သူမဆီကေန သင္ သိုဝွက္ထားလို႔ မရတဲ့အရာမ်ား

လူတိုင္း အမွား လုပ္တတ္တာ ခ်ည္းပါပဲ။ ကြၽန္ေတာ္တို႔ ဂုဏ္ယူစရာမဟုတ္တဲ့ ကိစၥေလးေတြကို အတိတ္တုန္းက လုပ္ခဲ့ဖူးပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ ကိုယ္က်င့္တရားအတြက္ အခုအခ်ိန္မွာ ဖုန္းကြယ္ထားရပါတယ္။ ဒါေပမယ့္ သင့္ေကာင္မေလး အဲဒါေတြ အေၾကာင္းေမးလာတိုင္း စကားေရာ ေဖာေရာလုပ္ၿပီး ေ႐ွာင္ထြက္သြားလို႔ မရပါဘူး။ ႐ုိးသားမႈက အေကာင္းဆံုး နည္းလမ္း ျဖစ္ႏိုင္ပါတယ္။

သင္ သိုဝွက္ထားခ်င္ေပမယ့္ တျဖည္းျဖည္း သူမသိလာမဲ့ အရာ ၁၀ ခုအေၾကာင္း ေဖာ္ျပလိုက္ပါတယ္။

၁. သင္ အျပာကား ၾကည့္တာ

သင္ အျပာကားၾကည့္ပါတယ္။ သူမလဲ ၾကည့္ဖူးဖို႔ လမ္းမ်ားပါတယ္။ သင္က အျပာကားၾကည့္တာ ဘယ္ေလာက္ မႀကိဳက္ဖူးပဲေျပာေျပာ သူမ ယံုဖို႔ မ႐ွိပါဘူး။ တစ္ေန႔မွာ သင့္ဖုန္ Gallery ထဲက 10 GB ေလာက္႐ွိတဲ့ အျပာကားေတြကို ေတြ႕သြားရင္ေတာ့ သင့္မွာ လိမ္မႈနဲ႔ ကိြဳင္တက္သြားပါလိမ့္မယ္။ အျပာကားၾကည့္မႈက ကိြဳင္မတက္ပါဘူး။

၂. အေႂကြး အမ်ားႀကီး ႐ွိတာ

ကြၽန္ေတာ္တို႔မွာ အေႂကြးေတြ ႐ွိတတ္ပါတယ္။ လူတိုင္း ေခ်းငွါးဖူးတာ ခ်ည္းပါပဲ။ သင္ ပိုက္ဆံ ေခ်းထားတာ သူမကိစၥေတာ့ မဟုတ္ပါဘူး။ သင့္တာဝန္ပါ။ ဒါေပမယ့္ သူမဆီကေတာ့ ဖုန္းကြယ္မထားပါနဲ႔။ ႐ုပ္႐ွင္ၾကည့့္ဖို႔ကို အပါတ္တိုင္း ျငင္းေနရင္ေတာ့ သူမ သံသယ ဝင္လာပါလိမ့္မယ္။ သူမကို ေသခ်ာ႐ွင္းျပၿပီး အေႂကြးေၾကေအာင္ ဘယ္လိုလုပ္မယ္ စီစဥ္ထားတယ္ဆိုတာပါ ေျပာျပလိုက္ပါ။

၃. ညစ္ပတ္တာ

ေျခာက္ပါတ္စာေလာက္ မေဆးရေသးတဲ့ ပန္းကန္ေတြ ေဘစင္ထဲမွာ၊ ၾကမ္းျပင္ေပၚမွာ႐ွိတာ၊ ခံုေတြ ကုတင္ေတြမွာ အဝတ္ညစ္ညစ္ပါတ္ပါတ္ေတြနဲ႔ လႊမ္းထားတာ၊ အဲဒိအရည္အခ်င္းေတြနဲ႔ ျပည့္စံုရင္ေတာ့ သင္ဟာ ညစ္ပါတ္ပါတယ္။ ျမန္ျမန္႐ွင္းဖို႔ ျပင္ထားပါ။ တစ္ခါတစ္ေလမွာေတာ့ သူမလဲ ညစ္ပါတ္တတ္ပါတယ္။ အဲဒါဆိုရင္ေတာ့ သူမ သင့္အခန္း လာလည္တိုင္း ႐ွင္းဖို႔ မလိုေတာ့ဘူးေပါ့။

