အလုပ္ခ်ိန္ အျပည့္ထဲမွာ စာေတြ ေရးေသးတယ္၊ ေစ်းဝယ္ထြက္ဖို႔ အခ်ိန္႐ွိတယ္၊ ကိုယ့္ဘာသာ ဟင္းခ်က္စားႏိုင္တယ္၊ ခ်စ္သူနဲ့ ေပ်ာ္ေပ်ာ္ေနႏိုင္တယ္၊ သူ႔ေခြးနဲ႔ လမ္းေလ်ွာက္ထြက္ႏိုင္ေသးတယ္၊ မာရသြန္ၿပိဳင္ပြဲအတြက္ေတာင္ စာရင္းေပးထားေသးတယ္။ အဲလိုလူမ်ိဳး တစ္ေယာက္ေယာက္ကို သိၾကမွာပါ။ သူတို႔လဲ တစ္ေန႔ကို ၂၄ နာရီပဲရတာပါ။ ဒါေပမယ့္ သူတို႔ ဘယ္လိုလုပ္ၿပီး အလုပ္အမ်ားႀကီး လုပ္ႏိုင္ေနရတာလဲ။
သင့္မွာလဲ အဲဒိလို လုပ္ႏိုင္ဖို႔ အခြင့္အလမ္း ႐ွိပါတယ္။ အဲဒါကေတာ့ အဲဒိ အလုပ္အမ်ားႀကီးလုပ္ႏိုင္သူေတြရဲ႕ အမူအက်င့္အတိုင္း လိုက္လုပ္ျခင္းပါ။ အဲဒါေတြကေတာ့
၁. စိတ္ႏွစ္ထားပါ
သင္ ဘာလုပ္လုပ္ အဲဒိအလုပ္ထဲ စိတ္ ႏွစ္ထားပါ။ အိုလံပစ္က ေျပးခုန္ပစ္ ၿပိဳင္ပြဲေတြမွာ လူမဆန္တဲ့ အျမန္ႏႈန္းေတြနဲ႔ လႈပ္႐ွားေနသူေတြကို ေတြ႕ဖူးမွာပါ။ သူတို႔ဟာ သူတို႔ ရဲ႕အလုပ္အေပၚမွာ ၁၀၀ရာႏႈန္း စိတ္ႏွစ္ထၿပီး စိတ္ပ်ံ့လြင့္ျခင္း မ႐ွိပါဘူး။ သင္ စိတ္လြင့္သြားၿပီဆိုတာ သိတာနဲ႔ အာရံုျပန္ စူးစိုက္လိုက္ပါ။
၂. တစ္ခ်ိန္ထဲ အမ်ားႀကီးမလုပ္ပါနဲ႔
အလုပ္မွာ ပေရာဂ်က္တစ္ခုကိုလုပ္ေနရင္း အီးေမးလ္ စစ္တာ၊ FB သံုးေနတာ၊ Chat ေနတာေတြဟာ ခုေခတ္မွာ ပံုမွန္လိုကို ျဖစ္ေနပါၿပီ။ ဒါေပမယ့္ လူ႔စိတ္က အဲ့လိုလုပ္ဖို႔ အစီအစဥ္ခ်ထားတာ မဟုတ္ပါဘူး။ အလုပ္အမ်ားႀကီး တစ္ခ်ိန္ထဲလုပ္ရင္ အာရံုစူးစိုက္မႈ ေလ်ာ့သြားၿပီး အမွားမ်ားကာ အလုပ္လုပ္ရာမွာ ပိုၾကာတတ္ပါတယ္။
အာရံုစူးစိုက္ထားႏိုင္ဖို႔ အေႏွာင့္အယွက္ေတြ အကုန္ ပိတ္ထားပါ။ သင့္ဖုန္းကို အံဆြဲထဲထည့္ထားပါ။
၃. အေႏွာင့္ယွက္မခံပါနဲ႔
သင္ဟာ အလုပ္တစ္ခုလုပ္ေနပါတယ္။ လံုးဝစိတ္ႏွစ္ထားႏိုင္ၿပီး အလုပ္ဟာ အလင္းအလ်င္နဲ႔ ၿပီးေျမာက္ေနပါတယ္။ အဲဒိအခ်ိန္မွာ ေဘးခံုက လုပ္ေဖာ္ကိုင္ဖက္က ” သူငယ္ခ်င္း၊ ဒီစာရင္းေလး တစ္ခ်က္ေလာက္ ၾကည့္ေပးပါကြာ”။ ရပါတယ္ တစ္မိနစ္ေတာင္မၾကာပါဘူး။ ျပသနာမ႐ွိပါဘူး ထင္ေနပါသလား။
