လူတိုင္း ဘယ္သူျဖစ္ျဖစ္ အလုပ္မ်ားမ်ားနဲ႔ ျမန္ျမန္ၿပီးေအာင္ လုပ္ခ်င္တဲ့သူေတြခ်ည္းပါပဲ။ တစ္ခါတစ္ေလမွာ ကြၽန္ေတာ္တို႔ကို ေအာင္ျမင္မႈမရေအာင္ ဆြဲထားတဲ့အရာေတြက ကြၽန္ေတာ္တို႔ လံုးဝ သတိမျပဳမိတတ္တဲ့အရာေတြ ျဖစ္ေနတတ္တယ္။ အရင္တုန္းက လိုအပ္တဲ့ အက်င့္ေတြ ျဖစ္ႏိုင္ခဲ့ေပမယ့္ အခုေတာ့ ကြၽန္ေတာ္တို႔ကို လုပ္ငန္းေႏွာင့္ေႏွးေစႏိုင္တဲ့ အခ်က္ ငါးခုကို ေဖာ္ျပေပးလိုက္ပါတယ္။

၁. မနက္စာ မစားျခင္း

လူေတာ္ေတာ္မ်ားမ်ားဟာ အဲဒိအက်င့္ကို မေဖ်ာက္ႏိုင္တတ္ၾကပါဘူး။ အိပ္ရာဝင္ေနာက္က်တဲ့သူေတြဟာ အိပ္ရာထေနာက္က်တတ္ၾကတယ္။ အဲဒိမွာ မနက္စာစားဖို႔ အခ်ိန္မ႐ွိေတာ့ပါဘူး။ ၈ နာရီေလာက္ အာဟာရနဲ႔ ေဝးၿပီးရင္ ခႏၶာကိုယ္ဟာ အစာကို လိုအပ္ပါတယ္။ မနက္စာ မစားခဲ့ရင္ေတာ့ အလုပ္မျဖစ္တဲ့ စိတ္ညစ္စရာေန႔တစ္ေန႔ကို အစျပဳလိုက္မိပါၿပီ။

မနက္စာအတြက္ ညတည္းက နည္းနည္းပါးပါး ျပင္ဆင္ထားခဲ့ပါ။ မနက္စာအတြက္ အသားညႇပ္ေပါင္မုန္႔ တစ္ခုပဲျဖစ္ျဖစ္ သစ္သီးေဖ်ာ္ရည္တစ္ခြက္ပဲျဖစ္ျဖစ္ ေသာက္သံုးလိုက္ပါ။

၂. အီးေမးလ္ ခဏခဏ စစ္ျခင္း

ကြၽန္ေတာ္တို႔ မနက္ႏိုးႏိုးျခင္းမွာ ဖုန္းကို ထုတ္ၾကည့္မိတတ္ၾကပါတယ္။ အိပ္ေနတုန္း ျဖစ္ခဲ့တာေတြကို လြတ္မသြားခ်င္ၾကပါဘူး။ အဲဒိအေလ့အက်င့္ဟာ မေကာင္းတဲ့ ျပင္သင့္တဲ့ အက်င့္တစ္ခုျဖစ္ပါတယ္။ မနက္ခင္းေတြကုိ ဖုန္းၾကည့္ရင္း စလိုက္ရင္ သူမ်ားေတြရဲ႕ အပူေတြ ကူးစက္လာပါလိမ့္မယ္။ အဲဒါဟာ တစ္ေန႔တာလံုး အလုပ္မတြင္က်ယ္ေစပါဘူး။ ဖုန္းကို ယူၿပီး ၾကည့္ခ်င္စိတ္ကပဲ ႀကီးစိုးေနပါလိမ့္မယ္။

အဲဒိအက်င့္ကို ေဖ်ာက္ဖို႔အတြက္ ေန႔တစ္ေန႔ကို သင့္ရဲ႕ အလုပ္ရည္မွန္းခ်က္နဲ႔ ကိုယ္ပိုင္ ရည္မွန္းခ်က္ေတြကို ေတြးေတာရင္း အစျပဳလိုက္ပါ။ ဒီေန႔ ဘာလုပ္ၿပီးခ်င္လဲ ဆိုတာ စဥ္းစားလိုက္ပါ။ အလုပ္ၿပီးသြားၿပီလို႔ အာရံုျပဳလိုက္ပါ။ ဦးစားေပးအလုပ္ေတြကို ကိုယ့္ဘာသာ သတ္မွတ္လိုက္ပါ။ ဖုန္းကိုစစ္ဖို႔ အခ်ိန္သတ္မွတ္ထားလိုက္ပါ။ အဲဒိအခ်ိန္ေတြမွာပဲ ဖုန္းကို ထုတ္စစ္မိေအာင္ ႀကိဳးစားပါ။

