၉။ ရင်အုပ်
၆။ လျှာ
၅။ သန့်ရှင်းတဲ့လက်တွေ
၂။ လိင်တံ
၁။ တင်ပါး
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
အမျိုးသမီးများသဘောကျသည့် အမျိုးသားခန္ဓာကိုယ်အစိတ်အပိုင်း (၁၀)ခု
အမျိုးသားတွေရဲ့ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အမျိုးသမီးတွေကရင်ခုန်လေ့ရှိလဲ ဆိုတာကို အားလုံးက သိချင်ကြပါတယ်။ အခုဖော်ပြမယ့် မိန်းကလေးတွေ သဘောကျတဲ့ အမျိုးသားကိုယ်ခန္ဓာအစိတ်ပိုင်း (၁၀)ခုက အမျိုးသမီးဦးရေ(၁၀၀)ကျော်ကို မေးမြန်းစစ်တမ်းကောက်ယူချက်အရ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
၁၀။ ကျယ်ပြန့်ပြီး ပုံစံကျတဲ့ ပုခုံးတွေ
အမျိုးသမီး(၁၀၀)ကို စစ်တမ်းကောက်ယူချက်အရ အများစုက ပုခုံးတွေအကြောင်းပြောလာကြပါတယ်။ သူတို့တွေက တည်ဆောက်ပုံကောင်းကောင်းနဲ့ ကျယ်ပြန့်တဲ့ ပုခုံးတွေရှိတဲ့ အမျိုးသားတွေကို သဘောကျတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပုခုံးမျိုးတွေက သန်မာမှုနဲ့ ယောင်္ကျားပီသမှုရဲ့ လက္ခဏာတွေဖြစ်လို့ပါ။
၉။ ရင်အုပ်
အမျိုးသားတွေအတွက်ကတော့ အမျိုးသမီးတွေမှာ ကြည့်ကောင်းတဲ့ရင်သားတစ်စုံရှိရင် သဘောကျကြသလို အမျိုးသမီးတွေကလည်း လေ့ကျင့်ခန်းယူပြီး လှပကျနတဲ့ရင်အုပ်တွေကို ရင်ခုန်တတ်ကြပါတယ်။ အမျိုးသားတွေရဲ့ ပုံစံကျနလှပတဲ့ရင်အုပ်တွေဟာ အမျိုးသမီးတွေရဲ့ စိတ်ကူးထဲမှာ အမြဲတမ်းကြီးစိုးနေတတ် ပါတယ်။ အဝတ်အစားတစ်ခုခုဝတ်စားထားမယ်ဆိုရင်တောင် ဘယ်လိုပုံစံရှိမလဲဆိုတာကို စိတ်ကူးနဲ့မြင်ယောင်ပြီး ရင်ခုန်တတ်ကြပါတယ်။
၈။ ဖုထစ်နေတဲ့ လက်မောင်းကြွက်သား
အားလုံးသိပြီးသားဖြစ်မှာပါ။ ဖုထစ်လှပနေတဲ့ကြွက်သားတွေက သန်မာတောင့်တင်မှုရဲ့ပြယုဂ်တစ်ခုဖြစ်သလို သင့်ရဲ့ခန္ဓာကိုယ်ကို ဘယ်လောက်အထိ ဂရုစိုက်လဲဆိုတာကို ဖော်ပြနေပါတယ်။ ဒါကိုပဲ အမျိုးသမီးတွေက ကြိုက်ကြတာပါ။ ရင်အုပ်လိုပါပဲ။ အမျိုးသမီးတွေဟာ တီရှပ် ဒါမှမဟုတ် စွယ်တာတစ်ခုခုဝတ်ထားတဲ့ အမျိုးသားတွေရဲ့တစ်စွန်းတစ်စထွက်ပေါ်နေတတ်တဲ့ လက်မောင်းကြွက်သားတွေကို ရင်ဖိုတတ်ကြပါတယ်။
၇။ ထူထဲရွှမ်းစိုတဲ့နှုတ်ခမ်းတွေ
ဟုတ်ပါတယ်။ ကျွန်တော်တို့ အမျိုးသားတွေကပဲ အိန်ဂျလီနာဂျိုလီရဲ့ ညှို့ငင်အားကောင်းတဲ့ နှုတ်ခမ်းကို ကြိုက်ကြတာမဟုတ်ပါဘူး။ အမျိုးသမီးတွေကလည်း ကျွန်တော်တို့အမျိုးသားတွေရဲ့ နှုတ်ခမ်းကို လှပမှုအတွက်သာမက နှုတ်ခမ်းနဲ့လုပ်ပေးနိုင်တာတွေအတွက်ပါ သဘောကျတတ်ကြပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေရဲ့ နှုတ်ခမ်းအကြိုက်က ကွဲပြားခြားနားတတ်ပါတယ်။ တချို့တွေက အောက်နှုတ်ခမ်းထူတာကို ကြိုက်တတ်ကြပေမယ့် တစ်ချို့တွေကတော့ နှုတ်ခမ်းပါးပါးလေးတွေကို ပိုသဘောကျတတ်ပါတယ်။
၆။ လျှာ
