဲ ႐ွိသလိုကို သေဘာထားၿပီးေျပာပါ။ အုပ္စုနဲ႔ ေျပာေနတာဆိုရင္ေတာ့ လက္႐ွိေျပာေနတဲ့သူကို အာရံုစိုက္ေပးပါ။ သင္ကိုယ္တိုင္ေျပာေနတာဆိုရင္ေတာ့ တစ္အုပ္စုလံုးကို ဂ႐ုစိုက္ေပးပါ။ လူတစ္ေယာက္ျခင္းစီကို ၾကည့္ၿပီးေျပာပါ။ ဒါက သင့္ရဲ႕ အုပ္စုထဲမွာ စကားေျပာစြမ္းရည္ကို တိုးေစပါတယ္။ အုပ္စုထဲက လူေတာ္ေတာ္မ်ားမ်ား သင့္ကို ေလးစားသြားေစပါတယ္။

၂. စမတ္က်က်၊ ပါးပါးနပ္နပ္ ေနပါ

သင္ဟာ ဩဇာျပည့္ဝသူတစ္ဦးျဖစ္ရင္ ဆြဲေဆာင္မႈအားေကာင္းၿပီး ေအာင္ျမင္ေပမယ့္ စိတ္ဖိစီးမႈကေတာ့ ေလ်ာ့နည္းေနမွာပါ။ ဆြဲေဆာင္မႈအားဆိုတာ ဟိုလိုေျပာတာမဟုတ္ပါဘူး။ သင့္ကို လူေတြ မွတ္မိေနတာ၊ ကိုယ့္ဘာသာ ၾကည့္ေကာင္းေအာင္ ျပံဳးတတ္တာေတြကို ေျပာတာပါ။ ဩဇာဆိုတာ ဒါပါပဲ။ အဲဒါ ေမြးရာပါ မဟုတ္ပါဘူး။ ေလ့က်င့္ယူရတာပါ။ လူထု ေခါင္းေဆာင္ေတြ ဩဇာ႐ွိတယ္ဆိုတာ။ သူတို႔က အားလံုးေ႐ွ႕မွာ မတ္မတ္ရပ္ႏိုင္တယ္၊ သူတို႔ကုိယ္သူတို႔ ယံုၾကည္စိတ္ အျပည့္႐ွိတယ္၊ သူမ်ားေတြအေပၚမွာ လႊမ္းမိုးရတာ ႏွစ္သက္တဲ့စိတ္႐ွိတယ္။ အဲဒါေတြေၾကာင့္ပါ။

၃.သတိရၿပီး ျပန္ေျပာႏိုင္ေအာင္ ႀကိဳးစားပါ

လူတစ္ေယာက္ရဲ႕ နာမည္ကို မွတ္မိတာ၊ အစည္းအေဝးမွာ ဥပမာေပးတာ ေတြဟာ သူတို႔ကို အထူးတလည္ ခ်ီးမြမ္းစကားမပါပဲ ခ်ီးက်ဴးလိုက္ျခင္းပါပဲ။ သူတို႔နာမည္ကို မွတ္မိတဲ့အတြက္ သင့္ကို ေလးစားလာပါလိမ့္မယ္။

ႏွစ္ေယာက္ေတြ႕ၾကရင္ သူမ်ားမိတ္ဆက္တာ ထိုင္ေစာင့္ေနမယ့္အစား ကိုယ္က အရင္ မိတ္ဆက္လိုက္ပါ။ မိတ္ဆက္ၿပီးလို႔ နာမည္ဖလွယ္ၾကရင္ “ငါ သူ႔နာမည္ကို မွတ္မိရမယ္” လို႔ ကိုယ့္ဘာသာ ေျပာပါ။ အဲဒိလို ကိုယ့္ဘာသာအမိန္႔ေပးျခင္းက သူတို႔နာမည္ေျပာရင္ အာရံုစိုက္မိေစပါတယ္။ ေနာက္က်ရင္ မွတ္မိေနဖို႔ မွတ္ဉာဏ္ကိုလဲ အေထာင္အကူျပဳပါတယ္။ နာမည္ကို ၾကားလိုက္တာနဲ႔ ေခါင္းထဲမွာ ထပ္ထပ္ၿပီး ေျပာေနပါ။ စကားထဲမွာ နာမည္ေခၚၿပီးေျပာပါ။ အဲဒိနည္းက အျမဲတမ္း ေအာင္ျမင္ပါတယ္။