၃. တစ္ေန႔စာ အစီအစဥ္မဆြဲျခင္း၊ တစ္ေန႔တာ အလုပ္ကို ျပန္မသံုးသပ္ျခင္း

လူေတာ္ေတာ္မ်ားမ်ားဟာ ေန႔တစ္ေန႔အတြက္ အစီအစဥ္မ႐ွိပဲ ဒီတိုင္း စတတ္ၾကပါတယ္။ ေတြ႕ရာအလုပ္ေတြကုိ လုပ္တတ္ၾကတယ္။ ဦးစားေပးအလုပ္ေတြကို သီးသန္႔ခြဲထားတာ မ႐ွိပါဘူး။ အဲဒါက အလုပ္တြင္က်ယ္ဖို႔ကို အေႏွာင့္အယွက္ျဖစ္ေစပါတယ္။

တစ္ေန႔လံုး အလုပ္႐ႈပ္ေနၿပီးေတာ့ ဘာတစ္ခုမွ ျဖစ္ျဖစ္ေျမာက္ေျမာက္မၿပီးဘူးဆိုတာ အဲဒိအက်င့္ေၾကာင့္ျဖစ္ပါတယ္။ အလုပ္တန္းမလုပ္ပဲနဲ႔ ကိုယ္လုပ္ရမယ့္ဟာနဲ႔ ရည္မွန္းခ်က္ေတြကို ခဏေလာက္ သံုးသပ္ၾကည့္ပါ။ ဦးစားေပးအလုပ္ေတြကို အဓိကထားၿပီး အခ်ိန္ဇယားတစ္ခု ဆြဲလိုက္ပါ။ အေသးစားအလုပ္ေလးေတြကိုေတာ့ လြတ္ေနတဲ့ ေနရာေတြမွာ ျဖည့္လိုက္ပါ။ အဓိကဦးစားေပး အလုပ္ေတြကိုု အာရံုစူးစိုက္ႏိုင္မယ့္ အခ်ိန္မွာ ထားပါ။ အလုပ္အားလံုးၿပီးဆံုးသြားရင္ တစ္ေန႔စာအလုပ္ေတြကို ျပန္လည္သံုးသပ္ဖို႔နဲ႔ ေနာက္တစ္ေန႔အတြက္ အစီအစဥ္ ႀကိဳခ်ဖို႔ ငါးမိနစ္ေလာက္ အခ်ိန္ေပးပါ။

၄. ေကာ္ဖီ၊ လက္ဖက္ရည္ မ်ားမ်ားေသာက္ျခင္း၊ ေရမေသာက္ျခင္း

လူေတာ္ေတာ္မ်ားမ်ားဟာ အိပ္ငိုက္မွာစိုးတာေၾကာင့္ ေကာ္ဖီကို တစ္ေန႔လံုးလိုလို ေသာက္သံုးေလ့႐ွိပါတယ္။ ခႏၶာကိုယ္ဟာ မနက္ေစာေစာမွာ ေရဓာတ္ကင္းမဲ့ေနေလ့႐ွိပါတယ္။ တစ္ေန႔လံုး ေရအစား ေကာ္ဖီကို ေသာက္သံုးတဲ့အခါ ျပသနာ ပိုဆိုးသြားပါတယ္။ အစာေျခစနစ္ကိုလည္း ထိခိုက္ေစပါတယ္။ မနက္ေစာေစာမွာ ေကာ္ဖီေသာက္တဲ့အခါ ေကာ္ဖီရဲ႕ အေကာင္းဆံုး အက်ိဳးေက်းဇူးေတြကို မခံစားရေတာ့ပါဘူး။ မနက္ေစာေစာမွာ ေရပဲ ေသာက္ပါ။ ေန႔လည္ေန႔ခင္း ေကာ္ဖီေသာက္ရင္လဲ ေကာ္ဖီတစ္ခြက္ေသာက္ၿပီးတိုင္း ေရမ်ားမ်ားေသာက္ေပးပါ။

