ေက်ာ္စြာနဲ႔ သူရတို႔ သူငယ္ခ်င္းႏွစ္ေယာက္ဟာ ဘြဲ႔ရၿပီးေနာက္မွာ အေရာင္းကုမၸဏီတစ္ခုမွာ အတူတူ အေရာင္းစာေရး အလုပ္လုပ္ၾကပါတယ္။ ႏွစ္ေယာက္လံုး အလုပ္ႀကိဳးစားသူေတြပါ။
သံုးႏွစ္ၾကာၿပီးေနာက္ ဒါ႐ုိက္တာက သူတို႔ႏွစ္ေယာက္ထဲက ေက်ာ္စြာကို ရာထူးတိုးေပးလိုက္ပါတယ္။ ေက်ာ္စြာ အေရာင္း အမႈေဆာင္ ျဖစ္ေနခ်ိန္မွာ သူရကေတာ့ ရာထူးတိုးမခံရပဲ အေရာင္းစာေရးအျဖစ္ ႐ွိေနတုန္းပါ။
သူရက အဲဒါ တရားမ်ွတမႈ မ႐ွိဘူးထင္လို႔ သူတို႔ သူေ႒းဆီ သြားၿပီး သူလဲ အလုပ္ႀကိဳးစားတာတဲ့အေၾကာင္း။ ဘာလို႔ သူ႔ကိုက် ရာထူးတိုးမေပးတာလဲ ဆိုၿပီးေမးပါတယ္။
သူေ႒းက သူရအလုပ္ႀကိဳးစားေၾကာင္း သိပါတယ္။ ဒါေပမယ့္ သူနဲ႔ ေက်ာ္စြာနဲ႔ၾကားက ကြာျခားခ်က္ကို သိေစဖို႔ သူရကို အလုပ္တစ္ခု ခိုင္းပါတယ္။
” သူရ၊ ေစ်းထဲသြား ဖရဲသီးေရာင္းတဲ့သူ႐ွိလား သြားၾကည့္ေပးပါ ”
သူရ ျပန္လာပါတယ္။
” ႐ွိပါတယ္ဆရာ ”
” တစ္လံုးကို ဘယ္ေလာက္လဲ”
သူရေစ်းထဲ ထပ္သြားပါတယ္။ ၿပီးေတာ့ ျပန္လာပါတယ္။
” တစ္လံုးကို ေထာင့္ငါးရာပါ သူေ႒း”
သူေ႒းက ေက်ာ္စြာကိုေခၚၿပီး ဒီဟာပဲ ခိုင္းလိုက္ပါတယ္။ ေက်ာ္စြာ ေစ်းထဲ ထြက္သြားပါတယ္။ ၿပီးေတာ့ ျပန္ေရာက္ေတာ့
“ေစ်းထဲမွာ ဖရဲသီးေရာင္းတဲ့သူ ခုခ်ိန္မွာ တစ္ေယာက္ ႐ွိပါတယ္။ တစ္လံုးကို ေထာင့္ငါးရာႏႈန္း ေရာင္းၿပီး ဆယ္လံုးယူရင္ ၁၃၀၀၀ ႏႈန္းနဲ႔ ေပးပါတယ္။ သူ႔မွာ ခုေလာေလာဆယ္ ဖရဲသီး အလံုး ၃၄၀ ႐ွိၿပီး စားပြဲေပၚမွာ ၄၈ လံုး တင္ထားပါတယ္။ တစ္လံုးကို ၁၅ ကီလို ေလာက္ေတာ့ ႐ွိမွာပါ။ ေတာင္ဘက္နယ္က ဖရဲသီးေတြ ျဖစ္ၿပီး လြန္ခဲ့တဲ့ ႏွစ္ရက္ကမွ ဝယ္လာတာမို႔လို႔ လတ္ဆတ္ၿပီး အရည္အေသြးေကာင္းပါတယ္ သူေ႒း”
သူရက သူ႔ရဲ႕ သူငယ္ခ်င္း ေက်ာ္စြာရဲ႕ အျပဳအမူကို အရမ္း အထင္ႀကီးသြားပါတယ္။ သူ႔သူငယ္ခ်င္းဆီကေန အမ်ားႀကီး ေလ့လာရဦးမယ္ဆိုတာလဲ သူသိသြားပါတယ္။
ဒီပံုျပင္ကေနၿပီး ေအာင္ျမင္သူေတြဟာ ပိုၿပီး ေလ့လာတတ္ၾကတယ္ဆိုတာ သိႏိုင္မွာပါ။ သူတို႔ဟာ ႏွစ္ေပါင္းမ်ားစြာကို ႀကိဳေတြးၿပီး ႀကိဳစီစဥ္ၾကတုန္းမွာ သာမန္လူေတြကေတာ့ မနက္ျဖန္ကိုပဲ ဂ႐ုစိုက္ေနၾကဆဲပါ။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
အရောင်းစာရေး သူငယ်ချင်း ၂ ယောက်
