ခ်စ္သူလင္မယားေတြအၾကားဆက္ဆံေရးဆိုတာဟာ စိတ္ခံစားမႈပိုင္ဆိုင္ရာ ရင္းႏွီးျမဳပ္ႏွံမႈေတြ အမ်ားႀကီး လုိအပ္ပါတယ္။ ႏွစ္ဦးသားဆက္ဆံေရးအဆင္ေျပေနေစဖို႔အတြက္ ႏွစ္ဦးစလံုးက အားထုတ္လုပ္ေဆာင္ရတာ ေတြအမ်ားႀကီးပါ။ ေက်နပ္ေပ်ာ္ရႊင္စရာေကာင္းတဲ့ ကနဦးပိုင္း လအနည္းငယ္ေလာက္ကုန္လြန္သြားၿပီဆိုရင္ပဲ ႏွစ္ဦးသားဆက္ဆံေရးက မလြယ္ကူတတ္ေတာ့ပါဘူး။ အေနေ၀းၾကတဲ့ စံုတြဲေတြမွာဆိုရင္ ပိုၿပီးေတာ့ ခက္ခဲမႈေတြ ၾကံဳၾကရပါတယ္။ ႏွစ္ဦးသားအၾကား ခပ္ပါးပါးသံေယာဇဥ္ေလးနဲ႔သာ ခ်ည္ေႏွာင္ထားတာေၾကာင့္ အေနေ၀းတဲ့ ဆက္ဆံေရးေတြမွာ အမွားအယြင္းေတြ ႀကံဳေတြ႕လာရတတ္ပါတယ္။ တကယ္ေတာ့ စဥ္းစားၾကည့္မယ္ဆိုရင္ အေနေ၀းတဲ့ ဆက္ဆံေရးေတြကို ထိန္းသိမ္းဖို႔ဆိုတာ မျဖစ္ႏိုင္သေလာက္ပါပဲ။ ဒါ့ေၾကာင့္ အေနေ၀းေနသူေတြအတြက္ ၾကံဳေတြ႕ရမယ့္ အခက္အခဲေတြကို ၾကိဳတင္ ေရွာင္ရွားႏုုိင္ေအာင္ ေဖာ္ျပလိုက္ပါတယ္။
၁။ လုံေလာက္သည့္ ဆက္သြယ္မႈမရွိျခင္း
ယေန႔ေခတ္လို အလိုရွိတဲ့ပစၥည္းကို နာရီ၀က္တစ္နာရီအတြင္း အိမ္အေရာက္၀ယ္ယူလို႔ရေနတဲ့အခ်ိန္မွာ ေမတၱာစာေတြကို ေပးပို႔ေနတာက အလုပ္မျဖစ္ေတာ့တာအမွန္ပါ။ ဟုတ္ပါတယ္။ ကၽြန္ေတာ္တို႔အားလံုးမွာ စမတ္ဖုန္းေတြကုိယ္စီပိုင္ဆိုင္ထားၾကၿပီး Facebook တို႔၊ WhatsApp တို႔ကေန အခ်ိန္ျပည့္ဆက္သြယ္ေန ေနႏိုင္ေပမယ့္ အစပိုင္းလအနည္းငယ္ေလာက္အထိပဲ အဆင္ေျပပါလိမ့္မယ္။ ႏွစ္ဦးသား အထိအေတြ႕ကင္းမဲ့မႈကို နည္းပညာက ျဖည့္ဆည္းမေပးႏိုင္တဲ့အတြက္ ျဖစ္ပါတယ္။ စဥ္းစားၾကည့္ပါ။ အေနေ၀းေနတဲ့ ခ်စ္သူစံုတြဲေတြအၾကား တစ္ေနကုန္ အင္တာနက္ကေနဆက္သြယ္ေနႏိုင္ေပမယ့္ စိတ္ေက်နပ္မႈ ရွိပါရဲ႕လား။
၂။ သစၥာေဖာက္ျခင္း