၅. သေဘာထားကို တစ္ခုထဲ မထားတတ္ျခင္း

ကြၽန္ေတာ္တို႔ဟာ ေန႔တစ္ေန႔ရဲ႕အျဖစ္အပ်က္ေတြနဲ႔တူတူ ကြၽန္ေတာ္တို႔ သေဘာထားေတြကို ေျပာင္းလဲပစ္တတ္ၾကပါတယ္။ သေဘာထားကို မထိန္းခ်ဳပ္ႏိုင္ၾကပါဘူး။ ေကာင္းတဲ့ေန႔ေတြမွာပဲ စိတ္ၾကည္လင္ၿပီးေတာ့ မေကာင္းတဲ့ေန႔ေတြမွာ စိတ္ညစ္ေနမယ္ဆိုရင္ သင့္မွာ အဲဒီအက်င့္႐ွိေနပါၿပီ။ အဲဒါကို တိုက္ခိုက္ဖို႔အတြက္ အိပ္ရာမထခင္ကတည္းက ကိုယ့္ရဲ႕တစ္ေန႔လံုးစာသေဘာထားကို သတ္မွတ္ထားၾကည့္ပါ။ ေပ်ာ္ရႊင္ၿပီး အလုပ္တြင္က်ယ္တဲ့ ေန႔ေလးျဖစ္မယ္လို႔ အာရံုျပဳၾကည့္ပါ။ အလုပ္ေတြ ထင္ထားတာထက္ ေကာင္းေကာင္းမြန္မြန္ၿပီးသြားတာကို ႀကိဳၿပီးျမင္ေယာင္ၾကည့္ပါ။ အဲဒိ မနက္ပိုင္းအေလ့အက်င့္ေလးဟာ သင့္ရဲ႕ စိတ္ေနသေဘာထားေပၚမွာ အမ်ားႀကီး အက်ိဳးသက္ေရာက္ေစႏိုင္ပါတယ္။

မေကာင္းတဲ့ အေလ့အက်င့္ေတြဟာ ခက္ခဲၾကမ္းတမ္းတဲ့ေန႔ေတြကို ယူေဆာင္လာပါတယ္။ မေကာင္းတဲ့အက်င့္ကိုေဖ်ာက္ဖို႔ တစ္ခုတည္းေသာနည္းလမ္းကေတာ့ ေကာင္းတဲ့ အေလ့အက်င့္ေတြနဲ႔ အစားထိုးဖို႔ပါ။ အေပၚက အက်င့္ငါးခု ကိုယ့္မွာ႐ွိေနလား ၾကည့္ပါ။ အက်င့္တစ္ခုျခင္းစီ ေဖ်ာက္ၾကည့္ပါ။

အက်င့္ေကာင္းတစ္ခုရၿပီဆိုတာနဲ႔ ေန႔တိုင္းစြဲလုပ္မိေအာင္ ႀကိဳးစားပါ။ အလုပ္တြင္က်ယ္ပံုကေတာ့ ကိုယ့္ဘာသာေတာင္ အံ့ဩသြားပါလိမ့္မယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

အလုပ်တွင်ကျယ်စေဖို့ ရှောင်ရန် ၅ ချက်

လူတိုင်း ဘယ်သူဖြစ်ဖြစ် အလုပ်များများနဲ့ မြန်မြန်ပြီးအောင် လုပ်ချင်တဲ့သူတွေချည်းပါပဲ။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ကို အောင်မြင်မှုမရအောင် ဆွဲထားတဲ့အရာတွေက ကျွန်တော်တို့ လုံးဝ သတိမပြုမိတတ်တဲ့အရာတွေ ဖြစ်နေတတ်တယ်။ အရင်တုန်းက လိုအပ်တဲ့ အကျင့်တွေ ဖြစ်နိုင်ခဲ့ပေမယ့် အခုတော့ ကျွန်တော်တို့ကို လုပ်ငန်းနှောင့်နှေးစေနိုင်တဲ့ အချက် ငါးခုကို ဖော်ပြပေးလိုက်ပါတယ်။

၁. မနက်စာ မစားခြင်း

လူတော်တော်များများဟာ အဲဒိအကျင့်ကို မဖျောက်နိုင်တတ်ကြပါဘူး။ အိပ်ရာဝင်နောက်ကျတဲ့သူတွေဟာ အိပ်ရာထနောက်ကျတတ်ကြတယ်။ အဲဒိမှာ မနက်စာစားဖို့ အချိန်မရှိတော့ပါဘူး။ ၈ နာရီလောက် အာဟာရနဲ့ ဝေးပြီးရင် ခန္ဓာကိုယ်ဟာ အစာကို လိုအပ်ပါတယ်။ မနက်စာ မစားခဲ့ရင်တော့ အလုပ်မဖြစ်တဲ့ စိတ်ညစ်စရာနေ့တစ်နေ့ကို အစပြုလိုက်မိပါပြီ။