၄. အရင္က မိန္းမ႐ႈပ္ဖူးတာ

မိန္းမေတြဟာ အဲဒိကိစၥနဲ႔ ပါတ္သတ္လာရင္ သတင္းေထာက္ အရမ္းကြၽမ္းက်င္တတ္ပါတယ္။ သင္ အရင္က ေပြဘူးတယ္ဆို ဘာေၾကာင့္ပဲ ျဖစ္ျဖစ္ ႀကိဳႀကိဳတင္တင္ ေျပာျပထားပါ။ သူမဘာသာ စံုစမ္းလို႔ သိသြားရင္ေတာ့ ဘာျဖစ္လို႔ ျဖစ္သြားမွန္းေတာင္ သိမွာမဟုတ္ပါဘူး။

၅. သင့္ရဲ႕ စိတ္ပိုင္းဆိုင္ရာ ေဝဒနာမ်ား

သင့္ရဲ႕ စိတ္ဖိစီးမႈ၊ ေဒါသေတြကို အစမွာေတာ့ သူမဆီက သိုဝွက္ထားႏိုင္ပါလိမ့္မယ္။ ဒါေပမယ့္ ၾကာလာရင္ အဲဒါေတြက သူမကို သြားထိခိုက္ေစပါလိမ့္မယ္။ အစကထဲက သူမကို ေျပာျပထားၿပီး ႏွစ္ေယာက္တူတူ ျပင္ဖို႔ ႀကိဳးစားတာက ပိုၿပီး ေကာင္းမြန္ပါတယ္။ သင္ စိတ္ထိခိုက္ေနရင္ သူမကို ေခ်ာ့ခြင့္ ေပးလိုက္ပါ။

၆. ေဆးလိပ္ေသာက္တာ၊ ေဆးခ်တာ

သင္ကေတာ့ သူမ မ႐ွိခ်ိန္ အဲဒါေတြ လုပ္လို႔ရတယ္ ထင္ေနမွာပါ။ သင္တကယ္လုပ္ေနတာက အဲဒါေတြကို သင့္ကို ခ်စ္တဲ့သူထက္ ပိုၿပီးအေရးေပးေနတာပါပဲ။ ျဖစ္သင့္တာက သူမကို အသိေပးထားပါ။ ၿပီးေတာ့ တတ္ႏိုင္ရင္ သူမရဲ႕ အကူအညီနဲ႔ ျပင္ဖို႔ႀကိဳးစားပါ။

၇. သဝန္တိုတတ္တာ

သဝန္မတိုပါနဲ႔ ဆိုတာဟာ အေျပာလြယ္သေလာက္ အလုပ္ခက္ပါတယ္။ မိန္းမေတြက သင္ သူမကို ဂ႐ုစိုက္တာ ႀကိဳက္ၾကေပမယ့္ သူမဆီလာတဲ့ ဖုန္းတိုင္းကို ဒါဘယ္သူလဲ ေမးေနရင္ေတာ့ စိတ္ညစ္လာမွာပါ။ တျခားေကာင္ေတြနဲ႔ သဝန္တိုတတ္ရင္ သူမကို ႀကိဳေျပာထားပါ။ မဟုတ္ရင္ ရန္ပြဲေတြနဲ႔ သင္တို႔ ဇာတ္လမ္း ဆံုးသြားပါလိမ့္မယ္။