ႏွစ္ဦးသား အေနေ၀းေနခ်ိန္မွာ ဘယ္ေလာက္ပဲစိတ္ခ်င္းနီးပါတယ္ေျပာေျပာ၊ သစၥာေဖာက္မိဖို႔က ႏွစ္ေယာက္စလံုးအတြက္ လြယ္ကူပါတယ္။ သူမ မသိေသးသမွ် အားလံုးအဆင္ေျပေနမွာပါလို႔ ကိုယ့္ကိုကိုယ္ ေျပာရင္းနဲ႔ေပါ့။ အေနနီးတဲ့စံုတြဲေတြအၾကားမွာေတာင္မွ တစ္လင္တစ္မယားစနစ္ေအာင္ျမင္ဖို႔က စိန္ေခၚမႈတစ္ခု ျဖစ္ေနတတ္တာေၾကာင့္ အေနေ၀းသူေတြအတြက္ကေတာ့ တစ္ဦးေပၚတစ္ဦးထားရွိတဲ့ သစၥာတရားဟာ အခ်ိန္မေရြး ကြယ္ေပ်ာက္သြားႏိုင္ပါတယ္။
၃။ အနာဂတ္မွာအတူရွိေနဖို႔ မေသခ်ာျခင္း
အေနေ၀းတဲ့သူေတြအတြက္ ေနာင္အနာဂတ္မွာ ဒီအတိုင္းပဲဆက္ၿပီးခ်စ္ခင္ေနႏိုင္ဖို႔ဆိုတာက မေသခ်ာတဲ့ ကိစၥတစ္ခုပဲျဖစ္ပါတယ္။ ႏွစ္ဦးစလံုးရဲ႕ဘ၀ေနထိုင္မႈ၊ ဦးစားေပးေရြးခ်ယ္မႈေတြက ေျပာင္းလဲသြားတတ္တာ ေၾကာင့္ပဲျဖစ္ပါတယ္။ ဒီလိုအခ်ိန္မွာ ႏွစ္ဦးသားဘ၀ဟာ ဘယ္လိုမွမဆံုႏိုင္တဲ့ မ်ဥ္းၿပိဳင္ႏွစ္ေၾကာင္းလို ျဖစ္လာတတ္ပါတယ္။ နီးစပ္ဖို႔အတြက္ ႀကိဳးစားၾကည့္ႏိုင္ပါတယ္။ ဒါေပမယ့္ လက္ရွိအလုပ္ကေနထြက္ဖို႔၊ သူမနဲ႔ နီးတဲ့ေနရာကို ေျပာင္းေရႊ႕ေနထိုင္ဖို႔ စတာေတြက သင့္ရဲ႕အနာဂတ္အစီအစဥ္ေတြနဲ႔ လြဲေခ်ာ္သြားေစႏိုင္ပါတယ္။ ခ်စ္သူႏွစ္ဦးအတူတကြရွိေနဖို႔ဆိုတာက ႏွစ္ဦးသားဆက္ဆံေရးမွာ မရွိမျဖစ္လိုအပ္ေပမယ့္ ေရရွည္အတြက္ ဆံုးျဖတ္ခ်က္ေတြက ခ်မွတ္ဖို႔ခက္ခဲၿပီး အေကာင္အထည္ေဖာ္ဖို႔က ပိုခက္ခဲတတ္တာေၾကာင့္ပဲ ျဖစ္ပါတယ္။
၄။ အျပန္အလွန္ယံုၾကည္မႈကိစၥမ်ား
သူမ အမွန္တကယ္ အတန္းသြား၊ အလုပ္သြားတယ္ဆိုတာ ဟုတ္မဟုတ္ သင္ဘယ္လိုသိႏိုင္ပါလဲ။ တကယ္လို႔ သူမကိုလိုက္ေၾကာင္ေနတဲ့ အျခားသူတစ္ေယာက္နဲ႔ ေလွ်ာက္လည္ေနတာပဲျဖစ္ျဖစ္၊ သူမ လိမ္ညာေနတာပဲ ျဖစ္ျဖစ္ ဘယ္မွလုပ္လို႔မရႏိုင္ပါဘူး။ ဒါ့ေၾကာင့္ပဲ အေနေ၀းေနသူႏွစ္ဦးၾကားမွာ ယုံၾကည္မႈနဲ႔ဆိုင္တဲ့ျပႆနာေတြ ျဖစ္လာတတ္ပါတယ္။ လူေတြက အခ်ိန္မေရြးေျပာင္းလဲသြားႏိုင္ၿပီး ဆက္သြယ္ေရးကလည္း မယုံၾကည္ရဘူးဆိုရင္ သူမရဲ႕သစၥာရွိမႈနဲ႔ အေလးအနက္ထားမႈအေပၚကို သံသယေတြျဖစ္လာမွာ ေသခ်ာပါတယ္။ ဒီလိုယုံၾကည္မႈသာမရွိမွေတာ့ ႏွစ္ဦးသားဆက္ဆံေရးက အလကားပါပဲ။
၅။ ဆက္သြယ္ရာမွာ အခ်ိန္ကြာဟလြဲေခ်ာ္မႈမ်ား