မနက်စာအတွက် ညတည်းက နည်းနည်းပါးပါး ပြင်ဆင်ထားခဲ့ပါ။ မနက်စာအတွက် အသားညှပ်ပေါင်မုန့် တစ်ခုပဲဖြစ်ဖြစ် သစ်သီးဖျော်ရည်တစ်ခွက်ပဲဖြစ်ဖြစ် သောက်သုံးလိုက်ပါ။

၂. အီးမေးလ် ခဏခဏ စစ်ခြင်း

ကျွန်တော်တို့ မနက်နိုးနိုးခြင်းမှာ ဖုန်းကို ထုတ်ကြည့်မိတတ်ကြပါတယ်။ အိပ်နေတုန်း ဖြစ်ခဲ့တာတွေကို လွတ်မသွားချင်ကြပါဘူး။ အဲဒိအလေ့အကျင့်ဟာ မကောင်းတဲ့ ပြင်သင့်တဲ့ အကျင့်တစ်ခုဖြစ်ပါတယ်။ မနက်ခင်းတွေကို ဖုန်းကြည့်ရင်း စလိုက်ရင် သူများတွေရဲ့ အပူတွေ ကူးစက်လာပါလိမ့်မယ်။ အဲဒါဟာ တစ်နေ့တာလုံး အလုပ်မတွင်ကျယ်စေပါဘူး။ ဖုန်းကို ယူပြီး ကြည့်ချင်စိတ်ကပဲ ကြီးစိုးနေပါလိမ့်မယ်။

အဲဒိအကျင့်ကို ဖျောက်ဖို့အတွက် နေ့တစ်နေ့ကို သင့်ရဲ့ အလုပ်ရည်မှန်းချက်နဲ့ ကိုယ်ပိုင် ရည်မှန်းချက်တွေကို တွေးတောရင်း အစပြုလိုက်ပါ။ ဒီနေ့ ဘာလုပ်ပြီးချင်လဲ ဆိုတာ စဉ်းစားလိုက်ပါ။ အလုပ်ပြီးသွားပြီလို့ အာရုံပြုလိုက်ပါ။ ဦးစားပေးအလုပ်တွေကို ကိုယ့်ဘာသာ သတ်မှတ်လိုက်ပါ။ ဖုန်းကိုစစ်ဖို့ အချိန်သတ်မှတ်ထားလိုက်ပါ။ အဲဒိအချိန်တွေမှာပဲ ဖုန်းကို ထုတ်စစ်မိအောင် ကြိုးစားပါ။

၃. တစ်နေ့စာ အစီအစဉ်မဆွဲခြင်း၊ တစ်နေ့တာ အလုပ်ကို ပြန်မသုံးသပ်ခြင်း

လူတော်တော်များများဟာ နေ့တစ်နေ့အတွက် အစီအစဉ်မရှိပဲ ဒီတိုင်း စတတ်ကြပါတယ်။ တွေ့ရာအလုပ်တွေကို လုပ်တတ်ကြတယ်။ ဦးစားပေးအလုပ်တွေကို သီးသန့်ခွဲထားတာ မရှိပါဘူး။ အဲဒါက အလုပ်တွင်ကျယ်ဖို့ကို အနှောင့်အယှက်ဖြစ်စေပါတယ်။

တစ်နေ့လုံး အလုပ်ရှုပ်နေပြီးတော့ ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက်မပြီးဘူးဆိုတာ အဲဒိအကျင့်ကြောင့်ဖြစ်ပါတယ်။ အလုပ်တန်းမလုပ်ပဲနဲ့ ကိုယ်လုပ်ရမယ့်ဟာနဲ့ ရည်မှန်းချက်တွေကို ခဏလောက် သုံးသပ်ကြည့်ပါ။ ဦးစားပေးအလုပ်တွေကို အဓိကထားပြီး အချိန်ဇယားတစ်ခု ဆွဲလိုက်ပါ။ အသေးစားအလုပ်လေးတွေကိုတော့ လွတ်နေတဲ့ နေရာတွေမှာ ဖြည့်လိုက်ပါ။ အဓိကဦးစားပေး အလုပ်တွေကိုု အာရုံစူးစိုက်နိုင်မယ့် အချိန်မှာ ထားပါ။ အလုပ်အားလုံးပြီးဆုံးသွားရင် တစ်နေ့စာအလုပ်တွေကို ပြန်လည်သုံးသပ်ဖို့နဲ့ နောက်တစ်နေ့အတွက် အစီအစဉ် ကြိုချဖို့ ငါးမိနစ်လောက် အချိန်ပေးပါ။

