အလုပ္မွာ အျမဲတမ္းဂ႐ုစိုက္ဆက္ဆံသင့္သူ (၇)ဦး

အရည္အခ်င္းေကာင္းေတြနဲ႔ လုပ္ငန္းက်င့္၀တ္နားလည္မႈက သင့္ရဲ႕အလုပ္မွာ ေအာင္ျမင္မႈေတြ ရရွိေစႏိုင္ပါတယ္။ ဒါေပမယ့္လည္း လုပ္ငန္းခြင္အတြင္းက လူေတြနဲ႔ ေပါင္းသင္းဆက္ဆံေရးကလည္း အေရးႀကီးပါတယ္။

လူခ်စ္လူခင္မ်ားတဲ့သူေတြဟာ အလုပ္မွာေအာင္ျမင္မႈရရွိႏိုင္သလို တစ္ေယာက္ေယာက္နဲ႔ အဆင္မေျပတာကလည္း ပဋိပကၡေတြ၊ စြမ္းေဆာင္ရည္က်ဆင္းမႈေတြနဲ႔ စိတ္ဖိစီးမႈေတြကို ျဖစ္ေစႏိုင္ၿပီး အလုပ္မွာေပ်ာ္ရႊင္မႈကို ထိခိုက္ေစႏိုင္ပါတယ္။ သင့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြ၊ အထက္လူႀကီးေတြနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးတည္ေဆာက္ထားႏိုင္တာဟာ သင့္ရဲ႕အလုပ္မွာ အက်ိဳးေက်းဇူးမ်ားစြာ ရရွိေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ လုပ္ငန္းခြင္အတြင္းမွာ ဘယ္လိုရာထူးပဲရွိရွိ လူတိုင္းကို ကိုယ့္လိုသေဘာထားၿပီး ဆက္ဆံဖို႔လိုပါတယ္။ ဒီထဲကမွ တကယ္ကို အေလးထား ဂရုစိုက္ၿပီး ဆက္ဆံရမယ့္ လူ(၇)ဦးရွိပါတယ္။ သူတို႔ေတြကေတာ့ –

၁။ အထက္လူႀကီး

သင့္ရဲ႕အထက္လူႀကီးက ရာထူးတိုးဖုိ႔၊ လစာတိုးေပးဖို႔ စတာေတြကို ဆံုးျဖတ္ႏိုင္သူျဖစ္ပါတယ္။ အလုပ္တာ၀န္ေတြက ခ်ေပးႏိုင္သူျဖစ္ပါတယ္။ သင့္ရဲ႕လုပ္ရည္ကိုင္ရည္နဲ႔ ပတ္သတ္ၿပီး အထက္ကိုျပန္ေျပာေပးႏိုင္သူျဖစ္ပါတယ္။ သင့္အထက္လူႀကီးနဲ႔ သူငယ္ခ်င္းေပါင္းေပါင္းစရာမလိုပါဘူး။ နည္းနည္းေလး အေလးထားၿပီး ဂရုစိုက္ဆက္ဆံေပးရင္ လံုေလာက္ပါၿပီ။

၂။ CEO

သိပ္စဥ္းစားေနစရာေတာင္မလိုပါဘူး။ လုပ္ပိုင္ခြင့္အာဏာအျမင့္ဆံုးရွိတဲ့ CEO တစ္ေယာက္က သင့္ကို အျမင္ကတ္စရာလို႔ ျမင္ေနလို႔ မျဖစ္ဘူးဆိုတာ အားလံုးသိမွာပါ။

၃။ ႐ုံးလုပ္ငန္း စီမံသူ

အေရးႀကီးတဲ့စီစဥ္တင္ျပမႈမတိုင္ခင္ ပရင္တာမွာ မွင္အျပည့္ရွိေနဖို႔၊ အစည္းအေ၀းခန္းမအသံုးျပဳခြင့္ရရွိဖို႔ စတဲ့ ကိစၥေတြက ႐ုံးလုပ္ငန္းစီမံသူကို သင္အပိုင္ေပါင္းထားႏိုင္ရင္ အလြယ္ေလးနဲ႔ ၿပီးသြားမယ့္ကိစၥေတြျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႔နဲ႔ခင္မင္မႈကို အခြင့္ေကာင္းယူၿပီး အသံုးမခ်မိပါေစနဲ႔။