သင့္ခ်စ္သူနဲ႔ အေနေ၀းေနတယ္ဆိုရင္ သင္ကဖုန္းေခၚခ်င္တယ္ဆိုရင္ေတာင္ သူမႏိုးၿပီလား မႏိုးေသးဘူးလား ဆိုတာကို မမွန္းႏိုင္ပါဘူး။ အထူးသျဖင့္ ေရျခားေျမျခားတစ္ေနရာစီေရာက္ေနတဲ့ ခ်စ္သူစံုတြဲေတြဆိုရင္ သင့္အတြက္က မနက္ျဖစ္ေနေပမယ့္ သူမအတြက္ ညအခ်ိန္ပဲရွိေသးတာမ်ိဳး အခ်ိန္ကြာဟမႈေတြေၾကာင့္ ဆက္သြယ္မႈအခက္အခဲေတြ ၾကံဳေတြ႕ရႏိုင္ပါတယ္။ သူမဆီက အေရးတႀကီး Mail ပို႔လိုက္ေပမယ့္ သင္က ေျခာက္နာရီေလာက္ေနာက္က်ၿပီးမွ ေတြ႕တာ၊ သင္က ဖုန္းေခၚခ်ိန္မွာ သူမအိပ္ေပ်ာ္ေနတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ ခ်စ္သူႏွစ္ဦး အေနေ၀းၿပီးလို႔ လအနည္းငယ္ေလာက္ၾကာၿပီဆိုရင္ပဲ သူမသူငယ္ခ်င္းအသစ္ ေတြနဲ႔ ေပ်ာ္ေနၿပီလား၊ ဘယ္ေတြသြားၿပီး ဘာေတြလုပ္ေနမလဲဆိုၿပီး စတင္စိတ္၀င္စား ပူပင္လာမွာ ေသခ်ာပါတယ္။
၆။ မလိုအပ္ပဲ ဆက္ၿပီးလက္တြဲေနျခင္း
ေ၀းေနၾကရတဲ့ ရက္ေတြမွာ အႀကိမ္ေပါင္းမ်ားစြာ ျပတ္ဆဲလုမတတ္ျဖစ္တယ္။ ဒါေပမယ့္ ျပန္အဆင္ေျပသြားၾကတယ္ ဆိုသည့္တိုင္ အျပန္အလွန္ျငင္းခံုရတာေတြ၊ ရန္ျဖစ္ရတာေတြကို ပင္ပန္းတယ္လို႔ ခံစားရေနတတ္ပါတယ္။ ႏွစ္ဦးသား ေတြ႕ခြင့္ရခ်ိန္ေလးမွာ စကားေျပာၾကၿပီဆိုရင္လည္း ဘာမဟုတ္တဲ့ကိစၥေလးအတြက္နဲ႔ စကားမ်ားေနၾကရမယ္ဆိုရင္ေတာ့ လမ္းခြဲလိုက္ၾကတာက အေကာင္းဆံုးပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ျပန္အဆင္ေျပေအာင္ႀကိဳးစားေနၾကတာက တစ္ေယာက္က တစ္ေယာက္ကို ရက္စက္သလိုျဖစ္သြားမွာကို မလိုလားတာေၾကာင့္သာျဖစ္လို႔ပါ။ တကယ္ေတာ့ ဒီလိုႀကိဳးစားမႈဟာ ႏွစ္ဦးစလံုးအတြက္ အဆင္မေျပပါဘူး။ ဒါ့ေၾကာင့္ အျပန္အလွန္စိတ္ပ်က္ေနၿပီဆိုရင္ လက္လႊတ္လိုက္တာက အေကာင္းဆံုးျဖစ္ပါတယ္။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
အနေဝေးတဲ့ချစ်သူစုံတွဲများ ရင်ဆိုင်ရမည့် အခက်အခဲများ