ကံဆိုးစြာနဲ႔ပဲ အဲဒိ အေႏွာင့္အယွက္ေလးဟာ သင့္ရဲ႕စိတ္အာရံု စူးစိုက္မႈကို ေလ်ာ့က်ေစၿပီး သင္အရင္လုပ္ခဲ့တဲ့ အေျခအေန ျပန္ေရာက္ဖို႔ ၂၃ မိနစ္ လိုပါတယ္။ အဲဒါဟာ CEO ေတြ တံခါးပါတဲ့ ကိုယ္ပိုင္အခန္းေလးနဲ႔ အလုပ္လုပ္ရတဲ့ အေၾကာင္းရင္းပါ။
၄. တျခား အလုပ္အမ်ားႀကီးလုပ္ႏိုင္သူေတြနဲ႔ ဆက္ဆံပါ
တကယ္လို႔ သင္က အခန္းထဲမွာ အေတာ္ဆံုးလူ ျဖစ္ေနရင္ အခန္းမွားေနပါၿပီ တဲ့။ ေအာင္ျမင္မႈကလဲ အဲလိုမ်ိဳးပါ။ သင္ဟာ ေအာင္ျမင္တဲ့၊ စြမ္းအားျပည့္ဝေနၿပီး စိတ္ရင္းေကာင္းတဲ့ သူေတြနဲ႔ တူတူေနရရင္ သင္လဲ သူတို႔ိလုိ ျဖစ္လာမွာပါ။ သင့္ကို ခြန္အားျဖည့္မေပးႏိုင္တဲ့ သူေတြကို သင့္ရဲ႕ဘဝထဲကေန ထုတ္လိုက္ပါ။ လံုးဝ အဆက္အသြယ္ ျဖတ္ခိုင္းတာ မဟုတ္ပါဘူး။ ဒါေပမယ့္ သင့္အခ်ိန္ေတြကို သင့္ထက္ေတာ္တဲ့သူေတြနဲ႔ တူတူေနရင္း အဓိကအသံုးခ်ပါ။
၅. ခံစားမႈေတြ အံုႂကြမလာပါေစနဲ႔
သင္ဟာ မေကာင္းတဲ့ ခံစားခ်က္ေတြ၊ အေတြးေတြကို ေလွာင္ပိတ္ထားမယ္ဆိုရင္ အဲဒါေတြဟာ တစ္ခ်ိန္မွာ သင့္ကို ျပန္ၿပီး လႊမ္းမိုးသြားမွာပါ။ အဲဒိလို အလႊမ္းမိုးခံရရင္ ဘာျဖစ္ျဖစ္ဆိုၿပီး အလုပ္မလုပ္ပဲ အရက္ေသာက္တတ္တယ္။ ေအာင္ျမင္မႈကို အရမ္းထိခိုက္ႏိုင္ပါတယ္။
အလုပ္လုပ္ႏိုင္သူေတြဟာ သူတို႔ခံစားခ်က္ကို ထိန္းႏိုင္ၾကပါတယ္။ တရားထိုင္တာ၊ မွတ္တမ္းေရးတာ၊ ရင္ဖြင့္ရမယ့္သူ တစ္ေယာက္ထားတာ၊ ဒါမွမဟုတ္ Gym မွာ လက္ေဝွ့က်င့္တာေတြနဲ႔ စိတ္အလံုးအခဲေတြကို ၿဖိဳခြဲပစ္တတ္ၾကပါတယ္။ သင့္အတြက္ အဆင္ေျပမယ့္ နည္းလမ္းတစ္ခု႐ွာပါ။
ေနာက္ဆံုးသိထားရမွာက သင္ေလးစားတဲ့ ေအာင္ျမင္သူေတြ၊ အလုပ္လုပ္ႏိုင္သူေတြဟာလဲ အေၾကာက္တရားနဲ႔ ခ်ိဳ႕ယြင္းခ်က္ေတြ ႐ွိတဲ့ လူေတြပါပဲ။ လံုးဝ ၿပီးျပည့္စံုေအာင္ ႀကိဳးစားမယ့္အစား သင့္အေကာင္းဆံုး လုပ္ႏိုင္ဖို႔ ရည္မွန္းႀကိဳးစားတာဟာ အေကာင္းဆံုးပါ။ သင္ေအာင္ျမင္ပါလိမ့္မယ္။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
အလုပ်မြန်မြန်ပြီးချင်ပါသလား
