အခုႏွစ္ပိုင္းအတြင္း ျမန္မာႏိုင္ငံမွာ ထူးထူးျခားျခား အေရာင္းပံုစံနဲ႔ အက်ိဳးခံစားခြင့္ရွိတဲ့ စီးပြားေရးလုပ္ငန္းေတြ အေတာ္မ်ားမ်ားစိမ့္၀င္ပ်ံ႕ႏွံလာခဲ့ပါတယ္။ အရင္ကတည္းကလည္း အလားတူပံုစံနဲ႔ စီးပြားေရးလုပ္ငန္းေတြ ရွိခဲ့ေပမယ့္ အခုေလာက္အထိ အေရအတြက္မမ်ားခဲ့သလို လူသိလည္းနည္းခဲ့ပါတယ္။ ဒါေပမယ့္ အခုအခါမွာေတာ့ အမွတ္တံဆိပ္နာမည္အမ်ိဳးမ်ိဳးနဲ႔ လုပ္ငန္းေတြ မ်ားစြာေပၚထြက္လာၿပီး နည္းမ်ိဳးစံု၊ စနစ္မ်ိဳးစံုနဲ႔ ဆြဲေဆာင္ေနၾကပါတယ္။ ဒီလို စီးပြားေရးလုပ္ငန္းေတြကေတာ့ Multi-level Marketing (MLM) စနစ္နဲ႔ ေရာင္း၀ယ္ျဖန္႔ျဖဴးေနတဲ့ စီးပြားေရးလုပ္ငန္းေတြပဲျဖစ္ပါတယ္။
Multi-level Marketing (MLM) ဆိုတာကေတာ့ အေရာင္းသမားေတြအေနနဲ႔ သူတို႔ေရာင္းႏိုင္တဲ့ ေရာင္းအားေပၚမွာသာမက ဖိတ္ေခၚစည္း႐ုံးေပးႏိုင္တဲ့ အျခားအေရာင္းသမားေတြရဲ႕ ေရာင္းအားအတြက္ကိုပါ အက်ိဳးခံစားခြင့္ေပးထားတဲ့ Marketing Strategy တစ္ခုပဲျဖစ္ပါတယ္။ ဒီလို အေရာင္းသမားေတြက ဖိတ္ေခၚစည္း႐ုံးေပးထားၿပီး အဖြဲ႕၀င္ျဖစ္လာတဲ့ အေရာင္းသမားေတြကို Downline (တခ်ိဳ႕ေတြကေတာ့ ဒီလိုေခၚတာကို လက္ခံတတ္ၾကပါဘူး) လို႔ ေခၚဆိုၾကၿပီး အဆင့္လိုက္အဆင့္လိုက္ အက်ိဳးခံစားခြင့္ေတြ ျဖည့္ဆည္းေပးႏိုင္ပါတယ္။ MLM လုပ္ငန္းေတြကို Pyramid Selling, Network marketing နဲ႔ referral marketing လို႔လည္း ေခၚဆိုၾကပါတယ္။
ေျပာရမယ္ဆိုရင္ MLM ဆိုတာ ၀ယ္သူထံ တိုက္႐ိုက္ေရာင္းခ်တဲ့ စနစ္တစ္မ်ိဳးပဲျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ေတာ့ ကုန္ပစၥည္းေတြကို တိုက္႐ိုက္ေရာင္းခ်တယ္ဆိုရာမွာ အေရာင္းသမားေတြဟာ ခင္မင္ရင္းႏွီးမႈေၾကာင့္ပဲျဖစ္ျဖစ္၊ ႏႈတ္ေျပာစကားနဲ႔ ေၾကာ္ျငာေရာင္းခ်တာပဲျဖစ္ျဖစ္နဲ႔ သံုးစြဲသူေတြကို ေရာင္းခ်တာျဖစ္ပါတယ္။ MLM စနစ္မွာေတာ့ အေရာင္းသမားေတြဟာ ကုမၸဏီရဲ႕ထုတ္ကုန္ေတြကို ေရာင္းခ်႐ုံသာမက သံုးစြဲသူေတြကို ျဖန္႔ျဖဴးေရး အေရာင္းကိုယ္စားလွယ္ေတြအျဖစ္နဲ႔ ပါ၀င္ဖို႔အထိ ဖိတ္ေခၚစည္း႐ုံးၾကပါတယ္။
MLM ပံုစံနဲ႔ အက်ိဳးခံစားခြင့္ေပးတဲ့ ကုမၸဏီေတြမွာ ေ၀ဖန္မႈေတြ၊ တရားစြဲဆိုခံရမႈေတြ မၾကာခဏၾကံဳေတြ႕ရေလ့ ရွိပါတယ္။ အထူးသျဖင့္ေတာ့ Pyramid Schemes နဲ႔ အသြင္တူေနတာ၊ ကုန္ပစၥည္းေစ်းႏႈန္းႀကီးျမင့္တာ၊ ကနဦး ရင္းႏွီးထည့္၀င္ေငြမ်ားတာ၊ ကုန္ပစၥည္းေရာင္းခ်ဖို႔ထက္ အဖြဲ႕၀င္သစ္စည္း႐ုံးေရးကို ပိုၿပီးအားေပးလႈံ႕ေဆာ္တာ၊ အဖြဲ႕၀င္ေတြအေနနဲ႔ ကုန္ပစၥည္းေတြကို မလိုအပ္ပဲ ၀ယ္ယူေနရတာ၊ ပုဂၢိဳဟ္ေရးခင္မင္မႈေတြကို ကုန္ပစၥည္းေရာင္းခ်ဖို႔၊ အဖြဲ႕၀င္အျဖစ္ဆြဲေဆာင္ဖို႔ ပစ္မွတ္ထားခိုင္းတာ၊ ႐ႈပ္ေထြးၿပီး နားလည္ရခက္တဲ့ အက်ိဳးခံစားခြင့္ပံုစံသတ္မွတ္ထားတာေတြေၾကာင့္ ေ၀ဖန္ျပစ္တင္ခံေနၾကရတာျဖစ္ပါတယ္။
