အလုပ္ေႂကြးမ်ားကို အျမန္ ႐ွင္းထုတ္ရန္ နည္းလမ္းမ်ား

လုပ္ငန္းေတြ ေအာင္ျမင္လာရင္ လုပ္ရမယ့္အလုပ္က လူအင္အားနဲ႔မမ်ွတဲ့အခါ အလုပ္ေႂကြးေတြ ပိလာပါတယ္။ တခ်ိဳ႕အလုပ္ေတြကို လက္ခံၿပီး တခ်ိဳ႕ အလုပ္အပ္တာေတြကို ျငင္းလႊတ္ရတာ ရင္နာဖို႔ေကာင္းပါတယ္။ အဲဒိအေျခအေနမွာ ေငြဝင္ဖို႔ မ႐ွိပါဘူး။ ေျဖ႐ွင္းလို႔လဲ မရပါဘူး။

အဲ့ဒိလိုလုပ္ငန္းေတြမွာေတြ႕ရတတ္တဲ့ မေကာင္းတဲ့အရာတစ္ခုကေတာ့ သင့္ရဲ႕႐ွိစု မဲ့စု လူအင္အားေလးကို ျဖဳန္းတီးသြားႏိုင္တဲ့ ယိုေပါက္ေလးေတြပါပဲ။ အဲဒိယိုေပါက္ေတြကေတာ့ အေရးမႀကီးတဲ့ ထပ္ခါထပ္ခါလုပ္ေနရတဲ့ အလုပ္ေလးေတြပါ။ အဲဒိယိုေပါက္ေတြက တန္ဖိုး႐ွိတဲ့ အခ်ိန္ေတြ လူအင္အားေတြ အာရံုစိုက္မႈေတြကို စားသံုးပစ္ေနပါတယ္။

အဲဒိလို အက်ိဳးမ႐ွိတဲ့ အလုပ္ေတြက ကြၽန္ေတာ္တို႔ေန႔စဥ္ဘဝမွာ အျမစ္တြယ္လာတာနဲ႔အမ်ွ သတိျပဳမိဖို႔ ခက္လာပါတယ္။ ဖယ္ထုတ္ပစ္ဖို႔ကေတာ့ ပိုခက္ေပါ့။ အဲဒါေလးေတြက ကြၽန္ေတာ္တို႔ရဲ႕ တန္ဖိုး႐ွိတဲ့ လုပ္အားကို တိတ္တိတ္ေလး စားသံုးေနပါတယ္။ အဲဒိယိုေပါက္ေလးေတြမွာ ေတြ႕ရအမ်ားဆံုးကေတာ့ အလုပ္ေႂကြးေတြပါပဲ။

အေရးႀကီးတဲ့ အလုပ္ေနာက္တစ္ခုေပၚလာတဲ့အခါမွာ လုပ္လက္စအလုပ္ကို ေဘးဖယ္ထားမိတတ္ၾကပါတယ္။ ေလာေလာေလာေလာနဲ႔ အစည္းအေဝးထိုင္တယ္။ ျမန္ျမန္ၿပီးေအာင္ ျဖစ္သလို လုပ္မိတတ္တယ္။ စိတ္ထဲက မပါေတာ့ဘူး။ ေနာက္ဆံုးက် ကိုယ့္ဘာသာ အေကာင္းဆံုးလုပ္ခဲ့တာပဲေလ လို႔ ႏွစ္သိမ့္ၾကပါေလေရာ။

ဒါေပမယ့္ အဲဒိလုပ္လက္စ မၿပီးေသးတာေတြရဲ႕ ခ်ိန္းထားတဲ့ရက္ေတြ၊ ၿပီးမယ္လို႔ အာမခံထားတာေတြ ေၾကာင့္ အေရးႀကီးတာကို ခ်ၿပီး ရက္ခ်ိန္းနီးတာကို ေလာရျပန္ပါေရာ။ အစည္းအေဝးေတြမွာ ေရေရရာရာ ဆံုးျဖတ္ခ်က္မ႐ွိပဲ ၿပီးသြားတယ္။ ေဆြးေႏြးပြဲေတြက အေျဖ႐ွာမရ။ ျပသနာေတြက မ႐ွင္းေသးဘူး။ အဲဒိအလုပ္ေႂကြးယိုေပါက္ဟာ ေနာက္ဆံုးမွာ စိတ္ပင္ပန္းမႈ သေဘာကြဲလြဲမႈ ေတြနဲ႔ တန္ခိုးျပပါေတာ့တယ္။

သတင္းေကာင္းကေတာ့ အဲဒိယိုေပါက္ကို ႐ွာေဖြၿပီးပိတ္ႏိုင္ပါတယ္။ ေအာက္ပါ အခ်က္မ်ားကို လိုက္လုပ္ၾကည့္ပါ။