၄. ကိုယ္ေနဟန္ထား က်င့္ပါ

ဩဇာတိုးတက္ေစဖို႔ ေနာက္တစ္နည္းကေတာ့ သင့္ရဲ႕ ကိုယ္ေနဟန္ထားကို ဂ႐ုစိုက္တာပါပဲ။ အဲဒါဟာ ကိုယ့္ကိုယ္ကို ယံုၾကည္ခ်က္ တိုးတက္ေစပါတယ္။

ကိုယ္ဟန္အမူအရာဆိုတာ ဘယ္ႏိုင္ငံသားမဆို နားလည္ႏိုင္ပါတယ္။ လူေတြရဲ႕ မသိစိတ္က သင့္ရဲ႕ ကိုယ္ဟန္နဲ႔ မ်က္ႏွာထားကို တိတ္တိတ္ေလးေစာင့္ၾကည့္ၿပီးအမွတ္ေပးေနပါတယ္။ ေခါင္းကိုေမာ့၊ ရင္ကိုေကာ့၊ ေျခကို ခြဲ၊ တင္ပါးေပၚလက္တင္ၿပီး တစ္မိနစ္ ႏွစ္မိနစ္ေလာက္ေနလိုက္ပါ။ ကိုယ့္ဘာသာ ယံုၾကည္ခ်က္ေတြ သိသိသာသာတက္လာပါလိမ့္မယ္။ ဩဇာေရာေပါ့။

၅. မ်က္လံုးေတြက စကားေျပာပါတယ္

မ်က္လံုးခ်င္းဆိုင္ ၾကာၾကာၾကည့္ႏိုင္ရင္ လူေတြကပိုၿပီး ယံုၾကည္တတ္ၾကပါတယ္။ မေၾကာက္ပါနဲ႔။ အဲဒါလန္႔စရာမဟုတ္ပါဘူး။ မ်က္လံုးခ်င္း ၾကာၾကာမၾကည့္ႏိုင္ရင္ မ်က္လံုးႏွစ္လံုးၾကားကို ၾကည့္ပါ။ အဆင္ေျပသြားပါလိမ့္မယ္။

၆. အထြန္႔မတက္ပါနဲ႔

စကားေျပာရင္ အျပဳသေဘာပဲ ေဆာင္ပါေစ။ တစ္ဘက္လူက အဆိုးျမင္ဝါဒီျဖစ္ေနရင္ေတာင္ အေကာင္းျမင္စိတ္ေလး နည္းနည္းကူးသြားႏိုင္ပါတယ္။ သင့္အေၾကာင္း သူမ်ားျပန္စဥ္းစားတိုင္း အျပဳသေဘာေတြကိုပဲ ျပန္ခံစားမိပါေစ။ စကားလမ္းေၾကာင္းကို ေကာင္းတဲ့ဘက္ကို လႊဲပစ္ပါ။ တျခားသူေတြက သင့္ကို အားကိုးလာပါလိမ့္မယ္။

၇. ခ်ီးက်ဴးစကားေျပာပါ

လူေတြကို ခ်ီးက်ဴးတတ္ပါ။ ေလ့က်င့္ဖို႔ လိုႏိုင္ပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက ေကာင္းတဲ့အခ်က္ အေသးစိတ္ေလးေတြကို သတိမထားမိပဲ ခ်ီးက်ဴးဖို႔ အခြင့္အေရးေလးေတြကို ေက်ာ္သြားမိတတ္ပါတယ္။ တစ္ေယာက္ေယာက္ကို ခ်ီးက်ဴးလိုက္ရင္ သူ႔အတြက္ သင္က အားလံုးထဲကေန ထိုးထြက္ေနတဲ့သူ တစ္ေယာက္ ျဖစ္သြားပါၿပီ။