၈. ဘာသာတရား ဒါမွမဟုတ္ ႏိုင္ငံေရးမွာ အရမ္းစိတ္ဝင္စားတာ

သင္နဲ႔ သင့္မိန္းကေလးနဲ႔ ႏိုင္ငံေရး ဘာသာေရး အျမင္မတူပဲ အဆင္ေျပမလားဆိုတာ ဘယ္ေလာက္ သေဘာထားႀကီးႏိုင္မလဲဆိုတာ မူတည္ပါတယ္။ သင္က ဘာသာမဲ့၊ သူမက ခရစ္ယန္ဆိုရင္ ခ်စ္စမွာေတာ့ ေက်ာ္လႊားသြားႏိုင္ေပမယ့္ အခ်ိန္ၾကာလာရင္ေတာ့ ျပသနာ ျဖစ္လာမွာပါ။ ႏိုင္ငံေရးလဲ တူတူပါပဲ။ အေရးႀကီးတာက သူမနဲ႔ အစကတည္း ရည္းစားမျဖစ္ခင္ထဲက ေဆြးေႏြးထားဖို႔ပါ။

၉. က်န္းမာေရး ျပသနာမ်ား

ပထမဆံုး Date မွာ သင့္ရဲ႕ က်န္းမာေရးမေကာင္းေၾကာင္း မေျပာတာ မွန္ပါတယ္။ ဒါေပမယ့္ အျမဲတမ္း ဖံုးကြယ္လို႔ ရမယ္ မထင္ပါနဲ႔။ STD၊ ဆီးခ်ိဳ၊ ေသးေသးမႊားမႊား ဆံပင္ကြၽတ္တာပဲ ျဖစ္ျဖစ္ တျဖည္းျဖည္းနဲ႔သူမသိလာမွာပါ။ သင္တို႔ရဲ႕ က်န္းမာေရးျပသနာေတြအေၾကာင္း ေစာေစာ ေဆြးေႏြးႏိုင္ရင္ ခ်စ္ဇာတ္လမ္း ေရ႐ွည္ တည္တံ့ပါမလားဆိုတာ ေစာေစာ ဆံုးျဖတ္ႏိုင္ပါတယ္။

၁၀. ေယာက္်ားအလုပ္ေတြ မလုပ္တတ္တာ

သင္ ကားတာယာခ်ိန္းတာက စၿပီး ဘီယာခ်က္တာအထိ ေယာက္်ားအလုပ္ေတြကို တတ္ႏိုင္သမ်ွ သင္ထားသင့္ပါတယ္။ ဒါေပမယ့္ မတတ္ရင္လဲ သူမအတြက္ အရမ္းကိစၥ မ႐ွိပါဘူး။ သူမနဲ႔ တူတူ ခရီးသြားတုန္း ကားဘီးေပါက္သြားလို႔ သင္မလုပ္တတ္ရင္ တျခားေယာက္်ားတစ္ေယာက္ကို အကူအညီေတာင္းလိုက္ပါ။ မလုပ္တတ္လုပ္တတ္နဲ႔ သူမကို မလိမ္ညာပါနဲ႔။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

သူမဆီကနေ သင် သိုဝှက်ထားလို့ မရတဲ့အရာများ

လူတိုင်း အမှား လုပ်တတ်တာ ချည်းပါပဲ။ ကျွန်တော်တို့ ဂုဏ်ယူစရာမဟုတ်တဲ့ ကိစ္စလေးတွေကို အတိတ်တုန်းက လုပ်ခဲ့ဖူးပါတယ်။ ပြီးတော့ ကျွန်တော်တို့ ကိုယ်ကျင့်တရားအတွက် အခုအချိန်မှာ ဖုန်းကွယ်ထားရပါတယ်။ ဒါပေမယ့် သင့်ကောင်မလေး အဲဒါတွေ အကြောင်းမေးလာတိုင်း စကားရော ဖောရောလုပ်ပြီး ရှောင်ထွက်သွားလို့ မရပါဘူး။ ရိုးသားမှုက အကောင်းဆုံး နည်းလမ်း ဖြစ်နိုင်ပါတယ်။

သင် သိုဝှက်ထားချင်ပေမယ့် တဖြည်းဖြည်း သူမသိလာမဲ့ အရာ ၁၀ ခုအကြောင်း ဖော်ပြလိုက်ပါတယ်။