၄။ လုံျခံဳေရး၊ ဧည့္ႀကိဳ

ဒီလူေတြက သင့္အဖြဲ႕အစည္းရဲ႕ လ်ိဳ႕၀ွက္ နားေတြ၊ မ်က္စိေတြျဖစ္ပါတယ္။ သင့္အေနနဲ႔ ႐ုံးထဲမွာ သင့္အေၾကာင္း ေပါက္တတ္ကရအတင္းအဖ်င္းေတြ အေျပာမခံခ်င္ဘူးဆိုရင္ေတာ့ သူတို႔နဲ႔ ခင္ခင္မင္မင္ေနသင့္ပါတယ္။ ဒါ့အျပင္ မနက္တိုင္း သင့္ရဲ႕႐ုံးကိုေရာက္တာနဲ႔ သူတို႔နဲ႔အရင္ဆံုးေတြ႕ရမွာ ျဖစ္တဲ့အတြက္ သင့္တစ္ေန႔တာကို ေကာင္းေကာင္းမြန္မြန္စတင္ႏိုင္မွာ ျဖစ္ပါတယ္။

၅။ စာရင္းကိုင္

အသံုးစရိတ္ေတြကို စီမံကိုင္တြယ္ရတဲ့ စာရင္းကိုင္နဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးရွိသင့္ပါတယ္။ ဒီလိုေျပာလို႔ အသံုးစရိတ္ေတြ လိမ္ၿပီးတင္ျပေပးဖို႔ မဟုတ္ပါဘူး။ ဒါေပမယ့္ သင့္အေနနဲ႔ မေမွ်ာ္လင့္ပဲ ေငြေရးေၾကးေရးပိုင္း ဆိုင္ရာ စာရင္းအင္းေတြမွာ အမွားလုပ္မိတဲ့အခါမွာ သူတို႔က ကူညီေျဖရွင္းေပးႏိုင္ပါတယ္။

၆။ အိုင္တီသမား

အိုင္တီဌာနက တစ္ေယာက္ေယာက္ ဒါမွမဟုတ္ တစ္ဖြဲ႕လံုးနဲ႔ ခင္မင္ရင္းႏွီးမႈရွိဖို႔က အေရးႀကီးပါတယ္။ သင့္အလုပ္မွာ နည္းပညာပိုင္းဆိုင္ရာ အခက္အခဲၾကံဳေတြ႕ရၿပီဆိုရင္ သူတို႔ရဲ႕အကူအညီရရွိႏိုင္ပါတယ္။

၇။ HR ဌာနက ၀န္ထမ္း

ကုမၸဏီ လူ႔စြမ္းအားရင္းျမစ္ဌာနက တစ္ေယာက္ေယာက္ သင့္ဖက္မွာရွိတာ ဘာမွအက်ိဳးယုတ္စရာမရွိပါဘူး။ သူတို႔ဟာ ၀န္ထမ္းေတြရဲ႕ရင္းျမစ္ျဖစ္ၿပီး ခံစားခြင့္ေတြ၊ မူ၀ါဒေတြနဲ႔ လစာကိစၥေတြအေၾကာင္းကို ေမးျမန္းလို႔ ရပါတယ္။ဒါ့အျပင္ ရာထူးတိုးနဲ႔ အေျပာင္းအေရႊ႕ကိစၥေတြ၊ လုပ္ရည္ကိုင္ရည္အကဲျဖတ္မႈေတြမွာ သူတို႔ရဲ႕ အခန္းက႑က အထူးပါ၀င္ပတ္သက္ေနပါတယ္။