ခ်ီးက်ဴးစကားေျပာရင္ ေျခဟန္လက္ဟန္ မ်က္ႏွာအမူအယာ အကုန္ပါပါေစ။ အဲဒါက လူတိုင္းကို သင္ေျပာခဲ့တဲ့စကားေတြ မွတ္မိေစပါလိမ့္မယ္။

အေပၚက အခ်က္ေတြ အားလံုးကို ေလ့က်င့္ခဲ့ရင္ တျခားသူေတြကို လႊမ္းမိုးႏိုင္ၿပီး ဦးေဆာင္ႏိုင္သူ တစ္ေယာက္ ျဖစ္လာပါလိမ့္မယ္။ ဩဇာ႐ွိတဲ့သူေတြဟာ တန္ခိုး႐ွိတာပါပဲ။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

ဩဇာတိက္ကမ ရှိစေဖို့ အချက် ရ ချက်

သင်တွေ့ဖူးတဲ့သူတိုင်းကို သင့်အပေါ် လေးစားကြည်ညိုလာအောင်လုပ်နိုင်ရင် လောကဓံဆိုတာ သင့်အတွက် လက်ခုပ်ထဲကရေ ဖြစ်သွားပါလိမ့်မယ်။ သတင်းကောင်းက အဲဒိ အရည်အချင်း ရ ချက် သင်ယူလို့ရပါတယ်။ အဲဒိအရည်အချင်းကို ဩဇာတိက္ကမ လို့ လူသိများပါတယ်။ သင့်ရဲ့ ဩဇာ တိုးတက်စေဖို့ လုပ်စရာ သင်ယူစရာတွေကို လေ့လာကြည့်ကြရအောင်။

ဘယ်နေရာသွားသွား လူချစ်လူခင်များပါစေ။ လူတွေကို သူတို့ ချစ်တဲ့အရာတွေအကြောင်းမေးပါ။ သူတို့ပြန်ဖြေရင် အဲဒိအကြောင်းကို စိတ်ဝင်တစား နားထောင် ပြန်မေးပါ။ လူတွေက သူတို့ ချစ်တဲ့ နှစ်သက်တဲ့ အရာတွေအကြောင်းကို ပြောရတာ အရမ်းပျော်ပါတယ်။ သူတို့ပျော်နေတာကို ကြည့်ရင်း သင်ပါ ပျော်လာပါလိမ့်မယ်။
လူတိုင်းမှာ ပုံပြင်တစ်ပုဒ်တော့ ရှိစမြဲပါ။ လူတစ်ရာလောက်ရှိတဲ့ ပါတီတစ်ခုကို စဉ်းစားကြည့်ပါ။ လူတိုင်းမှာ သူတို့ဖြတ်သန်းခဲ့ရတဲ့ နှစ်တွေနဲ့အတူ ဗဟုသုတတွေ အတွေးအခေါ်တွေ ရှိနေပါတယ်။ အသက် သုံးလေးဆယ် လူအယောက်တစ်ရာနဲ့ စကားပြောနိုင်ရင် သင် အနှစ်သုံးလေးထောင်စာ ဗဟုသုတတွေ အတွေးအခေါ်တွေ ရသွားမှာပါ။ ပါတီမသိမ်းခင် လူတိုင်းနဲ့စကားပြောနိုင်အောင် ကြိုးစားပါ။
ကဲ စကားပြောတာကဟုတ်ပါပြီ။ သူတို့ လေးစားလာအောင်၊ လိုလိုချင်ချင်နဲ့ ပြောလာအောင် ဘယ်လိုလုပ်ရမလဲ။