၁. သင် အပြာကား ကြည့်တာ

သင် အပြာကားကြည့်ပါတယ်။ သူမလဲ ကြည့်ဖူးဖို့ လမ်းများပါတယ်။ သင်က အပြာကားကြည့်တာ ဘယ်လောက် မကြိုက်ဖူးပဲပြောပြော သူမ ယုံဖို့ မရှိပါဘူး။ တစ်နေ့မှာ သင့်ဖုန် Gallery ထဲက 10 GB လောက်ရှိတဲ့ အပြာကားတွေကို တွေ့သွားရင်တော့ သင့်မှာ လိမ်မှုနဲ့ ကွိုင်တက်သွားပါလိမ့်မယ်။ အပြာကားကြည့်မှုက ကွိုင်မတက်ပါဘူး။

၂. အကြွေး အများကြီး ရှိတာ

ကျွန်တော်တို့မှာ အကြွေးတွေ ရှိတတ်ပါတယ်။ လူတိုင်း ချေးငှါးဖူးတာ ချည်းပါပဲ။ သင် ပိုက်ဆံ ချေးထားတာ သူမကိစ္စတော့ မဟုတ်ပါဘူး။ သင့်တာဝန်ပါ။ ဒါပေမယ့် သူမဆီကတော့ ဖုန်းကွယ်မထားပါနဲ့။ ရုပ်ရှင်ကြည့့်ဖို့ကို အပါတ်တိုင်း ငြင်းနေရင်တော့ သူမ သံသယ ဝင်လာပါလိမ့်မယ်။ သူမကို သေချာရှင်းပြပြီး အကြွေးကြေအောင် ဘယ်လိုလုပ်မယ် စီစဉ်ထားတယ်ဆိုတာပါ ပြောပြလိုက်ပါ။

၃. ညစ်ပတ်တာ

ခြောက်ပါတ်စာလောက် မဆေးရသေးတဲ့ ပန်းကန်တွေ ဘေစင်ထဲမှာ၊ ကြမ်းပြင်ပေါ်မှာရှိတာ၊ ခုံတွေ ကုတင်တွေမှာ အဝတ်ညစ်ညစ်ပါတ်ပါတ်တွေနဲ့ လွှမ်းထားတာ၊ အဲဒိအရည်အချင်းတွေနဲ့ ပြည့်စုံရင်တော့ သင်ဟာ ညစ်ပါတ်ပါတယ်။ မြန်မြန်ရှင်းဖို့ ပြင်ထားပါ။ တစ်ခါတစ်လေမှာတော့ သူမလဲ ညစ်ပါတ်တတ်ပါတယ်။ အဲဒါဆိုရင်တော့ သူမ သင့်အခန်း လာလည်တိုင်း ရှင်းဖို့ မလိုတော့ဘူးပေါ့။

၄. အရင်က မိန်းမရှုပ်ဖူးတာ

မိန်းမတွေဟာ အဲဒိကိစ္စနဲ့ ပါတ်သတ်လာရင် သတင်းထောက် အရမ်းကျွမ်းကျင်တတ်ပါတယ်။ သင် အရင်က ပွေဘူးတယ်ဆို ဘာကြောင့်ပဲ ဖြစ်ဖြစ် ကြိုကြိုတင်တင် ပြောပြထားပါ။ သူမဘာသာ စုံစမ်းလို့ သိသွားရင်တော့ ဘာဖြစ်လို့ ဖြစ်သွားမှန်းတောင် သိမှာမဟုတ်ပါဘူး။

၅. သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာများ

သင့်ရဲ့ စိတ်ဖိစီးမှု၊ ဒေါသတွေကို အစမှာတော့ သူမဆီက သိုဝှက်ထားနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကြာလာရင် အဲဒါတွေက သူမကို သွားထိခိုက်စေပါလိမ့်မယ်။ အစကထဲက သူမကို ပြောပြထားပြီး နှစ်ယောက်တူတူ ပြင်ဖို့ ကြိုးစားတာက ပိုပြီး ကောင်းမွန်ပါတယ်။ သင် စိတ်ထိခိုက်နေရင် သူမကို ချော့ခွင့် ပေးလိုက်ပါ။