ချစ်သူလင်မယားတွေအကြားဆက်ဆံရေးဆိုတာဟာ စိတ်ခံစားမှုပိုင်ဆိုင်ရာ ရင်းနှီးမြုပ်နှံမှုတွေ အများကြီး လိုအပ်ပါတယ်။ နှစ်ဦးသားဆက်ဆံရေးအဆင်ပြေနေစေဖို့အတွက် နှစ်ဦးစလုံးက အားထုတ်လုပ်ဆောင်ရတာ တွေအများကြီးပါ။ ကျေနပ်ပျော်ရွှင်စရာကောင်းတဲ့ ကနဦးပိုင်း လအနည်းငယ်လောက်ကုန်လွန်သွားပြီဆိုရင်ပဲ နှစ်ဦးသားဆက်ဆံရေးက မလွယ်ကူတတ်တော့ပါဘူး။ အနေဝေးကြတဲ့ စုံတွဲတွေမှာဆိုရင် ပိုပြီးတော့ ခက်ခဲမှုတွေ ကြုံကြရပါတယ်။ နှစ်ဦးသားအကြား ခပ်ပါးပါးသံယောဇဉ်လေးနဲ့သာ ချည်နှောင်ထားတာကြောင့် အနေဝေးတဲ့ ဆက်ဆံရေးတွေမှာ အမှားအယွင်းတွေ ကြံုတွေ့လာရတတ်ပါတယ်။ တကယ်တော့ စဉ်းစားကြည့်မယ်ဆိုရင် အနေဝေးတဲ့ ဆက်ဆံရေးတွေကို ထိန်းသိမ်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါ့ကြောင့် နှစ်ဦးသားအနေဝေးနေသူတွေအတွက် ကြံုတွေ့ရမယ့် အခက်အခဲတွေကို ဖော်ပြလိုက်ပါတယ်။
၁။ လုံလောက်သည့် ဆက်သွယ်မှုမရှိခြင်း
ယနေ့ခေတ်လို အလိုရှိတဲ့ပစ္စည်းကို နာရီဝက်တစ်နာရီအတွင်း အိမ်အရောက်ဝယ်ယူလို့ရနေတဲ့အချိန်မှာ မေတ္တာစာတွေကို ပေးပို့နေတာက အလုပ်မဖြစ်တော့တာအမှန်ပါ။ ဟုတ်ပါတယ်။ ကျွန်တော်တို့အားလုံးမှာ စမတ်ဖုန်းတွေကိုယ်စီပိုင်ဆိုင်ထားကြပြီး Facebook တို့၊ WhatsApp တို့ကနေ အချိန်ပြည့်ဆက်သွယ်နေ နေနိုင်ပေမယ့် အစပိုင်းလအနည်းငယ်လောက်အထိပဲ အဆင်ပြေပါလိမ့်မယ်။ နှစ်ဦးသား အထိအတွေ့ကင်းမဲ့မှုကို နည်းပညာက ဖြည့်ဆည်းမပေးနိုင်တဲ့အတွက် ဖြစ်ပါတယ်။ စဉ်းစားကြည့်ပါ။ အနေဝေးနေတဲ့ ချစ်သူစုံတွဲတွေအကြား တစ်နေကုန် အင်တာနက်ကနေဆက်သွယ်နေနိုင်ပေမယ့် စိတ်ကျေနပ်မှု ရှိပါရဲ့လား။
၂။ သစ္စာဖောက်ခြင်း