၁. အေရးႀကီးတာကို အာရံုစိုက္ၿပီး ေသေသခ်ာခ်ာလုပ္ပါ

အခ်ိန္နဲ႔ လုပ္အားကို လိုအပ္ေနတဲ့ေနရာေတြမွာ အက်ိဳး႐ွိ႐ွိ အသံုးခ်ပါ။ အစည္းအေဝးေတြ ျမန္ျမန္လုပ္၊ စကားတိုတိုေလးေတြေျပာတာထက္စာရင္၊ ဆံုးျဖတ္ခ်က္အမွန္ထြက္ေပၚလာဖို႔ အခ်ိန္ယူၿပီး စည္းေဝးပါ။

၂. ေနာက္တစ္ဆင့္မတက္ခင္ ေသေသခ်ာခ်ာလုပ္ပါ

အလုပ္မၿပီးေသးဘူးဆိုရင္ အလုပ္ရဲ႕ ေနာက္တစ္ဆင့္ကို အခ်ိန္တစ္ခုမွာ ၿပီးေအာင္ ဆံုးျဖတ္ခ်က္ခ်ပါ။ ၿပီးေအာင္လုပ္ဖို႔မျဖစ္ႏိုင္ဘူးဆိုရင္ အဲဒိေနာက္တစ္ဆင့္ကို ပိုၿပီးလြယ္ကူေအာင္ စီစဥ္ပါ။

၃. ေအာင္ျမင္မႈတိုင္းကို အားသာခ်က္အျဖစ္ အသံုးခ်ပါ

အေၾကာင္းအရာ တစ္မ်ိဳးတည္းကို ထပ္ခါထပ္ခါေျပာတာ၊ မၿပီးေသးတဲ့အလုပ္ကို ျပန္လုပ္ရတာေတြေလာက္ အလုပ္အ႐ွိန္ပ်က္ေစတာ မ႐ွိပါဘူး။ အဲလို အ႐ွိန္မပ်က္ေအာင္ သင္လုပ္ခဲ့တဲ့ အလုပ္ေအာင္ျမင္မႈေတြ၊ ေျဖ႐ွင္းၿပီးတဲ့ ျပသနာေတြ၊ ရ႐ွိတဲ့ အက်ိဳးအျမတ္ေတြ ကိုအာရံုျပဳၿပီး ခြန္အားရယူပါ။

ကာလတို ေျဖ႐ွင္းခ်က္ေတြ၊ အျမန္ျပသနာ႐ွင္းနည္းေတြထက္စာရင္ အေပၚက အခ်က္ေတြကို အလုပ္မွန္ ေနရာမွန္ လုပ္မိေအာင္ အသံုးခ်လိုက္ပါ။ ေနာက္တစ္ေခါက္ ယိုေပါက္ၾကံဳရရင္ အဲဒိအေပါက္ကို ပိတ္ပစ္ၿပီး စီးပြားပ်က္ေစမယ့္ အလုပ္ေႂကြးေတြကို ႏႈတ္ဆက္လိုက္ပါေတာ့။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