၁. ဂရုတစိုက် နားထောင်ပါ

ပထမဆုံးနဲ့ အရေးအကြီးဆုံးပါ။ ဘယ်သူနဲ့ စကားပြောပြော စကားထဲမှာ စိတ်ဝင်စားပါစေ။ နှစ်ယောက်ခြင်း ပြောတာဆိုရင် အခန်းထဲမှာ ကိုယ်နဲ့ စကားပြောနေတဲ့သူ နှစ်ယောက်ပဲ ရှိသလိုကို သဘောထားပြီးပြောပါ။ အုပ်စုနဲ့ ပြောနေတာဆိုရင်တော့ လက်ရှိပြောနေတဲ့သူကို အာရုံစိုက်ပေးပါ။ သင်ကိုယ်တိုင်ပြောနေတာဆိုရင်တော့ တစ်အုပ်စုလုံးကို ဂရုစိုက်ပေးပါ။ လူတစ်ယောက်ခြင်းစီကို ကြည့်ပြီးပြောပါ။ ဒါက သင့်ရဲ့ အုပ်စုထဲမှာ စကားပြောစွမ်းရည်ကို တိုးစေပါတယ်။ အုပ်စုထဲက လူတော်တော်များများ သင့်ကို လေးစားသွားစေပါတယ်။

၂. စမတ်ကျကျ၊ ပါးပါးနပ်နပ် နေပါ

သင်ဟာ ဩဇာပြည့်ဝသူတစ်ဦးဖြစ်ရင် ဆွဲဆောင်မှုအားကောင်းပြီး အောင်မြင်ပေမယ့် စိတ်ဖိစီးမှုကတော့ လျော့နည်းနေမှာပါ။ ဆွဲဆောင်မှုအားဆိုတာ ဟိုလိုပြောတာမဟုတ်ပါဘူး။ သင့်ကို လူတွေ မှတ်မိနေတာ၊ ကိုယ့်ဘာသာ ကြည့်ကောင်းအောင် ပြုံးတတ်တာတွေကို ပြောတာပါ။ ဩဇာဆိုတာ ဒါပါပဲ။ အဲဒါ မွေးရာပါ မဟုတ်ပါဘူး။ လေ့ကျင့်ယူရတာပါ။ လူထု ခေါင်းဆောင်တွေ ဩဇာရှိတယ်ဆိုတာ။ သူတို့က အားလုံးရှေ့မှာ မတ်မတ်ရပ်နိုင်တယ်၊ သူတို့ကိုယ်သူတို့ ယုံကြည်စိတ် အပြည့်ရှိတယ်၊ သူများတွေအပေါ်မှာ လွှမ်းမိုးရတာ နှစ်သက်တဲ့စိတ်ရှိတယ်။ အဲဒါတွေကြောင့်ပါ။

၃.သတိရပြီး ပြန်ပြောနိုင်အောင် ကြိုးစားပါ

လူတစ်ယောက်ရဲ့ နာမည်ကို မှတ်မိတာ၊ အစည်းအဝေးမှာ ဥပမာပေးတာ တွေဟာ သူတို့ကို အထူးတလည် ချီးမွမ်းစကားမပါပဲ ချီးကျူးလိုက်ခြင်းပါပဲ။ သူတို့နာမည်ကို မှတ်မိတဲ့အတွက် သင့်ကို လေးစားလာပါလိမ့်မယ်။
နှစ်ယောက်တွေ့ကြရင် သူများမိတ်ဆက်တာ ထိုင်စောင့်နေမယ့်အစား ကိုယ်က အရင် မိတ်ဆက်လိုက်ပါ။ မိတ်ဆက်ပြီးလို့ နာမည်ဖလှယ်ကြရင် “ငါ သူ့နာမည်ကို မှတ်မိရမယ်” လို့ ကိုယ့်ဘာသာ ပြောပါ။ အဲဒိလို ကိုယ့်ဘာသာအမိန့်ပေးခြင်းက သူတို့နာမည်ပြောရင် အာရုံစိုက်မိစေပါတယ်။ နောက်ကျရင် မှတ်မိနေဖို့ မှတ်ဉာဏ်ကိုလဲ အထောင်အကူပြုပါတယ်။ နာမည်ကို ကြားလိုက်တာနဲ့ ခေါင်းထဲမှာ ထပ်ထပ်ပြီး ပြောနေပါ။ စကားထဲမှာ နာမည်ခေါ်ပြီးပြောပါ။ အဲဒိနည်းက အမြဲတမ်း အောင်မြင်ပါတယ်။