အလုပ်ချိန် အပြည့်ထဲမှာ Blog ရေးသေးတယ်၊ စျေးဝယ်ထွက်ဖို့ အချိန်ရှိတယ်၊ ကိုယ့်ဘာသာ ဟင်းချက်စားနိုင်တယ်၊ ချစ်သူနဲ့ ပျော်ပျော်နေနိုင်တယ်၊ သူ့ခွေးနဲ့ လမ်းလျှောက်ထွက်နိုင်သေးတယ်၊ မာရသွန်ပြိုင်ပွဲအတွက်တောင် စာရင်းပေးထားသေးတယ်။ အဲလိုလူမျိုး တစ်ယောက်ယောက်ကို သိကြမှာပါ။ သူတို့လဲ တစ်နေ့ကို ၂၄ နာရီပဲရတာပါ။ ဒါပေမယ့် သူတို့ ဘယ်လိုလုပ်ပြီး အလုပ်အများကြီး လုပ်နိုင်နေရတာလဲ။
သင့်မှာလဲ အဲဒိလို လုပ်နိုင်ဖို့ အခွင့်အလမ်း ရှိပါတယ်။ အဲဒါကတော့ အဲဒိ အလုပ်အများကြီးလုပ်နိုင်သူတွေရဲ့ အမူအကျင့်အတိုင်း လိုက်လုပ်ခြင်းပါ။ အဲဒါတွေကတော့
၁. စိတ်နှစ်ထားပါ
သင် ဘာလုပ်လုပ် အဲဒိအလုပ်ထဲ စိတ် နှစ်ထားပါ။ အိုလံပစ်က ပြေးခုန်ပစ် ပြိုင်ပွဲတွေမှာ လူမဆန်တဲ့ အမြန်နှုန်းတွေနဲ့ လှုပ်ရှားနေသူတွေကို တွေ့ဖူးမှာပါ။ သူတို့ဟာ သူတို့ ရဲ့အလုပ်အပေါ်မှာ ၁၀၀ရာနှုန်း စိတ်နှစ်ထပြီး စိတ်ပျံ့လွင့်ခြင်း မရှိပါဘူး။ သင် စိတ်လွင့်သွားပြီဆိုတာ သိတာနဲ့ အာရုံပြန် စူးစိုက်လိုက်ပါ။
၂. တစ်ချိန်ထဲ အများကြီးမလုပ်ပါနဲ့
အလုပ်မှာ ပရောဂျက်တစ်ခုကိုလုပ်နေရင်း အီးမေးလ် စစ်တာ၊ FB သုံးနေတာ၊ Chat နေတာတွေဟာ ခုခေတ်မှာ ပုံမှန်လိုကို ဖြစ်နေပါပြီ။ ဒါပေမယ့် လူ့စိတ်က အဲ့လိုလုပ်ဖို့ အစီအစဉ်ချထားတာ မဟုတ်ပါဘူး။ အလုပ်အများကြီး တစ်ချိန်ထဲလုပ်ရင် အာရုံစူးစိုက်မှု လျော့သွားပြီး အမှားများကာ အလုပ်လုပ်ရာမှာ ပိုကြာတတ်ပါတယ်။
အာရုံစူးစိုက်ထားနိုင်ဖို့ အနှောင့်အယှက်တွေ အကုန် ပိတ်ထားပါ။ သင့်ဖုန်းကို အံဆွဲထဲထည့်ထားပါ။
၃. အနှောင့်ယှက်မခံပါနဲ့
သင်ဟာ အလုပ်တစ်ခုလုပ်နေပါတယ်။ လုံးဝစိတ်နှစ်ထားနိုင်ပြီး အလုပ်ဟာ အလင်းအလျင်နဲ့ ပြီးမြောက်နေပါတယ်။ အဲဒိအချိန်မှာ ဘေးခုံက လုပ်ဖော်ကိုင်ဖက်က ” သူငယ်ချင်း၊ ဒီစာရင်းလေး တစ်ချက်လောက် ကြည့်ပေးပါကွာ”။ ရပါတယ် တစ်မိနစ်တောင်မကြာပါဘူး။ ပြသနာမရှိပါဘူး ထင်နေပါသလား။