ျပင္သစ္ႏိုင္ငံသား စာေရးဆရာနဲ႔ ေစ်းကြက္ပညာရွင္ Dominique Xardel ကေတာ့ Network marketing နဲ႔ Multi-level Marketing တို႔ဟာ အနက္တူသံကြဲေ၀ါဟာရေတြသာ ျဖစ္ၿပီး တိုက္႐ိုက္အေရာင္းစနစ္ပံုစံကြဲေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။ Xardel ရဲ႕အဆိုအရ Direct Selling (တိုက္႐ိုက္အေရာင္းစနစ္)နဲ႔ Network marketing (ကြန္ယက္ေစ်းကြက္)စနစ္ဆိုတာေတြက ျဖန္႔ျဖဴးေရးစနစ္ကို ဆိုလိုၿပီး Multi-level Marketing ဆိုတာကေတာ့ အက်ိဳးခံစားခြင့္အစီအစဥ္ကို ေဖာ္ညႊန္းတယ္လို႔ ဆိုပါတယ္။ Multi-level marketing ကို ရည္ညႊန္းေဖာ္ျပတဲ့ အျခားအေခၚအေ၀ၚေတြကေတာ့ Word-of-mouth marketing, interactive distribution နဲ႔ relationship marketing စတာေတြပဲျဖစ္ပါတယ္။ ဒီလိုမ်ိဳး အေခၚအေ၀ၚေတြ အမ်ိဳးမ်ိဳးကို အသံုးျပဳတာက Multi-level Marketing စနစ္ကို တရားမ၀င္ ေငြေၾကးကလိန္က်မႈ (Ponzi schemes), ဆင့္ပြားစာ (Chain letters) စတဲ့ သံုးစြဲသူေတြဆီကို လိမ္လည္ေနတဲ့ စနစ္ပံုစံေတြနဲ႔ ကြဲျပားဖို႔ ျဖစ္တယ္လို႔ ဆိုပါတယ္။
Multi-level Marketing လုပ္ငန္းေတြကို ေထာက္ခံအားေပးေနတဲ့ အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ Direct Selling Association(DSA) ကေတာ့ (၁၉၉၀)ခုႏွစ္မွာ အဖြဲ႕၀င္ကုမၸဏီေတြရဲ႕(၂၅)ရာခိုင္ႏႈန္းေလာက္သာ MLM စနစ္ကို အသံုးျပဳခဲ့ၿပီၚ (၁၉၉၉)ခုႏွစ္မွာ (၇၇.၃)ရာခိုင္ႏႈန္းအထိ ျမင့္တက္လာတယ္လို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ (၂၀၀၉)ခုႏွစ္မွာ DSA အဖြဲ႕၀င္ကုမၸဏီေတြရဲ႕ (၉၄.၂)ရာခိုင္ႏႈန္းက MLM စနစ္ကို သံုးေနၿပီျဖစ္ၿပီး ေရာင္းခ်သူ (၉၉.၆)ရာခိုင္ႏႈန္းနဲ႔ ေရာင္းအား (၉၇.၁)ရာခိုင္ႏႈန္းအထိ ရွိခဲ့တယ္လို႔လည္း ေၾကညာခဲ့ပါတယ္။ Avon, Electorlux, Tupperware နဲ႔ Kirby တို႔လို ကုမၸဏီေတြက ယခင္ Single level Marketing ပံုစံနဲ႔ ထုတ္ကုန္ေတြကို ေရာင္းခ်ရာကေန MLM ပံုစံအက်ိဳးခံစားခြင့္စနစ္ကို သံုးလာၾကပါတယ္။ DSA ရဲ႕ ခန္႔မွန္းခ်က္အရ အေမရိကန္ျပည္ေထာင္စုတစ္ခုတည္းမွာတင္ MLM စနစ္ကို အသံုးျပဳေနတဲ့ လုပ္ငန္းေပါင္း (၁၀၀၀)ေက်ာ္ရွိတယ္လို႔ ဆိုပါတယ္။
သမိုင္းေၾကာင္းနဲ႔ ဖြဲ႕စည္းပံု