၄. ကိုယ်နေဟန်ထား ကျင့်ပါ

ဩဇာတိုးတက်စေဖို့ နောက်တစ်နည်းကတော့ သင့်ရဲ့ ကိုယ်နေဟန်ထားကို ဂရုစိုက်တာပါပဲ။ အဲဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်ချက် တိုးတက်စေပါတယ်။
ကိုယ်ဟန်အမူအရာဆိုတာ ဘယ်နိုင်ငံသားမဆို နားလည်နိုင်ပါတယ်။ လူတွေရဲ့ မသိစိတ်က သင့်ရဲ့ ကိုယ်ဟန်နဲ့ မျက်နှာထားကို တိတ်တိတ်လေးစောင့်ကြည့်ပြီးအမှတ်ပေးနေပါတယ်။ ခေါင်းကိုမော့၊ ရင်ကိုကော့၊ ခြေကို ခွဲ၊ တင်ပါးပေါ်လက်တင်ပြီး တစ်မိနစ် နှစ်မိနစ်လောက်နေလိုက်ပါ။ ကိုယ့်ဘာသာ ယုံကြည်ချက်တွေ သိသိသာသာတက်လာပါလိမ့်မယ်။ ဩဇာရောပေါ့။

၅. မျက်လုံးတွေက စကားပြောပါတယ်

မျက်လုံးချင်းဆိုင် ကြာကြာကြည့်နိုင်ရင် လူတွေကပိုပြီး ယုံကြည်တတ်ကြပါတယ်။ မကြောက်ပါနဲ့။ အဲဒါလန့်စရာမဟုတ်ပါဘူး။ မျက်လုံးချင်း ကြာကြာမကြည့်နိုင်ရင် မျက်လုံးနှစ်လုံးကြားကို ကြည့်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

၆. အထွန့်မတက်ပါနဲ့

စကားပြောရင် အပြုသဘောပဲ ဆောင်ပါစေ။ တစ်ဘက်လူက အဆိုးမြင်ဝါဒီဖြစ်နေရင်တောင် အကောင်းမြင်စိတ်လေး နည်းနည်းကူးသွားနိုင်ပါတယ်။ သင့်အကြောင်း သူများပြန်စဉ်းစားတိုင်း အပြုသဘောတွေကိုပဲ ပြန်ခံစားမိပါစေ။ စကားလမ်းကြောင်းကို ကောင်းတဲ့ဘက်ကို လွှဲပစ်ပါ။ တခြားသူတွေက သင့်ကို အားကိုးလာပါလိမ့်မယ်။

၇. ချီးကျူးစကားပြောပါ

လူတွေကို ချီးကျူးတတ်ပါ။ လေ့ကျင့်ဖို့ လိုနိုင်ပါတယ်။ လူတော်တော်များများက ကောင်းတဲ့အချက် အသေးစိတ်လေးတွေကို သတိမထားမိပဲ ချီးကျူးဖို့ အခွင့်အရေးလေးတွေကို ကျော်သွားမိတတ်ပါတယ်။ တစ်ယောက်ယောက်ကို ချီးကျူးလိုက်ရင် သူ့အတွက် သင်က အားလုံးထဲကနေ ထိုးထွက်နေတဲ့သူ တစ်ယောက် ဖြစ်သွားပါပြီ။
ချီးကျူးစကားပြောရင် ခြေဟန်လက်ဟန် မျက်နှာအမူအယာ အကုန်ပါပါစေ။ အဲဒါက လူတိုင်းကို သင်ပြောခဲ့တဲ့စကားတွေ မှတ်မိစေပါလိမ့်မယ်။

အပေါ်က အချက်တွေ အားလုံးကို လေ့ကျင့်ခဲ့ရင် တခြားသူတွေကို လွှမ်းမိုးနိုင်ပြီး ဦးဆောင်နိုင်သူ တစ်ယောက် ဖြစ်လာပါလိမ့်မယ်။ ဩဇာရှိတဲ့သူတွေဟာ တန်ခိုးရှိတာပါပဲ။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%