ဒီအစိတ်အပိုင်းကတော့ အတွင်းရေးကျပါတယ်။ အမျိုးသမီးတွေဟာ လျှာစွမ်းရည်ကို သဘောကျတတ်ကြပါတယ်။ အမျိုးသမီးအများစုက လျှာဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ အသန်မာဆုံး ကြွက်သား ဖြစ်ကြောင်း ပြောကြပါတယ်။ အကြင်နာအနမ်းတွေပေးတဲ့အချိန်မှာ လျှာကိုအသုံးချမှုကိုသာမက အောက်ပိုင်းက တစ်ခုခုကို ကြင်နာပေးတဲ့အခါမှာလည်း အမျိုးသမီးတွေက သဘောခွေ့သွားတတ်ကြပါတယ်။ အောက်ပိုင်းက တစ်ခုခုဆိုတာကိုတော့ ဖြည့်တွေးကြည့်ပေါ့။
၅။ သန့်ရှင်းတဲ့လက်တွေ
အမျိုးသားတွေရဲ့ လက်တွေဟာ သူ့အကြောင်းကို အများကြီးဖော်ပြနေတယ်လို့ အမျိုးသမီးတွေက ယုံကြည် ကြပါတယ်။ ဒါက ဖြစ်နိုင်စရာမရှိပါဘူး။ ဒါပေမယ့် အမျိုးသမီးတွေကတော့ သင့်ရဲ့လက်တွေ သန့်ရှင်းမှု ရှိမရှိဆိုတာပေါ်မူတည်ပြီး သင်ဘယ်လိုလူမျိုးလဲဆိုတာကို အကဲဖြတ်ပါလိမ့်မယ်။ ဒီတော့ လက်ကို သန့်ရှင်နေပါစေ။
၄။ တင်းရင်းကျစ်လစ်တဲ့ ခါး
အမျိုးသမီးတွေဟာ အတူနေကြတဲ့အချိန်မှာ အမျိုးသားတွေရဲ့ ခါးကို ကိုင်ထားရတာကို သဘောကျတတ် ပါတယ်။ ဒီလိုကိုင်တဲ့အခါမှာ တင်းရင်းကျစ်လစ်တဲ့ ခါးတွေကို ပိုကြိုက်ကြပါတယ်။
၃။ ၀မ်းဗိုက်ကြွက်သား (Abs) များ
ဒီကိစ္စကတော့ မထူးဆန်းပါဘူး။ အမျိုးသမီးတိုင်းက ကြွက်သားတွေ အစီအရီနဲ့ ဖုထစ်နေတဲ့ ဗိုက်သားကို ကြိုက်ကြပါတယ်။ ဒီလို ၀မ်းဗိုက်ကြွက်သားတွေက အမျိုးသားတစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုတွေကို ဖော်ညွှန်းနေပါတယ်။ ဒါပေမယ့် တစ်ချို့သော အမျိုးသမီးတွေကတော့ ကျစ်လစ်မာကျောတဲ့ ဗိုက်သားတွေ ဆိုတာထက် ဗိုက်ပူမနေပဲ ပါးလှပ်လှပ်ဖြစ်နေရင်ပဲ အဆင်ပြေပြီလို ဆိုပါတယ်။ ဘယ်အမျိုးသမီးကမှ ဗိုက်ပူနေတဲ့ ပုဂ္ဂိုဟ်နဲ့ အတူမနေချင်ကြတာတော့ သေချာပါတယ်။
၂။ လိင်တံ
ဒါကတော့ အရေးအကြီးဆုံးဖြစ်ပါတယ်။ အထူးသဖြင့် အရွယ်အစားနဲ့ပတ်သက်ပါတယ်။ အနေတော်ဖြစ်တာမျိုး ကို အမျိုးသမီးတွေက လိုလားကြပါတယ်။ ဒါ့အပြင် အဓိကနေရာတဝိုက်မှာ ရှင်းလင်းနေတာကိုလည်း သဘောကျတတ် ကြပါတယ်။ ဒါ့ကြောင့် လိုအပ်တဲ့ပစ္စည်းတွေအခုပဲရှာပြီး တောရှင်းလင်းရေးလုပ်ကြပါ။ လိင်တံနဲ့ပတ်သက်ပြီး အမျိုးသမီးတွေ လိုလားကြတဲ့အချက်တွေကတော့ ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့အရောင်ရှိတာ၊ သွေးကြောတွေ မထောင်လွန်းတာ၊ အရေပြားလှီးဖြတ်ထားတာ၊ မလှီးဖြတ်ထားတာ၊ မသေးလွန်း၊ မကြီးလွန်းတာနဲ့ အနံ့ကောင်းတာတွေပဲဖြစ်ပါတယ်။
၁။ တင်ပါး
အမျိုးသမီးတွေကလည်း ကျွန်တော်တို့အမျိုးသားတွေလိုပါပဲ။ တင်ပါးအလှကို ဂရုစိုက်ကြည့်တတ်ကြပါတယ်။ တင်ပါးပုံစံမျိုးစုံကို ပြောကြပေမယ့် အားလုံးသဘောကျကြတာကတော့ အားကစားသမားတွေမှာ ရှိတတ်တဲ့ တင်ပါးပုံစံမျိုးပဲ ဖြစ်ပါတယ်။
ကဲ ဒီတော့ အမျိုးသားတို့ရေ။ အချိန်ရတာနဲ့ အားကစားခန်းမကို ပြေးပြီး ခန္ဓာကိုယ်ကို ပုံသွင်းကြပါစို့ဗျာ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================