ကံဆိုးစွာနဲ့ပဲ အဲဒိ အနှောင့်အယှက်လေးဟာ သင့်ရဲ့စိတ်အာရုံ စူးစိုက်မှုကို လျော့ကျစေပြီး သင်အရင်လုပ်ခဲ့တဲ့ အခြေအနေ ပြန်ရောက်ဖို့ ၂၃ မိနစ် လိုပါတယ်။ အဲဒါဟာ CEO တွေ တံခါးပါတဲ့ ကိုယ်ပိုင်အခန်းလေးနဲ့ အလုပ်လုပ်ရတဲ့ အကြောင်းရင်းပါ။
၄. တခြား အလုပ်အများကြီးလုပ်နိုင်သူတွေနဲ့ ဆက်ဆံပါ
တကယ်လို့ သင်က အခန်းထဲမှာ အတော်ဆုံးလူ ဖြစ်နေရင် အခန်းမှားနေပါပြီ တဲ့။ အောင်မြင်မှုကလဲ အဲလိုမျိုးပါ။ သင်ဟာ အောင်မြင်တဲ့၊ စွမ်းအားပြည့်ဝနေပြီး စိတ်ရင်းကောင်းတဲ့ သူတွေနဲ့ တူတူနေရရင် သင်လဲ သူတိို့လို ဖြစ်လာမှာပါ။ သင့်ကို ခွန်အားဖြည့်မပေးနိုင်တဲ့ သူတွေကို သင့်ရဲ့ဘဝထဲကနေ ထုတ်လိုက်ပါ။ လုံးဝ အဆက်အသွယ် ဖြတ်ခိုင်းတာ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်အချိန်တွေကို သင့်ထက်တော်တဲ့သူတွေနဲ့ တူတူနေရင်း အဓိကအသုံးချပါ။
၅. ခံစားမှုတွေ အုံကြွမလာပါစေနဲ့
သင်ဟာ မကောင်းတဲ့ ခံစားချက်တွေ၊ အတွေးတွေကို လှောင်ပိတ်ထားမယ်ဆိုရင် အဲဒါတွေဟာ တစ်ချိန်မှာ သင့်ကို ပြန်ပြီး လွှမ်းမိုးသွားမှာပါ။ အဲဒိလို အလွှမ်းမိုးခံရရင် ဘာဖြစ်ဖြစ်ဆိုပြီး အလုပ်မလုပ်ပဲ အရက်သောက်တတ်တယ်။ အောင်မြင်မှုကို အရမ်းထိခိုက်နိုင်ပါတယ်။
အလုပ်လုပ်နိုင်သူတွေဟာ သူတို့ခံစားချက်ကို ထိန်းနိုင်ကြပါတယ်။ တရားထိုင်တာ၊ မှတ်တမ်းရေးတာ၊ ရင်ဖွင့်ရမယ့်သူ တစ်ယောက်ထားတာ၊ ဒါမှမဟုတ် Gym မှာ လက်ဝှေ့ကျင့်တာတွေနဲ့ စိတ်အလုံးအခဲတွေကို ဖြိုခွဲပစ်တတ်ကြပါတယ်။ သင့်အတွက် အဆင်ပြေမယ့် နည်းလမ်းတစ်ခုရှာပါ။
နောက်ဆုံးသိထားရမှာက သင်လေးစားတဲ့ အောင်မြင်သူတွေ၊ အလုပ်လုပ်နိုင်သူတွေဟာလဲ အကြောက်တရားနဲ့ ချို့ယွင်းချက်တွေ ရှိတဲ့ လူတွေပါပဲ။ လုံးဝ ပြီးပြည့်စုံအောင် ကြိုးစားမယ့်အစား သင့်အကောင်းဆုံး လုပ်နိုင်ဖို့ ရည်မှန်းကြိုးစားတာဟာ အကောင်းဆုံးပါ။ သင်အောင်မြင်ပါလိမ့်မယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================