MLM စနစ္ရဲ႕ မူလဇစ္ျမစ္နဲ႔ ပတ္သက္လို႔ကေတာ့ အခုခ်ိန္ထိ အျငင္းပြားေနရဆဲျဖစ္ပါတယ္။ ဒါေပမယ့္ MLM ပံုစံ စီးပြားေရးလုပ္ငန္းေတြကေတာ့ (၁၉၂၀–၁၉၃၀)ခုႏွစ္ေတြေလာက္ကတည္းက ရွိခဲ့တာျဖစ္ပါတယ္။ MLM စနစ္ရဲ႕ ဖြဲ႕စည္းပံုမွာဆိုရင္ ျဖန္႔ျဖဴးေရးကိုယ္စားလွယ္၊ စီးပြားဖက္၊ အလြတ္တန္းစီးပြားေရးလုပ္ငန္းရွင္၊ အလြတ္တန္းကိုယ္စားလွယ္ စသျဖင့္ အမ်ိဳးမ်ိဳးေခၚဆိုၾကတဲ့ အဖြဲ႕၀င္ေတြဟာ ကုမၸဏီရဲ႕ ထုတ္ကုန္ ဒါမွမဟုတ္ ၀န္ေဆာင္မႈကို ျဖန္႔ျဖဴးပိုင္ခြင့္ရရွိပါတယ္။ ဒီအတြက္ကိုလည္း သူတို႔မွာ လစာေတာ့ရမွာမဟုတ္ပါဘူး။ ဒီလို အဖြဲ႕၀င္ကိုယ္စားလွယ္ေတြအေနနဲ႔ ထုတ္ကုန္ ဒါမွမဟုတ္ ၀န္ေဆာင္မႈကို ကုမၸဏီကေန လက္ကားေစ်းနဲ႔ ၀ယ္ယူႏိုင္ၿပီး သံုးစြဲသူထံကို လက္လီေရာင္းခ်ႏိုင္ခဲ့ရင္ လက္ငင္းအျမတ္အျပင္ အဆင့္လိုက္ အက်ိဳးခံစားခြင့္ အစီအစဥ္အရ သူတို႔ကိုယ္တိုင္ေရာင္းအားနဲ႔ သူတို႔ဖိတ္ေခၚေပးထားတဲ့ Downline အဖြဲ႕အစည္းရဲ႕ ေရာင္းအား ပမာဏေပၚမွာမူတည္ၿပီး ကုမၸဏီကေပးတဲ့ ေကာ္မရွင္ကိုပါ ရရွိမွာျဖစ္ပါတယ္။ ဒီအတြက္ အဖြဲ႕၀င္ေတြအေနနဲ႔ ကုမၸဏီက ပစၥည္းေတြကို အျမဲတေစ တိုက္႐ုိက္၀ယ္ယူသံုးစြဲႏိုင္တဲ့ သံုးစြဲသူကြန္ယက္တစ္ခုကို တည္ေဆာက္ျခင္း ဒါမွမဟုတ္ ေနာက္ထပ္အဖြဲ႕၀င္သစ္ေတြကို ဖိတ္ေခၚစည္း႐ုံးျခင္းတို႔နဲ႔ Downline အဖြဲ႕အစည္းကို တိုးခ်ဲ႕ရပါတယ္။
MLM စနစ္က တကယ္၀င္ေငြအေျမာက္အျမားေပးႏိုင္လား ?
ကမာၻမွာ လူသိမ်ားထင္ရွားတဲ့ MLM လုပ္ငန္းႀကီးေတြရဲ႕ ၀င္ေငြပမာဏနဲ႔ ပတ္သက္ၿပီး ရင္းျမစ္အမ်ိဳးမ်ိဳးမွာ ေဖာ္ျပထားတာေတြကို ေလ့လာၾကည့္ရင္ သိႏိုင္ပါတယ္။
– အစိုးရစံုစမ္းစစ္ေဆးမႈေတြအရ ၿဗိတိန္ႏိုင္ငံအေျခစိုက္ Amway ကုမၸဏီရဲ႕ ကိုယ္စားလွယ္ေတြထဲက (၁၀)ရာခိုင္ႏႈန္းေလာက္ပဲ အေရာင္းအဝယ္ျဖစ္ထြန္းၿပီး (၁၀)ေယာက္မွာ (၁)ေယာက္ေလာက္ကပဲ ထုတ္ကုန္ကို ေရာင္းခ်ႏိုင္တယ္လို႔ TIMES သတင္းစာမွာ ေဖာ္ျပထားပါတယ္။
– Newsweek သတင္းစာေစာင္ကလည္း Mona Vie ကုမၸဏီရဲ႕ (၂၀၀၇)ခုႏွစ္ ၀င္ေငြေၾကညာခ်က္အရ အဖြဲ႕၀င္ေတြရဲ႕ (၁)ရာခိုင္ႏႈန္းေလာက္ကပဲ အဆင့္မွီ အက်ိဳးခံစားခြင့္ရရွိခဲ့ၿပီး (၁၀)ရာခိုင္ႏႈန္းေလာက္ကသာ တစ္ပတ္ကို ေဒၚလာ(၁၀၀)နဲ႔အထက္ ၀င္ေငြရရွိခဲ့တဲ့အေၾကာင္း ေဖာ္ျပခဲ့ပါတယ္။
– အေမရိကန္ျပည္ေထာင္စုမွာ MLM လုပ္ငန္းေတြက အဖြဲ႕၀င္ (၉၀)ရာခိုင္ႏႈန္းရဲ႕ တစ္ႏွစ္အတြင္းပ်မ္းမွ်၀င္ေငြဟာ ေဒၚလာ(၅၀၀၀)ထက္မပိုတဲ့အတြက္ ဘယ္လိုနည္းနဲ႔မွ ၿပီးျပည့္စံုတဲ့ဘ၀ကို တည္ေဆာက္ႏိုင္မွာ မဟုတ္ဘူးလို႔လည္း ေဖာ္ျပခဲ့ၾကပါတယ္။
– အၿငိမ္းစား စီးပြားေရးပါေမာကၡတစ္ဦးျဖစ္ၿပီး Multi-level marketing အေၾကာင္းကို ႏွစ္ေပါင္း (၄၀)ေလာက္ ေလ့လာသုေတသနျပဳခဲ့သူ Roland Whitsell ကလည္း MLM အဖြဲ႕၀င္ေတြအေနနဲ႔ လူရွာဖို႔ ၀န္ပိေနတတ္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ဒီလုပ္ငန္းေတြရဲ႕ မူလထုတ္ကုန္က အခြင့္အလမ္းျဖစ္ၿပီး လူေတြရဲ႕ တလြဲေမွ်ာ္လင့္ခ်က္ကို စြမ္းအားျပည့္၀တဲ့ စိတ္ဓာတ္လႈံ႔ေဆာ္ေရးအင္အားအျဖစ္ အသံုးျပဳေနတာ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။
တရား၀င္မႈ ရွိမရွိ ?