ကျော်စွာနဲ့ သူရတို့ သူငယ်ချင်းနှစ်ယောက်ဟာ ဘွဲ့ရပြီးနောက်မှာ အရောင်းကုမ္ပဏီတစ်ခုမှာ တူတူ အလုပ်လုပ်ကြပါတယ်။ နှစ်ယောက်လုံး အလုပ်ကြိုးစားသူတွေပါ။
သုံးနှစ်ကြာပြီးနောက် ဒါရိုက်တာက သူတို့နှစ်ယောက်ထဲက ကျော်စွာကို ရာထူးတိုးပေးလိုက်ပါတယ်။ ကျော်စွာ အရောင်း အမှုဆောင် ဖြစ်နေချိန်မှာ သူရကတော့ ရာထူးတိုးမခံရပဲ အရောင်းစာရေးအဖြစ် ရှိနေတုန်းပါ။
သူရက အဲဒါ တရားမျှတမှု မရှိဘူးထင်လို့ သူတို့ သူဋ္ဌေးဆီ သွားပြီး သူလဲ အလုပ်ကြိုးစားတာတဲ့အကြောင်း။ ဘာလို့ သူ့ကိုကျ ရာထူးတိုးမပေးတာလဲ ဆိုပြီးမေးပါတယ်။
သူဋ္ဌေးက သူရအလုပ်ကြိုးစားကြောင်း သိပါတယ်။ ဒါပေမယ့် သူနဲ့ ကျော်စွာနဲ့ကြားက ကွာခြားချက်ကို သိစေဖို့ သူရကို အလုပ်တစ်ခု ခိုင်းပါတယ်။
” သူရ၊ စျေးထဲသွား ဖရဲသီးရောင်းတဲ့သူရှိလား သွားကြည့်ပေးပါ ”
သူရ ပြန်လာပါတယ်။
” ရှိပါတယ်ဆရာ ”
” တစ်လုံးကို ဘယ်လောက်လဲ”
သူရစျေးထဲ ထပ်သွားပါတယ်။ ပြီးတော့ ပြန်လာပါတယ်။
” တစ်လုံးကို ထောင့်ငါးရာပါ သူဋ္ဌေး”
သူဋ္ဌေးက ကျော်စွာကိုခေါ်ပြီး ဒီဟာပဲ ခိုင်းလိုက်ပါတယ်။ ကျော်စွာ စျေးထဲ ထွက်သွားပါတယ်။ ပြီးတော့ ပြန်ရောက်တော့
“စျေးထဲမှာ ဖရဲသီးရောင်းတဲ့သူ ခုချိန်မှာ တစ်ယောက် ရှိပါတယ်။ တစ်လုံးကို ထောင့်ငါးရာနှုန်း ရောင်းပြီး ဆယ်လုံးယူရင် ၁၃၀၀၀ နှုန်းနဲ့ ပေးပါတယ်။ သူ့မှာ ခုလောလောဆယ် ဖရဲသီး အလုံး ၃၄၀ ရှိပြီး စားပွဲပေါ်မှာ ၄၈ လုံး တင်ထားပါတယ်။ တစ်လုံးကို ၁၅ ကီလို လောက်တော့ ရှိမှာပါ။ တောင်ဘက်နယ်က ဖရဲသီးတွေ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ရက်ကမှ ဝယ်လာတာမို့လို့ လတ်ဆတ်ပြီး အရည်အသွေးကောင်းပါတယ် သူဋ္ဌေး”
သူရက သူ့ရဲ့ သူငယ်ချင်း ကျော်စွာရဲ့ အပြုအမူကို အရမ်း အထင်ကြီးသွားပါတယ်။ သူ့သူငယ်ချင်းဆီကနေ အများကြီး လေ့လာရဦးမယ်ဆိုတာလဲ သူသိသွားပါတယ်။
ဒီပုံပြင်ကနေပြီး အောင်မြင်သူတွေဟာ ပိုပြီး လေ့လာတတ်ကြတယ်ဆိုတာ သိနိုင်မှာပါ။ သူတို့ဟာ နှစ်ပေါင်းများစွာကို ကြိုတွေးပြီး ကြိုစီစဉ်ကြတုန်းမှာ သာမန်လူတွေကတော့ မနက်ဖြန်ကိုပဲ ဂရုစိုက်နေကြဆဲပါ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================