၆. ဆေးလိပ်သောက်တာ၊ ဆေးချတာ

သင်ကတော့ သူမ မရှိချိန် အဲဒါတွေ လုပ်လို့ရတယ် ထင်နေမှာပါ။ သင်တကယ်လုပ်နေတာက အဲဒါတွေကို သင့်ကို ချစ်တဲ့သူထက် ပိုပြီးအရေးပေးနေတာပါပဲ။ ဖြစ်သင့်တာက သူမကို အသိပေးထားပါ။ ပြီးတော့ တတ်နိုင်ရင် သူမရဲ့ အကူအညီနဲ့ ပြင်ဖို့ကြိုးစားပါ။

၇. သဝန်တိုတတ်တာ

သဝန်မတိုပါနဲ့ ဆိုတာဟာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ မိန်းမတွေက သင် သူမကို ဂရုစိုက်တာ ကြိုက်ကြပေမယ့် သူမဆီလာတဲ့ ဖုန်းတိုင်းကို ဒါဘယ်သူလဲ မေးနေရင်တော့ စိတ်ညစ်လာမှာပါ။ တခြားကောင်တွေနဲ့ သဝန်တိုတတ်ရင် သူမကို ကြိုပြောထားပါ။ မဟုတ်ရင် ရန်ပွဲတွေနဲ့ သင်တို့ ဇာတ်လမ်း ဆုံးသွားပါလိမ့်မယ်။

၈. ဘာသာတရား ဒါမှမဟုတ် နိုင်ငံရေးမှာ အရမ်းစိတ်ဝင်စားတာ

သင်နဲ့ သင့်မိန်းကလေးနဲ့ နိုင်ငံရေး ဘာသာရေး အမြင်မတူပဲ အဆင်ပြေမလားဆိုတာ ဘယ်လောက် သဘောထားကြီးနိုင်မလဲဆိုတာ မူတည်ပါတယ်။ သင်က ဘာသာမဲ့၊ သူမက ခရစ်ယန်ဆိုရင် ချစ်စမှာတော့ ကျော်လွှားသွားနိုင်ပေမယ့် အချိန်ကြာလာရင်တော့ ပြသနာ ဖြစ်လာမှာပါ။ နိုင်ငံရေးလဲ တူတူပါပဲ။ အရေးကြီးတာက သူမနဲ့ အစကတည်း ရည်းစားမဖြစ်ခင်ထဲက ဆွေးနွေးထားဖို့ပါ။

၉. ကျန်းမာရေး ပြသနာများ

ပထမဆုံး Date မှာ သင့်ရဲ့ ကျန်းမာရေးမကောင်းကြောင်း မပြောတာ မှန်ပါတယ်။ ဒါပေမယ့် အမြဲတမ်း ဖုံးကွယ်လို့ ရမယ် မထင်ပါနဲ့။ STD၊ ဆီးချို၊ သေးသေးမွှားမွှား ဆံပင်ကျွတ်တာပဲ ဖြစ်ဖြစ် တဖြည်းဖြည်းနဲ့သူမသိလာမှာပါ။ သင်တို့ရဲ့ ကျန်းမာရေးပြသနာတွေအကြောင်း စောစော ဆွေးနွေးနိုင်ရင် ချစ်ဇာတ်လမ်း ရေရှည် တည်တံ့ပါမလားဆိုတာ စောစော ဆုံးဖြတ်နိုင်ပါတယ်။

၁၀. ယောက်ျားအလုပ်တွေ မလုပ်တတ်တာ

သင် ကားတာယာချိန်းတာက စပြီး ဘီယာချက်တာအထိ ယောက်ျားအလုပ်တွေကို တတ်နိုင်သမျှ သင်ထားသင့်ပါတယ်။ ဒါပေမယ့် မတတ်ရင်လဲ သူမအတွက် အရမ်းကိစ္စ မရှိပါဘူး။ သူမနဲ့ တူတူ ခရီးသွားတုန်း ကားဘီးပေါက်သွားလို့ သင်မလုပ်တတ်ရင် တခြားယောက်ျားတစ်ယောက်ကို အကူအညီတောင်းလိုက်ပါ။ မလုပ်တတ်လုပ်တတ်နဲ့ သူမကို မလိမ်ညာပါနဲ့။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%