တစ္ခုသတိထားရမွာက အခုေဖာ္ျပခဲ့တဲ့လူေတြကို ဂ႐ုစိုက္ဆက္ဆံတာက သူတို႔ကို လိုက္ကပ္ၿပီး ဖားေနဖို႔ ဆိုလိုတာမဟုတ္ပါဘူး။ လုပ္ေဖာ္ကိုင္ဖက္ေတြအေနနဲ႔ စိတ္ရင္းအမွန္နဲ႔ ဆက္ဆံေရးတစ္ခုကို တည္ေဆာက္ထားဖို႔ပဲျဖစ္ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

အလုပ်မှာ အမြဲတမ်းဂရုစိုက်ဆက်ဆံသင့်သူ (၇)ဦး

အရည်အချင်းကောင်းတွေနဲ့ လုပ်ငန်းကျင့်ဝတ်နားလည်မှုက သင့်ရဲ့အလုပ်မှာ အောင်မြင်မှုတွေ ရရှိစေနိုင်ပါတယ်။ ဒါပေမယ့်လည်း လုပ်ငန်းခွင်အတွင်းက လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးကလည်း အရေးကြီးပါတယ်။

လူချစ်လူခင်များတဲ့သူတွေဟာ အလုပ်မှာအောင်မြင်မှုရရှိနိုင်သလို တစ်ယောက်ယောက်နဲ့ အဆင်မပြေတာကလည်း ပဋိပက္ခတွေ၊ စွမ်းဆောင်ရည်ကျဆင်းမှုတွေနဲ့ စိတ်ဖိစီးမှုတွေကို ဖြစ်စေနိုင်ပြီး အလုပ်မှာပျော်ရွှင်မှုကို ထိခိုက်စေနိုင်ပါတယ်။ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ အထက်လူကြီးတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ထားနိုင်တာဟာ သင့်ရဲ့အလုပ်မှာ အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းခွင်အတွင်းမှာ ဘယ်လိုရာထူးပဲရှိရှိ လူတိုင်းကို ကိုယ့်လိုသဘောထားပြီး ဆက်ဆံဖို့လိုပါတယ်။ ဒီထဲကမှ တကယ်ကို အလေးထား ဂရုစိုက်ပြီး ဆက်ဆံရမယ့် လူ(၇)ဦးရှိပါတယ်။ သူတို့တွေကတော့ –

၁။ အထက်လူကြီး
သင့်ရဲ့အထက်လူကြီးက ရာထူးတိုးဖို့၊ လစာတိုးပေးဖို့ စတာတွေကို ဆုံးဖြတ်နိုင်သူဖြစ်ပါတယ်။ အလုပ်တာဝန်တွေက ချပေးနိုင်သူဖြစ်ပါတယ်။ သင့်ရဲ့လုပ်ရည်ကိုင်ရည်နဲ့ ပတ်သတ်ပြီး အထက်ကိုပြန်ပြောပေးနိုင်သူဖြစ်ပါတယ်။ သင့်အထက်လူကြီးနဲ့ သူငယ်ချင်းပေါင်းပေါင်းစရာမလိုပါဘူး။ နည်းနည်းလေး အလေးထားပြီး ဂရုစိုက်ဆက်ဆံပေးရင် လုံလောက်ပါပြီ။

၂။ CEO
သိပ်စဉ်းစားနေစရာတောင်မလိုပါဘူး။ လုပ်ပိုင်ခွင့်အာဏာအမြင့်ဆုံးရှိတဲ့ CEO တစ်ယောက်က သင့်ကို အမြင်ကတ်စရာလို့ မြင်နေလို့ မဖြစ်ဘူးဆိုတာ အားလုံးသိမှာပါ။