၄. ကော်ဖီ၊ လက်ဖက်ရည် များများသောက်ခြင်း၊ ရေမသောက်ခြင်း

လူတော်တော်များများဟာ အိပ်ငိုက်မှာစိုးတာကြောင့် ကော်ဖီကို တစ်နေ့လုံးလိုလို သောက်သုံးလေ့ရှိပါတယ်။ ခန္ဓာကိုယ်ဟာ မနက်စောစောမှာ ရေဓာတ်ကင်းမဲ့နေလေ့ရှိပါတယ်။ တစ်နေ့လုံး ရေအစား ကော်ဖီကို သောက်သုံးတဲ့အခါ ပြသနာ ပိုဆိုးသွားပါတယ်။ အစာခြေစနစ်ကိုလည်း ထိခိုက်စေပါတယ်။ မနက်စောစောမှာ ကော်ဖီသောက်တဲ့အခါ ကော်ဖီရဲ့ အကောင်းဆုံး အကျိုးကျေးဇူးတွေကို မခံစားရတော့ပါဘူး။ မနက်စောစောမှာ ရေပဲ သောက်ပါ။ နေ့လည်နေ့ခင်း ကော်ဖီသောက်ရင်လဲ ကော်ဖီတစ်ခွက်သောက်ပြီးတိုင်း ရေများများသောက်ပေးပါ။

၅. သဘောထားကို တစ်ခုထဲ မထားတတ်ခြင်း

ကျွန်တော်တို့ဟာ နေ့တစ်နေ့ရဲ့အဖြစ်အပျက်တွေနဲ့တူတူ ကျွန်တော်တို့ သဘောထားတွေကို ပြောင်းလဲပစ်တတ်ကြပါတယ်။ သဘောထားကို မထိန်းချုပ်နိုင်ကြပါဘူး။ ကောင်းတဲ့နေ့တွေမှာပဲ စိတ်ကြည်လင်ပြီးတော့ မကောင်းတဲ့နေ့တွေမှာ စိတ်ညစ်နေမယ်ဆိုရင် သင့်မှာ အဲဒိအကျင့်ရှိနေပါပြီ။ အဲဒါကို တိုက်ခိုက်ဖို့အတွက် အိပ်ရာမထခင်ကတည်းက ကိုယ့်ရဲ့တစ်နေ့လုံးစာသဘောထားကို သတ်မှတ်ထားကြည့်ပါ။ ပျော်ရွှင်ပြီး အလုပ်တွင်ကျယ်တဲ့ နေ့လေးဖြစ်မယ်လို့ အာရုံပြုကြည့်ပါ။ အလုပ်တွေ ထင်ထားတာထက် ကောင်းကောင်းမွန်မွန်ပြီးသွားတာကို ကြိုပြီးမြင်ယောင်ကြည့်ပါ။ အဲဒိ မနက်ပိုင်းအလေ့အကျင့်လေးဟာ သင့်ရဲ့ စိတ်နေသဘောထားပေါ်မှာ အများကြီး အကျိုးသက်ရောက်စေနိုင်ပါတယ်။

မကောင်းတဲ့ အလေ့အကျင့်တွေဟာ ခက်ခဲကြမ်းတမ်းတဲ့နေ့တွေကို ယူဆောင်လာပါတယ်။ မကောင်းတဲ့အကျင့်ကိုဖျောက်ဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ အစားထိုးဖို့ပါ။ အပေါ်က အကျင့်ငါးခု ကိုယ့်မှာရှိနေလား ကြည့်ပါ။ အကျင့်တစ်ခုခြင်းစီ ဖျောက်ကြည့်ပါ။

အကျင့်ကောင်းတစ်ခုရပြီဆိုတာနဲ့ နေ့တိုင်းစွဲလုပ်မိအောင် ကြိုးစားပါ။ အလုပ်တွင်ကျယ်ပုံကတော့ ကိုယ့်ဘာသာတောင် အံ့ဩသွားပါလိမ့်မယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================