အေမရိကန္ျပည္ေထာင္စုက ျပည္နယ္(၅၀)မွာ လုပ္ကိုင္ေနတဲ့ MLM စီးပြားေရးလုပ္ငန္းေတြကို affiliate marketing ဒါမွမဟုတ္ Home-based business franchising ဆိုၿပီး ေခၚေ၀ၚသံုးစြဲၾပါတယ္။ Pyramid Schemes ေတြကလည္း သူတို႔ကို သူတို႔ တရား၀င္ MLM စီးပြားေရးပံုစံျဖစ္ဖို႔ ႀကိဳးစားေနၾကပါတယ္။ MLM လုပ္ငန္းေတြကိုယ္တိုင္ကလည္း တရား၀င္ျဖစ္သည့္တိုင္ေအာင္ Pyramid ပံုစံျဖစ္ေနတတ္ၾကပါတယ္။
အေမရိကန္ဗဟိုကုန္သြယ္ေရးေကာ္မရွင္ကေတာ့ ကုန္ပစၥည္းေရာင္းခ်တာထက္ အဖြဲ႕၀င္စည္း႐ုံးႏိုင္မႈအေပၚကို ေကာ္မရွင္ေပးတဲ့ MLM ပံုစံေတြကို ေရွာင္ဖို႔ သတိေပးထားပါတယ္။ ဒီလိုပံုစံေတြက တကယ့္ကို တရားမ၀င္ Pyramid Schemes ေတြ ျဖစ္တာေၾကာင့္ပါ။ Pyramid Schemes ေတြက အႏၱရာယ္မ်ားပါတယ္။ ဘာေၾကာင့္လဲဆိုရင္ အဖြဲ႕၀င္စည္း႐ုံးႏိုင္မႈအေပၚမွာ ေကာ္မရွင္ေပးတာေၾကာင့္ အဖြဲ႕၀င္သစ္ေတြ မစည္း႐ုံးႏိုင္ေတာ့တဲ့အခါမွာ အစီအစဥ္တစ္ခုလံုး ၿပိဳလဲသြားတတ္ၿပီး လူအမ်ားစုက လက္လြတ္ခြက္ခၽြတ္နဲ႔ က်န္ခဲ့တတ္တာေၾကာင့္ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ MLM လုပ္ငန္းတိုင္းက တရား၀င္မဟုတ္သလို ေတာ္ေတာ္မ်ားမ်ားက Pyramid Schemes ေတြ ျဖစ္ေနတတ္ပါတယ္။ ဒါ့ေၾကာင့္ အဖြဲ႕၀င္မဟုတ္ပဲ ကုန္ပစၥည္းကို သံုးစြဲလိုသူကို ေရာင္းခ်ႏိုင္တဲ့ ေရာင္းအားေပၚမွာထက္ အဖြဲ႕၀င္ရွာေဖြႏိုင္မႈနဲ႔ အဖြဲ႕၀င္သစ္ေတြကို ကုန္ပစၥည္းေရာင္းခ်ႏိုင္မႈေပၚမွာ အက်ိဳးခံစားခြင့္ ေကာ္မရွင္ေပးတဲ့ MLM ကုမၸဏီေတြကို ေရွာင္ၾကဖို႔ USFTC က သတိေပးခ်က္ထုတ္ျပန္ထားပါတယ္။
MLM လုပ္ငန္းေတြဟာ သူတို႔ရဲ႕အဖြဲ႕၀င္အမ်ားစုကို ေပးထားတဲ့ကတိေတြ တည္ေအာင္ ျဖည့္ဆည္းမေပးႏိုင္တဲ့အတြက္လည္း ေ၀ဖန္ျပစ္တင္ခံေနရပါတယ္။ ေသခ်ာေလ့လာၾကည့္မယ့္ဆိုရင္ သူတို႔လုပ္ငန္းေတြမွာ ရရွိတဲ့ ေအာင္ျမင္မႈနဲ႔ ေငြေၾကးျပည့္စံုမႈက အျခားစီးပြားေရးလုပ္ငန္းေတြေလာက္ေတာင္ မေသခ်ာပါဘူး။ ေနာက္တစ္ခ်က္ကေတာ့ အဖြဲ႕၀င္သစ္ေတြ အျမဲတမ္းလိုအပ္ေနတာပဲျဖစ္ပါတယ္။ MLM စနစ္မွာ ပါ၀င္သူေတြကို အဖြဲ႕၀င္ကုိယ္စားလွယ္သစ္ေတြ ရွာေဖြစည္း႐ုံးဖို႔ တိုက္တြန္းလႈံ႕ေဆာ္မႈေတြေၾကာင့္ MLM လုပ္ငန္းအမ်ားစုကလည္း Pyramid Schemes ပံုစံျဖစ္လာခဲ့ပါတယ္။ ဒီလိုနဲ႔ပဲ Multi-level Marketing ကုမၸဏီအမ်ားစုဟာ အေမရိကန္ျပည္ေထာင္စုမွာ တရား၀င္လက္ခံထားတဲ့ pyramid scheme ပံုစံတစ္ခုအျဖစ္နဲ႔ ရပ္တည္ေနၾကပါတယ္။
တကယ္တမ္းေတာ့ စီးပြားေရးေ၀ဖန္ေရးဆရာ Robert L.FitzPatrick ရဲ႕စကားအတိုင္းေျပာမယ္ဆိုရင္ Multi-level Marketing (MLM) လုပ္ငန္းေတြဟာ ေလထဲမွာ လြင့္ေမ်ာေနတဲ့ ဆပ္ျပာပူေဖာင္းေတြနဲ႔ တူၿပီး ေနာက္ဆံုးမွာ ေပါက္ကြဲ ေပ်ာက္ကြယ္သြားၾကမွာ ျဖစ္ပါတယ္။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
အခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ ထူးထူးခြားခြား အရောင်းပုံစံနဲ့ အကျိုးခံစားခွင့်ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ အတော်များများစိမ့်ဝင်ပျံ့နှံလာခဲ့ပါတယ်။ အရင်ကတည်းကလည်း အလားတူပုံစံနဲ့ စီးပွားရေးလုပ်ငန်းတွေ ရှိခဲ့ပေမယ့် အခုလောက်အထိ အရေအတွက်မများခဲ့သလို လူသိလည်းနည်းခဲ့ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ အမှတ်တံဆိပ်နာမည်အမျိုးမျိုးနဲ့ လုပ်ငန်းတွေ များစွာပေါ်ထွက်လာပြီး နည်းမျိုးစုံ၊ စနစ်မျိုးစုံနဲ့ ဆွဲဆောင်နေကြပါတယ်။ ဒီလို စီးပွားရေးလုပ်ငန်းတွေကတော့ Multi-level Marketing (MLM) စနစ်နဲ့ ရောင်းဝယ်ဖြန့်ဖြူးနေတဲ့ စီးပွားရေးလုပ်ငန်းတွေပဲဖြစ်ပါတယ်။
Multi-level Marketing (MLM) ဆိုတာကတော့ အရောင်းသမားတွေအနေနဲ့ သူတို့ရောင်းနိုင်တဲ့ ရောင်းအားပေါ်မှာသာမက ဖိတ်ခေါ်စည်းရုံးပေးနိုင်တဲ့ အခြားအရောင်းသမားတွေရဲ့ ရောင်းအားအတွက်ကိုပါ အကျိုးခံစားခွင့်ပေးထားတဲ့ Marketing Strategy တစ်ခုပဲဖြစ်ပါတယ်။ ဒီလို အရောင်းသမားတွေက ဖိတ်ခေါ်စည်းရုံးပေးထားပြီး အဖွဲ့ဝင်ဖြစ်လာတဲ့ အရောင်းသမားတွေကို Downline (တချို့တွေကတော့ ဒီလိုခေါ်တာကို လက်ခံတတ်ကြပါဘူး) လို့ ခေါ်ဆိုကြပြီး အဆင့်လိုက်အဆင့်လိုက် အကျိုးခံစားခွင့်တွေ ဖြည့်ဆည်းပေးနိုင်ပါတယ်။ MLM လုပ်ငန်းတွေကို Pyramid Selling, Network marketing နဲ့ referral marketing လို့လည်း ခေါ်ဆိုကြပါတယ်။
ပြောရမယ်ဆိုရင် MLM ဆိုတာ ၀ယ်သူထံ တိုက်ရိုက်ရောင်းချတဲ့ စနစ်တစ်မျိုးပဲဖြစ်ပါတယ်။ များသောအားဖြင့်တော့ ကုန်ပစ္စည်းတွေကို တိုက်ရိုက်ရောင်းချတယ်ဆိုရာမှာ အရောင်းသမားတွေဟာ ခင်မင်ရင်းနှီးမှုကြောင့်ပဲဖြစ်ဖြစ်၊ နှုတ်ပြောစကားနဲ့ ကြော်ငြာရောင်းချတာပဲဖြစ်ဖြစ်နဲ့ သုံးစွဲသူတွေကို ရောင်းချတာဖြစ်ပါတယ်။ MLM စနစ်မှာတော့ အရောင်းသမားတွေဟာ ကုမ္ပဏီရဲ့ထုတ်ကုန်တွေကို ရောင်းချရုံသာမက သုံးစွဲသူတွေကို ဖြန့်ဖြူးရေး အရောင်းကိုယ်စားလှယ်တွေအဖြစ်နဲ့ ပါ၀င်ဖို့အထိ ဖိတ်ခေါ်စည်းရုံးကြပါတယ်။
MLM ပုံစံနဲ့ အကျိုးခံစားခွင့်ပေးတဲ့ ကုမ္ပဏီတွေမှာ ဝေဖန်မှုတွေ၊ တရားစွဲဆိုခံရမှုတွေ မကြာခဏကြုံတွေ့ရလေ့ ရှိပါတယ်။ အထူးသဖြင့်တော့ Pyramid Schemes နဲ့ အသွင်တူနေတာ၊ ကုန်ပစ္စည်းစျေးနှုန်းကြီးမြင့်တာ၊ ကနဦး ရင်းနှီးထည့်ဝင်ငွေများတာ၊ ကုန်ပစ္စည်းရောင်းချဖို့ထက် အဖွဲ့ဝင်သစ်စည်းရုံးရေးကို ပိုပြီးအားပေးလှုံ့ဆော်တာ၊ အဖွဲ့ဝင်တွေအနေနဲ့ ကုန်ပစ္စည်းတွေကို မလိုအပ်ပဲ ၀ယ်ယူနေရတာ၊ ပုဂ္ဂိုဟ်ရေးခင်မင်မှုတွေကို ကုန်ပစ္စည်းရောင်းချဖို့၊ အဖွဲ့ဝင်အဖြစ်ဆွဲဆောင်ဖို့ ပစ်မှတ်ထားခိုင်းတာ၊ ရှုပ်ထွေးပြီး နားလည်ရခက်တဲ့ အကျိုးခံစားခွင့်ပုံစံသတ်မှတ်ထားတာတွေကြောင့် ဝေဖန်ပြစ်တင်ခံနေကြရတာဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံသား စာရေးဆရာနဲ့ စျေးကွက်ပညာရှင် Dominique Xardel ကတော့ Network marketing နဲ့ Multi-level Marketing တို့ဟာ အနက်တူသံကွဲဝေါဟာရတွေသာ ဖြစ်ပြီး တိုက်ရိုက်အရောင်းစနစ်ပုံစံကွဲတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ Xardel ရဲ့အဆိုအရ Direct Selling (တိုက်ရိုက်အရောင်းစနစ်)နဲ့ Network marketing (ကွန်ယက်စျေးကွက်)စနစ်ဆိုတာတွေက ဖြန့်ဖြူးရေးစနစ်ကို ဆိုလိုပြီး Multi-level Marketing ဆိုတာကတော့ အကျိုးခံစားခွင့်အစီအစဉ်ကို ဖော်ညွှန်းတယ်လို့ ဆိုပါတယ်။ Multi-level marketing ကို ရည်ညွှန်းဖော်ပြတဲ့ အခြားအခေါ်အဝေါ်တွေကတော့ Word-of-mouth marketing, interactive distribution နဲ့ relationship marketing စတာတွေပဲဖြစ်ပါတယ်။ ဒီလိုမျိုး အခေါ်အဝေါ်တွေ အမျိုးမျိုးကို အသုံးပြုတာက Multi-level Marketing စနစ်ကို တရားမဝင် ငွေကြေးကလိန်ကျမှု (Ponzi schemes), ဆင့်ပွားစာ (Chain letters) စတဲ့ သုံးစွဲသူတွေဆီကို လိမ်လည်နေတဲ့ စနစ်ပုံစံတွေနဲ့ ကွဲပြားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
Multi-level Marketing လုပ်ငန်းတွေကို ထောက်ခံအားပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Direct Selling Association(DSA) ကတော့ (၁၉၉၀)ခုနှစ်မှာ အဖွဲ့ဝင်ကုမ္ပဏီတွေရဲ့(၂၅)ရာခိုင်နှုန်းလောက်သာ MLM စနစ်ကို အသုံးပြုခဲ့ပြီါ် (၁၉၉၉)ခုနှစ်မှာ (၇၇.၃)ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ (၂၀၀၉)ခုနှစ်မှာ DSA အဖွဲ့ဝင်ကုမ္ပဏီတွေရဲ့ (၉၄.၂)ရာခိုင်နှုန်းက MLM စနစ်ကို သုံးနေပြီဖြစ်ပြီး ရောင်းချသူ (၉၉.၆)ရာခိုင်နှုန်းနဲ့ ရောင်းအား (၉၇.၁)ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့လည်း ကြေညာခဲ့ပါတယ်။ Avon, Electorlux, Tupperware နဲ့ Kirby တို့လို ကုမ္ပဏီတွေက ယခင် Single level Marketing ပုံစံနဲ့ ထုတ်ကုန်တွေကို ရောင်းချရာကနေ MLM ပုံစံအကျိုးခံစားခွင့်စနစ်ကို သုံးလာကြပါတယ်။ DSA ရဲ့ ခန့်မှန်းချက်အရ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းမှာတင် MLM စနစ်ကို အသုံးပြုနေတဲ့ လုပ်ငန်းပေါင်း (၁၀၀၀)ကျော်ရှိတယ်လို့ ဆိုပါတယ်။
သမိုင်းကြောင်းနဲ့ ဖွဲ့စည်းပုံ
MLM စနစ်ရဲ့ မူလဇစ်မြစ်နဲ့ ပတ်သက်လို့ကတော့ အခုချိန်ထိ အငြင်းပွားနေရဆဲဖြစ်ပါတယ်။ ဒါပေမယ့် MLM ပုံစံ စီးပွားရေးလုပ်ငန်းတွေကတော့ (၁၉၂၀-၁၉၃၀)ခုနှစ်တွေလောက်ကတည်းက ရှိခဲ့တာဖြစ်ပါတယ်။ MLM စနစ်ရဲ့ ဖွဲ့စည်းပုံမှာဆိုရင် ဖြန့်ဖြူးရေးကိုယ်စားလှယ်၊ စီးပွားဖက်၊ အလွတ်တန်းစီးပွားရေးလုပ်ငန်းရှင်၊ အလွတ်တန်းကိုယ်စားလှယ် စသဖြင့် အမျိုးမျိုးခေါ်ဆိုကြတဲ့ အဖွဲ့ဝင်တွေဟာ ကုမ္ပဏီရဲ့ ထုတ်ကုန် ဒါမှမဟုတ် ၀န်ဆောင်မှုကို ဖြန့်ဖြူးပိုင်ခွင့်ရရှိပါတယ်။ ဒီအတွက်ကိုလည်း သူတို့မှာ လစာတော့ရမှာမဟုတ်ပါဘူး။ ဒီလို အဖွဲ့ဝင်ကိုယ်စားလှယ်တွေအနေနဲ့ ထုတ်ကုန် ဒါမှမဟုတ် ၀န်ဆောင်မှုကို ကုမ္ပဏီကနေ လက်ကားစျေးနဲ့ ၀ယ်ယူနိုင်ပြီး သုံးစွဲသူထံကို လက်လီရောင်းချနိုင်ခဲ့ရင် လက်ငင်းအမြတ်အပြင် အဆင့်လိုက် အကျိုးခံစားခွင့် အစီအစဉ်အရ သူတို့ကိုယ်တိုင်ရောင်းအားနဲ့ သူတို့ဖိတ်ခေါ်ပေးထားတဲ့ Downline အဖွဲ့အစည်းရဲ့ ရောင်းအား ပမာဏပေါ်မှာမူတည်ပြီး ကုမ္ပဏီကပေးတဲ့ ကော်မရှင်ကိုပါ ရရှိမှာဖြစ်ပါတယ်။ ဒီအတွက် အဖွဲ့ဝင်တွေအနေနဲ့ ကုမ္ပဏီက ပစ္စည်းတွေကို အမြဲတစေ တိုက်ရိုက်ဝယ်ယူသုံးစွဲနိုင်တဲ့ သုံးစွဲသူကွန်ယက်တစ်ခုကို တည်ဆောက်ခြင်း ဒါမှမဟုတ် နောက်ထပ်အဖွဲ့ဝင်သစ်တွေကို ဖိတ်ခေါ်စည်းရုံးခြင်းတို့နဲ့ Downline အဖွဲ့အစည်းကို တိုးချဲ့ရပါတယ်။
MLM စနစ်က တကယ်ဝင်ငွေအမြောက်အမြားပေးနိုင်လား ?
ကမ္ဘာမှာ လူသိများထင်ရှားတဲ့ MLM လုပ်ငန်းကြီးတွေရဲ့ ၀င်ငွေပမာဏနဲ့ ပတ်သက်ပြီး ရင်းမြစ်အမျိုးမျိုးမှာ ဖော်ပြထားတာတွေကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။
– အစိုးရစုံစမ်းစစ်ဆေးမှုတွေအရ ဗြိတိန်နိုင်ငံအခြေစိုက် Amway ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တွေထဲက (၁၀)ရာခိုင်နှုန်းလောက်ပဲ အရောင်းအဝယ်ဖြစ်ထွန်းပြီး (၁၀)ယောက်မှာ (၁)ယောက်လောက်ကပဲ ထုတ်ကုန်ကို ရောင်းချနိုင်တယ်လို့ TIMES သတင်းစာမှာ ဖော်ပြထားပါတယ်။
– Newsweek သတင်းစာစောင်ကလည်း Mona Vie ကုမ္ပဏီရဲ့ (၂၀၀၇)ခုနှစ် ၀င်ငွေကြေညာချက်အရ အဖွဲ့ဝင်တွေရဲ့ (၁)ရာခိုင်နှုန်းလောက်ကပဲ အဆင့်မှီ အကျိုးခံစားခွင့်ရရှိခဲ့ပြီး (၁၀)ရာခိုင်နှုန်းလောက်ကသာ တစ်ပတ်ကို ဒေါ်လာ(၁၀၀)နဲ့အထက် ၀င်ငွေရရှိခဲ့တဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။
– အမေရိကန်ပြည်ထောင်စုမှာ MLM လုပ်ငန်းတွေက အဖွဲ့ဝင် (၉၀)ရာခိုင်နှုန်းရဲ့ တစ်နှစ်အတွင်းပျမ်းမျှဝင်ငွေဟာ ဒေါ်လာ(၅၀၀၀)ထက်မပိုတဲ့အတွက် ဘယ်လိုနည်းနဲ့မှ ပြီးပြည့်စုံတဲ့ဘဝကို တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့လည်း ဖော်ပြခဲ့ကြပါတယ်။
– အငြိမ်းစား စီးပွားရေးပါမောက္ခတစ်ဦးဖြစ်ပြီး Multi-level marketing အကြောင်းကို နှစ်ပေါင်း (၄၀)လောက် လေ့လာသုတေသနပြုခဲ့သူ Roland Whitsell ကလည်း MLM အဖွဲ့ဝင်တွေအနေနဲ့ လူရှာဖို့ ၀န်ပိနေတတ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီလုပ်ငန်းတွေရဲ့ မူလထုတ်ကုန်က အခွင့်အလမ်းဖြစ်ပြီး လူတွေရဲ့ တလွဲမျှော်လင့်ချက်ကို စွမ်းအားပြည့်ဝတဲ့ စိတ်ဓာတ်လှုံ့ဆော်ရေးအင်အားအဖြစ် အသုံးပြုနေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
တရားဝင်မှု ရှိမရှိ ?