၃။ ရုံးလုပ်ငန်း စီမံသူ
အရေးကြီးတဲ့စီစဉ်တင်ပြမှုမတိုင်ခင် ပရင်တာမှာ မှင်အပြည့်ရှိနေဖို့၊ အစည်းအဝေးခန်းမအသုံးပြုခွင့်ရရှိဖို့ စတဲ့ ကိစ္စတွေက ရုံးလုပ်ငန်းစီမံသူကို သင်အပိုင်ပေါင်းထားနိုင်ရင် အလွယ်လေးနဲ့ ပြီးသွားမယ့်ကိစ္စတွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နဲ့ခင်မင်မှုကို အခွင့်ကောင်းယူပြီး အသုံးမချမိပါစေနဲ့။

၄။ လုံခြုံရေး၊ ဧည့်ကြို
ဒီလူတွေက သင့်အဖွဲ့အစည်းရဲ့ လျို့ဝှက် နားတွေ၊ မျက်စိတွေဖြစ်ပါတယ်။ သင့်အနေနဲ့ ရုံးထဲမှာ သင့်အကြောင်း ပေါက်တတ်ကရအတင်းအဖျင်းတွေ အပြောမခံချင်ဘူးဆိုရင်တော့ သူတို့နဲ့ ခင်ခင်မင်မင်နေသင့်ပါတယ်။ ဒါ့အပြင် မနက်တိုင်း သင့်ရဲ့ရုံးကိုရောက်တာနဲ့ သူတို့နဲ့အရင်ဆုံးတွေ့ရမှာ ဖြစ်တဲ့အတွက် သင့်တစ်နေ့တာကို ကောင်းကောင်းမွန်မွန်စတင်နိုင်မှာ ဖြစ်ပါတယ်။

၅။ စာရင်းကိုင်
အသုံးစရိတ်တွေကို စီမံကိုင်တွယ်ရတဲ့ စာရင်းကိုင်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိသင့်ပါတယ်။ ဒီလိုပြောလို့ အသုံးစရိတ်တွေ လိမ်ပြီးတင်ပြပေးဖို့ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်အနေနဲ့ မမျှော်လင့်ပဲ ငွေရေးကြေးရေးပိုင်း ဆိုင်ရာ စာရင်းအင်းတွေမှာ အမှားလုပ်မိတဲ့အခါမှာ သူတို့က ကူညီဖြေရှင်းပေးနိုင်ပါတယ်။

၆။ အိုင်တီသမား
အိုင်တီဌာနက တစ်ယောက်ယောက် ဒါမှမဟုတ် တစ်ဖွဲ့လုံးနဲ့ ခင်မင်ရင်းနှီးမှုရှိဖို့က အရေးကြီးပါတယ်။ သင့်အလုပ်မှာ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲကြံုတွေ့ရပြီဆိုရင် သူတို့ရဲ့အကူအညီရရှိနိုင်ပါတယ်။

၇။ HR ဌာနက ၀န်ထမ်း
ကုမ္ပဏီ လူ့စွမ်းအားရင်းမြစ်ဌာနက တစ်ယောက်ယောက် သင့်ဖက်မှာရှိတာ ဘာမှအကျိုးယုတ်စရာမရှိပါဘူး။ သူတို့ဟာ ၀န်ထမ်းတွေရဲ့ရင်းမြစ်ဖြစ်ပြီး ခံစားခွင့်တွေ၊ မူဝါဒတွေနဲ့ လစာကိစ္စတွေအကြောင်းကို မေးမြန်းလို့ ရပါတယ်။ဒါ့အပြင် ရာထူးတိုးနဲ့ အပြောင်းအရွှေ့ကိစ္စတွေ၊ လုပ်ရည်ကိုင်ရည်အကဲဖြတ်မှုတွေမှာ သူတို့ရဲ့ အခန်းကဏ္ဍက အထူးပါ၀င်ပတ်သက်နေပါတယ်။

တစ်ခုသတိထားရမှာက အခုဖော်ပြခဲ့တဲ့လူတွေကို ဂရုစိုက်ဆက်ဆံတာက သူတို့ကို လိုက်ကပ်ပြီး ဖားနေဖို့ ဆိုလိုတာမဟုတ်ပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ စိတ်ရင်းအမှန်နဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားဖို့ပဲဖြစ်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

%%footer%%