နှစ်ဦးသား အနေဝေးနေချိန်မှာ ဘယ်လောက်ပဲစိတ်ချင်းနီးပါတယ်ပြောပြော၊ သစ္စာဖောက်မိဖို့က နှစ်ယောက်စလုံးအတွက် လွယ်ကူပါတယ်။ သူမ မသိသေးသမျှ အားလုံးအဆင်ပြေနေမှာပါလို့ ကိုယ့်ကိုကိုယ် ပြောရင်းနဲ့ပေါ့။ အနေနီးတဲ့စုံတွဲတွေအကြားမှာတောင်မှ တစ်လင်တစ်မယားစနစ်အောင်မြင်ဖို့က စိန်ခေါ်မှုတစ်ခု ဖြစ်နေတတ်တာကြောင့် အနေဝေးသူတွေအတွက်ကတော့ တစ်ဦးပေါ်တစ်ဦးထားရှိတဲ့ သစ္စာတရားဟာ အချိန်မရွေး ကွယ်ပျောက်သွားနိုင်ပါတယ်။
၃။ အနာဂတ်မှာအတူရှိနေဖို့ မသေချာခြင်း
အနေဝေးတဲ့သူတွေအတွက် နောင်အနာဂတ်မှာ ဒီအတိုင်းပဲဆက်ပြီးချစ်ခင်နေနိုင်ဖို့ဆိုတာက မသေချာတဲ့ ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ နှစ်ဦးစလုံးရဲ့ဘဝနေထိုင်မှု၊ ဦးစားပေးရွေးချယ်မှုတွေက ပြောင်းလဲသွားတတ်တာ ကြောင့်ပဲဖြစ်ပါတယ်။ ဒီလိုအချိန်မှာ နှစ်ဦးသားဘဝဟာ ဘယ်လိုမှမဆုံနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းလို ဖြစ်လာတတ်ပါတယ်။ နီးစပ်ဖို့အတွက် ကြိုးစားကြည့်နိုင်ပါတယ်။ ဒါပေမယ့် လက်ရှိအလုပ်ကနေထွက်ဖို့၊ သူမနဲ့ နီးတဲ့နေရာကို ပြောင်းရွှေ့နေထိုင်ဖို့ စတာတွေက သင့်ရဲ့အနာဂတ်အစီအစဉ်တွေနဲ့ လွဲချော်သွားစေနိုင်ပါတယ်။ ချစ်သူနှစ်ဦးအတူတကွရှိနေဖို့ဆိုတာက နှစ်ဦးသားဆက်ဆံရေးမှာ မရှိမဖြစ်လိုအပ်ပေမယ့် ရေရှည်အတွက် ဆုံးဖြတ်ချက်တွေက ချမှတ်ဖို့ခက်ခဲပြီး အကောင်အထည်ဖော်ဖို့က ပိုခက်ခဲတတ်တာကြောင့်ပဲ ဖြစ်ပါတယ်။
၄။ အပြန်အလှန်ယုံကြည်မှုကိစ္စများ
သူမ အမှန်တကယ် အတန်းသွား၊ အလုပ်သွားတယ်ဆိုတာ ဟုတ်မဟုတ် သင်ဘယ်လိုသိနိုင်ပါလဲ။ တကယ်လို့ သူမကိုလိုက်ကြောင်နေတဲ့ အခြားသူတစ်ယောက်နဲ့ လျှောက်လည်နေတာပဲဖြစ်ဖြစ်၊ သူမ လိမ်ညာနေတာပဲ ဖြစ်ဖြစ် ဘယ်မှလုပ်လို့မရနိုင်ပါဘူး။ ဒါ့ကြောင့်ပဲ အနေဝေးနေသူနှစ်ဦးကြားမှာ ယုံကြည်မှုနဲ့ဆိုင်တဲ့ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ လူတွေက အချိန်မရွေးပြောင်းလဲသွားနိုင်ပြီး ဆက်သွယ်ရေးကလည်း မယုံကြည်ရဘူးဆိုရင် သူမရဲ့သစ္စာရှိမှုနဲ့ အလေးအနက်ထားမှုအပေါ်ကို သံသယတွေဖြစ်လာမှာ သေချာပါတယ်။ ဒီလိုယုံကြည်မှုသာမရှိမှတော့ နှစ်ဦးသားဆက်ဆံရေးက အလကားပါပဲ။