အလုပ်ကြွေးများကို ရှင်းထုတ်ခြင်း

လုပ်ငန်းတွေ အောင်မြင်လာရင် လုပ်ရမယ့်အလုပ်က လူအင်အားနဲ့မမျှတဲ့အခါ အလုပ်ကြွေးတွေ ပိလာပါတယ်။ တချို့အလုပ်တွေကို လက်ခံပြီး တချို့ အလုပ်အပ်တာတွေကို ငြင်းလွှတ်ရတာ ရင်နာဖို့ကောင်းပါတယ်။ အဲဒိအခြေအနေမှာ ငွေဝင်ဖို့ မရှိပါဘူး။ ဖြေရှင်းလို့လဲ မရပါဘူး။
အဲ့ဒိလိုလုပ်ငန်းတွေမှာတွေ့ရတတ်တဲ့ မကောင်းတဲ့အရာတစ်ခုကတော့ သင့်ရဲ့ရှိစု မဲ့စု လူအင်အားလေးကို ဖြုန်းတီးသွားနိုင်တဲ့ ယိုပေါက်လေးတွေပါပဲ။ အဲဒိယိုပေါက်တွေကတော့ အရေးမကြီးတဲ့ ထပ်ခါထပ်ခါလုပ်နေရတဲ့ အလုပ်လေးတွေပါ။ အဲဒိယိုပေါက်တွေက တန်ဖိုးရှိတဲ့ အချိန်တွေ လူအင်အားတွေ အာရုံစိုက်မှုတွေကို စားသုံးပစ်နေပါတယ်။
အဲဒိလို အကျိုးမရှိတဲ့ အလုပ်တွေက ကျွန်တော်တို့နေ့စဉ်ဘဝမှာ အမြစ်တွယ်လာတာနဲ့အမျှ သတိပြုမိဖို့ ခက်လာပါတယ်။ ဖယ်ထုတ်ပစ်ဖို့ကတော့ ပိုခက်ပေါ့။ အဲဒါလေးတွေက ကျွန်တော်တို့ရဲ့ တန်ဖိုးရှိတဲ့ လုပ်အားကို တိတ်တိတ်လေး စားသုံးနေပါတယ်။ အဲဒိယိုပေါက်လေးတွေမှာ တွေ့ရအများဆုံးကတော့ အလုပ်ကြွေးတွေပါပဲ။
အရေးကြီးတဲ့ အလုပ်နောက်တစ်ခုပေါ်လာတဲ့အခါမှာ လုပ်လက်စအလုပ်ကို ဘေးဖယ်ထားမိတတ်ကြပါတယ်။ လောလောလောလောနဲ့ အစည်းအဝေးထိုင်တယ်။ မြန်မြန်ပြီးအောင် ဖြစ်သလို လုပ်မိတတ်တယ်။ စိတ်ထဲက မပါတော့ဘူး။ နောက်ဆုံးကျ ကိုယ့်ဘာသာ အကောင်းဆုံးလုပ်ခဲ့တာပဲလေ လို့ နှစ်သိမ့်ကြပါလေရော။
ဒါပေမယ့် အဲဒိလုပ်လက်စ မပြီးသေးတာတွေရဲ့ ချိန်းထားတဲ့ရက်တွေ၊ ပြီးမယ်လို့ အာမခံထားတာတွေ ကြောင့် အရေးကြီးတာကို ချပြီး ရက်ချိန်းနီးတာကို လောရပြန်ပါရော။ အစည်းအဝေးတွေမှာ ရေရေရာရာ ဆုံးဖြတ်ချက်မရှိပဲ ပြီးသွားတယ်။ ဆွေးနွေးပွဲတွေက အဖြေရှာမရ။ ပြသနာတွေက မရှင်းသေးဘူး။ အဲဒိအလုပ်ကြွေးယိုပေါက်ဟာ နောက်ဆုံးမှာ စိတ်ပင်ပန်းမှု သဘောကွဲလွဲမှု တွေနဲ့ တန်ခိုးပြပါတော့တယ်။
သတင်းကောင်းကတော့ အဲဒိယိုပေါက်ကို ရှာဖွေပြီးပိတ်နိုင်ပါတယ်။ အောက်ပါ အချက်များကို လိုက်လုပ်ကြည့်ပါ။

၁. အရေးကြီးတာကို အာရုံစိုက်ပြီး သေသေချာချာလုပ်ပါ

အချိန်နဲ့ လုပ်အားကို လိုအပ်နေတဲ့နေရာတွေမှာ အကျိုးရှိရှိ အသုံးချပါ။ အစည်းအဝေးတွေ မြန်မြန်လုပ်၊ စကားတိုတိုလေးတွေပြောတာထက်စာရင်၊ ဆုံးဖြတ်ချက်အမှန်ထွက်ပေါ်လာဖို့ အချိန်ယူပြီး စည်းဝေးပါ။

၂. နောက်တစ်ဆင့်မတက်ခင် သေသေချာချာလုပ်ပါ

အလုပ်မပြီးသေးဘူးဆိုရင် အလုပ်ရဲ့ နောက်တစ်ဆင့်ကို အချိန်တစ်ခုမှာ ပြီးအောင် ဆုံးဖြတ်ချက်ချပါ။ ပြီးအောင်လုပ်ဖို့မဖြစ်နိုင်ဘူးဆိုရင် အဲဒိနောက်တစ်ဆင့်ကို ပိုပြီးလွယ်ကူအောင် စီစဉ်ပါ။

၃. အောင်မြင်မှုတိုင်းကို အားသာချက်အဖြစ် အသုံးချပါ

အကြောင်းအရာ တစ်မျိုးတည်းကို ထပ်ခါထပ်ခါပြောတာ၊ မပြီးသေးတဲ့အလုပ်ကို ပြန်လုပ်ရတာတွေလောက် အလုပ်အရှိန်ပျက်စေတာ မရှိပါဘူး။ အဲလို အရှိန်မပျက်အောင် သင်လုပ်ခဲ့တဲ့ အလုပ်အောင်မြင်မှုတွေ၊ ဖြေရှင်းပြီးတဲ့ ပြသနာတွေ၊ ရရှိတဲ့ အကျိုးအမြတ်တွေ ကိုအာရုံပြုပြီး ခွန်အားရယူပါ။

ကာလတို ဖြေရှင်းချက်တွေ၊ အမြန်ပြသနာရှင်းနည်းတွေထက်စာရင် အပေါ်က အချက်တွေကို အလုပ်မှန် နေရာမှန် လုပ်မိအောင် အသုံးချလိုက်ပါ။ နောက်တစ်ခေါက် ယိုပေါက်ကြုံရရင် အဲဒိအပေါက်ကို ပိတ်ပစ်ပြီး စီးပွားပျက်စေမယ့် အလုပ်ကြွေးတွေကို နှုတ်ဆက်လိုက်ပါတော့။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%