အမေရိကန်ပြည်ထောင်စုက ပြည်နယ်(၅၀)မှာ လုပ်ကိုင်နေတဲ့ MLM စီးပွားရေးလုပ်ငန်းတွေကို affiliate marketing ဒါမှမဟုတ် Home-based business franchising ဆိုပြီး ခေါ်ဝေါ်သုံးစွဲပြါတယ်။ Pyramid Schemes တွေကလည်း သူတို့ကို သူတို့ တရားဝင် MLM စီးပွားရေးပုံစံဖြစ်ဖို့ ကြိုးစားနေကြပါတယ်။ MLM လုပ်ငန်းတွေကိုယ်တိုင်ကလည်း တရားဝင်ဖြစ်သည့်တိုင်အောင် Pyramid ပုံစံဖြစ်နေတတ်ကြပါတယ်။
အမေရိကန်ဗဟိုကုန်သွယ်ရေးကော်မရှင်ကတော့ ကုန်ပစ္စည်းရောင်းချတာထက် အဖွဲ့ဝင်စည်းရုံးနိုင်မှုအပေါ်ကို ကော်မရှင်ပေးတဲ့ MLM ပုံစံတွေကို ရှောင်ဖို့ သတိပေးထားပါတယ်။ ဒီလိုပုံစံတွေက တကယ့်ကို တရားမဝင် Pyramid Schemes တွေ ဖြစ်တာကြောင့်ပါ။ Pyramid Schemes တွေက အန္တရာယ်များပါတယ်။ ဘာကြောင့်လဲဆိုရင် အဖွဲ့ဝင်စည်းရုံးနိုင်မှုအပေါ်မှာ ကော်မရှင်ပေးတာကြောင့် အဖွဲ့ဝင်သစ်တွေ မစည်းရုံးနိုင်တော့တဲ့အခါမှာ အစီအစဉ်တစ်ခုလုံး ပြိုလဲသွားတတ်ပြီး လူအများစုက လက်လွတ်ခွက်ချွတ်နဲ့ ကျန်ခဲ့တတ်တာကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် MLM လုပ်ငန်းတိုင်းက တရားဝင်မဟုတ်သလို တော်တော်များများက Pyramid Schemes တွေ ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် အဖွဲ့ဝင်မဟုတ်ပဲ ကုန်ပစ္စည်းကို သုံးစွဲလိုသူကို ရောင်းချနိုင်တဲ့ ရောင်းအားပေါ်မှာထက် အဖွဲ့ဝင်ရှာဖွေနိုင်မှုနဲ့ အဖွဲ့ဝင်သစ်တွေကို ကုန်ပစ္စည်းရောင်းချနိုင်မှုပေါ်မှာ အကျိုးခံစားခွင့် ကော်မရှင်ပေးတဲ့ MLM ကုမ္ပဏီတွေကို ရှောင်ကြဖို့ USFTC က သတိပေးချက်ထုတ်ပြန်ထားပါတယ်။
MLM လုပ်ငန်းတွေဟာ သူတို့ရဲ့အဖွဲ့ဝင်အများစုကို ပေးထားတဲ့ကတိတွေ တည်အောင် ဖြည့်ဆည်းမပေးနိုင်တဲ့အတွက်လည်း ဝေဖန်ပြစ်တင်ခံနေရပါတယ်။ သေချာလေ့လာကြည့်မယ့်ဆိုရင် သူတို့လုပ်ငန်းတွေမှာ ရရှိတဲ့ အောင်မြင်မှုနဲ့ ငွေကြေးပြည့်စုံမှုက အခြားစီးပွားရေးလုပ်ငန်းတွေလောက်တောင် မသေချာပါဘူး။ နောက်တစ်ချက်ကတော့ အဖွဲ့ဝင်သစ်တွေ အမြဲတမ်းလိုအပ်နေတာပဲဖြစ်ပါတယ်။ MLM စနစ်မှာ ပါ၀င်သူတွေကို အဖွဲ့ဝင်ကိုယ်စားလှယ်သစ်တွေ ရှာဖွေစည်းရုံးဖို့ တိုက်တွန်းလှုံ့ဆော်မှုတွေကြောင့် MLM လုပ်ငန်းအများစုကလည်း Pyramid Schemes ပုံစံဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Multi-level Marketing ကုမ္ပဏီအများစုဟာ အမေရိကန်ပြည်ထောင်စုမှာ တရားဝင်လက်ခံထားတဲ့ pyramid scheme ပုံစံတစ်ခုအဖြစ်နဲ့ ရပ်တည်နေကြပါတယ်။
တကယ်တမ်းတော့ စီးပွားရေးဝေဖန်ရေးဆရာ Robert L.FitzPatrick ရဲ့စကားအတိုင်းပြောမယ်ဆိုရင် Multi-level Marketing (MLM) လုပ်ငန်းတွေဟာ လေထဲမှာ လွင့်မျောနေတဲ့ ဆပ်ပြာပူဖောင်းတွေနဲ့ တူပြီး နောက်ဆုံးမှာ ပေါက်ကွဲ ပျောက်ကွယ်သွားကြမှာ ဖြစ်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================