၅။ ဆက်သွယ်ရာမှာ အချိန်ကွာဟလွဲချော်မှုများ
သင့်ချစ်သူနဲ့ အနေဝေးနေတယ်ဆိုရင် သင်ကဖုန်းခေါ်ချင်တယ်ဆိုရင်တောင် သူမနိုးပြီလား မနိုးသေးဘူးလား ဆိုတာကို မမှန်းနိုင်ပါဘူး။ အထူးသဖြင့် ရေခြားမြေခြားတစ်နေရာစီရောက်နေတဲ့ ချစ်သူစုံတွဲတွေဆိုရင် သင့်အတွက်က မနက်ဖြစ်နေပေမယ့် သူမအတွက် ညအချိန်ပဲရှိသေးတာမျိုး အချိန်ကွာဟမှုတွေကြောင့် ဆက်သွယ်မှုအခက်အခဲတွေ ကြံုတွေ့ရနိုင်ပါတယ်။ သူမဆီက အရေးတကြီး Mail ပို့လိုက်ပေမယ့် သင်က ခြောက်နာရီလောက်နောက်ကျပြီးမှ တွေ့တာ၊ သင်က ဖုန်းခေါ်ချိန်မှာ သူမအိပ်ပျော်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ချစ်သူနှစ်ဦး အနေဝေးပြီးလို့ လအနည်းငယ်လောက်ကြာပြီဆိုရင်ပဲ သူမသူငယ်ချင်းအသစ် တွေနဲ့ ပျော်နေပြီလား၊ ဘယ်တွေသွားပြီး ဘာတွေလုပ်နေမလဲဆိုပြီး စတင်စိတ်ဝင်စား ပူပင်လာမှာ သေချာပါတယ်။
၆။ မလိုအပ်ပဲ ဆက်ပြီးလက်တွဲနေခြင်း
ဝေးနေကြရတဲ့ ရက်တွေမှာ အကြိမ်ပေါင်းများစွာ ပြတ်ဆဲလုမတတ်ဖြစ်တယ်။ ဒါပေမယ့် ပြန်အဆင်ပြေသွားကြတယ် ဆိုသည့်တိုင် အပြန်အလှန်ငြင်းခုံရတာတွေ၊ ရန်ဖြစ်ရတာတွေကို ပင်ပန်းတယ်လို့ ခံစားရနေတတ်ပါတယ်။ နှစ်ဦးသား တွေ့ခွင့်ရချိန်လေးမှာ စကားပြောကြပြီဆိုရင်လည်း ဘာမဟုတ်တဲ့ကိစ္စလေးအတွက်နဲ့ စကားများနေကြရမယ်ဆိုရင်တော့ လမ်းခွဲလိုက်ကြတာက အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ ပြန်အဆင်ပြေအောင်ကြိုးစားနေကြတာက တစ်ယောက်က တစ်ယောက်ကို ရက်စက်သလိုဖြစ်သွားမှာကို မလိုလားတာကြောင့်သာဖြစ်လို့ပါ။ တကယ်တော့ ဒီလိုကြိုးစားမှုဟာ နှစ်ဦးစလုံးအတွက် အဆင်မပြေပါဘူး။ ဒါ့ကြောင့် အပြန်အလှန်စိတ်ပျက်နေပြီဆိုရင် လက်လွှတ်လိုက်တာက အကောင်းဆုံးဖြစ်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================